Tuesday, July 29, 2014

ပုလဲလမ်းက သံယောဇဉ်... ၀တ္ထု ရှည် အစအဆုံး


ကျွန်တော့  ဘ၀မှာ အချစ်နဲ့ ပါတ်သက်ရင် တစ်ခါပဲရင်ခုန်ခဲ့ဘူးသလို ကြေကွဲခြင်းမှာလည်းတစ်ခါပဲဖြစ်ခဲ့ဘူးပါတယ်
အဲဒီတစ်ခါကဘယ်အချိန်ထိလဲ  အခုချိန်ထိပဲဆိုရမှာပေါ့နော် ။ကျွန်တော့ရဲ
့နှလုံးသားမှာ
ချစ်တတ်တဲ့စိတ်ဖြစ်ပေါ်လာတဲ့အချိန်ကစ၍ သူ့ ကိုချစ်ခဲ့ ရပါတယ်။ကျွန်တော့ရဲ့ နှလုံးသားမှာကြေကွဲ တဲ့စိတ်ဆိုတာကို
မသိတတ်သေးတဲ့ချိန်မှာတော့
သူကပဲကြေကွဲတတ်အောင် လုပ်သွားတာလား ဒါမှမဟုတ်ကြေကွဲတတ်တဲ့စိတ်ကသူ
့အလိုလိုပဲဖြစ်လာတာလားဆိုတာကိုတော့မပြောတတ်ပါ။ သူ့ ရဲ့ အငွေ့ သက်ရယ်ဆိုလို့ 
ကျွန်တော်စီမှာ ပုလဲ ပုတီးလေးပဲ ကျန်ခဲ့ ပါတယ် ကျွန်တော်ဆီမှာ
ပုလဲပုတီးလေးရှိသလိုသူ့ ဆီမှာလဲ ပုလဲပုတီးလေးရှိ နေအုံးမယ်လို
့ကျွန်တော်မျှော်လင့်မိတယ် ။အဲဒီပုလဲပုတီးလေးကိုကိုင်ပြီး သူ
့ကိုရှာခဲ့ရတဲ့အချိန်ကတော့ ကျွန်တော် လေးတန်းကျောင်းသား ဘ၀ ကနေ အခု
တက္ကသိုလ် တက်နေ တဲ့ အချိန်ထိလိုပဲဆိုရမှာပေါ့။ ကျွန်တော်

ရှစ်တန်းအောင်တော့ မွေးရပ်ဇာတိကနေ စ၍ထွက်လာခဲ့ပါတယ်။
ပါတ်ဝန်းကျင်အမြင်ကတော့ ရန်ကုန်ကိုကျောင်းတက်ဖို့ ထွက်သွားတယ်ပေါ့
ကျွန်တော့ အတွက်ကတော့ မဟုတ်ပါ ကျောင်းတက်တာ ကိုကြောင်းပြုပြီး ရန်ကုန်
တက္ကသိုလ် ကြီးထဲမှာ ကျွန်တော် အရမ်းချစ်ခဲ့ရသော ပုလဲ ပုတီး
ပိုင်ရှင်လေးကိုရှာဖို့ ပါပဲ ။ကျွန်တော် ရှစ်တန်းအောင်တော့ ရန်ကုန်
ကိုကျောင်း ပြောင်းတက်ခဲ့ပါတယ် ရန်ကုန် အထက (၁)လမ်းမတော်မှာ ကိုးတန်း
ကနေစတတ်ခဲ့ပါတယ် ရန်ကုန်မှာ သူငယ်ချင်းစတွေ့ ခဲ့တာတော့ အရင်းနီးဆုံးရယ်လို
့ ဖိုးကျော်နဲ့ ကိုမျိုးတို့ ပဲ ဖြစ်ပါတယ် ။ ကိုမျိုးကတော့

ေေ ဆောက်လုပ်ရေးပိုင်ရှင်သူဋ္ဌေး သားတစ်ယောက်ပါ ကျွန်တော်နဲ့  ဖိုးကျော်ကတော့ ဘဝ
တူတွေ ပါ ကျွန်တော် နဲ့ ဖိုးကျော်ကတော့ ဆယ်တန်းကို နှစ်ခြင်းပေါက်
ေ အောာင်ခဲ့ ပေမယ့် ကိုမျိုး တစ်ယောက်ကတော့ ကျကျန်ခဲ့ပါတယ် ။ ခုတော့ ကျွန်တော်
ေ မျှော်လင့် ခဲ့ရတဲ့ တက္ကသိုလ် ကျောင်းကြီးကို တက်ခဲ့ရ ပါပြီ ကျွန်တော် နဲ
့ဖိုးကျော် ကတော့ ပြည်လမ်း ခြောက်မိုင်ခွဲ ဓမ္မာရုံလမ်းထဲ က ဘော်ဒါဆောင်
တစ်ခု မှာနေရင်း ကျောင်းတက် ခဲ့ ကြပါတယ် ။ ကျွန်တော်ကတော့ အချိန်ရှိသရွေ
့ပုလဲ ပုတီးလေးကို ကိုင်ပြီး ကျွန်တော် မျှော်လင့်တမ်းတ ခဲ့ရသော ပုလဲပုတီး

ပိုင်ရှင်လေးကို လွမ်းဆွတ်နေမိပါသည်။ ကျွန်တော် ပုလဲ ပုတီး
ပိုင်ရှင်လေးကို ရှာဖို့ ကိစ္စ ကိုမျိုးလည်းမသိခဲ့ပါ ဖိုးကျော် ကိုလည်း
ကျွန်တော် အခုချိန်ထိ ဖွင့် မပြောခဲ့ပါ ကျွန်တော် ဒီနေ့ တော့ အဆောင် ရှေ
့က ၀ရံတာ လေးမှာ ပုလဲပုတီးလေးကို ကိုင်ပြီး အတိတ်ကကြောင်းလေးတွေ
စဉ်စားရင်း သူ့ ကိုလွမ်း ၍ တမ်းတနေချိန်မှာပဲ ...ကျွန်တော့ နောက်ကို
ဖိုးကျော် ရောက်လာတာကို ကျွန်တော် မသိလိုက်ပါ အဲဒီ အချိန်ကစပြီး
ကျွန်တော့ရဲ့ ပုလဲ ပုတီးလေးကိုစတွေ့ သွားပါတော့သည် ။“ဟေ့ကောင် ထူးအောင်
.....မင်းဘာတွေ ဖြစ်နေတာလဲ မင်းရင်ထဲမှာခံစားနေရတာလေးကို ငါ့ကို

ဖွင့်ပြောပါ လားကွာ........ငါကူညီနိုင်ရင် ကူညီပေးမှာပေါ့  ငါမကူညီနိုင်

ရင်လည်းမျှဝေခံစားပေး ပမယ်ကွာ”  “
“ရပါတယ် ဖိုးကျော်ရာ ငါ့ ကိစ္စကို ဘယ်သူ
မှ ကူညီ ပေးနိုင်မှာ မဟုတ်ပါဘူး.....”.
“ထူးအောင်က လည်းကွာ ...မင်းနဲ့ ငါ ဖုံးကွယ်ရမယ့် လူတွေ မှမဟုတ်တော့တာ ငါ့ကိုပြောပြပါကွာ ငါဘယ်သူ့ ကိုမှ
ြ ပြန်မပြောပါဘူး........”
ဒီလိုနဲ့ ပဲ ဖိုးကျော် ကလည်း အရမ်းသိချင်စိတ်နဲ
့ေ မေးလာတဲ့ အတွက် ကျွန်တော်ကလည်း ခံစားရတာလေးတွေ နည်းနည်းပေါ့သွားပါစေတော့
ဆိုပြီး ပထမဆုံးအကြိမ် ဖြင့် ကျွန်တော့ ပုလဲပုတီးလေးရဲ့ အကြောင်းလေးကိုရင်ဖွင့် လိုက်ရပါတော့ သည်။.
..........................ကျွန်တော့ ပုလဲ ပုတီးလေးရဲ့  ဇာတ်လမ်းကတောဒီလိုစခဲ့ပါသည်။
..............ဟိုး..............လွန်ခဲ့ တဲ့ ဆယ့်ငါးနှစ်လောက်က ပေါ့ကွာ.......ငါတို့ ငယ်သူငယ်ချင်းအဖြစ်နဲ့ အရမ်း ချစ်ခဲ့ ရတဲ့ စန္ဒာ

ဆိုတဲ့ မိန်ကလေးတစ်ယောက် ရှိခဲ့ ဘူးတယ်....”


ကျွန်တော့ ရဲ့ မွေးရပ်ဇာတိ မှာနေတဲ့အချိန်ကပေါ့ ကျွန်တော် နဲ့ ငယ်စဉ်
ကလေးဘ၀ ထဲက အတူစား အတူသွားလာရတဲ့သူပါ ...သူ ကျွန်တော် ပေါ် ကို ဘယ်လောက် ထိ
ချစ်သလဲ ဆိုရင် သူ့  ကျောင်း မုန့်  ဘို့းနဲ့ ပဲ ကျွန်တော် ကို
မြဲတမ်းဝယ်ကျွေးခဲ့ပါတယ် ။ ကျွန်တော် ဘ၀ မှာကျောင်း မုန့် ဘိုးဆိုတာ
မရှိခဲ့ ပါဘူး။စန္ဒာ ရဲ့ ဘ၀က ပြည့်စုံပြီးသားပါ...အဘိုး အဖွားတွေ လက်ထက်
ကနေချမ်းသာလာတဲ့ မျိုးရိုးပါ...ကျွန်တော်ရင်ထဲ မှာမှတ်ရဆုံး အရာဆိုတာ
နှစ်ခုရှိ ခဲ့ ဖူးပါတယ်။ ပထမ တခုကတော့ ကျောင်း မှာ ဘုံကထိန် လုပ်တော့ အလှု

  ငွေစာရင်းကောက်တော့ ကျွန်တော် မထည့် နိုင်ခဲ့ပါ ။သူထည့်မယ့် ငါးဆယ်
တန်ထဲကနေ ကျွန်တော်တို့ နှစ်ယောက် ရဲ့  နံမည်နဲ့ တယောက် တ၀က် ထည့်ပေးခဲ
့ပါတယ် ဒုတိယ အချက်ကတော့ ကျွန်တော်ကို ပုလဲပုတီးလေး ပေးတဲ့ အချိန်ပါပဲ
သူပြောခဲ့ တဲ့ စကားလေးက သူ ပုလဲ ပုတီးလေးနှစ်ကုံး ကိုင်လာပြီး.......နင်
..ဒီ ပုလဲ ပုတီးလေး တကုံး ကိုယူထားပါ...နင် နဲ့ ငါနဲ့ တကယ်လို့ ဝေးခဲ
့ကြမယ်ဆိုရင် ....ဒီ ပုလဲ ပုတီး လေးနင့် ဘေးနားမှာရှိ ရင် ...ငါ ရှိတယ်လို
့မှတ်ပေးပါနော် ...ငါ့ ဘေးနားမှာ ဒီပုလဲ ပုတီးလေး ရှိရင်လည်း နင်ရှိ တယ်လို

့မှတ်နေပမယ် ....ငါ တို့ နှစ်ယောက် ဘယ်လောက် ပဲ ဝေးဝေး မမေ့ ကျေးနော် .
...ခုတော့  ဝေးခဲ့ ရပါပြီ မေ့နိုင်သူကလည်း မေ့သွားပြီ လားတော့ မသိပါ။
...ကျွန်တော်တို့  နှစ်ယောက် ဝေးခဲ့ တာလေးကတော့ ဒီလို လေးပါ ။သူ မ အဖေ ရဲ
့သူငယ်ချင်းက ရန်ကုန် မှာ ဆောက်လုပ်ရေး ကုမ္မဏီ တစ်ခုနဲ့ အောင်မြင်နေတဲ့
လုပ်ငန်း ရှင်တစ်ယောက်ပါ အဲ ဒီ ကုမ္မဏီ မှာလည်း သူတို့ ကရှယ်ရာဝင်ထားတယ်လို
့ကြားပါတယ် ။ဒီလို နဲ့ ပဲ ရန်ကုန်ကို ပြောင်းသွားခဲ့ ကြတယ်လို့  နောက်

ဆုံး ကြားခဲ့ ရပါတယ်။...သူ့ ကို တွေ့ ဖို့ အတွက် ကျွန်တော် မျှော် လင့်ချက်
ထားခဲတာက တော့  ကျွန်တော် ဆယ်တန်းအောင် အောင် ကြိုးစားမယ် တက္ကသိုလ် ရောက်
ရင် သူ့ ကို တွေ့ အောင် ရှာမယ် ဆိုတဲ့ ရည် ရွယ်ချက်ပါပဲ ..ခုတော့ တက္ကသိုလ်
ကိုရောက်ခဲ့ ပါပြီ သူကို ကျွန်တော် ဘယ်လို တွေ့ အောင် ရှာရ မလဲ။
..ကျွန်တော် စီမှာ ပုလဲ ပုတီးလေး ရှိနေ သလို သူစီ မှာလည်း
ရှိနေပါအုံးမလား.။..ကျွန်တော် ရဲ့ စွဲလန်းစိတ် သံယောဇဉ် မကုန် သရွေ့ တော
့ရှာရပါ အုံးတော့ မည်။........
ဒီနေ့ ကတော့ ကျွန်တော် နဲ့ ဖိုးကျော် အင်းယားကန် ဘေးက ဘူးသီးကြော် ဆိုင် မှာ ထိုင်နေတာဖြစ်ပါတယ် ။ ကျွန်တော် တို့ ထိုင်နေ တဲ့ ခုံလေးဘေး မှာ ပဲ
ကားလေး တစ်စီး ထိုးရပ်လာပါတယ် ..အဲဒီကား လေးထဲက ထွက်လာ သူကတော့  ကားထဲက
အထွက် နေကာ မျက်မှန် လေးကို ခေါင်းပေါ် တင်လိုက်ပါတယ်။ ကျွန်တော် တို
့ခုံဘေးက ကပ်လျှောက်တဲ့ အချိန်မှာပဲ ...ဖိုးကျော် ကစ၍ မြင် လိုက်သည့် 
အတွက် ခေါ်လိုက်ပါသည်။ ကျွန်တော် လည်း သူ့ ရဲ့ မျက်နှာကိုမြင်လိုက်တော့  အရမ်း

