မွေးနေ့  ဆုတောင်း..

ဆောင်းလေသွေးအေး
မြောက်လေအေးတွင်
မွေးဖွားသန့်စင်
ပန်းအသွင်နှင့်
နှမငယ်ငယ်
၁၃.၁၁.၁၀
နေ့မြတ်မှသည်
ညက်ညောအိစက်

သလွန်ထက်၌
ဖူးပွင့်ရငုံ
နံ့သာထုံဖြင့်

အဆင်းရနံ့
ပွင့်လန်းစေသော်
နှမတော်...........



written by aaboy



နှစ်တခုလုံး၏ ၁၁ လမြောက် ဒီနိုဝင်ဘာလေး

အေးမြခြင်းတွေကို သယ်ဆောင်
ပူပြင်းခြင်း၊၊ စိုစွတ်ခြင်းတွေကို ပပျောက် .... လှပစွာ
နိုဝင်ဘာလလေးတည်ဆောက်
.......။


ဒီ နိုဝင်ဘာလလေးထဲဝယ်
ချစ်ဖို့ကောင်းစွာသော ညီမလေးတယောက်

ရောက်ရှိ လူလားမြောက်

အေးချမ်းသော နှင်းစက် နှင်းမှုန်လေးတွေအလား
ညီမလေး ဘ၀တလျှောက်
အေးချမ်းသော အိမ်လေးတစ်ခုတည်ဆောက် ....
.............................................................

စိတ်နဲ့တထပ်ကျပြီး
ချစ်သောသူနှင့်အတူတကွ

ပျော်ရွှင် ဆင်နွှဲ မွေးနေ့ပွဲလေး ဖြစ်ပါစေနော် ........။














1358181em8i0jkljj.gif



စ နိုး ပန်း လေး


ဆောင်းလေညင်းလေးသွဲ့ လာပြီး..

နှင်းပုဝါလေးလွှမ်းချုံနေတဲ့

တောင်းတန်းမြေမှာ...မွေးဖွားလာေ
သာ

အတွေးနုနု..အသဲနုနု

ရင်ထဲမှာ...ဖြူထည်လေးကိုသာ

လွှမ်းချုံပြီး.....ပြုံးရောင်သန်
းတဲ့

မျက်ဝန်းပိုင်ရှင်...

ညီမလေး....



နှင်းမူံ....အခွင့်ခါကြုံတိ
ုင်း..

မွေးနေ့လေးကြရောက်သွားတဲ့

ညီမလေး...

နောင်လာမယ့်....နေ့ရက်သစ်တွေမှာ
...

အမြဲထာဝရ......ဒီနှင်းမူံလေးေ
တွလို...

အေးချမ်းမှုတွေ ပိုင်ဆိုင်နိုင်ပါစေလို့....

ခင်တဲ့...

အစ်ကိုအောင်








ကဗျာလေးတွေ..စာလေးတွေကို...
တွေ့ရင်ဖတ်ပေး..အကြံလေးတော့...ပေးပါနော်။
ယခုမသိလည်း နောက်တော့ဆုံတွေ့....ခေါ်လိုက်ပါနော်။
တစ်နေ့နေ့မှာ...ပြန်လည်ဆုံတွေ့.... မေ့မနေပါနဲ့နော်။
ယနေ့မှစ........နောင်နှစ်တစ်ရာ ပျော်ရွှင်ပါစေ.........တောင်းဆုခြွေလျက်



လမင်းငယ်


ဆောင်းဦးရာသီ တောင်တန်းတွေဆီက ...
မြူမူံတွေ ကာရံထား ထင်းရှုး ပင်တွေ ကြားက..
ချယ်ရီတွေ အတူတွဲ လို့  အူဝဲဆိုတဲ့ အသံလေးနဲ့ ...
နုတ်ဆက်ကာ ၀င်ရောက်လာ လူကမ္ဘာဆိုတဲ့ ..
ပန်းဥယျာဉ်ကြီးထဲက ညီမလေး....
စိတ်နှလုံးဖြူစင်ကာ...ခင်မင်ရာ အလေးထားတတ်တဲ့ ...
ညီမလေး..
သူငယ်ချင်း တွေ ချစ်ကြည်ဖြူ နှင်းဆီဖြူကို ကြိုက်တဲ့ ..
ညီမလေး..
တစ်ဆယ့်သုံး နိုဝင်ဘာ ရောက်ရှိလာသည်မှစ...
ရည်မှန်းချက် စိတ်ကူး တွေးရာ..
အောင်မြင်စွာဖြင့်..
နောက်နောင် လျှောက်လှမ်းရာဘ၀အပေါ်..
အနှစ်တစ်ရာ ကျော်သိတိုင်...
ရည်မှန်းရာ လိုရာခရီး..
ပြီပြည့်စုံပြီး ..လျှောက်လှမ်းသွားနိုင်ပါစေ...
မောင်လွမ်းဆု