Wednesday, September 26, 2012

ဆောင်းဒဏ်ရာရဲ့  နွေခရီး

တစ်ဆောင်း သစ်မှာ   
အဟောင်းချစ်နဲ့  လမ်းခွဲ
ဝမ်းနည်း စရာမှတ်တမ်း တစ်ခု
ဒီရင် အစုစု ပူပြင်းလို့ ဒဏ်ရာပေါ်
ပြန်လာနော်မခေါ် ရက်ပေမဲ့ 
ပျော်ရက်တဲ့  ချစ်သူက
တစ်ပါးသူရင်ခွင်  ခိုဝင်လို့  နေပါရော....။

 
ဖြေစရာ ဆေးတစ်ခွက် ကြောင့်
ငါလက်တွေ တုန်ခဲ့ တယ်
ယုံခဲ့ သမျှ ပုံဖွဲ့ ကာ  ပြခဲ့ ပေမဲ့ 
မလှခဲ့ တဲ့  ကံကြမ္မာ က ငါတစ်ယောက်ထဲကိုဘဲ
အနိုင်ကျင့်ခဲ့ လေးသလား...။

 
အဖြေစကားတွေ ငါမရှာဘဲ
တစ်ခါ တွဲပြီး  အခါတစ်ရာကွဲတဲ့ ငါအသည်းကို
ငါကိုယ်တိုင် ဒဏ်ခတ်လို့ 
နှင်းခဲ တွေ ကြား
အသင်းကွဲ တဲ့ ဥသြငှက်က
နွေမရောက် ခင်  လွမ်းတေးဆိုပြီး
ချမ်းအေးတဲ့  ဆောင်းရင်ခွင်က
ငါ့ အတွက် နွေအပြင်းစားတွေ ရွာချလို့ 
နာသမျှ ဒီရင်ခွင် မီးက
ဒီခရီး မဆုံးသမျှ
ဟုန်းဟုန်း ကြွ၍
လောင်ရအုံးတော့  မည်။

အိပ်ဆက် ခြင်းရဲ့  ဒဏ်ရာ..

ဆိုသီချင်း တစ်ဝက်ကို ငိုခြင်းဖွဲ့ ရင်း
လိုရင်းအချက်က  ပြိုကွင်းပျက်ခဲ့ တဲ့ 
ချစ်သူကြောင့် အပြစ်ပူကာဆွေးနေလည်း....
တွေးနေရတဲ့  ရင်ခွင်မှာ
ဝေးနေရတာကို မမြင်ချင်ပေမယ့်
တမင်စဉ်ကာ မုန်းသွားတဲ့ ချစ်သူကို
ဒီရင်ခွင်မှာ သုံးထားတဲ့ 
မင်းနှလုံးသားက
အဆိပ်လူးမျှားထက်ဆိုးခဲ့ ပြီပေါ့..။

စိတ်ကူးများနဲ့ မက်ခဲ့ ရတဲ့  ငါ့အိပ်မက်ကို
သံစဉ်ချို  တေးတစ်ပိုဒ် လိုဆိုခဲ့ သမျှ ...
ငိုခဲ့ ရတာ အံ့ ပါရော...။

အိပ်မက်တွေ မချို သမျှ
အိပ်ဆက်ခြင်းကို
ငါ မုန်းပရစေတော့ ..။

မောင်လွမ်းဆု

စိတ်ကွယ်ရာ သို့ 

     ဖူးပွင့် ဝေဆာ ပန်းကမ္ဘာ ၌...
                       ပွင့်ကာ တင့်လန်း   ပန်းအလှသဖွယ်...
ခေါ်ဝေါ်ဆို ကြ ဤ လူ့ ဘ၀၌..
သည်းကိုးဖြာ ပိုင်  မိန်းမ မန်တိုင်..
မရိုင်မလဲ ခိုင်ခိုင်မြဲအောင် ..
ဘယ်သူနေနိုင်ပါဘိ...။

မိန်းမ  တို့ အရေး ပြန်ကာတွေးတော့...
တွေ့ သမျှ ရေအိုင်  သူတို့ နှောက်နိုင်...
နောက်ကွယ်ဖေါက်ပြား  အိုယောင်္ကျား...
လှေကား သုံးထစ် လူပျိုဖြစ်  တဲ့ ...။

ယုံမှတ်လို့  ပုံအပ်  ဘုံ အထပ်ထပ် ..
မျက်ကွယ်ပြု..
အသက်အရယ်နု လို့  အရွယ်တင်...
အ ပျိုစင် ဘ၀ လိုချင်ရ ခက်သမို့ ...
အသက်နဲ့ ခန္ဓာ အိုးစား မကွဲခင်...
သစ္စာ ရိုကျိုး ထို ကိုးမျိုးကို...
စိတ်ကွယ်ပြုပါ`၏..။


*********


မောင်လွမ်းဆု..