အံ့သြ သွားသည် သူလည်း ကျွန်တော် တို့ ကို မြင် တော့ အံ့သြ သွားတဲ့ ပုံပါပဲ။
.....မထင်မှတ် ပဲ ဒီနေရာ မှာ လာဆုံရတယ်လေ...........ဒီနေ့  တွေ့ လိုက်ရ
တဲ့ သူကတော့  ကျွန်တော် တို့ ကိုးတန်း ဆယ်တန်း မှာ
အတူတက်လာတဲ့  အချစ်ဆုံး သူငယ်ချင်း ကိုမျိုး ပါပဲ .. ဖိုးကျော် ခေါ်တဲ့
အသံကို ကြားပြီး ကျွန်တော်တို့  ဘက် လှည့်အကြည့် မှာပဲ ကျွန်တော် တို
့ကိုမြင်လိုက်တော့ သူလည်း အံ့သြ သွားပါတယ်။ မမျှော်လင့်ပဲ ဆုံကြရတယ်လေ..ဒါနဲ
့ကျွန်တော်တို့ ခုံလေးမှာဝင်ထိုင်ပြီး....သူ အရမ်းဝမ်းသာသွာတဲပုံပါပဲ.။
“..ဟာ..မင်းတို့ နှစ်ယောက်က တက္ကသိုလ် ကျောင်းသားကြီးတွေ
ြ ဖြစ်နေကျြပြီပေါ့ .”
“.မင်းကရော အခုဘာတွေ လုပ်နေလဲ..”
“...ငါကတော့ ဆယ်တန်းကိုနှစ်ခါဖြေတယ် ..မအောင်တာနဲ့  အခုတော့ ငါ့အဖေရဲ့  ကုမ္မဏီ မှာပဲ

ဝင်လုပ်နေရတာပေါ့ကွာ...”
.စကားမစပ် ကျွန်တော်က၀င်မေးလိုက်ပါသည်။
“ ..ဘာကိစ္စနဲ့ အခုဒီကိုလာတာလဲ...”...
“.သြော်....အဲဒီကိစ္စ ကို မင်းတို့ နှစ်ယောက်ကို ငါပြောပြရအုံးမယ်...မင်းတို့ ကျောင်းထဲမှာ လင်းလင်း ဆိုတဲ့ ကောင်မလေးကိုသိလား.”
အဲဒီအချိန်မှာပဲ ဖိုးကျော်က၀င် ပြောလိုက်သည်။
“...ဟာ သိတာပေါ့ ငါတို့ ကျောင်းမှာ နံမည် ကြီးပဲ ....”
“...ဟာ...မင်းကလည်း ဘာနံမည် ကြီးတာလဲကွ..”
“.....ဟာ...ဘာ နံမည်ကြီးရမှာလည်း...လင်းလင်း ဆိုတာ ရုပ်ကလည်းချော ပိုက်ဆံက
လည်း
ချမ်းသာ...နောက်တော့ မြန်မာပြည်မှာ ကိုယ်ပိုင်ကားနဲ့  ဟမ်းဖုန်းနဲ
့ေ ကျောင်းတက်နေတော့  လိုချင်သူတွေ ၀ိုင်းဝိုင်းလည်ပေါ့ ....ဒါပေမယ့် ငါတို့ 
့ထူးအောင် တို့ အဆင့် တန်းနဲ့ တော့ သူ့ အနားကိုမကပ်ရဲပါဘူးကွာ.”
အဲဒီအချိန်မှာပဲ ကိုမျိုး ကို ကျွန်တော်ဝင်မေးလိုက်ပါတယ်။
“....ဘာလဲ... အဲဒီ ကောင်မလေးကမင်းရည်စားလား...”
“...အေးဟုတ်တယ်.....”
ဒါဆိုရင်တော့ မင်းတို့ နှစ်ယောက် လိုက်ဖက်ပါတယ်။ “.....ငါတို့ က လူကြီချင်းသဘောတူထားကြတာလေ....အဲဒါ ငါ သူ
့ကို လာတွေ
့တာလေ...ငါကလည်းအလုပ်တဖက်နဲ့ ဆိုတော့ အမြဲ တမ်း လာမတွေနိုင်ဘူးလေကွာ.....”
..“အခုတော့  အတော်ပဲ မင်းတို့ နှစ်ယောက် ငါ့ ကောင်မလေးကိုစောင့် ရှောက်ပေးကြပါ...”
ကျွန်တော် ပြန်ပြော လိုက်ပါသည်။

“...အေးပါကွာ...ငါတို့ စောင့်ရှောက်ပေးပမယ်...ဒါနဲ့ သူနဲ့ ငါတို့ နဲ....”
့“..သိပ်မရင်းနီးဘူးကွ..”.
“...သြော်...ထူးအောင် ကလည်း အဲဒီအတွက်က မပူပါနဲ့  ခဏကြာရင် သူလာတော့ မှာ ...မင်းတို့ နဲ့ မိတ်ဆက်ပေးမယ်လေကွာ...”
ဒီလို နဲ့ ကျွန်တော်တို့ သူငယ်ချင်း သုံးယောက် ဘူးသီးကြော်ဆိုင်လေးမှာပဲ
ဟိုကြောင်းဒီကြောင်းတွေ ပြောရင်း လင်းလင်း ကို စောင့်နေကျြပါသည်။
...တကယ်တောလင်းလင်း နဲ့ ကိုမျိုး တို့ နှစ်ယောက်ဟာ လိုက်ဖက်ပါတယ်။နှစ်ဦးနှစ်ဖက်လုံးကလည်းပြည့်စုံ ချမ်းသာ ကြပြီးသားပဲ လေ...ခဏ ကြာတော့ 
လင်းလင်း ရဲ့ ကားလေးဟာ ကိုမျိုး ရဲ့ ကားဘေးနားသို့  ထိုးရပ်လာပါသည်။
..ကားပေါ်က သူ့ သူငယ်ချင်းနဲ့ နှစ်ယောက် အတူ ဆင်းလာပြီး...ကိုမျိုး ရှိရာ
ကျွန်တော် တို့ ခုံလေးကို လာနေပါသည်..။ကိုမျိုး က.လင်းလင်း ထိုင်လေ ဆိုပြီး

ခုံလေးယူပေးလိုက်ပါသည်...လင်းလင်းရဲ့ နောက်ကပါလာသူကတော့ ...လင်းလင်းရဲ
့သူငယ်ချင်း ဆုမွန် ပဲ ဖြစ်ပါသည် ။ဒါနဲ့  ကိုမျိုး ကဦးဆောင်ပြီးတော့ 
ကျွန်တော်တို့  နှစ်ယောက်နဲ့  မိတ်ဆက်ပေးပါတယ်။ ....အဲဒီနေ့ ကစပြီး
ကျွန်တော် တို့ နှစ်ယောက်နဲ့  လင်းလင်း နဲ့ ဆုမွန်တို ဟာ ကိုမျိုး နဲ
့ပါတ်သက်ပြီး တကယ့် သူငယ်ချင်း အရင်း မောင် နှမတွေ လို ဖြစ်ခဲကြပါသည်.။.......ဒီလိုနဲ့ ပဲ ကျောင်းထဲ မှာတော့  အတူစားအတူသွား ဖြစ်လာခဲ
့ကြပါသည်။..ကိုမျိုး ကလည်း သူ့ အချိန်လေး ရသလောက်ကို မကြာခဏ လာလာတွေ
့ပါတယ်။..ကျွန်တော်လည်းသူငယ်ချင်းတွေ နဲ့ တွေ့ တဲ့ အချိန် ခဏ
တာပျော်ရွှင်မူ ရပေမယ့်  ...အဆောင်ပြန်ရောက်ရင်တော့ ကျွန်တော့ ရဲ့ ပုလဲ

ပုတီးပိုင်ရှင်လေးကို လွမ်းဆွတ် တမ်းတနေမိပါသည်။ ...တကယ်တော့ ကျွန်တော်
ကိုယ် ကျွန်တော် ရူးနေတာပါ...ပုလဲ ပုတီး ပိုင်ရှင် စန္ဒာ ဟာ တက္ကသိုလ် ပဲ
တက်နေသလား ဒါမှ မဟုတ် သူ့ မှာပိုင်ရှင်
ေ တွေများရှိနေပြီးလားဆိုတာမသိပါ.....ဒါပေမယ့် လေကျွန်တော် ယုံ ကြည်ချက် မျှော်လင်
့ချက်တွေနဲ့ တော့ တစ်နေ့ နေ့ တစ်ချိန်ချိန် တွေ့ လိမ့် မယ်လို့ မျှော်လင်
့ထားပါသည်..။....***************

ဒီနေ့  လင်းလင်း မျက်နှာမကောင်းဖြစ်လာသည် ...လင်းလင်း ဘာဖြစ်လို့ မျက်နှာမကောင်းဖြစ်နေရတာလဲ....ဆုမွန် မှ မေးလိုက်သည်။ ...
“...ဘာဖြစ်ရမှာလည်း ကိုမျိုး ပေါ့  ငါ့ ကို ကျောင်းပြီးအောင် မစောင့် နိုင်ဘူး အခု လက်ထပ်ဖိုတောင်းဆိုနေတယ် ..တကယ်တော့ ငါ သူ့
့ကိုမချစ်ဘူး...မိဘတွေ
စိတ်ချမ်းသာအောင် အလိုက်သင့် နေပေးတာပဲ ရှိတယ်......”
“...ငါ့ ဘ၀မှာ ငါငယ်ငယ်တုံးကသံယောဇဉ်ဖြစ်ပြီး ချစ်ခဲ့ ရတဲ့  ဖိုးအောင် ကို မတွေ့ ပဲ  ငါ ဘယ်သူ ကိုမှချစ်ခွင့် မပေးဘူး
.....”
“...အမယ်လေး..ကောင်မ..နင့် ပုလဲ ပုတီး ပိုင်ရှင်ဖိုးအောင် ကဘယ်ဆီရောက် လို့ ဘာဖြစ်နေမှန်းမသိတာကိုမျှော်နေသေးတယ်....နင်လည်း တကယ့်
အရူးမတစ်ယောက်ပဲ....”
“....နင် ငါ့ကို ရူးတယ်လို့ ထင်ချင်ထင် ..ဒီကမ္ဘာကြီးထဲ မှာ ငါဆိုတဲ့ တစ်ချိန်က စန္ဒာ နဲ့ ..တောရွာလေးက ဖိုးအောင် ဆိုတာရှိနေအုံးမှာပါ....”
“...ငါလည်း ပုလဲပုတီးလေးကို ကိုင်ပြီး...သူ့ ကို လွမ်းဆွတ်တမ်းတနေသလို ..သူလည်း ငါလိုပဲ ရှိ လိမ့် မယ်လို့ ငါယုံကြည်တယ်..”
.(ဖိုးအောင်ရယ်..နင် ငါ့ ကို သတိရ ရသေးရဲ့ လား...နင်ကို့ ငါ အရမ်းတွေ့ ချင်တယ်ဟာ.....)
*************
.....ဒီနေ့ တော့  ကျောင်း ထဲကဆိုင်မှာ ကျွန်တော် နဲ့ ဖိုးကျော် ထိုင်နေတာဖြစ် ပါတယ် ခဏကြာတော့ ဆုမွန်ရောက်လာတယ်....အဲဒီအချိန်မှာပဲ ဖိုးကျော် ကမေးလိုက်သည်။

“ ...ဟဲ့...ဆုမွန် လင်းလင်း တစ်ယောက်...မလာသေးပါလား...”
“..သြော်...လင်းလင်း ကန်ဘောင် ဘက်ကို ခဏ သွားတယ်.....”
“..ဘာကိစ္စ ရှိ လို့ လည်း ဟ..”
“....မသိဘူး ဘာကိစ္စလည်း တော့ သူခဏကြာရင်ပြန်လာခဲ့ မယ်လို့ ပြောသွားတယ်...”
ဒါဟာ...တကယ်တော့  ဆုမွန် ကျွန်တော် တို့ ကို ဖုံး

ထားတာပါ....လင်းလင်း ဟာ သူစိတ်ညစ်စရာ ကြုံ လာပြီ ဆိုရင် ...ကန်ဘောင်က
သစ်ပင်ကြီးအောက်က ခုံလေးမှာထိုင်ပြီး သူ ငယ်ငယ်က အရမ်းချစ်ခဲ့ ရသော
ဖိုးအောင်ကို လွမ်းဆွတ် တမ်းတ နေတတ်ပါသည်....ဒီလိုနဲ့ ပဲ ကျွန်တော် တို
့သုံးယောက် ဆိုင်ထဲ ကနေထလာပြီး ..အတန်းဝင် ဖို့ ကျောင်းဘက်သို
့လမ်းလျှောက်နေ ချိန်မှာပဲ...လင်းလင်း နောက်ကို
ယောင်္ကျားလေးသုံးယောက်လိုက်လာတာကို တွေ့ လိုက် ရသည်.။..ကျွန်တော် တို့ နားလည်းရောက် လင်းလင်း ကအော်လိုက်သည်.။
“..... ကိုထူးအောင် ဒီမှာ လင်းလင်း ကိုလိုက်နှောက်ရှက်နေတယ်.....”
အဲဒီအချိန်မှာပဲ.. ကျွန်တော် နဲ့ ဖိုးကျော် က လိုက် မနှောက်ရှက် ဖို့ ပြောပါတယ်...မိန်းကလေးတစ်ယောက်ကို ရည်စား စကားပြောတာ
ေ နှောက်ရှက်တာမှ မဟုတ်တာလို့  သူတို့ ကပြောပါသည်။
ဒီလို့ နဲ့ ပဲ စကားအပြော အဆို အဆင်မပြေ ဖြစ်ကြပြီး...တစ်ဖက်နဲ့ တစ်ဖက် ထိုးလား ကြိတ်လား ဖြစ်ခဲရတယ်..။..နောက်ဆုံး တော့  အဲဒီထဲ ကကောင် တစ်ယောက်က နောက်က နေ ကျွန်တော်
ေ ခေါင်းကို လာရိုက်ပါသည် ..ကျွန်တော် ပစ်ကျသွားပြီး...သူတို
့အုပ်စုလည်း ထွက်ပြေး သွားကြတယ်...ဖိုးကျော် ကတော့  ဘာမှ မဖြစ် လိုက်

