(ဒဏ်ရာ တစ်ခုရဲ့ 
လျှော်ကြေး) အပိုင်း(၂)
ကျနော်ရဲ့  ညီမလေး အဆိပ်သောက်ပြီးသေခဲ့  တာ ရိုးရိုးသားသားတော
့မဖြစ်နိုင်ဘူးဆိုတာ ကျနော် ကြိုသိနေတယ်။
အခု တော့  အဖေလဲ
ရွာကို ရောက်လာပါပြီ။ မိထွေးတော့ ပါမလာပါဘူး။
အဖေရောက်ရောက်ခြင်းပဲ ညီမလေးရဲ့ 
ဘေးအနားမှာ ထိုင်ပြီး စကားသံ သဲ့ သဲ့ လေးနဲ့ ငိုနေပါတော့ တယ်။
....မိုက်လိုက်လေ သမီး ရယ်...ကိုယ့်
ဘ၀ကို အဆုံးစီရင် ရတဲ့ အထိပဲလား....
အမေကလဲ သဲ့ သဲ့ လေးနဲ့ ငိုနေပါတယ်။ ....သမီးရယ်
.....ကို့ ကိုယ် ကို သတ်သေတယ်ဆို တာ အဖန်ငါးရာ ငါးကမ္ဘာ ဆိုတာ
မသိဘူးလား.....
ကျနော်ကတော
့ မရတော့  ပါ ကျနော့  ရင် တစ်ခုလုံးမီးဟုန်းဟုန်း တောက်ပါပြီ။ ကျနော်
အခန်းနံရံတွေ ကို လက်သီး ဖြင့်ထိုးရင်း အော်၍ ငိုနေရပါတော့ သည်။
...ညီမလေး...ညီမလေး...
(တောက်) ...ဒါ အကြောင်း တစ်ခုခု တော့ ရှိကို
ရှိရမယ်..................
ကျနော်လဲ ညီမလေး ဘာကြောင့် သေရတယ် ဆို တာ သိချင်
စိတ်ပြင်းထန်စွာဖြင့် ညီမလေးရဲ့  ခရီးဆောင် အိတ်ကို ဖွင့်ပြီး အချက်လက်
ရှာကြည့် တော့  ညီမလေးရေးထားတဲ့ စာအုပ်ကလေး တစ်အုပ်ကို
တွေ့ လိုက်ရပါတော့ သည်။
သို့ ....
အကို ... နုဝေ
အကိုတို့  အိမ်ကို ရောက်လာခဲ့ ပါတယ်။
အဲဒီအချိန်မှာပဲ အကို စင်္ကာပူ
ထွက်သွားပြီ ဆိုတာသိလိုက်ရပါတယ်။
အကို့  ရဲ့ မမ ဒေါ်ချယ်ရီလွင်
နဲ့  တွေ့ ခဲ့ ရပါတယ်။
နုဝေ မှာ အကိုနဲ့ ရတဲ့  ကိုယ်ဝန် နှစ်လ
ရှိပြီဆိုတာကို ပြောပြဖို့  စိတ်ကူးခဲ့ ပေမယ့်။
နုဝေ ပြောမပြခင်မှာပဲ အကိုရဲ့  မမ
ကြိုသိနေခဲ့ ပါတယ်။
အကို့ ရဲ့  မမ လူမဆန်ပဲ နုဝေ ကို
ပြောရက်လိုက်တာ....
(မင်းဘာပြောချင် လို့ လာတယ်ဆိုတာ မမ
သိပြီးသား )
(မင်းဗိုက်ထဲမှာ ရှိနေတဲ့ ကိစ္စ ကို မမ ဘယ်လောက်ပဲ
ပိုက်ဆံကုန်ကုန်)
(မမတာဝန် ယူတယ် မင်းတို့  အရွယ်က
ပညာသင်ရမယ့် အရွယ်)
(အကို ရဲ့  မမ ဒေါ်ချယ်ရီလွင်
ပြောရက်လိုက်တာ။)
အရမ်းရက်ဆက်တာပဲ.။
အကို
့ ကို ရမ်းချစ်တဲ့  နုဝေ......
ကျနော် ဒီစာကို ဖတ်ပြီး ပြီး ခြင်းမှာပဲ အဖေ ကို
အော်ပြောလိုက်ပါတယ်။
.....အဖေ.....ဒီမှာကြည့် ညီမလေးသေသွားတာ တစ်ယောက်ထဲ မဟုတ်ဘူး....
ကျနော်လဲ ငိုသံပါကြီးနဲ့ 
အော်ပြောလိုက်တဲ့  အချိန်မှာပဲ အဖေနဲ့  အမေ ကျနော် ဘက်ကို လှည့် လာပြီး အံ
့သြသွားသောဟန်ဖြင့်။
....(ဘာ).... သား ဘယ်လိုပြောလိုက်တယ်.....
...ဟုတ်တယ် အဖေ ညီမလေး ရဲ့  ဗိုက်ထဲ
မှာ ကိုယ်ဝန်ရှိနေတယ်..
ကျနော် အခုလို ပြောလိုက်တဲ့  အချိန်မှာ ပဲ အမေဆို အရမ်း အံ့ သြ ပြီး
။
....အမယ်လေး......ဘုရား.....
သမီးလေးမှာ ကိုယ်ဝန်ရှိနေတယ်.....
...ဒီမှာ ကို မျိုးသန့် 
အဲ ဒါ ရှင့် ရဲ့  အသုံးမကျ မူတွေကြောင့်  ဆို တာ ရှင်နားမလည်ဘူးလား...
