ဘ၀ရဲ့  ချန်ပီယံ...
ရည်ရွယ်ချက်တွေ နဲ့  ပင်လယ်ကို ဆေးချယ်နေတာ...
အရောင်စုံ စွာဖြင့် ချယ်သ သမျှ ပုံမပေါ်ပဲ...
လှော်ခတ်သမျှ သဲပြင်ထိမှ..အမိရ ဖမ်းတွေးမိလိုက်တာ ...
သြော်...ရေတိမ်ပါလား...
ရည်မှန်းချက်တွေကို ရည်ရွယ်ချက်တွေက အနိုင်ကျင့်နေလိုက်တာ..
ဘယ်သူနိုင်လဲ ဘယ်သူရှုံးလဲ..
ဘယ်သူမှမနိုင်ပဲ ...
ဖြစ်သင့်တာကို ဖြစ်အောင်လုပ်ဖို့ ..
အချိန် တွေ က သူငယ်ချင်းကောင်း တစ်ယောက်ပီသခဲ့ တာကြာခဲ့ ပြီ..
အချိန်တွေ က ငါ့ကို အားပေးပေမယ့်..
ဘ၀အတွေး တွေမှာ ရေတိမ်ပါလျှက်...
ကမ်းစပ်မဟုတ်ခဲ့ ဘူး..
သို့ သော်လည်း သင် သိပါ...
သို့ သော် လည်း သင် သိပါ..
ခုတော့ လည်း ငါစိတ်ကို ..
ငါကိုယ်တိုင် ဆုံးမ..
ငါအသုံးမကျတာလား...
သင်အသုံးမကျတာလား..
နေပါတော့ စိတ်ရယ်....
သွားပါတော့ စိတ်ရယ်..
မတည်မြဲခြင်းတွေက ..
ဘ၀ ရဲ့  ချန်ပီယံ ပါ..
မောင်လွမ်းဆု..
အဖေ က လယ်ယာ လုပ် အမေ က ထမင်းထုပ်ဖြင့်...
မွန်းမတည်း ခင် ရောက်အောင်ပို့ ပေးတယ်...
အမေ ပို့ တဲ့ ထမင်းကျမ်း ပဲပြုတ်ကို ဆီစမ်းနဲ့ ...
စားရင်းက ပြောတဲ့  အဖေ့ စကား... ငါ့သား သမီးတွေကြီးရင် ..
ဒီ လယ်ယာ က အမွေ အနှစ်တဲ့ ...
အဖေနဲ့  အမေ.. ဘိုးဖွား အမွေနှစ်ချစ်ခင်အားကိုး...
ဆန်အမျိုးမျိုး ထွက်တဲ့  ဒီ လယ်ကို သား သမီးတွေ အတွက် အမွေ တဲ့ ..
အဖေ....လယ် အလုပ်နဲ့  အရိုးမထုပ်ခင် ဆန် အမျိုးမျိုးတွေလုပ်တတ်ပေမဲ့ ..
ဒီနေ့  ဒီအချိန်ထိ သား ပါးစပ် မှာ အထပ်ထပ် အခါခါ စားခဲ့ ရတာက...
အမေ ရယ် ၀ယ်ကျွေး ဟိုး......လမ်း ထိပ်ဈေး ထဲက ...
နို့ ဆီဗူး လေးနဲ့  ချိန်တဲ့  ဆန် ပေါ့ ....
မောင်လွမ်းဆု.
ထမင်းစားတတ်အောင် အမေသင်ပေးခဲ့ တယ်..
စကား ပြောတတ်အောင် အမေသင်ပေးခဲ့ တယ်..
အခုတော့ စကားလည်းပြောတတ်ပြီးအမေ..
ထမင်း လည်းစားတတ်နေပြီအမေ..
တစ်ခါ တစ်ခါ ထမင်းစားတတ်တဲ့ ပါးစပ် က..
စား တဲ့ အချိန်ရောက်ရင်..စားကိုစားရမှ ကျေနပ်တယ်..
ပြောတတ်တဲ့  ပါးစပ် က လည်း ပြောရမဲ့ အချိန်ရောက်ရင်..
ပြောကိုပြောရရမှ..ကျေနပ်ဖို့  ပြောမထွက်တဲ့ စကားလုံးတွေက..
ထမင်းနဲ့ အတူ ၀ါးမျိုချခဲ့ တယ် အမေ..
မောင်လွမ်းဆု
(သမုဒယ တပေါင်းနွေရဲ့ ....ပိတောက်...)
မညီမျှ မူတွေနဲ့ စုစည်း ထားတဲ့ မိုးတိမ်က..
ရွာချင်သလိုရွာချလိုက်တာ....ကွက်ကြားမိုး..ထစ်ချုန်းမိုး..
တိမ်ပြိုမိုး လေလည်မိုး..အခါလွန်းမိုး..
ဝါဆို မိုး.. ၀ဿန်မိုး..သမုဒယ ၀ါဆိုမိုးနဲ့  စခဲ့ တာ..
အခုတော့ မိုးသီချင်း ပေါင်းများစွာနဲ့ အတူ...နွေ အစကို ရွာချတဲ့ မိုးက..
