Monday, March 25, 2013

အညတရ သူရဲကောင်း



ကျုပ်တို့   ခင်များတို့ ရဲ့  အညတရ စိတ်တွေသုံး နေသမျှ..
အတိတ်ကို ခ၀ါချ မလှမပ ဖြစ်ခဲ့ ရတဲ့  မြို့ ဟောင်းကြီးကို ..
ကျုပ် မုန်းတယ် ပြန်လည်း မလိုချင်ဘူး..
ပြန်လာပါ ဖိတ်ခေါ်နေတာမဟုတ်ပေမယ့်...
ဒဏ်ရာမှာ အမာရွတ်  ကျန်ခဲ့ လို့  ကျုပ်မုန်းတယ်...
မေ့ပျောက် လို့ မရတဲ့  ရက်တွေကို ထိုးဖောက်..
အခုရောက်နေတဲ့  ရက် မှာအကောင်းဆုံးဆိုတာထက်ပိုကောင်းစေရမယ်..
နွံ မရှိတဲ့ အိုင် ကို တော့ မကျွံ ပရစေနဲ့ ..
သခင် ရှိတဲ့  တိုင်းမို့ ..လိုင်းထန် လေပြင်း နေတစ်စင်းဘဲ ထွက်ပါစေ..
မနက်ဖြန် ရှိနေသရွေ့  ကျုပ် အသက်ရှိနေရင် ကျေနပ်တယ်..


မောင်လွမ်းဆု..

Saturday, March 09, 2013

လွမ်းမိသူတစ်ယောက် သို့  တမ်းခြင်း

ကျနော်ငယ်ရွယ်စဉ်အခါ အရမ်းခင်အရမ်းချစ်ခဲ့ ရတဲ့ သူငယ်ချင်းတစ်ယောက် ကျနော် တို့ နှစ်ယာက်အတူစားအတူသွားခဲ့ တဲ့ ကလေးဘ၀လေးပေါ့ ။

အခုတော့ သူနဲ့ ကျနော် အချိန်တန် အရွယ်ရောက်ခဲ့ ကြပြီလေ။

ကျနော်အားလုံးကို တွေးတတ်မြင်တတ်နေပြီ ကျနော်ဟာ

တကယ်တော့စိတ်ကူးနဲ့ လွမ်းတတ်သောသူမဟုတ်ပါ။

အချစ်ကို လမ်းပြကြယ်အဖြင့် မြောက်အရပ်ကဓူဝံကြယ်ဆီမှာကျနော်လိုချင်တဲ့ အချစ်ရှိမယ်

... ဆိုရင် အဲဒီအရပ်ကိုကျနော်ရောက်အောင်သွားရပါလိမ့့်် မယ်။

သူမနဲ့  ကျနော်သူငယ်ချင်းလို နေလာခဲ့ ကြပေမယ့်
့်
တစ်ယောက်နဲ့ တစ်ယောက် အနက်ရှိုင်းဆုံးဆိုတဲ့ ရင်ထဲက

ထောင့်တစ်နေရာမှာတော့ သံယောဇဉ်ကြိုးတစ်ချောင်းက

အချစ်လွန်းတွေ တင်မိနေကြပါပြီ။ ကျနော်ကသူမကိုဖွင့်မပြော

ခဲ့ သလို သူမလည်း ကျနော်ဖွင့်ပြောလာမယ့်စကားကိုမျှော်လင့်နေသူတစ်

ယောက်ပါ။ သူမအိမ်ကို နေ့ စဉ်အလည်သွား ပြီးရင်ခုန်သံတွေ စည်းချက်ကျနေတာလေးက ကျနော်တို့ နှစ်ယောက်ကို ကြည်နူးစေခဲ့ ပါတယ်။

တစ်ခါတစ်ခါ သူမနဲ့ ကျနော် လမ်းအတူလျှောက်နေချိန် သူမကိုရယ်စရာ

စကားလေးတွေ ပြောပြခဲ့ ပေမယ့် သူမရဲ့ တည်ငြိမ်တဲ့ အပြုံးလေတွေက

ကျနော်ကိုဖမ်းစားစေခဲ့ တယ်။
နှလုံးသား နဲ့ ပတ်သက်လို့  ဘာမှမသိတဲ့ ကလေးဘ၀လေးကို ပြန်လိုချင်မိတယ်။