ပါဘူး..။  လင်းလင်း နဲ ဆုမွန် လည်း အရမ်းစိတ်ပူသွားဟန်ဖြင့်...ကျွန်တော်
အနားကို ပြေးလာကြသည်...အဲဒီအချိန်မှာပဲ လင်းလင်း
ကစပြောလိုက်သည်။
“.....ကိုထူးအောင် ခေါင်းမှာ သွေးတွေ အရမ်းထွက်နေတယ်.....”
“...မဖြစ်ဘူး..ဆေးခန်း သွားမှ ဖြစ်မယ်ဆိုပြီး ...လင်းလင်း ရဲ့ ကားလေး နဲ
့ပဲ ကျွန်တော် ကို ဆေးခန်း လိုက်ပို့  ကြပါသည် ..လင်းလင်း ကတော့  သူ့ 
  ကြောင့် ဖြစ်သွားတဲ့ အတွက် အရမ်းစိတ်ပူနေပုံပါပဲ....ကျွန်တော် တစ်ပါတ်လောက်
အဆောင် မှာ နားနေရပါသည် ။...ကျွန်တော် တစ်ယောက် ထဲ အခန်း ထဲ မှာ စန္ဒာ
ေေ ပေးခဲ့တဲ့ ပုလဲ ပုတီးလေး ကို ကိုင်ပြီး အတိတ်ကကြောင်းလေး တွေ ပြန်လည်

ေ တွေးနေချိန် မှာပဲ...အခန်းပြင်က
“...ကိုထူးအောင်....ကိုထူးအောင်...”
ဆိုပြီး..လင်းလင်း ရဲ့ ခေါ် သံ ကို ကြားလိုက်ရပါသည်.။....လင်းလင်း ကျွန်တော် အဆောင် ကို ရောက်လာ ခြင်းဖြစ်ပါ
သည်.။............ကျွန်တော် ....လင်းလင်း ကို ထွက်တွေ့ လိုက်တဲ့ အချိန်
မှာပဲ လင်းလင်း ရဲ
့လက်ထဲမှာ မုန့် ဘူးတွေ ရယ် မိုင်လို နို့ ဆီဘူး တွေ နဲ့ ကျွန်တော့
ကိုလာပေးတာဖြစ်ပါတယ် .။
“....သြော်.....အားနာစရာ ပဲ ...လင်းလင်း ကလဲ ကျွန်တော် အဆောင် မှာ လည်း ရှိပါတယ်....”
“..မဟုတ်တာ..ကိုထူးအောင် ကလည်း လင်းလင်း ကြောင့် ဖြစ်ရတာ လင်းလင်း မှာ တာဝန် ရှိပါတယ်...”
“..ကိုထူးအောင် အခု ဘယ်လိုနေလည်း....သက်သာလား....”
“...ဟုတ်ကဲ့ သက်သာပါတယ်....နောက် တစ်ရက်နှစ်ရက် ဆိုရင် ကျွန်တော် ကျောင်းပြန်တက်နိုင်ပါပြီ.....”
“...လင်းလင်း...အခု ဘာလုပ်ပေးခဲ့ ရမလဲ ..မိုင်လို သောက်ဖို့ အတွက် ရေနွေးကြိုပေးခဲ့ ရမလား...”
“...ရပါတယ်...လင်းလင်း...ရယ် ...အခု ကျွန်တော် မသောက်သေးပါဘူး....”

“..ဘာလဲ...ကိုထူးအောင် လင်းလင်း ကို အားနာ စရာမလိုပါဘူး....”
“...လင်းလင်း အခုလို ကျွန်တော် ကို လာတွေ့  တာ ကျေးဇူးတင်ပါတယ်....”
“....ရပါတယ် ကိုထူးအောင် ..လင်းလင်း နဲ့ ကိုထူးအောင် ကပြောရမယ့်  လူတွေမှမဟုတ်တာ...”
“...ဒါဆိုရင် လင်းလင်း ပြန်တော့ မယ်နော်...နောက်ရက်မှ လာတွေမယ်.....”
ဒီလိုနဲ့ ပဲ လင်းလင်း ကျွန်တော် အဆောင်က ပြန်သွားပါသည်။...ကျွန်တော် လည်း နောက် တစ်ရက်နှစ်ရက်ရှိတော့  ကျောင်းပြန်တက် နိုင် ပါသည်...ကိုမျိုး ကတော့ 
အလုပ်တွေ ရှုပ်နေလို့ ဖုန်းဆက်ပြီးတော့ ပဲ မေးပါတယ်
ကျွန်တော်ကျောင်းပြန်တက်တဲ့ နေ့ မှာပဲ...ကျွန်တော် ရဲ့ မျှော်လင့် ချက် ကျွန်တော့
့ဘ၀ တမ်းတခဲ့ ရတဲ့  စန္ဒာ ဆိုတဲ့  ပုလဲပုတီးဇာတ်လမ်းလေးကို မြုပ်နှံ ခဲ

့ရပါတယ်...ဖြစ်ပုံလေးကတော့  ဒီလိုလေးပါ......ကျွန်တော် ရှုးမတတ် ခံစားခဲ
့ရပါတယ် ...ကျွန်တော် ကန်ဘောင်ဘက်က ဖြတ်လျှောက် သစ်ပင်ကြီးတစ်ပင်ရဲ့ အောက်က
ခုံ လေးပေါ်မှာ လင်းလင်း ကို သွားတွေ့ လိုက်ရပါတယ် လင်းလင်း တစ်ယောက်
ပုလဲပုတီးလေးကို ကိုင်ပြီး သူ့ ပါးစပ်ကလည်း .......
(“...........ဖိုးအောင် ရယ်နင့် ကို ငါ အရမ်းတွေ့ ချင်တာပဲ သိလား........နင်လည်း .ငါကို
သတိရသေးရဲ့ လား ဖိုးအောင် ..ရယ်...နင် အခု ဘယ်ကို ရောက်နေတာ လဲ..ဖိုးအောင် ..ရယ်......”)
အဲဒီ အချိန်မှာပဲ ..လင်းလင်း ရဲ့ လက်ထဲက ပုလဲ ပုတီးလေးရယ် ..သူ့ ရဲ့ စကား သံတွေရယ် ကျွန်တော် ကြားလိုက်တဲ့ အချိန်မှာပဲ။
......(သြော်...လင်းလင်း နင်ရှာနေတဲ့  ဖိုးအောင် ဆိုတာ ငါပဲလေဟာ....ငါရှာနေတဲ့  စန္ဒာ
ဆိုတာနင်ဖြစ်နေတာကို...ငါ..အရမ်းဝမ်းသာတယ်ဟာ..ငါလေ နင့် ကို တွေ့ ဖို
့အတွက် ဒီတက္ကသိုလ် ကြီးကို ရောက်အောင် ကြိုးစားပြီးတက်ခဲ့ ရတယ်...အခုတော

့ငါ ကြိုးစားရကြိုး နပ်ပြီ ပေါ့ ...စန္ဒာ..ရယ်...)ကျွန်တော် အဲဒီလိုတွေ ပြောလိုက် ချင်တာ ကျွန်တော် မနည်း ထိမ်းခဲ့ ရတယ်။
ခုတော့ ကျွန်တော် ပြောပိုင်ခွင့် မရှိတော့ ပါဘူး...အဲဒီနေရာမှာ လင်းလင်း
မဟုတ်ပဲ တခြား မိန်းကလေး သာဖြစ်ခဲ့ ပါစေ...ကျွန်တော် အခုပြောတဲ
့စကားတွေကို အားလုံး ပြောပြီးသွားပါပြီ..အခုတော့  ကျွန်တော်
အရမ်းမျှော်လင့် တမ်းတရတဲ့ စန္ဒာ ဟာ ဘာဖြစ်လို့ လင်းလင်း လာဖြစ်ရတာလည်း
ဆိုတာထက်ကျွန်တော် ဘာမှမပြောတတ်တော့ပါ...။....ကျွန်တော် အဲဒီအချိန်ကစပြီး လင်းလင်း ရဲ့ နောက်ကနေ တိတ်တစိတ်
ထွက်သွားခဲ့ ရပါတော့ သည။်.....
တကယ်တော့  လင်းလင်း ဆိုတာ တခြားသူမဟုတ်ဘူးလေ..ကျွန်တော် သူငယ်ချင်း ကိုမျိုး နဲ့ လက်ထပ် မယ့် သူ ..နောက်တော့  ကျွန်တော် ရဲ့ ဘ၀နဲ့  လင်းလင်း
နဲ့  က  ဘယ်လိုမှ မထိုက်တန် ပါဘူး ...ကျွန်တော် ဘ၀ လေးထဲ လင်းလင်း ကို မခေါ်
ရက်ပါဘူး ဒါကြောင့် မို့ ပဲ ကျွန်တော် ရဲ့ ရှာပုံတော် ပုလဲပုတီး
ဇာတ်လမ်းလေးကို ဒီနေရာမှာပဲ..ဇာတ်မြုပ်ခဲ့ ပရစေ........ကျွန်တော် ဘ၀ ထဲမှာ
ဖိုးအောင် စန္ဒာဆိုတဲ့ နံမည် လေးတွေ ကို တတ်နိုင်ဆုံး မေ့ပျောက် သွားရပါတော

့မယ်။...ကျွန်တော် ဘယ်သော အခါမှ ဖိုးအောင် ဆိုတာကို လင်းလင်း ကို ဖွင်
့ဟမပြောဘူးလို့ ဆုံးဖြတ်လိုက်ပါပြီ..။
.( စန္ဒာ ရယ် တော်ဝင် ပန်းဆို တာ တော်ဝင်သူ နဲ့ ပဲ ထိုက်တန်တယ်ဆို တာ ဒို့ သိပါတယ်...ဒို့ ချစ်တဲ့ သူတစ်ယောက်
ေ ကောင်းစားတာကို မြင်ရတာနဲ့ ဒို့ ကျေနပ်ပါပြီ စန္ဒာ ရယ်....ဒို့ ကို ခွင်
့လွှတ်ပေးပါ..စန္ဒာ ရယ်.......)
စိတ်ထဲကရေရွတ်ရင်း လင်းလင်းရှိတဲ့ သစ်ပင်ကြီးအောက်နေ တိတ်တစိတ် ထွက်လာခဲ့ ရပါတော့သည်။
**********************************************

“...ဟေ့ကောင်...ထူးအောင် ..ခုတလော..မင်းကို ကြည့်ရာတာ မျက်နှာမကောင်းဘူး..”
“...ဘာဖြစ်နေတာလဲ ..ငါ့ကိုပြောပါ ..ငါတို့ မှာတိုင်ပင် စရာဆိုလို့ 
ဒီနှစ်ယောက်ပဲရှိတာ..ငါ့ကိုပြောပြပါ..ကွာ....”
“...ငါ..ဘာမှ မဖြစ်ပါဘူး ဖိုးကျော် ရာ....”
“...ငါသိပါတယ် မင်းရင် ထဲမှာ တစ်ခုခုဖြစ်နေသလိုပဲ.. ငါ ဘယ်သူ့ ကိုမှ မပြောပါဘူး ..ငါသိချင်လို့ ပါ....”.
“...အေး..ငါမင်းကိုယုံလို့ ပြောပြမယ်..မင်း..ဘယ်သူ့ ကိုမှ ဖွင့် မပြောဘူးဆိုတဲ့ စကားကိုတော့ ငါ့ ကို အသေချာကတိ ပေးပါ...ဖိုးကျော်.....”
“....စိတ်ချပါ ငါမပြောပါဘူး....”
“...အေး...ဟုတ်တယ်...ငါ.အရမ်းခံစားနေရတယ်..ငါ..အသက်ထက်မျှ ရှာခဲ့ ရတဲ့  ပုလဲပုတီးပိုင်ရှင် စန္ဒာ ဆိုတာ တွေ့ ခဲ့ ရပါပြီ.....”
ဖိုးကျော် ကျွန်တော်စကားကိုကြား လိုက်ရတော့ အရမ်းအံ့ သြ သွားဟန်ဖြင့်....“..ဟာ....ဒါဆို ၀မ်းသာရမှာ ဘာဖြစ်လို့ ခံစားနေရတာလည်း..ငါအရမ်းသိချင်သွားပြီ ပြောပြတော့ ကွာ...”
”..မင်း..ငါ့ စကားကို ဆုံးအောင် နားထောင် ပေးပါ..ငါရှာနေတဲ့  စန္ဒာ ဆိုတာ မင်းဘယ်သူ ထင်လဲ ..ငါရဲ့  အနီးဆုံးမှာပဲ ရှိနေတာ ..အဲဒါ..လင်းလင်း ပဲ....”
(....ဘာ......)...လင်းလင်း....ဟုတ်လား...အဲဒါ မင်း ဘယ်လို လုပ်ပြီး သိခဲ့ ရတာလဲ...”
ကျွန်တော် သိခဲ့ ရတဲ့ အကြောင်းရယ် ဘာကြောင့်  ဖွင့် မပြောခဲ့ တာလည်း ဆိုတာ ရယ် ..ကျွန်တော် ပုလဲပုတီး ဇာတ်လမ်းလေးကို ဒီနေရာမှာပဲ ဇာတ်မြုပ်လိုက်ပြီ
ဆိုတာကို အားလုံး ဖိုးကျော် နားလည် အောင်ရှင်းပြလိုက်တဲ့ အချိန်မှာပဲ