...ကိုယ့် သားသမီးကို ပြည့်ပြည့် စုံစုံ ထားနိုင်တယ် ဆို ပြီး
အလိုလိုက် လွှတ်ထားလိုက်တော့  ...အခုတွေ့  ပြီမဟုတ်လား..
အမေ လဲ ငို ရင်းကနေ အဖေကိုပြောပြီး ငိုနေပါတော့ တယ်။
ကျနော်တို့ မှာ ရင်ကွဲ မတတ်
ခံစားလိုက်ရပါတော့ တယ်။ အဲဒီ အချိန်က စပြီးတော့  ကျနော် ရင် ထဲ မှာ (ဒဏ်ရာ ) ဆိုတာရခဲ့ လို့  အဲဒီဒဏ်ရာ တစ်ခုရဲ့  လျှော်ကြေး ကို
ဒေါ်ချယ်ရီလွင် ဆီကို သွားတောင်းရတော့ 
မယ်။ နှမချင်း ကိုယ်ချင်းမစာမနာ ပြောရက်လိုက်တာ ဒေါ်ချယ်ရီလွင် ကျနော်
ညီမသေရတာ ခင်များ ကြောင့် ။
ခင်များ ကို ကျနော် မတွေ့  တွေ့ အောင်
ရှာမယ် ။ကျနော် ညီမ ခံစားခဲ့ ရသလို ခင်များ လဲ တစ်နေ့ ခံစားရမယ်မှတ်။
ညီမလေးရဲ့  အကြွေးကို ကျနော် ပြန်ရအောင်ယူကို ယူရတော့ မယ်။
ဒီလိုနဲ့ ပဲ ညီမလေးရဲ့  အလောင်း ကို
ရွာမှာပဲ အုတ်ဂူ လေးတည်ပြီး ရက်လည်ဆွမ်းတွေ ကပ်ပြီး အဖေလဲ
ရန်ကုန်ပြန်သွားပါတော့ တယ်။
နောက်တစ်ပါတ်လောက်အကြာမှာတော့ ကျနော်လဲ
ရန်ကုန် ကိုတက်လာပြီး မာနကြီးလှပါတယ်ဆို တဲ့  ဒေါ်ချယ်ရီလွင် ကို
ရှာပုံတော်ဖွင့်ပြီး လျှော်ကြေး တစ်ခု ရဖို့ အတွက် တိုက်စစ် စရပါတော့ မယ်။
ကျနော် အဖေ အိမ်ကို အရင်သွားပါတယ်။ အဖေနဲ့ တွေ ပြီး ကျနော်
လိုအပ်တာတွေ အဖေဘက်က ထုတ်ပေးဖို့ လုပ်ပေးဖို့ တောင်းဆိုတော့ အဖေကလဲ။
....ငါ့ သမီး ကို ဒီလို ဖြစ်အောင်
လုပ်တဲ့  မိန်းမ ကို လက်စား ချေဖို့ ကတော့ ...
...သား လို
ချင်တာပြော အဖေ အားလုံး လုပ်ပေးမယ်....
အဖေလဲ တော် တော်လေး စိတ်ထဲ မှာ ခံစားနေရတဲ့ ပုံပါပဲ။
....ဟုတ်ကဲ့  ..အဖေ သားလို ချင်တာ
ကားတစ်စီး ဟန်းဖုန်း တစ်လုံး တိုက်ခန်း ကောင်းကောင်း တစ်ခန်း ငှားပေးပါ
......နောက် ငွေကို လိုအပ်လို ကျနော်လာတောင်းမယ်...အဖေ....
ကျနော်လဲ အဲ ဒီလို ပြောလိုက်တော့ 
အဖေဘက်က ၀kသား အားလုံးဖြစ်စေရမယ်။
.....ကားကိုတော့  သား ညီမစီးတဲ့ ကား ကို ယူလိုက်
ပြန်ရောင်းပြီး သားကြိုက်တဲ့ ကားကို ၀ယ်...
..ငွေလိုအပ်ရင်
အဖေကို ပြော...သား..
ဟုတ်ကဲ့ အဖေ....
ဒီလို နဲ့  အဖေ ကျနော်လိုတာတွေ အားလုံးကို လုပ်ပေးခဲ့ ပါတယ်။
တိုက်ခန်းကတော့  ကမာရွတ် ဘုရင့်နောင် လမ်းမဘေးက ရွှေစံပယ် ရိပ်မွန် ထဲမှာ
ငှားပေးခဲ့ ပါတယ်။
ဟံသာဝတီ ကားပွဲစား တန်းကို သွားပြီး ကျနော် ညီမလေး ကားကို
ပြန်ရောင်းဖို့  ပွဲစား မြတ်ကျော် နဲ့  အပ်ခဲ့ ပါတယ် နောက်ပြန်ဝယ်ဖိုကို့လဲ
မြတ်ကျော်က ပဲ ကျနော်ကို
အစစအရာရာ ကူညီပေးခဲ့ ပါတယ်။
နောက်ကားဝယ်ပြီးလို့  ငွေချေဖို့ နေ့  မှာ တော့  ကျနော်နဲ
့မြတ်ကျော် ပွဲစားတန်းက လ္ဘက်ရည် ဆိုင်မှာထိုင်နေတဲ့ အချိန်မှာပဲ ကျနော်တို့ 
ထိုင်နေတဲ့  ဆိုင်ရဲ့  ရှေ့ ကို ကား အဖြူ ရောင် (မတ်တူး)
ကားလေးတစ်စီးလာရပ်ပြီး ကားထဲ က နေကာမျက်မှန်နဲ့  ခန့်ခန့် နားနား
အမျိုးသမီး တစ်ယောက် ထွက်လာတဲ့ အချိန်မှာတော့  မြတ်ကျော်
အော်ခေါ်လိုက်တဲ့ အသံကို ကျနော်ကြားလိုက်ရတဲ့ အချိန်မှာပဲ
ကျနော်စိတ်တွေ ကို လက်နက် တစ်ခုကို မောင်းတင်သလို ဖြစ်လိုက်ရပါတယ်။
...အော် ....ဒေါ်ချယ်ရီလွင် ပါလား လား....
