Saturday, May 24, 2014

ဒဏ်ရာတစ်ခုရဲ့  လျှော်ကြေး (၄)


"ဒဏ်ရာတစ်ခု ရဲ့  လျှော်ကြေး"


ဒေါ်ချယ်ရီတစ်ယောက် ကျနော်စာကိုဖတ်ပြီး ။
အမယ်လေး ငါ့ အတွက်နဲ့  နေမကောင်းဖြစ်ရတယ်လို့ ...
တကယ်တော့  သူနဲ့ ငါနဲ့ ဟာ ဘာမဟုတ်တဲ့ နှင်းဆီပန်းကနေ ဖုန်းဆက်လာတဲ့  အဆင့်ထိရောက်ခဲ ပေမယ့်။
သူဘယ်သူဘယ်ဝါ လဲ ဆိုတာ ငါ အသေချာမသိပဲ နဲ့  ငါသူကို ဘာဖြစ်လို့ အသိအမှတ်ပြုမိနေတာလဲ။
ဒါလုံးဝမဖြစ်နိင်ဘူး ငါတစ်သက်လုံး ငါမာန နဲ့  ငါနေလာတာ ဒါလေးကြမှ ဖြစ်စရာလား။

သူစိတ်ကို သူတွေးရင်း သူရဲ့ မာနတွေ ကို သူမကိုယ်တိုင်ပဲ ပြန်အားပေးနေပါတယ်။
ဒီလိုနဲ့ ပဲ သူမနဲ့ ကျနော် တစ်ပါတ်လောက် အဆက်အသွယ်တွေ ပြတ်ခဲ့ ပါတယ်။
သူမက လဲ သူမာနနဲ့ သူနေနိုင်အောင်နေတယ် ကျနော်က လည်း တိုက်ကွက်တစ်ခုပြောင်းကြည့်တာ အဆင်ပြေမယ်ထင်လို့  အခုတော့  အဆက်သွယ်တွေပါပြတ်နေပါပြီ။
အခုတော့  ကျနော် ဘာလုပ်ရတော့မလဲ ဒေါ်ချယ်ရီ ခင်များကို တော့ မရရအောင် ကျနော်လုပ်ကို လုပ်ရမယ့် တာဝန်ရှိနေပြီ။
ကျနော် သူကို ပေါ်တင်ပဲ လမ်းခင်းတော့ မယ်။
ဒီနေ့ ပဲ ကျနော် ဖုန်းခေါ်လိုက်ပါပြီ။

