ဆွဲထုတ်မိကြ သောဣတ္ထိယ အပိုင်းအစများ




မချည်နှောင်ဘဲ မြဲနေတဲ့

ဆွဲကြိုးထဲမှာ
ငါ့ကာရံတွေ လည်းအသက်ရှုလို့ မ၀ခဲ့ဘူး
ဟိုးအရှေ့ရိုးမဆီက
အလင်းပျပျကိုလည်း
ကြောက်တက်ခဲ့ပြီ


အိပ်မက်ရဲ့
..............ရင်ညွန့်ဆီက
ခုနှစ်ရောင် စီချယ်ပါးစပ်နှင့်
ငါ့ရင်ဝ တည့်တည့်
နာကျင်စေခဲ့တဲ့
ငါ့ကို
အိပ်ဆေးတစ်ခွက်အဖြစ် မျိုချလိုက်ပါ။
ငါဟာမင်းအတွက်
............အိပ်မက်လေး တစ်ပိုဒ်အဖြစ်
"ထာဝရ" တည်ရှိပေးသွားမယ်။

အံ့



"ငါ နဲ့ အိပ်မက်ထဲက"ငါ ဟာ

"ငါ လိုချင်တဲ့ ဘ၀ကို
"ငါ ဟာ ငါ ဖြစ်မှ "ငါရမယ်

" ကဲ ဘယ်လိုလုပ်မလဲ ??
ဘယ်သူနဲ့လဲ ....?
"ငါ ရှာဖွေနေဆဲ ပါပဲကွယ်..


" လွမ်းသူ "

ထုတ်ဖော်မပြဖြစ်ခဲ့သော
အတ္တရဲ့ ရှေ့ခြေလှမ်းမှာ
မာယာတွေ တစ်စုတဝေးတည်း
ငွေ့ရည်ဖွဲ့တယ်.....................။

ဇာတိ(ဖျာပုံ)



ယုံအောင်လည်း ပြောတက်တယ်
လွဲအောင်လည်း ချွဲတက်တယ်
ရုတ်တရက်နဲ့ နှုတ်ဆက်တဲ့အခါ
ရူးအောင်ချစ်ခဲ့တာငါ
မူးအောင်လည်း ညစ်ရတယ်
မင်းကိုလည်း
မထိရက် မတို့ရက် မပြောရက်တော့
ရွဲအောင် ငါသောက်မယ်
လမ်းဘေးမှာ ပုဆိုးကွင်းသိုင်းပြီး
ငါ့ဘာသာငါ့မှောက်တယ် ။

by/aaboy

.ကောင်းကင်ထက်က..သက်တံ ရောင်စဉ်လေး..
ဥပက္ခာရဲ့..နောက်ကွယ်မှာ...ပျက်သုဉ်း
ဆွတ်ပျံ့တဲ့ရနံ့တွေ......ရစ်မူးမှ...
ဂွတ်ဘိုင့်ဆိုတဲ့...စကားလုံးလေးနဲ့
ထားခဲ့ပြီလား.....
ထိုင်နေရမလား...ထသွားရမလား.....

အောင် ရဲ့ ဖီလင်..



ငါဖုန်းဆက်လိုက်တိုင်း ဖုန်းမှားနေတယ်လို့
ယောင်္ကျားလေးတစ်ယောက် အရင်ဖြေတယ်
နောက်တစ်ခါထပ်ဆက်ရင် နင့်အသံကြားရတယ်
ငါမူးနေတဲ့နေ့ရက်တစ်ချို့ ရှိကောင်းရှိနိုင်ရဲ့
ဒါပေမဲ့ အရက်မသောက်ထားတဲ့နေ့တွေလဲ ဒီအတိုင်းပဲ
ဟိတ်...ကောင်မလေး
နင်ငါ့ကို ကိုကိုလို့အမြဲခေါ်ရမယ်
(နောက်ကွယ်တွင် နွားကြီးလို့ခေါ်လို့ရသည်
နားဖားကြိုးတော့ ထိုးလို့မရပါ ...နားကပ်ဝတ်ထားသည် ) ။ ။
စည်သူဝင်းထွဋ်


