ဘ၀နွံထဲက ဒိုင်ယာရီများ..

အခက်ခဲဆိုတာတွေကို
ရင်ဆိုင်ဖို့အတွက်
မာနတွေချနင်းပြီး
ဘဝတစ်ခု ဖြစ်ဖို့
ရင်းလိုက်ရတာ .........။
စိတ်ဓါတ်တွေ
အခါခါ သေလည်း
ခါးသီးမှုတွေနဲ့
စတေးလိုက်ရတဲ့
ခံစားချက်တွေလည်း အသင်္ချ.......။

ဘဝအတွက်ဆို
နှလုံးသားလဲ
လမ်းခင်းကျောက်အဖြစ်
ချနင်းရတဲ့အခါလည်းရှိရဲ့.........။
ခေါင်းပြုလာတဲ့
မာနနဲ့ မခံချင်စိတ်တွေကို
အရှင်လတ်လတ် သင်္ဂြိုလ်လိုက်ရတဲ့ အခါလည်းရှိရဲ့........။
စာတင်ဖို့
အဆင့်မမှီတဲ့ ရာဇဝင်တွေလဲ
ဒိုင်ယာရီထဲ ချရေးရတဲ့အခါလည်းရှိရဲ့..........။
ယုံကြည်ချက်နဲ့




မန်ကိုတင်း အားခွင်းလို့
လေဆန်ကိုပျံ ရွတ်လွင့်နိုင်ဖို့ ဒုက္ခပင်လယ်ထဲ ရုန်းရတဲ့အခါလည်းရှိရဲ့.......။
အမာရွတ်ပေါ်
ဒဏ်ရာဆင့်ပြိး ဝေဒနာအတ္တတွေနဲ့
မြေသို့ကြွေကျ မြေခရတဲ့အလွမ်းရာဇဝင်အဖြစ် စတေးရတဲ့ အခါလည်းရှိရဲ့......။

ဘာ...
ဘဝတဲ့ဟုတ်လား..???
ချရေးရတာ
လွယ်သလောက်
မနက်ဖြန်တွေအသက်ဝင်ဖို့
မျှော်လင့်ချက်တွေ ဘယ်လောက်များ လည်စင်းပေးနေရအုံးမှာလဲ....???

angelhlaing



နောင်တတွေ တပွေ့တစ်ပိုက်နဲ့
ထွေးပိုက်ဖို့ရာ....အချိန်မရှိ
ဘူး....
နဖူးကွဲ.....ဒူးပြဲနဲ့...
ရုန်းကန်ရတဲ့ ဘ၀နွံမှာ
အတိတ်တွေသာ ကြက်ခြေခတ်လာတယ်..။ 
အမှားတွေ တပုံတစ်ခေါင်းနဲ့.
ဆီးကြိုနေတဲ့  အနာဂတ်လမ်းမှာ
ကြိုးဝိုင်းထဲက ကံကြမ္မာနဲ့
အလဲထိုးဖို့....ငါ့ဇွဲလက်သီးတွေ
မာန်မလျှော့ဘူး....။
အငိုက်တစ်ချက်မှာ အရှိုက်မိသွားရုံနဲ့
ခဏလေး လဲကျသွားတဲ့..ဘ၀ကြမ်းပြင်ပေါ်မှာ
အရှုံးလို့ တံဆိပ်မနှိပ်ခင်..
ငါ့ နှလုံးသွေးထဲက  အားမာန်တွေနဲ့
နောက်တစ်ချီ အလဲထိုးဖို့
အဆင်သင့်ဖြစ်နေပြီ..။
မိုက်ခနဲ ပျော်ဝင်သွားတဲ့  အတွေးတစ်ခုမှာ
ဒီတစ်ချီတော့ ကံကြမ္မာရဲ့
စကြ`်မ်လမ်းမှာ...လေချွန်ပြီး လျှောက်ရဖို့
ငါ့ရဲ့ စာရိတ္တ သတ္တိတွေ.....
နေမ၀င်သေးဘူး....။


   အောင်ရဲ့ ဖီလင်...