ဟဲလို.....မမလား..
...ဟုတ်တယ် ပြော..ဘာကိစ္စလဲ ..မင်းကလေးဆန်တဲ အပြုမူတွေ မရပ်ရင် ငါကို မဆက်သွယ်ပါနဲ့ ...
ဒါဟာကလေးဆန်တယ်ဟုတ်လားထားပါတော့ ...မမ ကျနော် နောက်ဆုံးအနေနဲ့  တစ်ခုခွင့်တောင်းပရစေ..
ဖြစ်နိုင်ရင် မမ ကို ကျနော် တွေ့ ချင်တယ်....ရမလား..
ရိုးရိုးသားသား တွေ့ ခြင်းဆိုရင်တော့  .....ဖြစ်နိုင်ပါတယ်...
ဝမ်းသာပါတယ်...ဒီညနေ ခုနှစ်နာရီမှာ ခြောက်မိုင်ခွဲ ပြည်လမ်းဘေးက အင်းလေးစားသောက်ဆိုင်က ကျနော်စောင့်နေမယ်နော်...
..နေပါအုံး မင်းကို မှငါက မမြင်ဘူးတာ...
..ကျနော် မမ ကို သိနေတာပဲ ..ကျနော်စ နုတ်ဆက်မယ်နော်...
အင်း...ကောင်းပြီလေ...
ကျနော်နဲ့  မမ ဒီနေ့ စတွေ့ ကြမယ်လေ။
ကျနော် ဆိုင်ကို ခုနှစ်နာရီ တစ်ဆယ့်ငါးမှရောက်ပါတယ် မမက အရင်ရောက်နေပါတယ်။
ဆိုင်ရဲ့ ထောင့် တစ်နေရာမှာ အင်းလေး လှေရှိပါတယ် အဲ ဒီဘေးက ခုံ မှာ မမထိုင်နေတာကို ကျနော်မြင်လိုက်ရပါတယ်။
မမလဲ ဟိုကြည့် ဒီကြည့် ကျနော်ကို မျှော်နေပုံပါပဲ။
မမက မျက်နှာထားတင်းတင်းပါပဲ။
ကျနော်လဲ မမရှိတဲ့ ခုံလေးဆီကို တည့်တည့်သွားပြီး ။
..မမ ကျနော်ရှိုင်းထက်ပါ.....
ကျနော်ခုံကလေးကို ဆွဲပြီးထိုင်လိုက်ပါတယ်။
...မင်းအချိန်ကို မလေးစားဘူး....မင်းပြောတော့  ခုနှစ်နာရီဆို ..
ဟုတ်ကျနော်တောင်းပန်ပါတယ်.....
မမ...ဘာမှာထားလဲ တစ်ခုခု စားလေ...
...ရှမ်းခေါက်ဆွဲ မှာထားတယ်...
ကျနော်ကတော့  ငါးဒုက္ခ တစ်ပွဲ နဲ့  ဥနီဖျော်ရည် တစ်ခွက်သောက်ပါတယ်။
....မင်းကို ငါ စကား စမေးမယ်...
...မေးပါ ရပါတယ်....မမ
...မင်းဘာကြောင့် ငါကို စိတ်ဝင်စားတာလဲ..
..ကျနော် စိတ်ဝင်စားမူ ကို ဘာကြောင့် ရယ်လို့  ခိုင်ခိုင်မာမာ မပြောတတ်ဘူး..
..နှလုံးသားထောင့်တစ်နေရာကဆိုတာကိုတော့  ကျနော်ထက် ဘယ်သူမှ မသိနိုင်ပါဘူး...
..ထားပါတော့  မင်းဘယ်မှာနေလဲ ဘာစီးပွားရေးတွေ လုပ်လဲ...
..ကျနော် ရွှေစံပယ်ရိပ်မွန်မှာနေတယ်.. ပုဇွန်ကန် ငါးကန် စီပွားရေးလုပ်ပါတယ်...
..မင်းမိဘတွေ ကရော..
..ကျနော်မိဘတွေကတော့  ကျနော် ဆယ်တန်းကို နှစ်ခါကျလို့ ဆိုပြီး သုံးစားလို့ ရမယ်ကောင်မဟုတ်ဘူးဆိုပြီး...
..အမျိုးမျိုး ဆူပူလို့  ကျနော်အိမ်ပေါ်က ဆင်းလာပြီး ကိုယ့် ဘ၀ကို ကိုယ်တိုင်ပဲ ရပ်တည်တယ်...
..အင်း...မင်းရဲ့ စိတ်ဓာတ်ကိုတော့  သဘောကြတယ်..မင်းအသက် အခု ဘယ်လောက်ရှိပြီလဲ...
..ကျနော် နှစ်ဆယ့်ငါး ထဲ ရောက်နေပါပြီ ..
..သြော်..မမကနှစ်ဆယ့် ခုနှစ် ပါ..
...ကျနော် သွယ်ဝိုက်ပြီး မမကို ဘာမှ မပြောတတ်ဘူး.. ပွင့်ပွင့်လင်းလင်းဝန်ခံရရင် မမကို လက်ထပ်ချင်တယ်..
..လက်ထပ်တယ်ဆိုတာ မင်းလွယ်လွယ်လေးထင်နေလား...
..အိမ်ထောင်ပြုဖို့ ဆိုတာကတော့  မမအတွက် အချိန်တွေ အများကြီး ယူပြီးစဉ်စားရမယ်...
အခုလို လွယ်လွယ်လေးလာပြောတာကို လွယ်လွယ်လေး လက်ထပ်တတ်တဲ့  မိန်းမထဲမှာ မမ မပါဘူး...
..မမ အသက်ရွယ်လဲ မငယ်တော့ ပါဘူး..မမ ကျနော်ဟာမမ ကို တကယ်မချစ်ဘူးချစ်တယ်ဆိုတာကို မမအနေနဲ့ ကြိုက်သလို
လေ့လာနိုင်ပါတယ်...
...ဟုတ်ပြီ မမ မင်းအတွက်ကို အဖြေတစ်ခု စဉ်စားပေးမယ်.. ဒါကတော့  မင်းအတွက် ကောင်းခြင်းလဲဖြစ်ရင်ဖြစ်မယ် ဆိုးခြင်းလဲ ဖြစ်ရင်ဖြစ်မယ်..မင်းစောင့်နိုင်ရင် စောင့်ပါ...
...ဟုတ်ပြီ ကျနော်စောင့် မျှော်ပရစေ...
..မင်းကို လဲ အောင်မြင်တဲ့ စီပွားရေး သမားတစ်ယောက်အဖြစ် မမ အသိမှတ်ပြုပါတယ်...
...အခု တော့  ခင်မင်ကြပြီပေါ့ ..
..ကျနော် ဘက်ကတော့  ၀မ်းသာမူ တစ်ချို့ တစ်ဝက်ရပါပြီ။
ဒီလို့ နဲ့ ပဲ မမနဲ့  ကျနော် အဆက်သွယ်တွေ ရခဲ့ ကြပြီး အမြဲတမ်းလိုလို ဖုန်းစကားပြော တွေ့  ဖြစ်ခဲ့ ကြပါတယ်။
အချိန်တွေ ကြာမြင့် လာတာနဲ့ အမျှ ရင်းနှီးမူတွေ ပိုများလာကြပြီးသံယောဇဉ်တွေလဲ တစ်ယောက်နဲ့ တစ်ယောက် ရှိလာခဲ့ ကြပြီလေ အခုဆိုရင် ကျနော် မွေးနေ့ ပွဲ လေးကို ကျနော်အိမ်လေးထဲမှာပဲ လုပ်ဖြစ်လိုက်ပြီး ။
အဲ ဒီနေ့ ညလေးမှာပဲ မမဆီက ကျနော် အဖြေရခဲ့ ပါပြီ။