မြတ်ကျော် ဆိုင်ထဲကနေ ထွက်သွား ပြီး
ဒေါ်ချယ်ရီလွင်နဲ့  ကားဘေးမှာပဲ နှစ်ယောက် စကားရပ်ပြောနေကျပါတယ်။
...............................အော်...........ဒေါ်ချယ်ရီလွင်
ဆိုတာ ခင်များကို......
...............................အခု တော့ 
တကူးတက တောင် ကျနော် ရှာစရာမလိုတော့ ဘူး...
...............................ခင်များ
ကျနော် နဲ့  ဒီနေရာမှာ လာတွေ့ ရတာ ခင်များအတွက် ကံဆိုးသလို ...
...............................ကျနော်
အတွက်တော့  ကံကောင်းခြင်းပါပဲ......
...............................ကျားနဲ
့ ဆင် လယ်ပြင်မှာ တွေကြပြီပေါ့  မဟုတ်ပဲ...
................................ကျားနဲ
့သမင် လယ်ပြင်မှာတွေ့ ကြပြီပေါ့ .......
ကျနော် စိတ်ထဲ ကနေ ရေရွတ် နေလိုက်ပါသည်.။
ခဏကြာတော့  ဒေါ်ချယ်ရီလွင် ရဲ့ ကားလဲ ထွက်သွား မြတ်ကျော်လဲ ဆိုင်ထဲ
သို ပြန်ဝင်လာပြီး။
....စောရီး
ဗျာ ကို ရှိုင်းထက်......
ကျနော်လဲ မသိချင်ယောင်ဆောင်ပြီး မြတ်ကျော်စီက ဒေါ်ချယ်ရီလွင် ရဲ့ 
အစအဏ ကို ရှာပါတော့ သည်။
.....မြတ်ကျော် သူက ဘယ်သူလဲ ကွ.....
....အော်...သူက ဒေါ်ချယ်ရီလွင်
ကုမ္မဏီပိုင်ရှင် သူဋ္ဌေး ပေါ့  ....သူ့  ကုမ္မဏီ အတွက် ကားလိုလို့  ငါ့ ကို
ရှာခိုင်းထားတာ...
...ရပြီလား.. လမ်းကြုံလို
ဝင်မေးတာပါ...
...ဒါနဲ
့ ကို ရှိုင်းထက် က သူကို သိလို့ လား.....
....အော် မသိပါဘူး..စကားမစပ်
မေးကြည့်တာပါ ....ဒါနဲ့ 
...ဖြစ်နိုင်ရင် သူဖုန်းနံပါတ်
ကျနော်ကို ပေးပါလား...
အဲဒီအချိန်မှာ မြတ်ကျော် က
တမျိုးမြင်ပြီး။
....ဘာလဲ
ကိုရှိုင်းထက် ခင်များ မြင်မြင်ခြင်း ဟတ်ထိသွားတယ်ထင်တယ်....သူက မာန
ကြီးတယ်နော်..
ကျနော်လဲ
ကျနော့် ရဲ့  ကိုယ်ရေး ကိစ္စ တွေ မြတ်ကျော် သိမှာဆိုးသဖြင့်။
...မဟုတ်ရပါ ဘူးဗျာ...
သူကားလိုချင်တယ်ဆို ကျနော်သူငယ်ချင်း တစ်ယောက်ရောင်းဖို့ ရှိတာ
ဆက်သွယ်ပေးမို့ ပါ ။
ကျနော်လဲ
ပါးစပ်ထဲ တွေ ရာလျှောက်ပြောလိုက်ရပါတယ်။
...ကဲ ဒါဆို လဲ
ကောင်းသား လုပ်ဗျာ...ကျနော်လဲ ပွဲခ အမြန်ရတာပေါ့ ....ကိုရှိုင်းထက်.....