..ဖိုးကျော် တစ်ယောက်လည်း .ကျွန်တော့် အစား ခံစားလိုက်ရသလို
ြ ဖြစ်သွားပါတယ်...ခုတော့  ကျွန်တော် ဖိုး အောင် ပါဆိုတာ ကျွန်တော် နဲ
့ဖိုးကျော် ကလွဲ၍ ဘယ်သူ့ ကိုမှသိခွင့် မပေးတော့ ပါ.......အဲဒီအချိန်က
စပြီး ကျွန်တော် လည်း  လင်းလင်း မျက်နှာလေးကိုမြင်တိုင်း ငိုလဲငိုချင်တယ်
ကျွန်တော် စိတ်ကို ကျွန်တော် လည်းမနည်း မျိုသိပ် ထိမ်းထားခဲ့ ရပါတောတယ်။.
.......ဒီလိုနဲ့ ပဲ အချိန်တွေ ကြာတဲ့ အမျှ ကျွန်တော် ခေါင်း က
ဒဏ်ရာနဲ့ ပါတ်သက်ခဲ့ ပြီးတဲ့ နောက် ကျွန်တော် နဲ့  လင်းလင်း နဲ့ လည်း
ရင်းနီးမူတွေပို၍ရလာခဲ့ ကြပါတယ်..ဖိုးကျော် တို့  ဆုမွန် တို့ နဲ့ မဆုံတဲ

့နေ့ တွေမှာတောင် ကျွန်တော် နဲ့ လင်းလင်း နဲ့ ကျောင်း ဆင်းကျောင်းတက်
အတူလမ်းလျှောက် စကားတွေ ပြော ဖြစ် ခဲ့ ကြပါတယ် ..တစ်ခါတစ်လေ ကျွန်တော်
အဆောင်ကို လင်းလင်း က သူ့ ရဲ့ ကားလေးနဲ့ လိုက်ပို့ ပေးလေ ရှိပါတယ်....ဒါပေမယ့် 
 ကျွန်တော် တို့ နှစ်ယောက် က ရိုးရိုးသားသား ဖြူစင်တဲ့ စိတ်တွေနဲ့ ပဲ
ခင် ခဲ့ ကြတာပါ..ဒါကို တစ်နေ့ မှာတော့  ဖိုးကျော် စီက ထွက်လာတဲ့ စကားက
ကျွန်တော် အရမ်းတုန်လှုပ် သွားခဲ့ရတယ်..အဲဒီလိုပဲ ဟိုဘက်မှာ လင်းလင်း ကို
ဆုမွန် ပြောတာကလဲ အခု ဖိုးကျော် ပြောတဲ့ စကားနဲ့ အတူတူပါပဲ..။
“.....ဟေ့ ကောင်.. ထူးအောင် ..မင်း အနေအထိုင် ဆင်ခြင်မှဖြစ်တော့ မယ်...”
“..ငါက..ဘာဖြစ်နေလို့ လည်း .ဖိုးကျော် ကလဲ...”
“....အေး..မင်းတို့ နှစ်ယောက် ကတော့ ဘာမှ မဖြစ်ဘူး..ပါတ်ဝန်းကျင်က ဖြစ်နေပြီကွ..”
“...မင်းနဲ့  လင်းလင်း ကို ကြိုက်နေကြတယ် လို့  တစ်ကျောင်း လုံးက ပြောနေကြပြီ....”
“...ငါ့ရဲ့ စိတ်ဓာတ်တွေ အားလုံး ကို မင်းကို ဖွင့် ပြောပြပြီးပြီ ပဲကွာ...”
“...ငါ...မင်းကို တော့ ယုံပါတယ်..ဒီစကား ကို ကိုမျိုး ကြားသွားလို့ ရှိရင် ...မင်း နဲ့ ငါ့ ကို အထင် လွဲပြီး...ဒို့ သူငယ်ချင်းတွေ အချင်းချင်း
စိတ်ဝမ်းကွဲ သွားမှာဆိုးလို့  ငါက မင်းကို သတိ ပေးတာပါ.....”
“...ဖိုးကျော် ငါ..မင်းရဲ့ စေတနာ ကို နားလည် ပါတယ် ..ငါ့ ရဲ့  စိတ်ဓာတ် အဲဒီလောက် အောက်တန်း မကျပါဘူး ကွာ.....”
ဒီလို့ နဲ့ ပဲ ကျွန်တော် တို့ အကြောင်း လေးက တစ်ကျောင်း လုံး ပြန့် ခဲ့ ပါတယ်.။
လင်းလင်း ဘက်ကတော့  .....ငါနဲ့  ကိုထူးအောင် က ရိုးရိုးသားသား ပါပဲ..ဆုမွန်..ပါတ်ဝန်းကျင် ဆို တာ ဒီလိုပါပဲ...ငါ့ စိတ်က ဖြူစင် ရင် ငါ

ဘယ်သူ့ ကို မှ ဂရုမစိုက်ဘူး ...နောက်တော့ ..ငါရှာနေတဲ့  ပုလဲ ပုတီးပိုင်
ရှင် ဖိုးအောင် ကို မတွေ့ မခြင်း ငါ..ဘယ် သူ့ ကိုမှ စိတ်ဝင်စားလိုမရဘူး.....”အဲဒါ နင် သိနေတာပဲ ..ငါကိုယုံပါ ..ဆုမွန်..ရယ်...”
“...ငါ နင့် ကိုလည်းယုံပါတယ် ..ကိုထူးအောင် ကိုလည်းယုံပါတယ်....ဒီစကား ကိုမျိုး သိသွား ရင် အထင်လွဲပြီး ပြဿနာတွေ ဖြစ် မှာဆိုးလို
့...ငါ..ပြောတာပါသူငယ်ချင်း..ရယ်...”
***************************************

ဒီနေ့ ကတော့  ကိုမျိုး တို့  စီးပွားရေးအုပ်စု သမားတွေ ...အောင်မြင်တဲ
့အထိမ်းမှတ် နေ နဲ့  ညစာ စားပွဲ လေးတခု လုပ်နေ ကြခြင်း ဖြစ်ပါတယ်
...ဒီစားအသောက်ဝိုင်းလေးမှာတော့ ..အရက် ဘီယာ စုံလင်စွာဖြင့်  သူ
့အကြောင်းကိုယ်
့ အကြောင်း ဆွေးနွေး နေကြခြင်း ဖြစ်ပါတယ်.။.ဒီဝိုင်းထဲ မှာ ပြဿနာ ကဒီလို
စလာပါတယ်။..
“.....ကိုမျိုး...စီပွားရေး တွေ ကြီး ပဲ လုပ်မနေ နဲ့  ..အိမ်ထောင်ရေးဘက်လည်း ပြန်ကြည့်အုံးလေ ဗျာ...လက်ဖွဲ့ ပေး ဖို့ စောင့် နေရတာ....”
လူတစ်ယောက် မှ မေးလိုက်ခြင်း ဖြစ်ပါသည်။
“.....ခင်များ..တို့ ကလည်း ဗျာ..ကျွန်တော် ကောင်မလေး ကကျောင်းပြီးအောင် စောင့် ပါဆို လို့ စောင့် နေ ရတာပါ..ဗျာ......”
နောက်တစ်ယောက်မှမေးလိုက်ပါသည်။
“...အေး...အဲဒီကြောင်း ပြော လို့  ကြုံ တုန်း ပြောရအုံးမယ် ကိုမျိုး ရေ...ဟိုနေ့ ကငါ့ညီမ ကို ကျောင်း လိုက်ပို့တော့  ကျောင်းထဲမှာ ဘဲ တစ်ပွေ

နဲ့ မင်းကောင်မလေး ကို ငါတွေ့ ခဲ့ ရတယ် ....”
“...ခင်များ...ကလည်း ..ဟုတ်လို့ လားဗျာ....ခင်များ..မျက်စေ့ မှားတာရှိမှာပါ...”
“...ဘယ်ကလာကွာ...မင်းကောင်မလေးနဲ့  တူလို့ ...ငါညီမ ကို အသေချာ မေးကြည့်တော့ ..မင်းကောင်မလေးရဲ့  ဘဲ နံမည်က....အဲ.......ထူးအောင်..ဆိုလားပဲ...”
“..အခု အဲဒီကောင်နဲ့  ကျောင်းထဲ မှာတတွဲတွဲ လို့ ပြောတယ်.....”
(.........ဘာ.....) ထူးအောင်.....ဟုတ်လား...ဆိုပြီး ကိုမျိုးတစ်ယောက် လက်ထဲ
ကအရက် ခွက်ကို စားပွဲ ပေါ်သို့ ဆောင့်ချလိုက်သည်......တစ်ဆက်ထဲမှာပဲ....ခါး က ဟမ်းဖုန်း ကို
ယူပြီး လင်းလင်း စီကို အားခြင်း ဖုန်းခေါ်ပါတော့ သည်။


(မင်းလေး...လမ်းတွေ့ ရင် မခေါ် ပဲ....တိတ်တစိတ်ထွက်သွားပါ...
ဝေးနေမှ..မီးလောင်ရော့ပေါ့ ကွယ်...
ဒို့ ရဲ့ အဆွေးမိုးတိမ် လိုပင်...မျက်ဝန်းလေးကတဆင့်....)
################


ဒါကတော့  လင်းလင်း အိပ်ယာပေါ်မှ ဟမ်းဖုန်းလေး ....မြည်လာတဲ့ အသံ ပဲဖြစ်ပါတယ်....။
လင်းလင်း ဟမ်းဖုန်းလေးကို ကြည့်လိုက်တော့  ကိုမျိုး ဆီကလာတာဖြစ်တဲ့ အတွက်...အသာယာပဲ ဖွင့်လိုက်ပါတယ်...
“..ဟဲလို....ပြောပါ...ကိုမျိုး လင်းလင်း ပါ......”
ကိုမျိုး ကတော့  ရီဝေတဲ့ အသံ နဲ့  ....
“...ဟဲလို....လင်းလင်း လား....မနက်ဖြန် ကိုမျိုး တွေ့ ချင်တယ် ..ရမလား....”
“..မနက်ဖြန် ...လင်းလင်း မအားဘူး ကိုမျိုး....ဘာဖြစ်လို့ လည်း.. အရေးကြီးလို့ လား...”
“..လင်းလင်း သူငယ်ချင်း မွေးနေ့  ပွဲ သွားစရာ ရှိလို့ ပါ....”
လင်းလင်း ကတော့ ဘာမှမသိပါ..ရိုးရိုးလေးပဲ ပြန်ဖြေလိုက်ခြင်းဖြစ်ပါတယ်။....
ကိုမျိုး ကတော့  စိတ်တိုတဲ့  ဟန်ဖြင့် ...
“..အေး......အေး....ဒါဆိုလည်း ပြီးရော......”
ဒါပေမယ့်  ဒီနေ့ မှာတော့ ကိုမျိုး ရဲ့  ရင်ထဲမှာ တော်တော် လေး ခံစားနေရပါတယ်....ကိုယ့် အချစ်တဲ့ ချစ်သူ ကို သူငယ်ချင်းက လုယူသွားသလို
ခံစားနေရတာလေ...ဖြစ်နိုင်ပါတယ်လေ.....
ဒီပြဿနာ ကို ကိုမျိုး သိသွားပြီး ဆိုတာ လင်းလင်း တစ်ယောက် ဘာမှမသိရှာပါ.....။
************************


ဒီန့  ကတော့  ကျွန်တော် ဆီကို နယ်ကကျောင်း စရိတ်ပို့ လိုက်လို့  (အလုံ) မှ ယူပြီးပြန်လာခြင်းဖြစ်ပါတယ်.....ကျွန်တော် မြေနီကုန်းကားမှတ်တိုင်မှ..
.(၅၁) လိုင်းကားကို စောင့် နေတဲ့ အချိန်မှာပဲ....ကျွန်တော် ဘေးသို့ လင်းလင်း ရဲ့ ကား လေး

ထိုးရပ်လာပါတယ်....။
“.....ကိုထူးအောင် အဆောင် ကို ပြန်မို့ လား...လာလေ...လင်းလင်း ကားနဲ့  လိုက်ခဲ့ လေ....လမ်းကြုံ ပါတယ်....”
“..ရပါတယ်....ရပါတယ် လင်းလင်းရယ် .....လင်းလင်း သွားစရာရှိတာသွားလိုက်ပါ....ကျွန်တော် လိုင်းကားပဲ စောင့်စီးပမယ်....”
“..လင်းလင်း ကို အားနာမနေပါနဲ့  ကိုထူးအောင်ရယ်....လမ်းကြုံလိုခေါ်တာပါ.....”
ဒီလို နဲ့ ပဲ ကျွန်တော် လင်းလင်း ရဲ့ ကားလေးပေါ်သို့  လိုက်ခဲ့ ရပါတယ်....လင်းလင်း ကို ဘယ်သွားမို့ လည်းမေးတော့  ရှစ်မိုင်က သူ မ
သူငယ်ချင်းရဲ့ မွေးနေ့ ပွဲ ကို သွားမှာလို့ ဆိုပါတယ်....ဒီလိုနဲ့ ပဲ
ကားလေးဟာလှည်းတန်း မီးပွိုင့် မိနေတဲ အချိန်မှာပဲ..သူဘက်ကစကား စလာတာလေးကတော့ .....
“..ကိုထူးအောင် ....ကိုထူးအောင် နဲ့  လင်းလင်းကို ပါတ်ဝန်းကျင်က တမျိုး ထင်နေတယ်ဆိုတာ...ကိုထူးအောင် ကြားပြီးပြီလား...”
ကျွန်တော် လည်း မသိချင်ရောင်ဆောင်ပြီး....ဟင့် အင်....ကျွန်တော် တော့...
့..ဘာမှမကြားမိဘူး....”
လင်းလင်း လည်း....အဲဒီအချိန်ကစပြီး လင်းလင်း သူ့ ရဲ
့အကြောင်းတွေ ပြောပြပါတော့တယ်။
“....ကိုထူးအောင် လင်းလင်းကတော့  သူငယ်ချင်းတွေ အားလုံးကို ကိုယ့် မောင်နှမတွေလိုခင်ပါတယ်...”
“...ဒါကို ပါတ်ဝန်း ကျင်က တမျိုးမြင်နေကြတယ်နော်...”.
“...လင်းလင်း ဘ၀ မှာ အခုချိန်ထိ တစ်ယောက်သောသူကို စွဲစွဲ လန်းလန်း နဲ့  စောင့်မျှော်ခဲ့ တာကလွဲလို့ ဘာမှ ရင်ခုန်ခြင်းဆိုတာ မရှိခဲဘူးပါ...”
ဒီလိုနဲ့ ပဲ ပုလဲ ပုတီး လေးနဲ့ ဖိုးအောင် ရဲ့ အကြောင်းကို