...တွေကြပြီပေါ့ ဒေါ်ချယ်ရီ ကျနော် တင်ခဲ့ ရတဲ့  လေး အခုတော့  မျှားထိပ်ကို အဆိပ်လူး ပြီး ပစ်ခွင့်ရဖို့ နီးနေပါပြီ...
...သူမ ကျနော် ပစ်ကွင်းထဲ ကို ရောက်နေပြီ ဆို တာသူမ ဘယ်သောအခါ မှ မသိစေရဘူး.....ကျနော် သူမကို ဥပဒေ ဘောင်အတွင်းကပဲ လုပ်မယ်..

မမ နဲ့ ကျနော် ချစ်သူတွေ အရင့် မာဖြစ်လာကြတဲ့ အချိန်မှာတော့  မမကျနော်ကို မောင်လို့  ပဲ ခေါ်ပါတယ်...။

မမဒီနှစ်ထဲ မှာ မမကို ကျနော်လက်ထပ်ချင်တယ်...
မောင်က လဲ စိတ်အရမ်းစော တာပဲ...မောင့် သဘောပဲလေ...
မမကတော့  တစ်သက်မှာ တစ်ခါပဲ ဆောင်ရတဲ့ မင်္ဂလာ ကို ဆီဒိုးနား မှာ လုပ်ချင်တယ်...မောင်..
မမကလဲ ..ကျနော် ကတော့  ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆွမ်းကျွေး..လက်မှတ်ကလေးထိုးလိုက်ကြမယ်...
အဲဒီ ပကာသနတွေကို မုန်းတယ်...
လာသမျှလူတွေ ကို ဟန်ဆောင်အပြုံးတွေ နဲ့ နုတ်ဆက်ရတာ ရင်လေးတယ်..
အဓိက က မနဲ့ ကျနော်ပါ ...
မောင်က လဲ ဒါက တော့ လူတွေ နဲ့ နေရင် လူတွေနဲ့ တော့ ထိတွေခြင်းဆိုတာရှိမှာပဲလေ...
ကိုယ့်ကိုကိုယ် ဂုဏ်မောက်ပြီး အဆင့်တန်း ယူနေတဲ့ လူတွေကို မုန်းတယ်...
အဆင့်တန်းဆိုတာဘာလဲ အတိကျ မသိတဲ့ လူတွေ...
ကဲ ..မမကတော့  မောင့် ကို ချစ်လွန်းလို့  လိုက်ရောလိုက်ပါတယ်.. မောင့်သဘောပါပဲ...
မမလဲ လေ.. အရင်ကစိတ်တွေ မောင်နဲ့ တွေ မှ မရှိတော့ ပါဘူး...
ဟုတ်တယ်နော် ဂုဏ်ဆိုတာ နံမည်ပဲ ရှိတာ....
မမကတော့  မောင့် လို ယောင်္ကျား ပီသတယ် ပြတ်သားတယ်..မဟုတ်ရင်မခံတတ်တဲ့ စိတ် စိတ်ဓာတ်မြင့်မြတ်တဲ့ 
မောင်ကို ရတာ ဒီတစ်သက်တော့ မမ ကံကောင်းပါပြီ....