မြင်လိုက်တဲ့ မြင်ကွင်း
ရလိုက်တဲ့ သင်္ခန်းစာ
သိလိုက်တဲ့ အသိက
ဒီလိုလေးဖြစ်သွား
တယ်
ဣတ္ထိယခေါ်မိန်းမတို့သည်
ရှိ ပြဿနာ
မရှိ နတ်ရွာ
လို့…

မင်းမင်း



ရင်ကို ခြေမွ…
နှလုံးသားကို ကိုင်ဆုပ်
အချစ်တွေ အကုန်လုံး ရိုက်ထုပ်ခံခဲ့ ရတာတောင်
ဟော့ ….ဒီကောင်
မနာတတ်ခဲ့ ပုံများ
ကွဲကြေအသည်းတွေ
တစ်စစီလိုက်ကောက်နေခဲ့မိသေးတယ်…
ကောင်မလေး ရယ်
မင်းနင်းမယ့်  ခြေလှမ်း
ရင်နှစ်ခြမ်းခွဲ
လမ်းခင်းပေးမယ်
ပန်းခင်းလမ်းလေး ဖြစ်စေကွယ် ….။ ။
အောင်လေး

ဝင်သက်ကိုခက်စေတဲ့ ပန်းတွေပွင့်ပြီးမှ
ရောင်ခြည်ကိုသိုဝှက် မိုးစက်ကိုခြောက်ခမ်း
လေပြေမလာတဲ့နွေကိုပုံအပ်ခဲ့
သူ မျက်ဝန်းအကြည့် နဲ့ ဒီညခြောက်ချားတပ်ပျက်ခဲ့
ဘ၀တစ်ဝက်ထက်ပိုပြီးရှုံးရပြီ
မိုးရနံ့သဲ့သဲ့ရပြီးမှ တည့်တည့်တိုးခဲ့တဲ့ကန္တာရ မှော်ရုံတောလား
ဝေဇယန်တာနတ်နန်းလား ကဲ .
.အလိုကျသာပျက်ရယ်ပြုပါ.။...


မင်းမင်းသိုက်

လေ ပြေ တွေ တိုက် ခတ် ခဲ့ တဲ့
ည နေ ခင်း တွေ ရဲ့ အ လှ ကို
က မ္ပည်း ထိုး မယ် လုပ် လိုက် တာ
မ ဟူ ရာ ည က သိမ်း ပိုက် သွား ခဲ့ ။


ပင် လယ် ပြင် မှာ သာ တဲ့
လ ရဲ့ အ လှ က
တ လက် လက်ထ နေတဲ့
လှိုင်း ခတ် သံ ကြား က နေ
တိမ် လွှာ ထဲ
ခိုး ၀င် သွား တယ် ။


နောက် က မ္ဘာ မှာ
သူ
မ ဟူ ရာ ည နဲ့ 
ကွာ ရှင်း ပြတ် စဲ ဖို့ 
ကြိုး စား လိမ် ဦး မယ် ။


တိမ်ပြာ ၂6.1၀.၂၀1ဝ





ဣတ္ထိယ ရေပြင်မှာ ..
မာယာ လှိုင်းတွေခတ်တယ်..
အမုန်း ကမ်းခြေ ရဲ့  ..
မဟူရာ ညတစ်ည..
အဖော်မဲ့  နေတဲ့ 
ဥပက္ခာ အလွမ်းကမ်းရိုးတန်းတစ်လျှောက်..
ဣတ္ထိယ ရေပြင်ကြောင့်
ထစ်ချုန်းမိုးတွေရွာချ..
အမုန်းနဲ့ မာယာတွေ ပေါင်းစုပြီး..
ပစ်ချ လိုက်တဲ့ ..
ဣတ္ထိယ မိုးကြိုး..


မောင်လွမ်းဆု..