အဲဒီက စ၍ ဒေါ်ချယ်ရီလွင် ရဲ့ 
အကြောင်းအစုံကို တစ်ရက် တစ်ရက် နဲ့  မြတ်ကျော် စီက နိုက်ယူလာခဲ့ တာ အခု ဆို
တော်တော် လေးပြည့်စုံ သလောက် ဖြစ်နေပါပြီ။
ဖုန်းနံပါတ်
လဲ ရလိုက်ပါသည်။ သူမရဲ ည့ ကုမ္မဏီ သူမရဲ့  အိမ်တွေ သူမ သွားတတ် လာတတ် တဲ
့နေရာတွေက အစ အခု တော့  ကျနော် တိုက်စစ်စဉ်လိုက်ပါပြီ။
အခု တော့  ဒေါ်ချယ်ရီလွင် ရဲ့ နောက် ကို
အရိပ်တစ်ခုလိုလိုက်နေပါပြီ။ မထမဆုံး တိုက်စစ်က နှင်းဆီအနီရောင်ကို မုန်းတဲ
့ဒေါ်ချယ်ရီကို နှင်းဆီ အနီနဲ့ ပဲ စတိုက်ခဲ့ ပါတယ်။
ဒီနေ့ က လမ်းမတော် အနော်ရထာလမ်း
မော်တင်က ရွှေပုဇွန် ဆိုင်ရှေ့  မှာ ဒေါ်ချယ်ရီ ရဲ့ ကား ရပ်ထားတာ တွေ့  တာနဲ့ 
အရဲဆုံး ဆိုတဲ့  နှင်းဆီ တစ်စီး ကို
ဒေါ်ချယ်ရီ ရဲ့  ကား
တခါးဖွင့် မယ့် အပေါ် တည့်တည့် ကို တင်ထားပေးပြီး သူမ မမြင်နိုင်လောက်တဲ
့နေရာကနေ ကျနော် ကြည့်နေခဲ့ ပါတယ်။
ဒေါ်ချယ်ရီ ကားဆီ ကို အလာ
သူ့  ကားရဲ့ အပေါ်မှာ သူမုန်းပါတယ် ဆို တဲ့  နှင်းဆီအနီ တစ်စီးကို တွေ
့လိုက်ရတော့  စိတ်တွေ အရမ်းတိုပြီး။
(တောက်) ...........ဒါဘယ်သူလာတင်သွားပါလိမ့်...
..ဘယ်သေနာ လက်စော့  သွားတာလဲမသိဘူး....
ဆိုပြီး စိတ်တိုသောဟန်ဖြင့် နှင်းဆီ
အစီးကို ကားဘီး အောက်တည့်တည့် ပစ်ထည့် ပြီး နင်း၍ မောင်းထွက်သွားပါတော
့သည်။
အိမ်ကို လဲ ရောက် ခြံတံခါး ကို ကြည့် လိုက်တော့ လဲ
နှင်းဆီအနီ တစ်စီးက တံခါးကြားမှာ ထိုထားတာတွေ့ တော့ စိတ်တွေ အရမ်းတို ပြီး။
...ဒါတော့  သွေးရိုး သားရိုး
မဖြစ်နိုင်ဘူး ..ငါ့ ကို သက်သက် လိုက်နှောက်ယှက်နေတာပဲဖြစ်ရမယ်....
.....ဟဲ့  မိထွေး ရေ ........မိထွေး....
အိမ်ပေါ်မလေးကို
အော်ခေါ်လိုက်သည်။
....လာပါပြီ မမ.....
....အဲဒီ နှင်းဆီ အစီးကို မှိုက်ပုံးထဲ ပစ်လိုက်...
...ဟုတ်ကဲ့ ..မမ
ညဘက် ကိုးနာရီလောက်မှာတော့ ဒေါ်ချယ်ရီဆီကို ကျနော် ဖုန်းစ၍
ခေါ်လိုက်ပါပြီ။
............................................................................................................................ဟဲလို............?
*************************************************************************************************
Friday, April 25, 2014
ဒဏ်ရာ တစ်ခုရဲ့  လျှော်ကြေး
(ဘ၀) ဆိုတာကို လူတွေ အမျိုးမျိုး ပုံဖော်ရေးဖွဲ
့နေကြပေမယ့် ကျနော် ဘ၀ကတော့ ဘာကို ဘယ်လိုရေးပြီးဘယ်လိုဖွဲ
့ရမှန်းမသိလောက်အောင်ပါပဲ။
ဘ၀ ဟာ
ဝိုင်တစ်ခွက်မဟုတ်တာတော့ သေချာတယ် တမာမြေမှာ မွေးခဲ့ တဲ့  ကျနော် ဘ၀ဟာ
တမာလိုများ ခါးသွားခဲ့ တာလား။
လူဘ၀ကြီးမှာ
ပြည့်စုံမူ တစ်ချို့ တစ်ဝက်နဲ့ အဆင်ပြေခဲ့  ပေမယ့် မိဘတွေရဲ့ 
သဘောထားမတိုက်ဆိုင် မူလေးတစ်ခုနဲ့  ကျနော်ရဲ့  မိသားစု ဘ၀လေးပျောက်ကွယ်ခဲ
့ရတယ်။
နယ်မြို့ ကလေးက
ရွာလေးတစ်ရွာရဲ့ ဘေးမှာ ရေလှောင်တမန် တစ်ခုအတွက် ထက်က တာဝန်ကျလာတဲ့ 
အင်ဂျင်နီယာ လူငယ်လေးတစ်ယောက် မျိုးသန့်
ရွာက ဘွဲ့ ရပြီးခါစ မိန်ကလေးလေး တင်နွဲ့  နယ်ခံစာရေးမလေးအဖြစ်နဲ့ 
ရုံးအလုပ်ကလေးဝင်လုပ်ရင်း အင်ဂျင်နီယာပေါက်ကလေး မျိုးသန့် နဲ့ တွေ့ ခဲ
့ကြတယ်။
သူတို့  နှစ်ယောက် မေတ္တာမျှ
ချစ်ကျွမ်းဝင်ခဲ့ တဲ့  တစ်နှစ်တာခရီးကုန်ဆုံးသွားချိန်မှာတော့ 
အကြင်လင်မယား ဘ၀သို့  ရောက်ရှိခဲ့ ပါတယ်။
ကောင်းလေး က ရန်ကုန်သား တောသူနဲ့ ကြိုက်ခဲ့ တဲ့ အတွက် ပိုက်ဆံရှိ
အသိုင်းဝိုင်းဖြစ်တဲ့ ကောင်းလေးဘက်က မိဘတွေကသဘောမတူလို့  ဖျက်ခဲ့ ပေမယ့်
ရဲ ရင့် ပြတ်သားစွာ နဲ့ တောသူ လေးကို
လက်ထပ်ခဲ့ တယ်။
ပထမဆုံး တစ်ဦး
သားလေးတစ်ယောက်မွေးပြီး တောရွာလေးမှာ ပဲ ဘ၀ကို စခဲ့ တယ် နောက်ထပ်
သမီးမိန်းကလေး တစ်ယောက်ကို လဲ မွေးခဲ့ တယ်။
အဲဒီအချိန်က သူတို့ ရဲ့  မိသားစု ဘ၀လေး ဟာ အရမ်းပျော်စရာကောင်းခဲ
့ကြတယ်။
သားလေး ရဲ့ နံမည် ကို
ရှိုင်းထက် သမီးလေးရဲ့ နံ့မည်ကတော့  နုဝေ ဒီလိုနဲ့  ရှိုင်းထက် ခုနှစ် နှစ်
နုဝေလေး ငါးနှစ်အရွယ်လောက်မှာ အိမ်ထောင်ရေး စကွဲခဲ့ ရတာက ဒီလိုလေးပါ။
မိန်းမရေ.... ကလေးတွေ လဲ ကြီးလာပြီ
ဒီတော့  ဒို့  မိသားစု ရန်ကုန်ကို ပြောင်းကြရင်ကောင်းမယ်....