ငါ့ယုံကြည်ချက်
ကိုယ့်ထမင်း ကိုယ်စား
ကိုယ့်ဘ၀ ကိုယ်သိ
ကိုယ့်ဝမ်း
ကိုယ်ကျောင်း
ကိုယ့်လမ်း ကိုယ်ခင်း 
 ကိုယ့်ခရီး ကိုယ်လျှောက်
ကိုယ့်သမိုင်း ကိုယ်ထွင်း
ကိုယ့်အား ကိုယ်ကိုး
ကိုယ်ထူ ကိုယ်ထ
ဒီလိုဘဝ
အခြေမလှ
ယခုလက်ရှိ
ဒီအချိန်ခဏမှာ
လွမ်းရေးထက်
ဝမ်းရေးကခက်
ဦးစားပေးစရာ
စာရင်းထက်မှာ
ချစ်ခြင်းကို..သယ်
မုန်းခြင်းကို ပယ်၍
ခင်မင်ခြင်းအင်အား
တန်ဖိုးထားကာ
ဒီတိုင်းလေးပဲ
ငါတို့လက်တွေ
ယုံကြည်ချက်တွေအတွက်
ဆက်လက် လက်တွဲ
ခိုင်မြဲနေကြဦးဆို့
သူငယ်ချင်း.....
မပြီးဆုံးတဲ့
ခရီးတခု
ဆက်လက်ထွက်ဖို့အတွက်
ငါ့ယုံကြည်ချက်
ငါ့လက်နက်ကို
ငါကိုင်စွဲလို့
မာန်ဟုန်အပြင်း
ဆက်လက်ပစ်ခွင်း
ရွက်တိုင်လွှင့်ရင်း
ဤရာသီပြင်း
မုန်တိုင်းအတွင်းကို
ဇွတ်တိုးဝင်ကာ
ငါ့၏ ဇွဲနှင့်
လုံလကိုစိုက်
ဦးနှောက်ကိုသုံး
အားစိုက်ထုတ်၍
ကျော်ကာဖြတ်မည်
ရည်မှန်းချက်ပန်းတိုင်
မုချရောက်မည်

ငါ့ယုံကြည်သည်။
 ငါ့ယုံကြည့်ချက် ငါ့လက်နက်လေ
ငါ့ယုံကြည်ချက် ငါ့အသက်လေ....

written by aaboy

အဆင်မပြေတဲ့ အဖုထစ်တွေကိုကံဆိုးခြင်း မိုးတသိုက်ကဖြိုးဖြိုးဖြိုက်ဖြိုက် ရွာနေလိုက်တာ..။မျှော်လင့်ခြင်းတွေ သောင်ထွန်းရင်းကလောင်ရယ်စပြုလာတဲ့ ပန်းတိုင်တစ်ခုကမိုင်တိုင်ချီဝေးလာတယ်..ကြေကွဲခြင်းဖိတ်စာတွေနဲ့မိတ်ဆက်သွားလိုက်တာ....မဖြစ်မနေတက်လိုက်တဲ့အလွမ်းတစ်စုက ....နှုတ်ဆက် အဆွေးတွေခွန်းသီရင်းအိမ်ပြန်ချိန်လမ်းတွေနေဝင်စောခဲ့ရတယ်...။
                    


လောက ရဲ့ ဘောင်အတွင်းမှာ...
နိုးထ တဲ့ နံနက်ခင်းတိုင်း...
သုည ဆိုတဲ့ မြူမှိုင်းတွေနဲ့ ...
ခရီးကြမ်း လမ်းကြမ်းမှာ..
ဝင် သက်က နုတ်ဆက်..
ထွက် သက်က နုတ်ဆက်နဲ့ ..
လုပ် လျှက် သွေးထားတဲ့ ..
စိတ် ဓာတ် ဓားတွေ ..
ကျောက်ပါး ရုံနဲ့ မပြီး...
အနာဂတ် ဆိုတဲ့ ခရီးကို..
မှန်ကြီးကြီးထောင်ပြီး  ကိုယ့်ကိုယ်ကို ..
ပြန်ကြည့်နေရတယ်..
လောဘ ဆိုတဲ့ ပြေးလမ်းပေါ်မှာ..
ခြေခြင်းလိမ်အောင် ပြေးနေလိုက်တာ...
တစ်ယောက် တလှည့်စီ ရှေ့ ရောက် နောက်ကျန်နဲ့ ...
ဖောက်ပြန်နေတဲ့ ကမ္ဘာ ကြီး မပျက်ခင်...
ဝင် သက်တွေ မဲ့ ..
ထွက် သက်တွေ ကျောခိုင်းလို့ ..
ဘယ်တောရိုင်း ကို  ဒို့ တွေ ဆက်ကြ ရမှာလဲ...
 