သိပ်ကံကောင်းတာပေါ့  မမ...ဟဟ ..ရှိုင်းထက် ဆို တာ နက်နက်ရှိုင်းရှိုင်း ထက်ထက်မြက်မြက် ရှိအောင် ကျနော်အမေ ပေးခဲ့ တဲ့ နံမည်လေ။ကျနော်စိတ်ထဲကနေပြောလိုက်ပါတယ်။
ဒီလိုနဲ့  မမနဲ ကျနော်လက်ထပ်ပြီး ခဲ့ ပါပြီ။
..မောင် တစ်ရက်လောက် မမ ကုမ္မဏီ ကို လိုက်ခဲ့ နော်...
ဟာ..မမ ကလဲ မောင့် မှာလဲ မောင့်အလုပ်နဲ့ ကိုယ်...
မမကုမ္ပဏီ ကို မမပဲ ဂရုစိုက်ပါ...
..မောင်က လဲ အဲ လိုမပြောပါ နဲ့ ..
မမ ကုမ္ပဏီဟာလဲ မောင်ကုမ္ပဏီပါပဲ...
..ဒါပေမယ့် ဒီအချိန်မှာ တော့ မောင်မလိုက်ချင်သေးဘူး...
..ဒါဆိုလဲ မောင်လိုက်ချင်တဲ့ နေ့ ကြရင် မမကိုပြောနော်...
ကျနော်နဲ့  မမ နံနက်စာ စားဖို့  ထမင်းစားခန်းကို ရောက်တော့  အိမ်ပေါ်မိထွေးလေးအားလုံးစီစဉ်ထားပါတယ်။
မမကို တစ်ကယ်ချစ်လို့ ကြိုက်လို့  လက်ထပ်ခဲ့ တာ မဟုတ်တဲ့ ကျနော်အတွက်တော့ အမျိုး မျိုး ပြဿနာကို ရှာတာပဲ။
ကျနော်လက်စားချေဖို့ ရောက်လာတာကို မသိတဲ့ ဒေါ်ချယ်ရီ တစ်ယောက်တော့  ကျနော်ကို အရမ်းချစ်နေပါပြီ။
မမကလဲ....တစ်နေ့ လာလဲ ကော်ဖီ နဲ့ ပေါင်မုန့်  ...
တစ်နေ့ လာလဲ ဒါတွေကြီးစားနေရတာ ညည်းငွေ့ လာပြီ....
..မောင်ဘာစားချင်လဲ ပြောလေ..မမစီစဉ်ပေးမှာပေါ့ ...
ကြာစံဟင်းခါးစားချင်တယ်...
မိထွေးရေ....မောင်အတွက် ကြာစံ ဟင်းခါးလေး သွားဝယ်ပေးနော်....။
မမလဲ အိမ်ပေါ်မိထွေးကို အော်ပြောလိုက်ပါတယ်။
မမ ကလဲ ဆိုင်ကဟာစားချင်မှတော့  မမကို ပြောမနေတာ့ ဘူး..မောင်ကိုယ်တိုင်သွားဝယ်စားလိုက်မှာပေါ့ ...
မမ နဲ့ မောင် အိမ်ထောင်ကျပြီး ကတည်းက အခုချိန်ထိ မမချက်ကျွေးတာဘာမှ မစားဖူးသေးဘူး...
ကို့ ယောင်္ကျား ကို စောင့်လျှောက်ရမယ်ဆိုတာ မမစိတ်ထဲ မှာမရှိဘူးလား...
မောင် ဘာကြိုက်တယ် ဘာစားတယ်ဆိုတာလဲ မမသိနေတာပဲ..တစ်နေ့ တစ်နေ့  ကုမ္ပဏီနဲ့ အိမ်နဲ့ ပဲ ပြီးနေတယ်..
မောင်...မမကို အဲလိုမပြောပါနဲ့ ...မမ မောင့်ပေါ်ကို ဘယ်လောက်ချစ်တယ်ဆိုတာ မောင်သိပါတယ်..
မမ အိမ်ထောင်တစ်ခု မှာ ချစ်ပါတယ် ဆိုတဲ့ စကားလေးနဲ့ တင် ကိုယောင်္ကျားကို ပြောထားလို့  မပြီးဘူး...
ဟုတ်ပါ ပြီ မောင်ရယ်..ဒါဆိုလဲ ဒီနေ့  မမကုမ္ပဏီ ကစောစော ပြန်လာမယ်နော်..
မောင်ကြိုက်တဲ့  ကြာစံဟင်းခါးလေးကို မမကိုယ်တိုင် ချက်ကျွေးမယ်နော်..
အခုတော့ မမ ကုမ္ပဏီသွားတော့ မယ်နော်....
ဒီလို နဲ့  မမထွက်သွားပြီး ကျနော်က တော့  အဖေရဲ့  ပုဇွန်ကန်ငါးကန်ကို အကြောင်းပြုပြီး သွားတစ်ရက်မသွားတစ်ရက် သဘောပဲ လုပ်နေပါတယ်။
အခု တော့  လူသားချင်း နှမချင်း မစာမနာ လုပ်တတ်တဲ့  ဒေါ်ချယ်ရီ ကျနော့်အောက်မှာ ပြားပြားမောက်နေရပါပြီ။
ကျနော်နှမအတွက် လျှော်ကြေး အပြည့်အ၀ ပေးဖို့ တာ ပြင်ထားပါတော့ ဒေါ်ချယ်ရီ။