ကိုမျိုး ..ရှင် ပြောင်းချင် ပြောင်း ကျမ
ကတော့  ရန်ကုန်ကို တော့ ဒီတစ်သက် ဘယ်တော့ မှ လိုက်မနေဘူး..
အဲဒီ စကားလေးနှစ်ခွန်းအစ တောအလုပ်
တောကိုင် မလုပ်တတ်တဲ့  ကိုမျိုးအတွက်တော့  တောရွာကို သူဘ၀ကို
မရပ်တည်တတ်ဘူးလေ။
တစ်ဖြည်းဖြည်း
စီးပွားရေးအဆင်မပြေလာတာနဲ အမျှ အိမ်ထောင်ရေး မန်တိုင်ကလဲ မပြေလည်မူ တွေ
ပိုများလာတယ်။ ဒီလိုနဲ့ မြို့ ကိုပြန်ချင်နေတဲ့ ကိုမျိုးက
သမီးလေးကိုခေါ်ပြီး
ထွက်သွားခဲ
့တယ်။တောသူ လေးမှာ တော့  သားလေးတစ်ယာက်နဲ့ ရွာမှာပဲ ကျန်ခဲ့ ရတယ်။
နှစ်တွေကြာလာတာနဲ့ အမျှ ကိုမျိုး လဲ မြို
့မှာ နောက်အိမ်ထောင်ပြုလိုက်ပါတယ်။ လူကြီး တွေ အဆင်မပြေမူ တစ်ခု နဲ့ 
ကြားထဲ က ကလေးတွေဖြစ်တဲ့  ရှိုင်းထက် နဲ့  နုဝေ လေးတို့ 
မောင်နှမ လဲ ကွဲ ခဲ့ ကြရတယ်။
အခုတော့  ဦးမျိုးသန်
့ဆိုတာ နုဝေ ရဲ့အဖေဖြစ်သလို ကျနော် ရှိုင်းထက်ရဲ့  အဖေလဲ ဟုတ်ပါတယ်
ဒေါ်တင်နွဲ့  ဆိုတာလဲ ကျနော်အမေဖြစ်သလို ကျွန်တော်ညီမလေးနုဝေ ရဲ့ 
အမေလဲ ဟုတ်ပါတယ်။ ကျနော် အတန်းပညာ
ဆုံးခန်းတိုင်အောင် မသင်ခဲ့ ရပေမယ့် ကျနော်ညီမလေး နုဝေ ကတော့ 
အခုရန်ကုန်မှာ ဒုတိယနှစ်ကို တက်နေပါပြီ။
အဖေနဲ့ အမေ သဘောထား မတိုက်ဆိုင်လို့ ကွဲခဲ့ ကြပေမယ့် ကျနော်နဲ့ 
ညီမလေးက တော့ နှစ်တိုင်းလိုလို တွေ့ ဖြစ်ခဲ့ ပါတယ်။
အမေ ရင်းတစ်ယောက်လို ကျနော်ညီမလေးကို စောင့်လျှောက်
ပေးခဲ့ တဲ့ မိထွေး ဖြစ်သူကလဲ သဘောကောင်းပါတယ်။ ကျနော် ညီမလေးကို တွေ
့ချင်လို့  ရန်ကုန်လာတိုင်း အဖေက လဲ ရန်ကုန်မှာ
လာနေဖို့ အမြဲတမ်းခေါ် ပါတယ်။ ဒါပေမယ့် အမေမှာ အားကိုးစရာဆို လို
ယ္ခုအချိန်မှာ ကျနော်ပဲရှိတယ်လေ။ အမေ့ ဘ၀ဟာ ကျနော်ဘ၀ပဲ အဖေကလဲ အမေရှိတဲ
့ရွာလေးကို မလာတော့ပေမယ့်
ကျနော် တို
သားအမိကို ပြန်ကြည့်ပါတယ် ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်စိတ်ထဲမှာတော
့အဖေဟာအဖေပဲ ။ ကျနော်ညီမလေးက လဲ နွေရာသီ ကျောင်းပိတ်ရက်ရောက်တိုင်း
အမေ နဲ့ ကျနော်ရှိ တဲ့ ရွာလေးကို
နှစ်တိုင်းလာပါတယ်။ အဖေနဲ့ အမေ အဆင်မပြေခဲ့  ကြပေမယ့် ကျနော်တို့ မောင်နှမ
နှစ်ယောက်ကတော့  အ၇မ်းချစ်ကြပါတယ်။
အဖေက
ပုဇွန်ကန် စီးပွားရေး နဲ့ အောင်မြင်နေတော့  ညီမလေးဆိုရင် ကျောင်းတက်ရင်
ကိုယ်ပိုင်ကားနဲ့  ဟန်းဖုန်းနဲ့ ပေါ့ ။ ကျနော်ကို တော့  တောမြို့ လေးမှာ
စီးပွားရေးလုပ်ဖို့ ဆိုပြီး
ဟိုင်းလတ်
ကားလေး တစ်စီးဝယ်ပေးပါတယ်။ ဒါလဲ အဖေရဲ့ ကျေးဇူးပါပဲ အခုဆို ကျတော်တို့ 
သားအမိလဲ ဒီကားလေးနဲ အဆင်ပြေနေပါပြီ။
********************************************
....အကို ..အကို ကို နုဝေ
အရမ်းချစ်တယ် သိလား......