ကျနော် အချိန်တိုင်း လိုလို ချစ်တယ်ဆိုတဲ့ စကားကို သူမကို ဘယ်လိုဖွင့်
့်
ပြောရမလည်း ဆိုတာကိုဘဲ စဉ်းစားနေခဲ့ ရတယ်။

ဒီနေ့ သူမကို ကျနော်နှင်းဆီပန်းလေးပေးမယ်လို့ စိတ်ကူးခဲ့ ပါတယ်။

ဒါဟာမထမဆုံးခြေလှမ်းလေးပါဘဲ.။

ကျနော်ပေးတဲ့ နှင်းဆီပန်းလေးကို သူမနဲ့ ကျနော်နှစ်ယောက်အတူနမ်း

လို့ အရမ်းပျော်နေချိန်မှာ……….။

သူမ စကားအသံကြောင့် ကျနော်သတိတစ်ချက်ပြန်ဝင်လာခဲ့ ရတယ်။

“….ဟိတ်…နင့် နောက်မှာ ဘာပါလည်း ပြော…….”

သူမရဲ့ မျက်နှာလေးကို ကြည့်ပြီး ကျနော်စိတ်ကူးမျှသာ…….။

သူမအိမ်အပြန်လမ်းလေးထိလိုက်ပို့ ခဲ့တယ်။

သူမရဲ့ နုတ်ဆက်အပြုံး မျက်လုံးလေးတွေက ကျနော်ကို ညစဉ်အိပ်မက်စေခဲ့ ပါတယ်။

ဒီနေ့ ဘဲ သူမကို ကျနော်အရမ်းချစ်တယ်လို့ ဖွင့်ပြောလိုက်တဲ့ အချိန်မှာဘဲ။

သူမကျနော်ရင်ခွင်ထဲကိုတိုးဝင်လာပြီး စကားသံ သဲ့ သဲ့ လေးပြော၍လာပါသည်။

“….ငါလေ နင့့်် ဆီက အခုလိုစကားဘယ့်နေ့  ကြားရမလည်း ဆိုတာစောင့်မျှော်ခဲ့ ရတာကြာပါပြီ….”

“ဒို့ နှစ်ယောက်ဘယ်တော့ မှ မခွဲကြေးနော်….ငါလေ…နင့်ကို အရမ်းချစ်တယ် သိလား….”

အခုတော့ ကျနော်တို့ နှစ်ယောက်ချစ်သူတွေဖြစ်ခဲ့ ကြပြီပေါ့ ။

ကြည်နူးမူတွေ ရခဲ့ သလို ပျော်ရွှင်မူတွေလည်း ရခဲ့ ပါပြီ။

သူမနဲ့ ကျနော် မတွေ့ ရတဲ့ နေ့ တွေမှာ သူမကျနော်အကြောင်းတွေ တွေးနေသလို။

ကျနော်လည်း သူမအကြောင်းတွေ တွေးနေရတယ်လေ။

အခုတော့  ကျနော်တို့  နှစ်ယောက်ရဲ့ အချစ်တွေလမိုက်ညဖြစ်ခဲ့ ရပြီပေါ့ ။

သူမ ကျောင်းဆရာမအဖြစ်နဲ့  နယ်ကို သွားရတော့မယ်လေ။

လွမ်းဆွေးမူကြေကွဲမူတွေနဲ့ အတူ နုတ်ဆက်အနမ်းလေးနဲ့  ခွဲခဲ့ရပြီပေါ့ ။

ဒီလိုနဲ့  ကျနော်တို့ နှစ်ယောက် တစ်နှစ်ကျော်လောက်အဆက်အသွယ်မရဖြစ်နေတဲ့ အချိန်မှာတော့

သူမကို လွမ်းတဲ့ စိတ်နဲ့ အရူးတစ်ယောက်မပါ ဖြစ်ခဲ့ ရတယ်။

သူမပြန်လာတယ်ကြားလို့  အပြုးနဲ့ ကြိုပြီးလက်ဆောင်လေးပေးမယ်အချိန်မှာ။

မြင်လိုက်ရတဲ့ မြင်ကွင်းက

“…….ဒါကတော့ …မကြာခင် ကျမနဲ့  လက်ထပ်တော့ မယ့် သူပါ…..”

