Tuesday, August 23, 2011

လက်မပျောက်ခဲ့ ရတဲ့ နေ့ ..

အဲဒီနေ့ ကပေါ့ ....တိမ်ပြာတွေ မညိုဘဲ ငိုခဲ့ ရတယ်...

လေညှင်း တွေငြိမ်သက် လမ်းမထက်က မျက်ရည်စက်တွေနဲ့ ..

ကမ္ဘာကြီးတုန်လှုပ်ခြောက်ခြား...ကမ်းပါးတွေပြိုပြီး..

နေမညို လမပျောက်ဘဲ ညရောက်ခဲ့ ရတယ် နေ့ ..

အသည်းလှိုက် အူလှိုက် ရင်ကိုပိုက် ငိုရှိုက်တဲ့ အသံတွေ..

ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့ ကာဂယက်ရိုက်..အာဏာရမ္မက်အတွက်..

မိုက်လိုက်တဲ့  လူတစ်သိုက်ရယ်ကြောင့်..

ဒို့ ဗမာ ကမ္ဘာပျက်သလို ဟိုတစ်ချိန် နေ့ ရက်အိုကိုတော့ ဒီနေ့ အထိမမေ့ နိုင်ခဲ့ ..

ဝမ်းနည်းခံခက်ဖွယ်ရာ အဖြစ်ဆိုးနဲ့  ဇူလိုင်ရယ်တစ်ဆယ့်ကိုး ကို..

စောဂဠုန် အမျိုးယုတ်ကြောင့် ပြောမကုန်ကျန်ရစ်ခဲ့ တဲ့ နေ့ ..

ဟိုတုန်းက အဲဒီနေ့  ခုများတော့ ဒီနေ့ ..

မမေ့ ရက်စရာကမ္ဘာပျက်လို့ ..

မြန်မာလက်တွေ လက်မ ပျောက်ခဲ့ ရတဲ့ နေ့ ...

မောင်လွမ်းဆု

ကျွန်နော်ရဲ့ ပန်း...

လောင်းရိပ်မိပြီး ပွင့်ခဲ့ တဲ့ ပန်း..လန်းနေလျှက်..
အလွမ်းရက်တွေ ခ၀ါချတဲ့ ည...
အစိမ်းညတွေ အဖော်ပြု..
ဘယ်ဥတုကိုမှ  သူတို့ ဂရုမစိုက်တော့ဘူး..
ပွင့်ပြီးမှဘဲ လောင်းရိပ်မိပါစေ..
လောင်းရိပ်မိပြီးမှဘဲ ပွင့်ပါစေ..
ပန်းဟာပန်းဖြစ်တဲ့ အတွက် ရနံ့ ဆိုတာ ရှိရမယ်...
ရနံ့ ပေါင်းများစွာကို နမ်းခွင့် မပေးတဲ့ ပန်း..
နမ်းခွင့်ပေါင်းများစွာကို ရနံ့ မပေးတဲ့ ပန်း..
ဘယ်ပန်းမျိုးလဲဆိုတာမင်းကိုယ်တိုင်မသိ..
မင်းကိုယ်တိုင်ပွင့်ပြီး..မင်းကိုယ်တိုင်ဘဲ မြေခသွားပြီလားပန်ရယ်...
ပန်းရေ   မင်းဟာပန်းကလေးပါ..ငါတာဝန်မဲ့ စွာဖြင့် နမ်းခွင့် မပြုပရစေနဲ့ ...
ပန်းရေ  မင်ဟာပန်းကလေးပါ ငါနမ်းခွင့်.ယူပြီးတာဝန်မမဲ့ ပရစေနဲ့ ..
ငါတာဝန်ငါကျေဖို့ ကြိုးစားနေခိုက်..
မင်းက အမှိုက်သရိုက်တွေကြားပွင့်နေလိုက်တာ..
ပန်းအတုတွေနဲ့ တွဲပြီး ရနံ့ အတုတွေ နဲ့ ပျော်နေတော့ ..
မင်းဆီမှာ  အနမ်းတုတွေလာနေလိုက်ကြတာ..
မြင်မကောင်း ရှု့ မကောင်းပါလား ပန်းရေ....

မောင်လွမ်းဆု