တေလေ
ကိုယ့်ဘာ့သာကိုယ်...........ဖောက်ခွဲရွာချပစ်ခဲ့..
စိုရွှဲ........
အိုး.........သည်းစမ်းပါစေကွယ်...
ငါ့ကိုယ်ငါ....ပိုင်တဲ့ကောင်လို့
ခပ်လှောင်လှောင်......အော်တယ်..
မြက်ခင်းပေါ်.....ကျောခင်းရင်း
တိမ်တွေကို............ငေးတယ်..
ကဲ.........ဘာလိုသေးလဲ..
တစ်ကောင်တည်း.....ဒါပေမဲ့....ခြင်္သေ့..ဆိုတဲ့စကားလုံး
မကြာခဏ
ငှား.....ငှား...သုံးနေရတယ်..
လွင့်...
ကျေနပ်ပရစေ
မနေမနား....မအားဖွေရှာ
ကြိုးစားပါလည်း....
အဆင်မပြေ...လမ်းကြောင်းမဖြောင့်ဖြူးပါ...
ကြိုးစားပါလည်း....
အဆင်မပြေ...လမ်းကြောင်းမဖြောင့်ဖြူးပါ...
ကံအကျိုးပေးနည်းသောကြောင့်
တချို့တွေများ...အားရနေ
ဘယ်သို့ဘယ်ပုံ..ငွေတောင်လိုပံ
ဘယ်သို့ဘယ်ပုံ..ငွေတောင်လိုပံ
ဝင်နေတာလဲ...တွေးမရလည်း
သူတို့မှာက....ကံအကျိုးပေးကောင်းသောကြောင့်။
မည်သို့ရှိစေ....ကိုယ်တာလခ
ဘယ်လောက်ရရ...ထမင်းကြမ်းယပ်ခတ
အေးဆေးသက်သာ.....ရိုးသားစွာပဲ
နေချင်ပါတယ်.....အပူမရှာချင်သောကြောင့်။
လမင်းငယ်...
ခပ်ရေးရေးတွေး မှန်မှန်လေးလျှောက်
ကြိုးစားနေရင်းနဲ့တောင် ယိုင်လဲချင်တဲ့ ဒီအရေး
တွေးရင်းနဲ့တောင် မောရတာ
" ဘဝ " တဲ့လေ...
တင်စားချင်သလို တင်စား
" ခြ " စားတဲ့ဘဝမဖြစ်အောင် ကြိုးစားရင်း
စိတ်ဓါတ်တွေလဲ
အမာရွတ်တွေ ထပ်ကုန်ပြီ....
" အရိပ် "တစ်ခုပါပဲ..တဲ့
တစ်ကယ့်အရိပ်စစ်နဲ့တော့ အခြေနေမပေး
ဝေးခဲ့ရင်တောင်
တစ်နေ့နေ့တော့ နီးလာနိုင်ကောင်းပါရဲ့လေ..
ဝေးနေတဲ့ " အမေအိမ် "
နီးနိုင်ဖို့ အရေး
တွေးရင်းနဲ့ ကျော်ဖြတ်
ညတွေလဲ အသေင်္ချတိုင်ခဲ့ ပြန်ပြီ.....
အိပ်တန်းပြန်တဲ့
ကျေးငှက်တွေရဲ့ မြင်ကွင်းတွေမြင်တိုင်း
သွေးခုန်နှုန်းတွေတိုး..လို့
သောကတွေ ကာလာတင်ပြီး
ငါအိမ်ပြန်ချင်ပြီ.......
မျှော်လင့်လို့" မှန်း " တမ်းတရင်း " လွမ်း "
ခပ်ကြမ်းကြမ်း အတွေးတွေကို " ရိုက်သတ် "
ရည်မှန်းချက် အတွက် အသက်ရှင်ကြမယ့်သူတွေမို့
မာန်ကိုတင်း အားမာန်သွင်းလို့ ဘဝ တိုက်ပွဲဝင်ရင်း
အောင်ပွဲတွေနဲ့ ပြန်ခဲ့မယ် " အမေ" .........
Written By Angelhlaing ( www.angelhlaing.blogspot.com )
10 .May ,2011 .WED ( 8;07 PM)
ခရမ်းလွန် ရောင်ခြည်အောက်က
ခရမ်းပြာ နှုတ်ခမ်းပါးတစ်စုံက
ထွက်ကျလာတဲ့ အက္ခရာတွေ
ဘယ်လောက်ပဲ ကျိုးပဲ့နေပါစေ
နှင်းလှိုင်းဖြူအောက်က....