မောင်လွမ်းဆု.. 



ကျွန်မ အတွက် ပေးတိုင်းမရတာ
အချစ်ဆိုရင်ပေါ့ ........
အခြား ဘာတွေကော ရခဲ့ဖူးလို့လဲ .......
ကျွန်မ ကို ကျွန်မ ပြန်မေးကြည့်မိ တော့
မေးခွန်းတွေသာ အဖတ်တင်လျှက်
အဖြေတွေက မှောင်မိုက် လမ်းစတွေ ပျောက်နေခဲ့.......။ 
ကျွန်မ နေထိုင်ရာကိုက ........
အထီးကျန်ဆန်မှုတွေ ရှင်သန် ပေါက်ဖွားရာဒေသတခု
အဲဒီမှာ နေထိုင်တည်ရှိတယ် ......
အလွမ်းအဆွေးတွေ၊ နာကျင်မှုတွေ ....... အို အို
အားလုံးက အနုတ်လက္ခာတွေကြီးပါပဲ
ကျွန်မ ဒါတွေကို နေ့တိုင်း ..... စားသုံး အသက်ရှင်ခဲ့တာ
အတော်ကြာပြီ ......ထင်ပါရဲ့ ... ။
ရှေ့ဆက် ရှင်သန်ရပ်တည်ဖို့ နေရာ တစ်နေရာကတော့
အသက်လောက်အရေးပါနေလေခဲ့
ထို နေရာတခုအတွက် ကျွန်မ
မမောနိုင်မပန်းနိုင် ဆက်လက်ရုန်းကန်လှုပ်ရှားစဲပါပဲ .... ။
စနိုးပန်းလေး
(နေရာတခုအတွက် ရုန်းကန်နေရသူ)

ကိုယ့်ကို ရင့်ကျတ်သင့်ပြီလို့ အတန်တန်
သတိပေးနေတဲ့ကြား
ယနေ့...
ယနေ့ အထိတော့...
သင်ခန်းစာတွေနဲ့  အချင်းများနေတဲ့ လူ။ 
လမ်းတခုလျှောက်ခဲ့ကြာတာ
အဆင်မပြေမူများစွာ  ပျော်ရွှင်မူများနဲ့
လူတွေရယ် ကောက်ကျစ်မူ တွေက အချိန်တိုင်ရှိနေတာ.......
သင်ခန်းစာတွေ ကလဲထပ်တလဲလဲ ရနေတာ ငါ့ဘ၀..... 
ငါ့ဘ၀ တနေ့တော့ ဘ၀နွံထဲက လွတ်နိုင်မှာပါ။ 
....................................
(အမေ့သား)




ဆေးစက်ရာတွေ ဗရပွနဲ့တော့
ငါအဖြူရောင်ပါဆိုပြီး လွင့်သင်းမပြချင်ပါဘူး
ချောက် ....
.........ချောက်......
..................ချောက်.....
စက္ကန့်သံတစ်ခုနဲ့တစ်ခုအကြားမှာ
ငါ့လက်ဖျံသေတွင်း ပိုပိုနက်လာသလို...။

လစ်လပ်နေတဲ့ အာဇီဝတွေထဲ
အရောအနှောတွေ ခပ်ရင့်ရင့်ပဲထည့်ကြည့်လိုက်
သိပ်အချိုးတကျ လုပ်မနေနဲ့
ဒီလောက်ဆို သေဖို့တောင် လုံလောက်နေပြီ ။
ဇာတ်ဆရာရဲ့ လော်မာဖောက်ပြားမှုတွေအတွက်ကရော
ပုဒ်မဘယ်လောက်နဲ့ စွဲချက်တင်ခွင့်ရှိမလဲ
အခုထိတော့ ဆွဲကြိုးလွတ် ကိုးကွယ်ခွင့်မရှိသေးဘူး
တစ်ခါလောက် စာတန်းအထိုးခံကြည့်ဖို့အတွက်
သံချေးတက်ပြီးသား ရက်သတ္တပတ်တွေကို
တူးဖော်ကြည့်နေရတာနဲ့တင် မောတယ် ။ ။

အံ့သွန်းပျို