ကျွန်တော်ကို ပြောပြပါတော့ သည်။ဒီစကားဟာ သူအရမ်းခင် ရတဲ့  သူငယ်ချင်းတွေ
ထဲ က ဆုမွန် နဲ့ ကျွန်တော် ကိုပဲ ဖွင့် ဟပြောဆိုဘူးကြောင်း ..... သူ
ဒီစကား ကို ပြောနေ တဲ့ အချိန်မှာ သူ့ ရဲ့ မျက်ဝန်း မှ ရည်ဝေ လည်နေသော
မျက်လုံးကလေးများကို ကျွန်တော် မကြည့်နိုင်တော့ ၍ ..ကျွန်တော် ခေါင်း လေး
ေ အောက် ငုံ့ ၍သာ နားထောင် ပေးခဲ့ ရပါတော့ သည်။............
...............(သြော်......စန္ဒာ ..ရယ် ..မင်းကတော့  ...မင်းရဲ့  ခံစားချက်တွေ ပေါ့ ပါစေတော့ ဆိုပြီး ..ငါ့ ကို သူငယ်ချင်း တစ်ယောက် အနေ နဲ့ ...ရင်ဖွင့် နေတာကို ငါ...နားလည်ပေမယ့် .
......ငါ့ နှလုံးသားကို အဆိပ်ရှိတဲ့ ဓားတစ်ချောင်း နဲ့  အမွှမွှ ထိုးချေနေသလိုပါပဲ....တော်ပါတော...
့..ဆက်မပြောပါနဲ့ တော့ ..ငါ မကြားပရစေနဲ့ တော့ စန္ဒာ....ရယ်...)
ဖွင့် ဟပြောဆိုခွင့်  မရခဲ့ ပေမယ့် ..ရင်ထဲ ကတောင်းပန်စကားနဲ့ ဖြေသိပ်ခဲ့ ရပါတယ်...။
ခုတော့  ကားလေးက ဓမ္မာရုံ လမ်းထဲ သို့  ၀င်သွားပါပြီ...ကျွန်တော် တို့ အဆောင် ခြံဝန်းထဲ သို့ အ၀င် မှာပဲ ...မြင်လိုက်ရ တဲ့ 
ြ မြင်ကွင်းကတော့..ကျွန်တော် နဲ့  လင်းလင်း မျက်လုံး ပြူးး သွားပါတယ်....။.
ကိုမျိုး တစ်ယောက် နေကာ မျက်မှန် ကို ခေါင်းပေါ် တင်ထားပြီး...သူ့ ရဲ့ ကားလေးကို မှီ ကာ...လက်ပိုက်ပြီး စူးရှရှ မျက်လုံး အစိမ်း ကြီးဖြင့် 
ကြည့်နေခြင်းဖြစ်ပါတယ်.....အဲဒီအချိန်မှာပဲ ကျွန်တော် တို့ နှစ်ယောက် ကားပေါ် မှ အဆင်း...
ကျွန်တော် တည် ရှိရာဘက်သို့ ...တစ်လမ်း ခြင်း လျှောက်၍လာချိန် ..ကျွန်တော် အနားလည်း အရောက်.......
.....ကဲကွာ.....သူငယ်ချင်းချင်း သစ္စာမရှိတဲ့ ..အကောင် ဆို ပြီး....ကိုမျိုး ရဲ့  ပြင်းထန်သော လက်သီး တစ်ချက်က ကျွန်တော် ရဲ့ 
မျက်နှာပေါ် သို့ ကျရောက်လာပါတယ်။.
အဲဒီအချိန်မှာ လင်းလင်း ဘက်က စကားသံ က.....
“..ကိုမျိုး ...ရှင် ..ဘာလုပ်တာလည်း.မိုက်ရိုင်းလှပြီ လား....”
”..သြော်.. ဒါမင်းတို့  နှစ်ယောက်က မွေးနေ့ ....ပွဲကပြန်လာတာပေါ့ လေ...”
“...ဟေ့ကောင်... ထူးအောင် ..မင်းဟာ ဒီနေ့ ဒီအချိန်က စပြီး....ငါ့ ရဲ့ မိတ်ဆွေ မဟုတ်တော့ ဘူး..ငါရဲ့ ..ရန်သူ ဖြစ်သွားပြီ လို့ မှတ်...”
ကျွန်တော် သူ့ ကိုရှင်းပြခွင့် တောင်းပါတယ်..ဒါပေမယ့်  ဘယ်လို မှ ရှင်းပြခွင့် 
မရခဲ့ပါ....။..
ဒါပေမယ့်  ကျွန်တော် ဒီစကားလေးတစ်ခွန်း ကိုတော့ သူ့ ကို အေး ဆေး ပြောခဲ့ ပါတယ်....
(.......သူငယ်ချင်း ရာ ...မင်းငါ့ကို မှားတယ်လို့ ယူဆ ရင် ...ငါ
ခံဖို့  အစဉ်သင့်ပါပဲ ....ငါကို ထိုးလိုက်ပါ .......)...လင်းလင်း ကလည်းတစ်ဖက်ကနေ ကိုမျိုး ကိုပြောနေပါသည်။
“.....ဒီမှာ..ကို မျိုး ရှင် လူကြီး လူ ကောင်း...တစ်ယောက်ဆိုရင်
...ဒီလိုမလုပ်သင့် ဘူး...ရှင့် မှာ အဲဒီလို သဘောထား သေးသိမ် တဲ့ စိတ်တွေ
ရှိနေမယ်ဆိုရင်တော့ ...ရှင်နဲ့ ကျွန်မ နဲ့  ရှေ့  ဆက်ရမယ့် ခရီး ကို
ကျွန်မ ဘက်က ကန့် ကွက် ရမှာပဲ ....”“...သြော် ...ခုတော့  မင်းဘက် ကဒီစကားထွက်လာပြီပေါ့ ....အေး...ငါကလည်းမင်းကိုပြောမယ်...ဒီလ အတွင်းမှာ မင်း နဲ့ ငါ့ရဲ့ ..မင်္ဂလာပွဲ ကို မဖြစ်
ြ ဖြစ်အောင် လုပ်ပြမယ်....ဆိုပြီး မာကျော ခက်ထန်သော စကားလုံးများဖြင်
့လင်းလင်း ကို ပြောပြီး...ကားပေါ်သို့ တက်ကာ ..ကျွန်တော် တို့ ခြံ ထဲ မှ
အမြန်ဆုံး မောင်းထွက်သွားပါတော့ သည်။
တစ်ဆက်ထဲ မှာပဲ ..လင်းလင်း ကလည်း...ရှင် ကျွန်မခန္ဓာကိုယ် သာရရင် ရမယ် ...ဒီတစ်သက် ကျွန်မ အချစ်ကို ဘယ်တော့  မှမရဘူး မှတ်........
ဒီလိုနဲ့ ပဲ လင်းလင်း လည်း ကျွန်တော် အနား လာ၍...အားနာလိုက်တာ ကိုထူးအောင် ရယ်....လင်းလင်း တောင်းပန် ပါတယ်.....ဒါဟာ...လင်းလင်း ကြောင့် ဖြစ်ရတာပါ...
“...ရပါတယ်...လင်းလင်း ရယ်....ဒါ လင်းလင်း ကို သူ အရမ်းချစ်လို့ ဖြစ်တာပါ...လင်းလင်း ကလည်း သူ့ အပေါ် ကို စိတ်ဆိုး မသွားပါနဲ
့ေ နော်.............”
.
(..........သြော်......ကိုမျိုး ...ရယ် ....တစ်နေ့ ....ငါ့ စေတနာ ကို မင်း ....နားလည် ရင် ငါ ကျေနပ်ပါပြီ....ကွာ.....)
******************............

ဒီလို နဲ့ ပဲ ...လင်းလင်း နဲ့  ကျွန်တော် အနေထိုင် တွေ...တတ်နိုင်သလောက် ဆင်ခြင်ပြီး နေလာခဲ့ ကြပါတယ်....။
တစ်နေ့  မှာတော့ လင်းလင်း ဖျား၍ကျောင်း မတက် နိုင်ဘူးဆိုတဲ့  သတင်း ကြားတာနဲ့  ကျွန်တော် ခံစားချက် မျိုသိပ်မူတွေ များလာတာကြောင်
့.....စိတ်ရဲ့ ပေါ့ ပါးမူလေးများ ရမလားဆိုတဲ့ အတွေးဖြင့်  ကန်ဘောင်က
လင်းလင်း ထိုင်နေကြ သစ်ပင်ကြီးအောက်က

ခုံလေးပေါ်မှာ..သွားထိုင်ပြီး...လင်းလင်း လိုပဲ ..ကျွန်တော် လည်း ...စန္ဒာ
ဆိုတဲ့ ပုလဲ ပုတီးပိုင်ရှင် လေးကို .....ပြောချင်တဲ့ စကားတွေ အားလုံး
ပါးစပ် က ရေရွတ်ပြီး ပြောနေတဲ့  အချိန်မှာပဲ ...ကျွန်တော် ရဲ့  ခုံရှေ
့သို့  ခြေထောက် တစ်စုံ ရောက်ရှိလာတာကို တွေ့ လိုက်ရတဲ
့အဲချိန်မှာပဲ....ကျွန်တော် လက် ထဲ ကပုလဲ ပုတီးလေးကို အမြန် သိမ်းလိုက်ပြီး
....ဖြည်းညှင်းစွာ သူ့ ရဲ့  မျက်နှာကို မော့ကြည့် လိုက်တဲ့ 
အချိန်မှာတော့.....ကျွန်တော် ခန္စာကိုယ် တစ်ခုလုံး တုန်လှုပ်
ြေ ခြောက်ခြားသွားခဲ့ရပါတယ်.....။.*******************

ကျွန်တော် ရှေ့ ကို ရောက်လာ သူကတော့  ဆုမွန်ပဲ ဖြစ်နေပါတယ်..
အဲဒီ အချိန်မှာပဲ ကျွန်တော် ဟာ လင်းလင်း ရှာနေတဲ့  ပုလဲ ပုတီး ပိုင်ရှင် ဖိုးအောင် ဆို တာ သူသိသွားပါတော့ တယ်။
“...သြော်.......တကယ်တော့  ဖိုးအောင် ဆိုတာ ကိုထူးအောင် ကို ကိုထူးအောင် အရမ်းနေနိုင်တာပဲနော် ..ဘာဖြစ်လို့  လင်းလင်း ကိုဖွင့် မပြောတာလဲ .....”
“..ဟုတ်ပါတယ် ဆုမွန်...ကျွန်တော် မလိမ်တော့ ပါဘူး....ကျွန်တော် ဟာ ဖိုးအောင်ပါ...ကျွန်တော် ဘာကြောင့် ဖွင့်မပြောရတာလည်း ဆိုတာကို ...ဆုမွန်
အနေနဲ့  နားလည် သင့် ပါတယ်...”
“..တကယ် တော့ ကျွန်တော် ဘ၀ဟာ ပင်လယ် ကမ်းခြေမှာထိုင်နေတဲ့ လူတစ်ယောက်လိုပါပဲ ...ရေဆာနေပါလျှက် ကိုယ်မျက်စေ့ ရှေ့ မှာမြင်နေ ရတဲ့ ရေကို သောက်လို
့မရဘူးဖြစ်နေတယ်...”.
“..ကျွန်တော် ဒီဘ၀မှာ ဖိုးအောင် နဲ့ စန္ဒာ ဇာတ်လမ်းလေးကို ဒီနေရာ မှာပဲ ဇာတ်မြုပ်ခဲ့ ပရစေ ဆုမွန် ရယ်....”
အဲဒီအချိန်မှာ ဆုမွန်တစ်ယောက် ကျွန်တော် စကားလေးတွေ နားထောင်ရင်းကနေ
သက်ပြင်းတစ်ချက် အေးအေး လေးမှုတ်ထုတ်ပြီး စကားသံ ယဲ့ ယဲ့  လေးထွက်လာပါတယ်။
“...ကိုထူးအောင် နေရာက စဉ်းစားမယ်ဆို ရင်လည်း ဟုတ်တော့  ဟုတ်ပါတယ်နော်....ဒါပေမယ့် လင်းလင်း လေ အဲဒီ ဖိုးအောင် အပေါ်ကို ဘယ်လောက်
ထိသံယောဇဉ်ကြီးတယ်ဆိုတာကိုတော့  ဆုမွန် အသိဆုံးပါ ကိုထူးအောင် ရယ်.....”
ဆုမွန် အဲဒီလို ပြောနေချိန်မှာ ကျွန်တော် ရင် ထဲမှာ ခံစားချက်မျက်ရည်ချောင်းက တစိမ့် စိမ့် နဲ့ စီးဆင်းနေရပါတယ်။
“....ဒါပေမယ့်  ဆုမွန်ရယ် ကျွန်တော် ဘ၀နဲ့  လင်းလင်း ဘ၀က မိုးနဲ့ မြေလို ကွာခြားနေတယ်လေ....”
ကျွန်တော် နဲ့ လင်းလင်း ဟာဘယ်လို မှ မထိုက်တန်တော့ပါဘူး....သူနဲ့ ထိုက်တန်တဲ့ ကိုမျိုး ဟာ ကျွန်တော်ဘ၀ အတွက် ပေးဆပ်ရ ကြိုးနပ်တဲ