သူသဘောသူ့ အကြိုက် သူ့ အလိုက် သူ မိုက်နေလိုက်တာ.
မင်း မဲ့  နေတဲ့ တိုင်းပြည်လို ...
အုပ်ချုပ်သူ..ခ၀ါချရအောင် သူတို့ က အထာကြကြ လုပ်ရက်ပါပေတယ်..
အနာတစ်ခုလို ရင်ကိုထုပြီး..အစုစု အဝေးဝေး မြင်တိုင်း..
ရင်ကိုလိုင်းခတ် ကြောက်တတ်တဲ့ စိတ်တွေနဲ့ က ပြည်သူ...
ဘယ်သူရယ် ဘာကို ရည်ရွယ်ပါလိမ့်..
ဘယ်အုပ်စုရယ် ဘာကို ရည်ရွယ်ပါလိမ့်..
ဒီအတွေ့  ရယ်.. ဒီနွေ တစ်ခေါက်မှာတော့...
ရွာထိပ်က ပိတောက်ပင် အို လည်း....
ရဲရဲ ၀င့်ဝင့် ပွင့်နိုင် ပ မလား...။
မောင်လွမ်းဆု..
(ငယ်ချစ်ဦး....ပိတောက်..)
အမှတ်တရ တွေ အပြည့် နဲ့  မစွန့် ပစ်ပဲထားခဲ့ တဲ့  ကျနော့် အမှိုက်ပုံးမှာ...
သံယောဇဉ်တွေ နှစ်ချို့  ..... အခါလွန်မိုးတွေ မရှိတဲ့ ဒီနွေမှာ..
ပိတောက် က ကျနော့် ငယ်ချစ်ဦးပေါ့ ..
သူလေ... ၀င်းဝါတဲံ့  ဒီ နံနက် ခက်ခက် ခဲခဲ ပွင့် ရှာ...
မာန် ရယ်မရှိ အသိစိတ်နဲ့  ယဉ်ကျေး..
ခပ် အေးအေးလေးပဲ သူနေတတ်တယ်....။
တစ်နှစ်ရဲ့  တစ်ခါ တစ်ခါ ရဲ့ တစ်ရက်..
ဒီနံနက်ကိုချစ်တယ်တဲ့ ...ပိတောက်..
ဆောင်း ကုန် တဲ့  နွေတပေါင်း..
အကြိမ်ကြိမ်တွေပြောင်းပေမဲ့ ..
နု ဆဲ လှဆဲ အသစ်ပဲဆိုတာ..
ကျနော့်ချစ်တဲ့  ပိတောက်က..
ဘယ်တော့ မှ သူ...အတာ ကို..
သစ္စာ မဖောက်ဖူးတဲ့ ...
မောင်လွမ်းဆု..
(မိသားစု မုန်တိုင်း)
ဒီအပင်တွေ အဖေနဲ့ အမေ ကိုယ်တိုင်စိုက်...
အမိုက်သရိုက် တွေဖယ် ငါ့  သားရယ် ဒါဟာ မင်းအတွက်တဲ့ ...
အားရှိစွာ အဖေနဲ့ အမေ ကို ကျနော် က ၀ိုင်းကူပေးတော့..
မညူဆူဘဲ ရခဲ့ တဲ့ ကျောင်းမုန့်ဘိုး ..
ကလေးတွေ ပညာရေး အတွက် ခပ်အေးအေးလေးထားပါ ရှင်မ ရယ်ဆိုပြီး..
ဟိုး...တောင်ထိပ်က မြေရိုင်းကို ဘိုးဘွားမြေ အလကားမဖြစ်အောင်...
ဦးဆောင်ကာ ပေးခဲ့ တဲ့ အဖေ...
တစ်မိုးကောင်းတစ်ချောင်းစီး ကို ထီးထီးကြီးရအောင်လုပ်ခဲ့ တဲ့ အဖေ..
သားသ္မီး တွေနောင်ရေး စိတ်အေးဖို့ အတွက် ဒါ..ဒိုမြေ..ဒါဒိုပြည်..
ဒို့  ပိုင်တဲ့  ဒို့ မြေကို ထီးထီးကြီးရပ်တည်ပြီးကြိုးစား..
နှစ်တွေရယ်ကြာတော့ အဖေစကားက ဒီလို...
ကဲ...ရှင်မ သားကြီးကို ကျောင်းထုတ်..
သမီး ငယ် ကို စက်ချုပ်သင်ပြီး...
တစ်ဖက်တစ်လမ်းက ၀င်ငွေလေးလိုနေပြီတဲ့ ...
သားကြီးက မမိုက်ဘူး..
သ္မီးငယ်က လိမ်မာတယ်...
ဘ၀ ရဲ့ စားဝတ်နေရေးကို ဦးစားပေး..
အခုတော့ပညာရေးတွေ ကြောခိုင်း...
ခပ်မှိုင်းမှိုင်း မိုးချုပ်တစ်ညမှာ..
အဖေ သိမ်းနေတဲ့  စပါးတွေ ၀ိုင်းကူရင်း...
အမေ..ကတော့ မိသားစု စားဖို့ အတွက်..
ဆန် ရှာထွက်နေတယ်..
မောင်လွမ်းဆု