ဒဏ်ရာတခုရဲ့  လျှော်ကြေး အပိုင်း(၃)

ဒေါ်ချယ်ရီ တစ်ယောက်အိပ်ခန်းထဲက ကုတင်ပေါ်တွင် သူကို နှင်းဆီအနီရောင်တွေနဲ့ လိုက်နှောက်ယှက်နေတာ ဘယ်သူလဲဆိုတာကို စဉ်းစားနေချိန်မှာပဲ
သူမရဲ့  ဟန်ဖုန်းလေး မြည်လာပါတော့သည်။
..............ဟဲလို...ဟုတ်ကဲ့  ချယ်ရီပါ....ဘယ်သူပါလဲ ရှင်..
......မမလား...
..ရှင်...
ေေေ ဒေါ်ချယ်ရီ တစ်ယောက် ဖုန်းထဲ က မမလားဆိုတဲ့ စကားကိုကြားပြီး တစ်ချက်တွေဝေသွားတယ်။
...မင်းဘယ်သူလဲ...မင်း ငါ့ကို သိလို့ လား..
..မမ ကျနော်ကို မသိပေမယ့် ကျနော်မမ ကို သိခဲ့ တာကြာပြီ...
...နေပါအုံး ငါမကြိုက်တဲ့  နှင်းဆီပန်း အနီ တွေ နဲ့  လိုက်နှောက်ယှက်နေတာ မင်းလား..
..လိမ်တာကို မကြိုက်တဲ့  ကျနော်အတွက်တော့  မလိမ်ပါဘူးဆိုရင်ရော...
...အော်..ဒါဆိုမင်းပေါ့ ...ဘာသဘောနဲ့  ငါ့ ကိုလိုက်လုပ်နေတာလဲ..
...အခုလို တကူးတက အချိန်ကုန်ခံပြီး လိုက်လုပ်နေမှတော့ ..ဘာသဘောလဲ ဆို တာ ကျနော်ဘက်ကပြောပြစရာ မလိုဘူးထင်ပါတယ်..
...မမလဲ ..ကလေးမဟုတ်တော့ ပါဘူး...
....မင်း.. ရူးနေတာတော့  မဟုတ်ပါဘူး...နော်..
..ဟဟ..လူတစ်ချို့  ပြောတာတော့  အရူးစကားက မှန်တတ်တယ်..
..တော်ပြီ... မင်းကို ငါ စကား အများကြီး မပြောချင်ဘူး..မင်းဘာရည်ရွယ်ချက်နဲ့  ငါ့ ကို အခုလိုလုပ်နေတာလဲ ပြော..
..လူတစ်ယောက် ကို စိတ်မ၀င်စားပဲ နဲ့  တော့ ဘယ်သူက အချိန်ကုန်ခံ ပြီး လုပ်နေပမလဲ..
..ဒါဆို ..မင်းက ငါ့ ကို စိတ်ဝင်းစားတယ်လို့  ဆိုလိုတာပေါ့ ...
..ဒီနေရာကျတော့  လဲ မမကအရမ်းတော်သွားပြန်ပြီ...သိပ်မှန်တာပေါ့ ...
..မင်းက လူတစ်မျိုး ပါလား.. တစ်ချို့  ယောင်္ကျားတွေ ဆို ကိုယ်စိတ်ဝင်စားတဲ့ မိန်ကလေး ကြိုက်နှစ်သက်တာတွေ နဲ့ လမ်းခင်းကြတယ်..
..အခုတော့  မင်းက ငါ အမုန်းပါတယ် ဆိုတဲ့  အရာနဲ့ စပြီး လမ်းကြောင်းခင်းတယ်...အဲဒါဘာသဘောလဲ...