...အကို လဲ
နုဝေ ကို ချစ်ပါတယ်...ကွာ..
..အကိုနဲ
့.. နုဝေနဲ့  ကျောင်းပြီးရင် လက်ထပ်ကြမယ်နော်..အကို...
..အကို နဲ့  နုဝေ နဲ့ ကြိုက်တာကို မမက သဘောမတူဘူးလို့ 
ပြောနေတယ်..အဲဒါအကို စိတ်ညစ်တယ် နုဝေ ရယ်...
...အကို နုဝေနဲ့  မမကို တွေ့ ပေးမယ်နော်.....
...ဟင့်အင်... အကို့ ရဲ့  မမ ကို နုဝေကြောက်တယ်... အကို
မမ က အရမ်းမာနကြီးတယ်ဆို..
အခုပြောနေတာကတော့  ကျောင်းဝန်းထဲ က
ထိုင်ခုံ လေးပေါ်မှာ နုဝေနဲ့ နုဝေရဲ့ ချစ်သူ အာကာ တို့  နှစ်ယောက်
စကားပြောနေခြင်းဖြစ်ပါတယ်။
အာကာ တို
့က လဲ ပိုက်ဆံရှိ အသိုင်းဝိုင်းပါပဲ ရန်ကုန် ကျောက်မြောင်းမှာနေပါတယ်
အာကာတို့ မှာ မောင်နှမနှစ်ယောက်ပဲ ရှိတယ်။
သူ့ ရဲ့ အမက သူမိဘတွေ ထားခဲ့ တဲ့ ကုမ္ပဏီကို ဦးဆောင်ပြီး
လုပ်နေပါတယ် အာကာ ကတော့  အခုမှကျောင်းသားပါ။
သူအမ ရဲ့ နံမည်က ဒေါ်ချယ်ရီလွင် အသက်က နှစ်ဆယ့် ခြောက် နှစ်ဆယ်ခုနှစ်
ဝန်းကျင် သူမ က ပိုက်ဆံလဲ ရှိ ဂုဏ်လဲရှိ ရုပ်ကလဲ ချောဆိုတော့  မာနကလဲ
အရမ်းကြီးတယ်လေ။
သူမောင်လေး အာကာ
ကိုဆို ရင် ဘယ်မိန်းကလေးနဲ့ မှ တူတယ်တန်တယ်လိုကို မမြင်တာ။ အခုတော့ 
သူမောင်လေးနဲ့ ကြိုက်နေတာက နုဝေ.....။
အခုတော
့ နုဝေရဲ့  ဘ၀လေး ဟာ လူငယ်တွေ သဘာဝ စိတ်ကို အလိုလိုက်မိလို့ ပွင့်သစ်စ
ပန်းလေးရနံ ပျယ်ခဲ့ ရပြီ...။
နုဝေ
တစ်ယောက် လက်ထဲက ဟန်းဖုန်းလေးဖြင့် အာကာရဲ့  ဖုန်းလေးကို ခေါ်လိုက်သည်။
......ဟဲလို .....အကို .....အကို့ ကို
နုဝေပြောစရာရှိတယ်......အကို ဖြစ်နိုင်ရင် ကန်ဘောင်ကို လာခဲ့ နော်..
......နုဝေ ကလဲ အကို လာလို့ မရဘူး...ဒီနေ
့ မမ က အကို့ ကို အပြင်မထွက်ရဘူးတဲ့ ...ဘာပြောစရာရှိလဲ ဖုန်းထဲ မှာပဲ
ပြောလေ..
....ဒါဆိုလဲ ..ဖုန်းထဲမှာ ပဲ
ပြောမယ်...
...နုဝေ မှာ
ကိုယ်ဝန်ရှိနေပြီ ...
....ဘာ.....
အာကာဘက်မှ အသံကျယ်ကြီးထွက်လာပြီး
ဆက်၍ပြောလာတဲ့ စကားက။
.....နုဝေ ကလဲ
ဟုတ်လို့ လား..ဒုက္ခ ပါပဲ ဒါဆို ဘယ်လိုလုပ်မလဲ ..အကို လဲ မမ ကို
ဖွင့်မပြောရဲ ဘူး...
....နုဝေလဲ
..ဖေဖေ သိမှာ ကြောက်လို့  အကို့ ကို တိုင်ပင်တာ...
...ကျောင်းမှ မပြီးသေးတာ နု ဝေရယ် ကျောင်းပြီးအောင်တော
့စောင့်ပေါ့ ....