့လူတစ်ယောက်ပါ...ကျွန်တော့ ဘ၀လေးထဲကို လည်းလင်းလင်းကို မခေါ်ရက်ဘူး....“
“..ရှိပါစေတော့ လေ...အချစ်နဲ့ ပါတ်သက်ပြီး ကံကြမ္မာ ဖန်တီးသမျှကို ရင်စီးပြီး ခံပရစေတော့ ...ဆုမွန်ရေ.....”
“..ကိုထူးအောင်တို့  ဇာတ်လမ်း လေးက ဆုမွန် တောင် ဘေးကနေ ခံစားရတယ်...ဆိုတော့  ..ကာယကံ ရှင်ဖြစ်တဲ့  ကိုထူးအောင် အနေနဲ့ ဘယ်လောက်ခံစားရမလဲ ဆိုတာ ဆုမွံန်
နားလည်ပါ တယ် ကိုထူးအောင် ...”
“....ကျွန်တော် နောက်ဆုံး အနေနဲ့  တောင်းဆို ပရစေ ဆုမွန်....ကျွန်တော် ဖိုးအောင်ဆိုတာကို ဘယ်သူ့ ကိုမှ ဖွင့် မပြောပါနဲ့ နော်....နောက်တော့ 
ကိုမျိုး နဲ့ လင်းလင်း ကိုလည်း အမြန်ဆုံးလက်ထပ်ဖြစ်အောင်....ကူညီပေးပါ....”
ဒါပေမယ့်  ဆုမွန်ဆီကထွက်လာတဲ့ စကားလေးက....
“..ကိုထူးအောင်....ဆုမွန်ပြောမယ်နော်..ကိုထူးအောင် ရဲ့ အချစ်ကိုတော့ လေးစားပါတယ်.....”
“..ဒါပေမယ့် ...လင်းလင်း ကသူရှာနေတဲ့ ဖိုးအောင် ကို မတွေ့ မခြင်း ဘယ်သူ့ ကိုမှ မချစ်ဘူး ဘယ်သူ့ ကိုမှလည်း လက်ထပ်ခွင့် မပေးဘူးလို
့ဆုံးဖြတ်ထားတယ်....”
“....အဲဒါကြောင့် လည်း ကိုမျိုး ကို ကျောင်းပြီးအောင် စောင့်ပါလို့  မျှောထားတာလေ.....”
“..နောက်တော့ ...ကျောင်းပြီးရင်..လင်းလင်း နဲ့ ဆုမွန် နဲ့  ပုဂံ ကို ဘုရားဖူး အကြောင်းပြပြီး.....ဖိုးအောင် ရှိတဲ့ ရွာလေးကို သွားပြီး...ဖိုးအောင် ရဲ..
့အကြောင်းကို စုံစမ်းမယ်လို့  တိုင်ပင်ထားကြတယ်.......”
ကျွန်တော်လည်းဆုမွန် ရဲ့ စကား အဆုံးမှာ သက်ပြင်းတစ်ချက်ပြင်းပြင်းကို မှုတ်ထုတ်လိုက်ပြီး။
“..ဒါဆိုရင် ကျွန်တော် ဘယ်လိုလုပ်ရမလည်း .ဆုမွန် ..”
“..ကိုထူးအောင်....လင်းလင်း ကို တကယ် စွန့် လွှတ်နိုင်တယ်ဆိုရင်တော့ ...ဆုမွန် အကြံတစ်ခုပေးပရစေ...”အဲဒီအတိုင်းလုပ်ကြည့်ပေါ့ ...အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာကိုတော့  ဆုမွန် လည်း အတိကျ မပြောနိုင်ဘူးနော်....
ဒီလို့ နဲ့ ကျွန်တော်လည်း ဆုမွန်ပေးတဲ့ အကြံအစီတိုင်း ကျွန်တော် ရယ် ဖိုးကျော် ရယ် ဆုမွန်ရယ် သုံးယောက်ပေါင်းပြီး
လင်းလင်း ကို တစ်ခန်းရပ် ရုပ်ရှင်လေးရိုက်ဖို့ စီစဉ်လိုက်ပါတော့တယ်။

***********************
လင်းလင်း တစ်ယောက် အိပ်ခန်းထဲမှာ အလွမ်းမင်းသမီးတစ်ယောက် အလွမ်းနာကျပြီး ဖျားနေပါတော့ သည်။
အိပ်ယာဘေးက ခုံလေးပေါ်မှ လင်းလင်း ရဲ့ ဖုန်းလေး မြည်လာပါတော့ သည်။
လွမ်းဖျားဖျားနေတဲ့  အလွမ်းမင်းသမီး ရဲ့ အသံလေး ဖြည်းညှင်းစွာထွက်လာပါတော့ သည်။
...........ဟဲလို.....ဆုမွန်..ပြောလေ..
“..ဟဲ့...ကောင်မ...နင် လွမ်းဖျား ဖျားနေတာသိ လို့ ...အခု ငါ ဖုန်းထဲကနေ ဆေးပို့ ပေးလိုက်မယ်...အသေချာနားထောင်ထားနော်....”
“..နင်...အင်မတန်မှ ရှာနေတဲ့ ...ပုလဲ ပုတီးပိုင်ရှင် ကိုဖိုးအောင် ကို တွေ့ ခဲ့ ပြီ.....”
ဆုမွန် အဲဒီလို စကားစလိုက်တဲ့ အချိန်မှာပဲ လင်းလင်း တစ်ယောက် အိပ်ယာပေါ်မှ အမြန် ထိုင်ချလိုက်ပြီး။
အဲဒီအချိန်မှာ ဖျားနေတဲ့ လူတစ်ယောက် ပုံစံ မဟုတ်တော့ ပဲ အားရ၀မ်းသာစွာဖြင့် ။
“.....ဟဲ့ ..ဆုမွန် ..နင်တကယ် ပြောတာလား.......“
“...အမယ်လေး....ကောင်မ...အခုကျတော့ ..အသံကတမျိုးဖြစ်သွားပြီ.....”
“..ဟင်..ဆုမွန် ..နင်ငါ့ကိုနောက်နေတာလား....”
“....မနောက်ပါဘူး...ငါအတည်ပြောတာပါ...”.
အဲဒီအချိန်မှာ လင်းလင်း တစ်ဆက်ထဲ မေးလိုက်တဲ့စကားတွေက။
.....ဆုမွန်...ဘယ်သူလဲ
.................ဘယ်မှာလဲ
.................အခုတွေ့ လို့ ရလားဟင်..
“..အမယ်လေး.....ကောင်မ ...ဖြည်းဖြည်းပြောပါ.....ဘယ်လို့ ဖြစ်နေတာလည်း ..တွေ့ ရမှာပါ..ကို့ ကိုယ်ကို မိန်းကလေးဆိုတာကိုလည်း သတိထားအုံးလေ.......”
“....ဆုမွန်ကလည်း....နင် ငါ့ နေရာ ကနည်းနည်းနေကြည့်ပါ...”
“..ဒါနဲ့  ငါပြောတဲ့ စကားကိုဆုံးအောင်နားထောင်....”
“..မနက်ဖြန်မနက် ဆယ်နာရီ မှာ.....အင်းယားကန်ဘောင်က နင်ထိုင်နေကြ သစ်ပင်ကြီးအောက်က ခုံလေးမှာ ငါတို့ ချိန်းထားခဲ့ တယ်...နင်လည်း

ပုလဲပုတီးလေးကိုယူလာခဲ့ ....သူလည်း ပုလဲပုတီးလေးကို ယူလာ့လိမ့်မယ်..“...အဲဒီကျမှနင်တို့ ရဲ့ အတိတ်ကကြောင်းတွေ ပြောကြပေါ့ ဟာ......”
ဒီလိုနဲ့ ပဲ မနက်ဖြန်တွေ့ မယ့် ကိစ္စကို လင်းလင်း နဲ့ ဆုမွန် ဖုန်းနဲ့ ပဲ ချိန်းလိုက်ပါတော့သည်.။
ခုတော့ လင်းလင်း တစ်ယောက် ကမ္ဘာ မှာ အပျော်ဆုံးလူဆိုတာ သူ့ လောက်ပျော်မှာမဟုတ်တော့ပါဘူး။
ဒီညတော့  စောင့်ရမယ့် တစ်ညတာအချိန်က လင်းလင်း အတွက်တော့ တစ်လတာလောက်ထင်ရပါတော့ သည်။

အခု မနက် ကိုးနာရီ ပဲရှိသေးသည် သစ်ပင်ကြီးအောက်မှာ....အစောဆုံးရောက်ပြီး နာရီ လေးကြည့်ကာကြည့်ကာ ဖြင့် ထိုင်မရ ထမရဖြစ်နေသူကတော့ ....လင်းလင်း...
အော်..ဖြစ်သင့် ပါတယ်လေ...နှစ်နှစ်လလ ကသံယောဇဉ် ကြီးစွာဖြင့် မျှော်လင့်တမ်းတခဲ့ ရတဲ့ သူကို ဒီနေ့ စတွေ့ ရမယ်ဆိုတော့ လေ။
******************************************
အခု ဆယ်နာရီ ထိုးပြီးလို့ ငါးမီးနစ် မှာပဲ ကျွန်တော် ကန်ဘောင် သို့  ရောက်နေပါသည်။ကျွန်တော်တို့ နှစ်ယောက် ရဲ့ ဇာတ်လမ်း စိတ်ဝင်တစားနဲ
့သိချင်တဲ့  ဖိုးကျော် လဲ ပါလာပြီး ဆုမွန်လဲ ရောက်ရှိနေပါပြီ လင်းလင်း
ကိုတော့  အဝေးကနေ သစ်ပင်ကြီးအောက်က ခုံလေးပေါ်မှာ တွေ့ နေရပါပြီ။
အခုတော့  တစ်ခန်းရပ် ရုပ်ရှင် လေးကို ကျွန်တော် စရပါတော့ မည်.။

ကျွန်တော် တို့  ရဲ့  ရုပ်ရှင်ရိုက်မယ့်  အစီအစဉ်လေးကို စရပါတော့ မယ်။
လင်းလင်း ရှိ တဲ့  သစ်ပင်ကြီး အောက်ကို ပုလဲပုတီးပိုင်ရှင် ဖိုးအောင်
ေ ရောက်ရှိ သွားတဲ့ အချိန် မှာပဲ လင်းလင်း တစ်ယောက် ဖိုးအောင် ရဲ့ မျက်နှာ ကို
ေ သေချာစွာစိုက်ကြည့်ရင်းကနေ ထွက်ကျလာတဲ့ စကားလုံး သဲ့ သဲ့  လေးတွေ ကတော့ 
ဖိုးအောင် ရင်ကို တုန်လှုပ်စေခဲ့ ရပါတယ်။
“......ဖိုးအောင်...ရယ် ..ငါပြောချင်တာလေးတွေကို....အရင်ပြောပရစေ.....
နင်နဲ့ ငါနဲ့  တစ်နေ့ နေ့  တစ်ချိန်ချိန်မှာ ပြန်ဆုံကြမယ်ဆိုတာ ငါယုံကြည်ခဲ့ တယ်...”.....
အဲဒီလို လင်းလင်း ပြောနေတဲ့ အချိန်မှာ ဖိုးအောင်ဘက်ကလဲ စကားသံ သဲ့ သဲ့ လေးထွက်ရှိလာပါတယ်။
“....ဟုတ်ပါတယ် စန္ဒာ ရယ်....ငါလဲ နင့်လိုပါပဲ...ငါ ရန်ကုန် ကိုစရောက်တဲ့ နေ့ ကတိုင်....နင့်ကို ငါအမျိုးမျိုး ရှာကြည့်ခဲ့ တယ်..”
“...နောက်ဆုံးတော့  ကိုယ့်ကိုကိုယ်ပဲ စိတ်လျှော့ ခဲ့ ရတယ်.....ဒါပေမယ့်....”
“...နင်ပေးခဲ့ တဲ့ ပုလဲ ပုတီးလေးကိုတော့  ငါအခုချိန်ထိ သိမ်းထားဆဲ ပါ...စန္ဒာရယ်.....”
လင်းလင်း မှပြန်ပြောလိုက်တဲ့ စကားလေးကလည်း။
“...ဖိုးအောင်....နင်ကိုငါပြောခဲ့ တယ် မဟုတ်လား....”
“...ငါတို့ နှစ်ယောက် ဘယ်အချိန်အခါပဲ ရောက်ရောက်.....မမေ့ကြေးလို့ .....”
“...ဒီ....ပုလဲပုတီးလေးကြောင့်......ဒို့ နှစ်ယောက်ရဲ့ သံယောဇဉ် တွေ ပိုပြီးခိုင်မြဲခဲ့ ကြရတာပါ.....”
“..ဟုတ်တယ် မဟုတ်လား ဖိုးအောင်.....”
ဖိုးအောင်တစ်ယောက်လည်း...လင်းလင်း ရဲ့ မျက်နှာလေးကို ကြည့်ကာဖြင့် တည်ငြိမ်စွာနားထောင် ပေးနေပါတယ်။
လင်းလင်း လည်း စကားတွေ ရင်ဖွင့်ရင်းကနေ မျက်ဝန်းအစုံ မှမျက်ရည်များက မိုးတိမ်ညို့ ညို့  ကြီးရွာမလို ဟန်ပြင်နေသလိုပါပဲ။
“....တကယ်တော့ ငါနင်ရဲ့ ပုံကို ကြည့်ရတာ ...နင်..ငါလောက် သံယောဇဉ် မကြီးပါဘူး....”
အဲဒီစကားသံလေးကြားလိုက်တော့ မှ ဖိုးအောင်လည်းခေါင်းကလေးထောင်ကာဖြင့်။
“....မဟုတ်ရပါဘူးဟာ....”.
“....အခု..ငါပြောမယ့် စကားလေးကို ပြန်လည်ပြီးတော့ ..သေချာနားထောင်ပေးပါ...”
“.....ငါရန်ကုန်ကို စရောက် တဲ့ အချိန်ကတိုင် ...ငါ ဘုရင့် နောင်က ပွဲရုံ တစ်ခုမှာ အလုပ်လုပ်တယ်...”
“...ဒီလိုနဲ့ ပဲ ...ပွဲရုံပိုင်ရှင်ရဲ့  တူမ တစ်ယောက်နဲ့  အိမ်ထောင်ကျခဲ့ တယ်.....”
“..ဒါပေမယ့်...ရန်ကုန်မြို့  ကြီးမှာ လိပ်စာမသိ ဘာအဆက်အသွယ်မှ မရှိပဲနဲ့  လူတစ်ယောက်ကို ရှာဖို့ ဆိုတာ..
မလွယ်မှန်း ငါဒီရောက်မှသိခဲ့ ရတယ်.....”
“..ခုတော့ ...ငါလည်း...နင်ကို တွေ့ ခဲ့ရပြီး....နင်လည်းငါ့ကို တွေ့ ခဲ့ ရပြီ ဆိုတာလေးနဲ့ ပဲ...ငါကို ဖြေသိပ်ပေးပါတော့ ....”
“...ရော့ ...ဒီပုလဲပုတီးလေးကို...နင်ယူထားလိုက်ပါတော့ ....”
ဒီလိုနဲ့ ဖိုးအောင် မှ ပုလဲပုတီးလေးကိုပြန်ပေးလိုက်ပါသည်။
ခုတော့  လင်းလင်း ရဲ့  မျက်ဝန်း အစုံ မှ မျက်ရည်စက်ကလေးတွေဟာ ဖြူဖွေးတဲ့ ပါးပြင်မို့ မို့ လေးပေါ်မှာ စီးကျနေပါပြီ။ ဒီ ဇာတ်လမ်းကို
အရမ်းသိချင်ကျတဲ့ ပရိတ်သတ်များကတော့  ကန်ဘောင်က လက်ဘက်ရည် ဆိုင်လေးကနေ
  ခေါင်းလေးတွေ တမျှော်မျှော်နဲ့ ဖြစ်နေကြပါပြီ။
ဒီဇာတ်လမ်းလေးကို...ဒီနေရာမှာပဲ ဒီလိုလေး လင်းလင်း က ဇာတ်သိမ်းစကားပြောသွားပါတယ်။
“....ဖိုးအောင်....ငါကို ဒီနေရာ က ထွက်သွား ခွင့် ပြုပါတော့ ......”
ဒီလိုနဲ့ ပဲ လင်းလင်းတစ်ယောက် အဲဒီသစ်ပင်ကြီး အောက်ကနေ.....သူ့ ကားလေးရှိရာသို့ ခြေလမ်းများသွက်လက်စွာ လှမ်းကာဖြင့် ကန်ဘောင်မှ