..ကျနော်က မမ ကို အမြဲတမ်း စိတ်တို စိတ်ဆိုးနေတာကို ပဲမြင်ချင်တာ..
..မင်းပြောတော့  ငါကို စိတ်ဝင်စားတယ် နောက်ပြီး စိတ်တို စိတ်ဆိုးနေတာကိုပဲ မြင်ချင်တယ်ဆိုတော့ ..မင်းစကားကိုလဲ မင်းပြန်စစ်ကြည့်အုံး..ငါ ကလေးမဟုတ်ဘူး..
..ကျနော်စကား က သိပ်အဓိပ္ပါယ်ရှိပါတယ်....မမကို စိတ်ဝင်စားတာ အဲလိုစိတ်တို စိတ်ဆိုးတာလေးကို စိတ်ဝင်စားတာ...
...ဘာဖြစ်လို့ ....
..မမက အဲလိုစိတ်တို စိတ်ဆိုး နေရင် အရမ်းလှတာ....
...အမယ်..မင်း နဲ့ ကျမှ ပဲ စိတ်တို စိတ်ဆိုးနေတဲ့ ပုံ က လှတယ်ရှိသေး...
...ဟုတ်တယ် ကျနော် ကတော့ ဖြစ်နိုင်ရင် မမကို တစ်သက်လုံး အဲ လို စိတ်တိုစိတ်ဆိုးနေတာကိုပဲ မြင်ချင်တာ..
...ဘုရားရေ... တော်ပြီ မင်းကို ပေးဖို့ အတွက် ငါမှာ အချိန်တွေ အဲလောက်အများကြီး မရှိဘူး ...ဒါတောင် လွန်နေပြီ စိတ်မ၀င်စားဘူး..ဒါပဲ..

ဒီလိုနဲ့ ပဲ ဒေါ်ချယ်ရီဘက်က ဖုန်းကို ပိတ်သွားပါတော့ တယ်။ ကျနော်လဲ စိတ်ထဲကနေ ခင်များ မာနလောက်က တော့  ရှိုင်းထက်ဆိုတဲ့ ကောင်က ရယ်တာပေါ့။
ဒေါ်ချယ်ရီ တစ်ယောက်လဲ ဒီလို အဖြစ်မျိုး သူ့ ဘ၀မှာ တစ်ခါမျှ မကြုံခဲ့ ဘူးတော့ ရင်ထဲ မှာတော့ တစ်မျိုးဖြစ်၍နေပါတော့ သည်။