...အကို က လဲ ဒါက
ကျောင်းပြီးအောင် စောင့် လို့  ရတဲ့ ကိစ္စ မှ မဟုတ်တာ...
..အေး ပါနုဝေရယ် ..အကို မမ နဲ
့အရင်တိုင်ပင်ကြည့်မယ်နော်...
ဒီလိုနဲ
့ပဲ အာကာတစ်ယောက် နုဝေကို နှစ်သိပ်လိုက်သည်။ ဒီနေ့ ကတော့  အာကာ တစ်ယောက်
သူ့ မမ ဒေါ်ချယ်ရီလွင် ကုမ္ပဏီ ကအပြန် ဖွင့်ပြောရန် စောင့်နေရင်း
ဒေါ်ချယ်ရီလွင် ရောက်လာပါပြီ။
...မမ အဲ ဒါက ဘာပစ္စည်းတွေလဲ......
အာကာ တစ်ယောက် သူ့  မမ ၀ယ်လာသော ပစ္စည်း
များကို မြင်၍ မေးလိုက်ခြင်း ဖြစ်ပါသည်။
အဲ ဒီအချိန် ဒေါ်ချယ်ရီလွင်ဘက်က ထွက်လာသောစကားက။
......ဒါမောင်လေးအတွက် မမ ၀ယ်လာတာ.......မောင်လေး ဘာမှ
မမေးနဲ့  ဘာမှမပြောနဲ့ ...
...မမ
ပြောတာကို အရင်နားထောင်.... မောင်လေး မနက် ဖြန် စင်္ကာပူ ကို
ကျောင်းသွားတက်ရမယ်....
......ဗျာ....
ဒေါ်ချယ်ရီလွင် စီက ထွက်လာသော
စကားကြောင့် အာကာ တစ်ယောက် အရမ်း အံ့ သြ သွားသည်။
....မမ ကလဲ မောင်လေးကို ဘာမှ မတိုင်ပင်ပဲ ...
....မမ က မောင် လေး ကို ကောင်းစေချင်လို့  လုပ်တာ
တိုင်ပင်စရာလား...ကဲ ဒါပဲ မင်းပြန်ပြောမယ့် စကား မမ ဘာမှ
မကြားချင်ဘူး...ဆိုပြီး ဒေါ်ချယ်ရီလွင်တစ်ယောက် အိမ်ပေါ်ထပ်သို့ 
တက်သွားပါသည်။
အာကာ တစ်ယောက်
သူပြောမယ့် စကားကို လဲ မပြောလိုက်ရ ငိုင်၍ သာကျန်ခဲ့ ရသည်။
အခုလို ဒေါ်ချယ်ရီလွင် က အာကာ ကို စင်္ကာပူ
ပို့ ရခြင်း ကိစ္စ ဟာ နုဝေ နဲ့ ပါတ်သက်တဲ့  ကိစ္စ ကို သူသိခဲ့ လို့  အခုလို
လုပ်လိုက်ခြင်းဖြစ်ပါတယ်။ တစ်နေ့ က အာကာနဲ့  နုဝေ ဖုန်းစကားပြောနေတာကို
ဒေါ်ချယ်ရီလွင် ကြားလိုက်ရခြင်း
ဖြစ်ပါသည်။
အခုတော့  အာကာတစ်ယောက်
စင်္ကာပူ ထွက်သွားတာကို နုဝေ မသိလိုက်ရတော့ ပါ။ တစ်ပါတ်မျှလောက်ရှိတော့ 
နုဝေတစ်ယောက် အာကာ ရဲ့ အိမ်ကို လိုက်သွားပါတော့ သည်။
.....တီ...တီ...
ဒေါ်ချယ်ရီလွင်အိမ်
ရှေ့ မှ နုဝေ ရဲ့  ကားဟွန်းတီး သံလေးဖြစ်ပါသည်။
...ဟဲ့  ...အိမ်ရှေ့  မှာ ကားတစ်စီးလာနေတယ် ..တံခါး
ဖွင့်ပေးလိုက်ကြအုံး...
ဒေါ်ချယ်ရီလွင်
မှ အော်လိုက်သည်။
.......သမီး အာကာ
နဲ့ တွေ့ ချင်လို့  လာခဲ့  တာပါ မမ...
....မင်းက
ဘယ်သူလဲ....နေပါအုံး နုဝေဆိုတာ မင်းလား......
..ဟုတ်ကဲ့ ပါ မမ...
နုဝေ
တစ်ယောက် ဘယ်လို မှ စောင့် ဆိုင်းလို့  မရတဲ့ ကိစ္စ မို့ သာ အရဲစွန်
့ပြီးသွားခဲ့ ရပေမယ့် ဒေါ်ချယ်ရီ လွင် ရဲ့ မျက်နှာလဲ မြင် အသံလဲ ကြားပြီးရော
ကြောက်စိတ် ရှက်စိတ်တို့ ဖုံးလွှမ်းကာဖြင့်
အသံများ တုန်နေပါသည်။
....ကဲ
...မမ ပြောတာ နားထောင်... အာကာ စင်္ကာပူကို ကျောင်းတက် လွှတ်လိုက်ပြီ...
.....ရှင်.......
နုဝေ တစ်ယောက် ဒေါ်ချယ်ရီလွင် ရဲ့  စကားလဲ ကြာပြီး
မျက်လုံးများပြူးပြီး ထိတ်လန့် သွားသည်။
....ကဲ... မင်း ဘာပြောဖို့  လာတယ်ဆိုတာ မမ သိတယ်..