ရက်ဆက်လိုက်တာချစ်သူရယ်…….

မင်း ငါ့ ကို အခုလို တစ်နေ့ နေ့ မှာ ထားခဲ့ မှာဆိုတာကို

ငါကြိုသိခဲ့ ရင် တစ်ချိန်က မင်းမျှောလင့်ခဲ့ တဲ့ ငါဆီက ဘယ်နေ့ ကြားရမလဲဆိုတဲ့ (ချစ်တဲ့ စကားကို)

ငါဒီနေ့ ဒီအချိန်ထိမပြောခဲ့ ပါဘူး ကွာ……..
************************************************************

မောင်လွမ်းဆု

ဆွဲထုတ်မိ သော အပိုင်းအစများ

စိုက်ခဲ့  တဲ့  အပင်..ပန်း ရှိလိုပါ၏....
ပန်းရှိသော အပင် အပွင့်ရှိလိုပါ၏....
အပွင့် ရှိသော ပန်း ရနံ့ ရှိလိုပါ၏...
ရနံ့ ရှိသော ပန်း မနွမ်းလိုပါ၏...
အနွမ်းရှိသောပန်း.....ထာဝရ လန်းစေလိုပါ၏..
(ဆုတောင်းရင်း.)..ပန်းဖြစ်လို့  အနမ်းခံရတာ...
မဆန်းပါဘူး.....
အနမ်း ဖြစ်ဖို့ အတွက် ဘယ်တော့ မှ ပန်းမဖြစ်ပါစေနဲ့ ..
ညီမလေး...


 လွမ်းရင်းက.. တစ်ခါတစ်ခါ ကျနော် ရယ်မိတယ်...
ရယ်ရင်းက တစ်ခါတစ်ခါ ကျနော် ငိုမိတယ်..
ငိုရင်းက တစ်ခါတခါ တွေးမိတာက....
သူ...အခုဆို ကျနော့်ကို မေ့ နေလောက်ပါပြီ...




အလုပ်ကို တာဝန်ကျေ ဖို့ အတွက်..စိတ်ကို တာဝန်ကျေခိုင်းရအုံးမယ်..
ဘ၀ကို တာဝန်ကျေဖို့  အတွက်လည်း စိတ်ကိုတာဝန်ကျေခိုင်းရအုံးမယ်..
စိတ်က တာဝန်ကို မေ့ လိုက်ပြီဆိုရင်တော့...
နောက် တစ်ပါတ်မှာ.. ကျနော့် ရက်လည်သွားပြီ...


ထမင်းစားတတ်အောင် အမေသင်ပေးခဲ့ တယ်..
စကား ပြောတတ်အောင် အမေသင်ပေးခဲ့ တယ်..
အခုတော့ စကားလည်းပြောတတ်ပြီးအမေ..
ထမင်း လည်းစားတတ်နေပြီအမေ..
တစ်ခါ တစ်ခါ ထမင်းစားတတ်တဲ့ ပါးစပ် က..
စား တဲ့ အချိန်ရောက်ရင်..စားကိုစားရမှ ကျေနပ်တယ်..
ပြောတတ်တဲ့  ပါးစပ် က လည်း ပြောရမဲ့ အချိန်ရောက်ရင်..
ပြောကိုပြောရရမှ..ကျေနပ်ဖို့  ပြောမထွက်တဲ့ စကားလုံးတွေက..
ထမင်းနဲ့ အတူ ၀ါးမျိုချခဲ့ တယ် အမေ..


မောင်လွမ်းဆု