အလွမ်ဖြူတွေနဲ့ ငါ့နေ့စွ
သတ်ပုံမှားနေပါစေ ခပ်ယဲ့ယဲ့
အပြုံးတွေနဲ့ ဥက္ခာ လွင်ပြင်မှာ
ဘ၀ရဲ့ ချွေးစက်တွေနဲ့ ခယောင်းလမ်းမို့
ကြမ်းတမ်းနေပါစေ.......
ဆန္ဒတွေ နှောင့်နှေးနေတဲ့
စက္ကန့်သံတွေ ကြားမှာ
ငါက နောက်ကောက်ပဲကျေ
တစ်နေ့တစ်လှံ ပုဂံဘယ်ရွေ့မလဲ ဆိုတဲ့အတိုင်
ပုံမှန်ရှင်သန်ခွင့်တွေနဲ့ ငါ့မနက်ဖန်တွေမှာ
ရှေ့ဆက်နေဦးမှာပါ
အောင်ရဲ့ဖီလင်
ဘ၀တစ်ဆစ်ချိုး
ကြယ်ကြွေညတွေ နဲ့  ဆယ်နေခ လို့  ..
မှတ်တိုင်ရဲ့  အဝေးဆုံး မှာ..
ငါ့ ဖိနပ်တွေ တရှပ်ရှပ်နဲ့ ပါးနေခဲ့ ပြီ..
အဓိပ္ပါယ်မဲ့ တဲ့  ၀ါကျတွေနဲ့ .
မျှော်လင့်ခြင်းတွေ အမြစ်တွယ်ခဲ့ ပြီး
အလေ့ ကျ စိတ်ရိုင်းတွေကျောခိုင်းလို့ ..
အတိတ်ကိုတွေးတဲ့ နောင်တ တွေ နှစ်ချို့ ပရစေတော့..
ဘ၀ရဲ့  တစ်ဆစ်ချိုး မှာ..
အဖြစ်ပျက်အမျိုးမျိုးတွေ ကြားက ရုန်းထွက်မယ်..
လာလမ်းနဲ့  ပြန်လမ်း ကြား..
အသွားထက်တဲ့  နေ့ ရက်တွေနဲ့ ..
အဆိုးဆုံးဆိုတဲ့  ဘ၀တွေကို ထိုးသတ်ပြီး..
မျက်ရည်တစ်စက် ..အပြုးတစ်ဝက်နဲ့ ..
ခရီးဆက်ရင်း နံနက်ခင်းတွေ ကျောခိုင်း ရမယ့် နေ့  ...
.....................................။
မောင်လွမ်းဆု
တစ်ကျော့ ပြန် သတိရခြင်း..
လျှောက်တော့လျှောက်နေတာပါဘဲ
ဒါပေမဲ့ ခြေထောက်တွေက
အသက်မရှိကြတော့ဘူး
သက်မဲ့စက်ကိရိယာတွေလိုဘဲ
လုပ်နေကြ အလုပ်တစ်ခုကို
လုပ်နေရုံသက်သက်နဲ့………….။
လမ်းတစ်ဝက်မှာ ဖြတ်ခနဲ
ရေအိုင်ဗွက်အထဲ ငါခုန်ဆင်း
ဘယ်ဘက်ကွက်လပ်က တုံ့ခနဲ
လူမသိ သူမသိ
တုန်လှုပ်သွားတယ်…….။
အဲဒီအခိုက်ဘဲ အတွေးတစ်ချက်
ငါ့အသိထဲ ၀ုန်းဒိုင်းကြဲ
နှိုးထလိုက်တဲ့ အခါ
အတိတ်ပုံရိပ်ဆီ အလည်ရောက်သွားတယ်……။
သြော်
ခြေရာနှစ်ဖက် ဒီနေရာထက်မှာ
တစ်ချိန်က အပျော်လွန်ခဲ့တာ
ကြာရောပေါ့……..။………….။
အခုတော့လည်း
ဒီလမ်းမကြီးက ခြောက်ကပ်ကပ်နဲ့
တိတ်ဆိတ်နေလျှက်…..။………။
ညရင်ခွင်