ဒီနေ့ ကတော့  သူရုံးကအဆင်း ကားပေါ်မှာ နှင်းဆီပန်းစီးကိုတွေ့ လိုက်ရတော့  ။
ဒီကောင် တော်တော် တော့  လွန်နေပြီ.......
သူမ ရဲ့ စိတ်ထဲ မှာ စိတ်တိုလိုက်တိုင်း ပြန်ကြားယောင်မိတာက (မမက အဲလို စိတ်တို စိတ်ဆိုးနေရင် အရမ်းလှတာ..)
အခုတော့  နှင်းဆီပန်းစီးကို တွေတိုင်း မသိဖာသာ...ကားအောက်ကို ပစ်ထည့်ပြီး မောင်းမောင်းသွားလေရှိပါတယ်။
ဒီနေ့ တော့  ကျနော်နေတဲ့  ရွှေစံပယ်ရိပ်မွန်ရှေ့ က (ဗစ်တိုးရီးယား) ကုန်တိုက်ရှေ့ မှာ သူ့ ကားရပ်ထားတာကိုတွေ့ လိုက်တော့ ကျနော်လဲကားကို သူ့ ကားထွက်လို့ မရအောင်
ဘေးတည့်တည့် ကနေပိတ်ရပ်ပြီး အဆောက်ဦး တစ်နေရာကနေခိုးကြည့်နေပါတယ်။ကျနော်လဲ ကားကို ခဏရပ်တဲ့ ပုံစံဖြင့် အချက်ပြမီးလေးကို ပြထားလိုက်ပါတယ်။
ခဏကြာတော့  ဒေါ်ချယ်ရီဆင်းလာပြီး။
...ဒုက္ခပါပဲ ဒီကား ကလဲ ဘေးတည့်တည့် လာရပ်သွားတယ်.....(တောက်) ဆိုပြီး တက်တစ်ချက်ခေါက်ပြီး ဟိုကြည့် ဒီကြည့် ကြည့်နေပါတယ်။
သူမ ကားဘေးမှာ ခါးထောက်ပြီး စိတ်တိုနေပါတယ်။အဲဒီအချိန်မှာ သူ ဟန်းဖုန်းလေးကမြည်လာပါတယ်။
....အရေးထဲ ဒီဖုန်းက တစ်မျိုး..
..သူ့ ရဲ့ အလုပ်ကိစ္စ ထင်ပါရဲ့  ကားလေးကို မှီပြီး ဖုန်းပြောနေချိန်မှာပဲ ကျနော်လဲ သူမမြင်လောက်တဲ့ ဘက်ကလှည့်ပြီး ကားထဲကို အတင်းဝင်ကာ မောင်းထွက်ခဲ့ ရပါတော့ တယ်။
သူမ ဖုန်းပြောပြီးတော့  ကားဘက်ကို လှည့်ကြည့်လိုက်တော့  ကျနော်ကား က မ၇ှိတော့ ပါဘူး။
..ဟောတော်......) ဟိုကားတောင် ဘယ်အချိန်ထွက်သွားလဲ မသိလိုက်ဘူး..ရန်တွေ့ မို့ ရှိသေး..။

ကျနော် ညဘက်ရောက်တော့ ဖုန်းခေါ်လိုက်ပါတယ်။ သူလဲ ကျနော်မှန်း သိတော့  စကားသံက မာမာနဲ့ ။
.....ပြော....ဘာကိစ္စလဲ..
...ဟဟ... အဲလို စိတ်တိုနေတဲ့ လေသံလေးပဲ ကြားချင်တာ.....
...မင်းနော်...
..မမ အခုဆိုရင် နေ့ တိုင်းစိတ်တိုစရာတွေ နဲ့ ပဲ တွေ့ နေရတယ်နော်...
...အဲဒါ မင်း သက်သက် ငါ့ ကို လုပ်နေတာမဟုတ်လား...
...ကျနော် မမကို ပြောပြီးပြီပဲ မမ ကစိတ်တိုရင် လှပါတယ်ဆို..
..တော် အဲ့  စကားမကြားချင်ဘူး..
..ညနေက (ဗစ်တိုးရီးယား)ကုန်တိုက်ရှေ့ မှာ ငါ့ ကားကို ပိတ်ရပ်ထားတဲ့ ကား မင်ကာဲး မဟုတ်လား..
...မလိမ်တတ်တဲ့  ကျနော်အတွက်တော့  မ ထင်တာ မှန်မယ်ထင်ပါတယ်...
...အမယ်လေး....ဘယ်အချိန်များ ကားပေါ်ကို ခိုးတက်ပြီး မောင်းထွက်သွားလဲ မသိဘူး..ဒီမှာရန်တွေ့ ဖို့ စောင့်နေတာ..
..ကျနော်က ခိုးတက်ပြီးမောင်းထွက်သွားတယ်ထင်ရင်တော့  မမ မှားနေပါတယ်...မမ လိုလို မမ မမြင်ရတာမဟုတ်လား..
..မင်းအရှောင်းအတိန်း ကောင်းတုံးတော့ ရှောင်ထားပေါ့ ..
..ကျနော်မရှောင်ပါဘူး မမကို တွေ့ ချင်နေတာပါ....
..မင်းက တွေချင်လဲ ငါကမတွေ့ ချင်ဘူး..
..မတွေ့ ချင်ဘူး ဆို တာ ရင်ထဲ က စကားသေချာလို့ လား...
..တော်ပြီ ...အရည်မရအဖတ်မရ စကားတွေ မပြောချင်ဘူး..ဒါပဲ..
ဒေါ်ချယ်ရီဖုန်းပိတ်သွားပါတော့ သည်။
ဒေါ်ချယ်ရီ တစ်ယောက်ဖုန်းကို ပိတ်ပြီး။ သူမစဉ်စားနေပါတော့ သည်။
(...ငါ သူကို စိတ်ဝင်စားနေပြီလား...အခု ငါမုန်းပါ တယ်ဆိုတဲ့  နှင်းဆီပန်းတွေ ကို ငါဘာကြောင့် မျှော်နေမိပါလိမ့်...မဟုတ်သေးပါဘူး..ငါသူ့ ကို လူလဲ မမြင်ဖူးဘူး..နံမည်တောင်ဘယ်သူလဲ ဆိုတာမသိသေးဘူး..)
(လုံးဝ အဓိပ္ပါယ်မရှိဘူး ..နောက်တစ်ခါတော့  သူနံမည်ကို မေးကို မေးမှဖြစ်မယ်...)