ဣတ္ထိယ မိုးကြိုး

ဣတ္ထိယ  ရေပြင်မှာ ..
မာယာ  လှိုင်းတွေခတ်တယ်..
အမုန်း ကမ်းခြေ ရဲ့  ..
မဟူရာ ညတစ်ည..
အဖော်မဲ့  နေတဲ့ 
ဥပက္ခာ  အလွမ်းကမ်းရိုးတန်းတစ်လျှာက်..
ဣတ္ထိယ  ရေပြင်ကြောင့်
ထစ်ချုန်းမိုးတွေရွာချ..
အမုန်းနဲ့ မာယာတွေ ပေါင်းစုပြီး..
ပစ်ချ လိုက်တဲ့ ..
ဣတ္ထိယ  မိုးကြိုး.. 



မာင်လွမ်းဆု 

အမှတ်မထင်ခဲ့ ပါ လွမ်း

(အမှတ် မထင်  ခဲ့ပါ  လွမ်း)

တွေးသမျှရဲ့  တစ်နေရာ တစ်ပိုင်းတစ်စနဲ့ ..
အချစ်ပါးပြင် ပါးကွက်ကြား သနပ်ခါးပါးပါးလေးကို..
ဖွဖွ လေးနမ်းရှိုက်ရင်း..
အငိုက်မိခဲ့ တဲ့ အချိန်..
စက္ကန့် တွေ နုတ်ဆက်တာကို
မသိချင်ယောင်ဆောင်ခဲ့ တယ်။

အမှောင် တစ်ညရဲ့  လတစ်စင်းက..
ကောင်းကင်ယံ တိမ်အိုထက်..
ခပ်သွဲ့ သွဲ့ လေးသူပြုံးနေခဲ့ ..။

မဟာဆန်ဆန် မာန်ပါပါဖြင့်..
ဒီလူရဲ့  ရင်ဝကို ခြေစုံကန် မင်းပြေးထွက်..
ဟက်ဟက်ပက်ပက် ငါရယ်ပရစေ..။


ဘ၀နဲ့  အတိတ်ကို ခဏအိပ်ခိုင်းပြီး..
စိတ် အရိုင်းတွေ မောင်းထုတ်...
ဟိုး.....အဝေးက တောအုပ် မှာ..
မင်း ခြေရာကို ရှာရင်း...
လွမ်းခြင်း တွေ အိပ်မက်ဖြစ်သွားပြီ..

မောင်လွမ်းဆု..

Thursday, September 06, 2012

ကာရံမညီတဲ့  ရင်ခွင်

ကာရံ မညီတဲ့  ရင်ခွင်...
ဒဏ်ရာတွေ အဖော်ပြုလို့ ...
ရင်အစုစု ကြေကွဲတဲ့ အထိ..
စိတ်ကူးယဉ်ဆန်ဆန်..
အတွေးပုံရိပ်တချို့ တ၀က်နဲ့ ..
ဘောင်ခတ်ထားတဲ့ လောကကြီး.. 

ငါ ဦးတည်ရာ ဖြတ်မလျှောက်ဘဲ..
တစ်ယာက်ထဲ ကိုမှ မျှော်လင့်မိခဲ့တာ..
အတ္တ တွေ အရည်မပျော်သရွေ့ ...
တစိမ့်စိမ့် သောက်ခဲ့ မိတဲ့ ကော်ဖီတစ်ခွက်ကြောင့်... 

ငါ  ဒီကဗျာကို ရေးမိခဲ့ တယ်..
လင်းကြက်မတွန်  သန်းခေါင်မက..
ညတစ်ညကပေါ့ ...
မျက်တောင် တံခါး ဖွင့်ကာထား၍...
ရင်တွင်းစကား  မျက်ဝန်းကြားက..
စီးကျမျက်ရည် သက်သေတည်၍..
စာရွက်တစ်ရွက် ပင်တစ်ချောင်းဖြင့်..
ဤစာကြောင်းတွေ ဖြစ်ခဲ့ ရတယ်.. 


သခင်..ရယ် သိခွင့်မရှိခဲ့ ပေမဲ့ ..
ရင်ဝယ် မျက်ရည်မိုးက..
ရာသီတစ်ခုတည်း  ပိုင်စားထားရက်တယ်....။


မောင်လွမ်းဆု