ေ မောင်းထွက်သွားပါတော့သည်။
အဲဒီအချိန်မှာတော့  သစ်ပင်ကြီးအောက်က ဖိုးအောင် ရှိရာသို့  လက်ဘက်ရည်ဆိုင်ထဲ မှ ပွဲကြည့် ပရိတ်သတ် များထွက်လာပါတော့ သည်.။
“..........ဟေ့ ကောင်.....ထူးအောင်...ငါ မင်းခိုင်းသမျှကို ငါ မနည်းကြိုးစားပြီးလုပ်ခဲ့ ရတာ ...”
“..ငါ...လင်းလင်း..ကို ကြည့်ပြီး ...လုံးဝ စိတ်မကောင်းဘူးကွာ......”
အခုပြောလိုက်တဲ့  သူကတော့  တခြားမဟုတ်ပါ ကျွန်တော် တို့ ရဲ့  ရုပ်ရှင် ဇာတ်ကွက်ထဲ က ဇာတ်လိုက်မင်းသား ဖိုးအောင် အတု လို့ ဆိုရမှာပေါ့
။ဘုရင့်နောင် မှာနေတဲ့ ကျွန်တော်သူငယ်ချင်း ထွန်းဇော်ကိုခေါ်ပြီး အကူအညီ
ေ တောင်းခဲ့ ရခြင်းဖြစ်ပါတယ်။
ဆုမွန် နဲ့ ဖိုးကျော် ကတော့  လင်းလင်း ဘာကြောင့် ပြန်သွားတာလဲ ဘယ်လိုတွေ ပြောကြတာလဲ ဆိုတာကိုတော့ ထွန်းဇော် ကို မေးနေကြပါတော့ သည်။ထွန်းဇော် ကလည်း
အစအဆုံးပြောပြပြီးတဲ့ နောက် ကျွန်တော် ပခုံးလေးကို ကိုင်ကာဖြင့် ။
“.....ထူးအောင်...မင်းရဲ့  အချစ်ကို တော့  ငါ အရမ်းလေးစားတယ် ကွာ....”
“..ဒါ ပေမယ့် ...လင်းလင်း ကိုတော့  ငါစိတ်မကောင်း ဖြစ်မိတယ်ကွာ...”.
“.....အေး....အခုလို ငါကို ကူညီပေးတဲ့  အတွက် ကျေးဇူးပါပဲ ကွာ.....”
“....ခုတော့ ....ငါ...ဖိုးအောင်..ဆိုတဲ့ နှလုံးသား တွေကို ဒီ သစ်ပင်ကြီးအောက်မှာ မြုပ်ခဲ့ ပါပြီ ကွာ....”
“.....ငါ...မင်းတို့  သုံးယောက် ကို ပြောချင်တာကတော့...”
“....ငါ..ဖိုးအောင်ပါဆိုတာကိုတော့ ....ဒီဘ၀ ဒီတစ်သက်မှာ ဘယ်သောအခါမှ...လင်းလင်းကို ဖွင့် မပြော ကြပါနဲ့ ကွာ.....”
ဒီနေ့  ကတော့  ကျွန်တော်ရဲ့ နှလုံးသားတွေကို သံရည်ကြို စက်ထဲ ကို ထည့် လိုက်သလို ပူလောင်မူပြင်းထန်စွာဖြင့် ခံစားလိုက်ရပါသည်.။

***********************************
ကျွန်တော် တစ်ပါတ်လောက် အဆောင် မှာ ကြိတ်မှိတ်ခံစားပြီးနေကြည့်ပါတယ် မရပါ ။လင်းလင်း တစ်ယောက်လည်းကျောင်းမလာဘူးဆိုတဲ့ သတင်းကိုတော့ ကြားသိရပါတယ်

ဘာဖြစ်သွားလဲဆိုတာကိုတော့ ကျွန်တော်လည်းမသိရတော့ ပါ။ ကျွန်တော်
ေ ကျောင်းပြီးလို့ ရမယ့် ဘွဲ့ ကိုလည်းမလို ချင်တော့ ပါ ကျောင်းတက်လို
ြ့ မြင်နေရမယ့်  လင်းလင်း ရဲ့  မျက်နှာကို လည်းကျွန်တော် မှာ ကြည့် နိုင်မယ်
့ စွမ်းအားမရှိတော့ပါ။
ကျွန်တော် ရဲ့  မျှော်လင့်ချက် မရှိတဲ့ နေရာမှာ ကျွန်တော် မနေချင်တော့ပါ ခုတော့  ကျွန်တော် ရဲ့  ကျောကုန်းပေါ်က ကပ်လိုက်လာတဲ့ ဝတ်စား အိတ်နဲ့ အတူ
လင်းလင်း နဲ့ ဝေးရာသို့  ထွက်ခဲ့ ပါပြီ။ကျွန်တော်
အခုစော်ဘွားကြီးကုန်းအဝေးပြေးဂိတ်ကို သွားနေခြင်း ဖြစ်ပါတယ် ။ဖိုးကျော်
ကို လည်း အားလုံးရှင်းပြပြီး နုတ်ဆက်ပြီးခဲ့ ပါပြီ။ လင်းလင်း ဆိုတဲ
့စန္ဒာရေ....ဒို့ ကို ခွင့်လွတ်ပါတော့ ....။
**************
ဒီနေ့ ကတော့ ဆုမွန်တစ်ယောက် လင်းလင်း တစ်ပါတ်လောက် ကျောင်းမလာတာဖြစ်တဲ့ အတွက် လင်းလင်း ရဲ့ အိမ်ကို
လိုက်သွားခြင်း ဖြစ်ပါတယ်။အိမ်ရှေ့ ဧည့်ခန်းထဲမှာ ထိုင်နေသော လင်လင်းရဲ့  အဖေ မှ ဆုမွန် ကို နုတ်ဆက်လိုက်ပါသည်။
“.......ကဲ.... သမီး ရောက်လာတာနဲ့  အတော်ပဲ...သမီး ရဲ့ သူငယ်ချင်းကို အခန်းထဲ မှာ သွားကြည့်လိုက်ပါအုံး...
နေ မကောင်း ဖြစ်နေတာ ကြာပြီ...”
“..ဟုတ်ကဲ့ ပါ အန်ကယ် ဆို ပြီး ..ဆုမွန်လည်း လင်းလင်း ရဲ့ အခန်းထဲ ကို ၀င်သွားပါသည်။
လင်းလင်း တစ်ယောက် ပုလဲ ပုတီးလေး နှစ်ကုံး ကို ကိုင်ကာဖြင့် ကုတင်ပေါ်မှာ အိပ်ပျော်နေဟန်တူပါသည်။
.“........ဟဲ့ ....လင်းလင်း....ထလေ.....”
ဆုမွန် မှ နိုးလိုက်သောအခါ မျက်လုံးလေး ဖွင့်လာပြီး....
“.....အသံလေး သဲ့ သဲ့ ဖြင့် .....နင်ကလည်းအရမ်းနေ နိုင်တာပဲ နော်.....အခုမှ လာရတယ် လို့ .....”
“...အေးပါဟယ်....ငါတောင်းပန်ပါတယ်.....လင်းလင်း နေပါအုံး နင်က အခု ဘယ်လိုဖြစ်နေတာလဲ....”
“..နင့်ကို ငါပြောခဲ့ တယ် မဟုတ်လား....နင်ရှာနေတဲ့  ဖိုးအောင်က အခုဆိုရင် မိန်းမ တွေ ကလေးတွေ နဲ့ တောင် ဖြစ်နေလောက်ပြီ လို..
“....ဒါကိုလွမ်းမနေပါတော့ နဲ့ သူငယ်ချင်းရာ.....”
လင်းလင်း တစ်ယောက် မျက်ဝန်း မှ မျက်ရည် များ စီးကျနေရာကနေ
“....နင်သိတာက နည်းနည်း လေးပါ ဆုမွန်....ငါ အခု ကိုမျိုး နဲ့  ရှေ့ အပါတ် မှာ...စေ့စပ်ပွဲ လုပ်တော့ မယ် သိလား...”
“......လင်းလင်းကလည်း...ဟယ် ကိုမျိုး ကလည်း ..နင် ကို တကယ် ချစ်ရှာပါတယ်....”
အဲဒီလို ပြောလိုက်တဲ့ အချိန်မှာတော့  လင်းလင်း တစ်ယောက် ဆုမွန် ရဲ့ ရင်ခွင်ထဲ သို့ ခေါင်းကလေး ထိုးကာ အရှိုက် ကြီးတငင် ငို၍ ပြောနေပါတော့ သည်။
“......ဆုမွန် ...ငါ သူ့ ကို ချစ်လို့ မရဘူး.....သူ့ ကို ငါ လက်ထပ်ရမှာကိုလဲ ငါကြောက်တယ်....”
“.......မချစ် မနှစ် သက် သောသူနဲ့ ...တစ်သက်လုံး မနေပရစေနဲ ...ငါ့ကိုကူညီပါအုံး ..ဆုမွန်ရယ်...”
အဲဒီအချိန်မှာ ဆုမွန် တစ်ယောက် လင်းလင်း ကို ကြည့်ပြီး သနား သွားသည်။ဆုမွန်တစ်ယောက် တွေးနေတာကတော့....ငါ သူငယ်ချင်း ကို ခုလို
ြ ဖြစ်အောင် ငါပဲ လုပ်ခဲ့တာ......ဒီအချိန်မှာ ငါကနေ ဖိုးအောင် ဟာ

ကိုထူးအောင်ပါဆိုတာကို လင်းလင်းကို ပြောပြလိုက်ရင် လင်းလင်း ဘယ်လောက်များ
ဝမ်းသာမလဲ.။
ဘာပဲ ဖြစ်ဖြစ် သူခံစားနေရတာကို ငါ မကြည့်ရက်ထူး....ဆိုပြီး....။

...ဆုမွန် စဉ်စား ရာကနေ ကိုထူးအောင် ကို ပေးထားသောကတိ လင်းလင်း ကို မကြည့်ရက်၍ ဖျက်ရပါတော့မည်။
“...လင်းလင်း ရယ်...နင့်ရဲ့  မျက်ရည်တွေ သုတ်လိုက်ပါတော့ ...“
“....ငါအခုပြောပြမယ့် စကားကို နင့် ကိုပြောမပြခင် ငါ့ကိုခွင့်လွတ်ပါလို့ အရင်ဆုံးတောင်းပန်ပရစေ.....”
လင်းလင်း ဆုမွန် ရဲ့ စကားကိုကြားလိုက်တာနဲ့  ခေါင်းကလေးထောင်လာကာ ဆုမွန် ရဲ့  မျက်နှာကို စိုက်၍ကြည့်နေပါသည်။
“....ဟုတ်တယ် လင်းလင်း နင်အရမ်းတွေ့ ချင်နေတဲ့  ဖိုးအောင် ဆိုတာ ..နင့်ကို ဟိုနေ့ ကပေးတွေ့ ခဲ့တဲ့ လူဟာ ဖိုးအောင် အစစ်မဟုတ်ဘူး....”
အဲဒီလိုကြားလိုက်ရတော့ လင်းလင်း တစ်ယောက် အံ့သြ သွားသောဟန်ဖြင့်။.“...ဆုမွန်( ဘာ ),,,,ဘယ်လိုပြောလိုက်တယ်...”
.....အဲဒါကြောင့် ငါ့ကို ခွင့်လွတ်ပါလို့ နင့်ကို ကြို ပြီးပြောခဲ့တာပါ....
ဆုမွန်မှပြန်ပြောလိုက်သည်.။
“.....နင်တို့ မကောင်းဘူးဟာ...တော်တော် ရက်စက်ကြတာပဲ....ဒါဆိုရင် ဖိုးအောင် အစစ်ကဘယ်သူလဲ.....”
”....ဖိုးအောင် အစစ်က နင့်ရဲ့ ဘေးနားမှာ အနီးကပ်ရှိခဲ့ သောကိုထူးအောင်ပဲ.......”
လင်းလင်း ရဲ့ ပြင်းထန်စွာထွက်ရှိလာသောအသံတစ်ချက်က။.(....ဘာ,,..)...ကိုထူးအောင် ဟုတ်လား...
ကိုထူးအောင်...က လင်းလင်း ဘ၀လေးကောင်းစားဖို့ အတွက် ကိုမျိုး နဲ့ စွန်