သူအဲလို ကျနော်ကို မျှော်လင့် တဲ့ အချိန်မှာပဲ ကျနော် နှင်းဆီလဲ မပို့ တော့ ပါ ဖုန်းလဲ မဆက်တော့ ပါ။

ဒေါ်ချယ်ရီ တွေးနေပါတော့ သည်။
......အခုတလော နှင်းဆီပန်းလဲ မလာ ဖုန်းလဲ မလာ သူတစ်ခုခုများဖြစ်နေပြီလား...
....အခုဆို တစ်ပါတ်တောင် ရှိနေပြီ...
..ငါ သူဖုန်းကို ခေါ်လိုက်ရင်ကောင်းမလား..
..မဟုတ်သေးပါ ဘူး..ငါ့ ဘက်ကတော့ သိက္ခာအကျ မခံနိုင်ပါဘူး...
..သူနံမည်ကို မေးချင်ပါတယ်ဆို မှ...
ဒေါ်ချယ်ရီတစ်ယောက် အိပ်ယာပေါ်မှာ ဖုန်းကလေးကို ကြည့်ကာကြည့်ကာ ဖြင့် နေမရထိုင်မရဖြစ်နေပါတော့ သည်။


ဒီနေ့ တော့  ဒေါ်ချယ်ရီ ရဲ့  ခြံရှေ့  စာတိုက်ပုံးလေးထဲ မှာ စာတစ်စောင်ရောက်ရှိလာပါသည်။
အိမ်ပေါ် မိထွေးမှ ယူလာပြီး ဒီမှာ မမ စာ.....
...အေး....ယူခဲ့ ....
ကျနော် တိုက်ကွက်ပြောင်းလိုက်ခြင်းဖြစ်ပါသည်။
စာအိတ် ရဲ့ ခေါင်းစဉ်က။
မမ အတွက် ရှိုင်းထက်..

မမ ကျနော် နေမကောင်း ဖြစ်နေပါတယ် ကျနော်နှင်းဆီပန်းတွေလဲ မပို့ တော့ ပါဘူး
ဖုန်းလဲ မဆက်တော့ ပါ ဘူး. ကျနော် မမ ကို ဘယ်လောက်ပဲ ကြိုးစား ကြိုးစား
ကျနော်မရလောက်ဘူး ဆိုတာ သိလိုက်လို့  ကျနော် စိတ်လျှော့ လိုက်ပါပြီ
မမ ကို ကျနော် နှောက်ယှက်ခဲ့ တာတွေ ခွင့်လွတ်ပေးပါ ။
ပြီးခဲ့ တဲ့ ပါတ်က မမကို ဆီကို နှင်းဆီပန်း လာထားရင်း ကျနော်ကား ဘီးပေါက်သွားတယ်
အဲဒီနေ့ က မိုးတွေ လဲ အရမ်းရွာနေတယ် အခု အဲဒီ မိုးတွေ မိပြီး ကျနော် ဖျားနေတာ
တစ်ပါတ်ကျော်ပါပြီ ဖျားနေရင်း ကျနော်ကိုယ် ကို ၀မ်းနည်းပြီး စိတ်လျှော့ လိုက်ပါတော့ သည်။
မမရဲ့ ......ကျနော် ရှိုင်းထက်
******************************************************************************************************************