ငါ့အတွေး
အဝေးတစ်နေရာကို
ခြေဆန့်
မြေပြန့်တွေ ဆီပေါ့.................
ဆာလောင်မှု တစ်ပိုင်းတစ်စ
မျိုသိပ်မှု တစ်ဝက်တစ်ပျက်
ရင်ခုန်မှု တွေ ရပ်တန့်လု နီးပါးနဲ့
အသက်ဆက်ရင်း
နေမင်းတောင်
တောင်စွယ်ဘက်
ငုပ်လျှိုးနေပြီ.....
မောဟိုက်သံတစ်ချက်
တိုးတိုးသဲ့သဲ့ ခိုးရှုတဲ့
အသက်ငွေ့
နေမ၀င်ခင်ထိပေါ့.................
နောက်ဆုံးထွက်သက်
ပြေးမထွက်ခင်မှာ
လှုပ်တိလှုပ်လဲ့
နှုတ်ခမ်းအစုံ
ပြုံးရင်းနဲ့ ပြောနေတယ်...
ကဗျာတွေကို မြတ်နိုးတယ်လို့ပေါ့...
မိုးစက်
ဝါးးးးးးးးးးးးး
ကျိမ်းစက်နေတာပဲ
ဟောဒီမျက်လုံးတွေကို
စုံလုံးကန်းသွားအောင်
ဖောက်ထုတ်လိုက်ကွာ
ခပ်ကြမ်းကြမ်းသာ
ဆောင့်ထွက်လိုက်
လွတ်ရာ ကျွတ်ရာမှာ
နေပျော်ပြီဆို
ခိုလှုံခွင့်ရဲ့ ဒီရင်ကို
မေ့ပြစ်လိုက်ပေရော့ . . . ။ ။
ကိုဇီဇာ
11:30PM
8.1.2011
ဝင်သက်ကို ငင်တဲ့ကြိုးက
ထွက်သက်ကိုပါ နှောင်ရစ်မှာလား...
အသွားမလွတ်တဲ့ ဓားဦးက
ရှက်ထိရုံဆိုပေမယ့်
အဆိပ်ပါမှန်းမသိခဲ့ဘူး
အတိမ်အနက်ကို မသိတဲ့
သံယောဇဉ်ကို ရိုက်စစ်နေလည်း
ခဲဆွဲထားသလို လေးလံနေတဲ့
ရင်ဘတ်ကြီးက အရှုံးပြတဲ့
နေ့တစ်ဝက်မှာ အလွမ်းတစ်ခုသာ
ထွက်ဆိုမှာမို့ ဖိတ်စင်ယိုကျနေတဲ့
ပူလောင်ခြင်းဝေဒနာက
စူပူတဲ့ နှုတ်ခမ်းတွေအောက်မှာ
ဦးညွတ်သွားတဲ့ ယောက်ျားတစ်ယောက်ရဲ့
သိက္ခာက ဘာနဲ့မှ အစားထိုးလို့မရပေမယ့်
တစ်ခုတည်းသော တက်မက်မှုကြောင့်
အရာရာပေးဆပ်ခဲ့ပေမယ့်
အဆုံးသတ်ရဲ့ အဖြေတစ်ခုဟာ
နင်....ပေးတဲ့....အမုန်းတဲ့လား
အောင်..
ကွေ့  ကာဝိုက်ကာနဲ့ 
ကျောနံရံတစ်ဆစ်ချိုး..
မျှားအမျိုးမျိုးတွေပစ်ခတ်..
လျှို ချောက်ကြီးထဲ မှာ ..
အိပ်မက်တွေ လှောင်ပိတ်ပြီး..
ဆူညံကြုံးဝါးနေတဲ့ လောကကြီး..
ခပ်အုပ်အုပ် မြက်ခင်းပြင်မှာ..
မ၀ံ့ မရဲ ခြေလှမ်းတွေ နောက်ပြန်ခဲ့ ..
စိတ်ကိုဖြေသိပ်ဖိုဆိုရင်..
မင်းအကြောင်းကို ..
ဘယ်တော့ မှ မတွေးခဲ့ ..။
မောင်လွမ်းဆု..