...ဒါပေမယ့်  ဒီအရွယ်က ပညာသင်ရမယ့် အရွယ်...
...မင်း...ဗိုက်ထဲ မှာ ရှိနေတဲ့ 
ပြဿနာကို ပိုက်ဆံ ဘယ်လောက်ကုန်ကုန် မမ ဘယ်သူမှ မသိအောင် ရှင်းပေးမယ်
ကျေနပ်လား....
..ရှင်.....
နုဝေ ရဲ့  မျက်ဝန်းမှ မျက်ရည်များ
အလိုအလို စီးကျ လာပါတော့ သည်။ နုဝေလဲ မျက်နှာကို လက်နှစ်ဖက်နဲ
့အုပ်ပြီးငိုယိုကာ ကားပေါ်သို့  အတင်းတက်ပြီး
ဒေါ်ချယ်ရီလွင် ရဲ့  ခြံဝန်း အတွင်းမှ အမြန် မောင်းထွက်လာပါတော့ သည်။
***********************************
အမေ....ရေ.. အမေ..ဒီမှာ ညီမလေး ရွာအလည်လာတယ်........
ကျွန်တော် အမေ ကို လှမ်းအော်လိုက်ခြင်းဖြစ်ပါသည်။
....ညီမလေးကလဲ ဒီနှစ်လာတာ
စောတယ်နော်...အကိုတောင်မထင်ဘူး...
..ညီမလေး
ရန်ကုန်မှာ နေရတာ စိတ်မပျော်ဘူး..
..သမီး
ဒီတစ်ခေါက်လာတာ ပိုတောင် ၀လာသလိုပဲ ..သမီး အဖေရောနေကောင်းလား..
...ကောင်းပါတယ်.. မေမေ..
..
ညီမလေး ....အရင်က ရွာအလည်လာရင် ကိုကို နဲ့ မေမေ ကို တွေ့ ရင်
အရမ်းပျော်နေတာ အခု မျက်နှာလဲ မကောင်းဘူး ရန်ကုန်မှာ ဘာဖြစ်လာတာလဲ ...
ကိုကို့  ကို ပြော.....
အဲ ဒီ အချိန်မှာ မေမေ က လဲ
ဝင်ပြောလိုက်သည်။
..ဟုတ်ပ... သမီး
..ဘာဖြစ်လာတာလဲ မျက်နှာလဲ မကောင်းဘူး..
..ခရီး ပန်းလို့ ပါ မေမေ..
..ဘာလဲ
.. ညီမလေး ..မိထွေး နှိပ်ဆက်လို့ လား.. ကိုကို့  ကို ပြော..
..ငါညီမကို နှိပ်ဆက်လို့ တော့  အဲဒီ
မိထွေး ကို အခုချက်ခြင်း သွားသတ်မှာ...
ဒါနဲ့  မေမေ ၀င်ပြောလိုက်တာက ။
.....ကဲကဲ....သမီးလေး ခရီးပန်းလာတယ်ဆိုတော့  ရေအရင်
သွားချိုးလိုက်နော်...
..ဟုတ်ကဲ့...
ဟဲ့  ...ရှိုင်းထက် ...သားကြီး က
ညီမလေးရေချိုးဖို့ အတွက် ရေခပ်ပေးလိုက်...
...ဟဟ..မေမေ ပြောတာ နောက်ကျ နေပြီ သား ညီမလေးလာမှာ သိလို့ ရေအို
းတွေ အားလုံး ဖြည့်ပြီးသား..
...ဟုတ်ပါပြီ....ဟုတ်ပါပြီ..ကွယ်..
ညီမလေးရောက်တဲ့ ညကတော့ 
ကြက်သားကာလားသားဟင်းချက်ပြီး မေမေ ရယ် ကျနော်တို့ မောင်နှမ နှစ်ယောက်ရယ်
မိသားစုထမင်းပွဲလေး ကျနော်အရမ်းပျော်ခဲ့ ရပါတယ်။
မနက်မိုး လင်းတာနဲ့ ....ညီမလေးရေ...ညီမလေးရေ ...မိုးလင်း ပြီ
ထတော့ လေ...
မေမေ ကလဲ .. ဟုတ်ပ
မင်းညီမ ကအိပ်ပုတ်ကြီးလိုက်တာ..
မေမေ
ညီမလေး အခန်း တံခါး သွားဖွင့်လိုက်ချိန် မေမေစီမှ အသံကြယ်ကြီး ထွက်လာသည်။
သမီး....သမီး....လာကြပါအုံးကွဲ...
ကျနော်လဲ
အတင်းပြေးပြီးသွားကြည့်လိုက်တော့ ။
ညီမလေးပါးစပ်က
အမြှုပ်တွေ ထွက်နေပြီး. ညီမလေး အသက်မရှိတော့ ပါ။
..ကျနော်နဲ့  အမေ ရဲ့ ငို သံတွေ က တော့  ကျနော်တို
့အိမ်လေးမှာ ကောင်းကင်သို့ ဝှေ့ ပြန်ထွက်ခဲ့ ရပါပြီ။ညီမလေးရဲ့ 
အလောင်းဘေးမှာလဲ အဆိပ်ပုလင်း ကို တွေ လိုက်ရပါသည်။
.....ညီမလေး....ညီမလေး........ညီမလေး....
..အမေနဲ့ ကျနော် အရှိုက်ကြီးတစ်ငင်
အော်၍ ငိုနေရပါတော့ သည်။
*******************************************************
Subscribe to:
Posts (Atom)