့လွတ်နားလည်စွာပေးဆပ်သွားပါမယ်ဆိုတဲ့အကြောင်းတွေ နဲ့ ပါတ်သက်ပြီး ဒို
့အခုလိုလုပ်ခဲ့ ရတာပါ ဆိုတာကို လင်းလင်း နားလည်အောင်အားလုံး...
ရှင်းပြလိုက်ပါတော့သည်။
ကြေကွဲစွာဖြင့်ခံစားနေရသော လင်းလင်း တစ်ယောက် ဖြတ်လပ်တက်ကြွစွာ လန်ဆန်းလာပါတော့သည်။
“...........ဒါဆိုရင် ဆုမွန် ငါကိုထူးအောင်ကို တွေ့ ချင်တယ်....”
“..အေး....ပါဟယ်..နင်လည်းသိပြီးသွားပြီပဲ...မထူးတော့ပါဘူး..ဇာတ်ပို့ တစ်ယောက်လုပ်နေမှာတော့....
မင်းသားနဲ့ မင်းသမီး ဇာတ်တ်သိမ်းခန်းရောက်အောင် ပို့ ပေးရတော့မှာပေါ့...ဟယ်...ဒါပေမယ့် ကိုထူးအောင်ကို တွေ့ မှပဲ
သူ့ ကိုပေးထားတဲ့  ကတိဖျက်မိသွားတဲ့ အကြောင်း တောင်းပန်ရတော့မှာပဲ....”
ဒီလိုနဲ့  လင်းလင်း နဲ့ ဆုမွန် တို့ နှစ်ယောက် ခြောက်မိုင်ခွဲ က ထူးအောင် ရှိသောအဆောင်လေးဆီသို့  ကားကလေးနဲ့ ထွက်၍သွားပါတော့ သည်။
ဒါပေမယ့် ထူးအောင် တစ်ယောက် အဝေးပြေးဂိတ်ကြီးကနေ ထွက်ခွာသွားပြီလားဆိုတာကိုတော့ သူတို့ နှစ်ယောက်မသိရှာပါ။
အခု ကားလေးကတော့  ခြောက်မိုင်ခွဲက အဆောင်ဝန်းထဲသို့ ဝင်သွားပါပြီ ကားပေါ်မှဆင်းဆင်းခြင်းပဲ ဆုမွန်မှအော်၍ခေါ်လိုက်သည်။
“.....ကိုထူးအောင်...ကိုထူးအောင်...ကိုထူးအောင် ရှိပါသလား....”
အဲဒီအချိန်မှာ အပေါ်ထပ် မှထွက်ရှိလာတာကတော့ ဖိုးကျော် ဖြစ်ပါတယ်။
“......ဟာ....လင်းလင်း...တို့  ဆုမွန်တို့ ပါလား ...”.ဆိုပြီး အောက်သို့ ဆင်းလာပါသည်။
လင်းလင်း မှစ၍မေးလိုက်သည်။
“....ကိုဖိုးကျော်..ကိုထူးအောင် တစ်ယာက် ရော....”.
ဖိုးကျော်ကတော့ လင်းလင်း သိမှာဆိုးသောဟန်ဖြင့် ထူးအောင် သူ့ ရွာကို အလည်ပြန်မယ်ဆိုပြီး အခုလေးပဲ စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်သို
့ထွက်သွားပြီ ဆိုပြီး ဖိုးကျော်ပြောလိုက်တဲ့ အချိန်မှာတော့
လင်းလင်းနှင့်ဆုမွန်တို့ 
နှစ်ယောက် မျက်လုံးများပြူးသွားကာ အဲဒီအချိန်မှာနှစ်ယောက် ပြိုင်တူအော်လိုက်တာကတော့ ။
(.........ဘာ,,,),,,,အခုသူရွာကိုပြန်မှာလား.....လင်းလင်းသည် ကားပေါ်သို့ အမြန်တက်ခါ ကားစက်ကိုနိုးရင်းကအော်ခေါ်လိုက်သည်။
”.......ကိုဖိုးကျော်....ဆုမွန် ကားပေါ်အမြန်တက်....အဝေးပြေးဂိတ်ကို လိုက်မယ်လေ....”
ဆုမွန်ကတော့ ကြိုသိပြီးသားဆိုတော့ ကားပေါ်သို့ အမြန်တက်လိုက်တယ် ဘာမှ မသိပဲ ကြောင်တောင်တောင် ကြည့်နေတဲ့  ဖိုးကျော်ကို ဆုမွန် မှအော်လိုက်သည်။
“.....ကိုဖိုးကျော် ..ဘာလုပ်နေတာလဲ ....ကားပေါ်အမြန်တက်လေ.....”
ဖိုးကျော် တစ်ယောက်လည်း ယောင်လည်လည် ဖြင့် ကားပေါ်သို့ လိုက်ပါလာရပါတော့ သည်။လင်းလင်း ရဲ့ ကားလေးဟာ ခြောက်မိုင်ခွဲ ကနေ ပြည်လမ်းဘက်သို့ ထွက်ကာ

အဝေးပြေးဂိတ်ရှိရာသို့ အရှိန်ပြင်းစွာမောင်းထွက်လာပါတော့သည်။
ကားပေါ်ရောက်မှ ဆုမွန်က ဖိုးကျော်ကို လင်းလင်း သိသွားပြီ ဆိုတဲ့ အကြောင်း ရှင်းပြပါတော့ သည်။အဲဒီအချိန်ကြမှ ဖိုးကျော် တစ်ယောက်လဲ ရင်သက်ရှု
့ေ မောစွာဖြင့် ထူးအောင်ကို မှီပမလားဆိုပြီးစိတ်ပူလာပါတော့သည်။
သူတို့ သုံးယောက် နာရီလေးတွေ ကြည့် ကာ ကြည့်ကာ ဖြစ်နေပါတော့သည်။အခုဆိုရင် အချိန်ကတော့  ညနေ လေးနာရီ ခွဲ ကျော်ကျော် ဖြစ်နေပါပြီ အဲဒီအချိန်မှာ
ကားမောင်းရင်း လင်းလင်း မှ ဖိုးကျော်ကို မေးလိုက်ပါသည်။
“.....ကိုဖိုးကျော် ....ကိုထူးအောင် တို့ နယ်ကားတွေ ကဘယ်နှစ်နာရီ ထွက်တာလဲ....”
“......ဟိုတစ်ခါ ကျွန်တော် လိုက်ပို့ တုန်းကတော့  ငါးနာရီ ထွက်တာ လင်းလင်း....ဖိုးကျော် စကားကို ကြားလိုက်သောအခါ
လင်းလင်း တစ်ယောက် ပို၍စိတ်ပူလာသောဟန်ဖြင့် ။
”.......ဒါဆိုရင် ..ဆယ့်ငါးမီးနစ် ပဲလိုတော့တာပေါ့.....”
သူတို့  သုံးယောက်လုံး ရင်တထိတ်ထိတ် ဖြင့် မမှီမှာစိုးရိမ် နေကြပါတော့သည်။
အခုဆိုရင် ကားလေးဟာ ရှစ်မိုင်မီးပွိုင့် မိနေခြင်းဖြစ်ပါသည်။လင်းလင်းမှ တက် တစ်ချက် ခေါက်ကာဖြင့် ။
(........တောက်,,.)...အရေးထဲမှာ မီးပွိုင့် ကလာမိနေပြန်ပြီ......”
မီးပွိုင့် ဟာ သူ့ ရဲ့  ပုံမှန်အချိန် နုံးနဲ့ နီ နေတာကို သူတို့ သုံးယောက်ရဲ့ စိတ်ထဲမှာတော့ အရမ်းကြာသည်လို့  ထင်နေရသည်။အခုဆိုရင် နာရီ
ကလည်းထူးအောင်ရဲ့  နယ်ကားထွက်မယ့် အချိန်တွက် ငါးမီးနစ်ပဲ ကျန်ပါတော့တယ်။
လင်းလင်းတို့ ရဲ့ ကားလေးကတော့ အဝေးပြေးဂိတ်ဝင်ပေါက်သို့ ရောက်နေပါပြီ ဂိတ်ဝမှာ ကားများဂိတ်ဝင်ကျေးကောက်ခံရာ ဖြစ်တဲ့ အတွက် ကားများ
တန်းစီနေတဲ့ အချိန်မှာတော့ ...လင်းလင်းရဲ့ စိတ်ပူသောဟန်ဖြင့်
အသံလေးထွက်လာပါပြီ။
“......ကိုဖိုးကျော်...ကားပေါ်ကဆင်းပြီး သူ့ ရဲ့ နယ်ကားဂိတ်ကို အရင်သွားရှာပေးပါ....”.
ဖိုးကျော် တစ်ယောက်လည်း လင်းလင်းရဲ့ စကားအဆုံးမှာပဲ ကားပေါ်မှ အမြန်ဆင်းပြီး ဂိတ်ဝင်ကျေးပေးရန် တန်းစီနေသော
ကားကြို ကားကြားမှ ဂိတ်ဝန်းအတွင်းသို့  ထူးအောင်ကို မှီရန်အတွက်ပြေးဝင်သွားပါတော့သည်။
..လင်းလင်း တို့ ကားလေးသည် ဝေးပြေးဝန်းထဲ သို့ ဝင်သွားပါပြီ ဖိုးကျော်တစ်ယောက်လည်း ထူးအောင်ကို ရှာနေတာဖြစ်ပါသည်။ ထူးအောင်ရဲ့  နယ်ကားဂိတ် ဖြစ်တဲ့  ရွှေမန်းသူ
ကားဂိတ်ရှေ့ သို့ ရပ်နေစဉ်
ဖိုးကျော်ရောက်လာပြီး.........
“.......လင်းလင်း.. ငါလဲ ရှာတာ နေရာစုံနေပြီ.....မတွေ့ ခဲ့ ဘူး....”
“.....ဒါဆိုရင်...ဘယ်လို လုပ်မလဲ ကိုဖိုးကျော်......”
အဲဒီအချိန်မှာ ဆုမွန်မှဝင်ပြောလိုက်သည်။
“.......အခုချိန် ကတော့  ကားတွေ ကအားလုံးထွက်သွားပြီးကုန်ပြီ...”
“....ဆုမွန်က ငါအကြံပေးမယ် ဒီလိုလုပ်ပါလား...မနက်ဖြန်ကျမှ ကိုဖိုးကျော် ကိုထူးအောင်ရဲ့ ရွာကို လိုက်ခိုင်း လိုက်လေ...”
“...အေး...ဟုတ်တယ်...လင်းလင်း မနက်ဖြန်ကြရင် ငါ သူ့ ရွာကို လိုက်သွားပေးမယ်....”
ဒီလိုနဲ့ ပဲ သူတို့ သုံးယောက် စိတ်လျှော့ ကာ ကားဝန်းထဲမှ ပြန်ထွက်လာကြပါတော့ သည်။ထူးအောင် ရှာပုံတော် အစီစဉ်ကတော့ မနက်ဖြန်
ဖိုးကျော်ကို လင်းလင်း မှ လိုအပ်သလောက် ငွေ ထုပ်ပေးပြီး ဖိုးကျော်ကို
ထူးအောင်ရဲ့ ရွာကိုလိုက်ခိုင်းမှာဖြစ်ပါတော့ သည်။


**************


ကျွန်တော်ရင် ၌ တစိမ့်စိမ့် ကြေကွဲ ပြီး ခံစားနေရတဲ့ ဝေဒနာတွေ
ပြေပျောက်ဖို့ အတွက် သူနဲ့ ဝေးဆုံးတစ်နေရာကို ထွက်သွားရပါတော့ မည်။ကျွန်တော်
စိတ်ကို့ လွတ်လပ်မူ ရမယ့် တစ်နေရာမှာ တစ်ဖြည်းဖြည်းနဲ့ မေ့ပျောက်ပစ်ရတော့မယ်လေ။
“.....လင်းလင်း ဆိုတဲ့  စန္ဒာရေ....မင်းမရှိတဲ့  ကမ္ဘာ တစ်ချမ်းမှာအလွမ်းမင်းသားအဖြစ်နဲ့ ငါ့ရဲ့ ဒဏ်ရာတွေ ဆေးကြောဖို့ အတွက်
ထွက်သွားပါပြီ.....ဒီဘ၀မှာ ဒီကံ ကြမ္မာက ဒီလိုဖြစ်ဖို့ ဖန်တီးပေးတယ်လို့ ပဲ
မှတ်ပါ....မင်းရှိတဲ့  ကမ္ဘာကနေ ...အလင်းမရှိတဲ့ အမှောင်ကမ္ဘာကို ငါတစ်ယောက်ထဲ
သွားပရစေတော့ ..ခံစားချက်ဝေဒနာကို ၀န်ထုပ်တစ်ခုလို ငါ မထမ်းနိုင်တော့ လို့ပါ.။
..မင်းရဲ့ ရှေ့ ဆက်မယ့် ဘ၀ခရီးလေး ထာဝရ ပျော်ရွှင်ချမ်းမြေ့ စွာ

ေ လျှောက်လမ်းသွားနိုင်ပါစေလို့ ဆုတောင်း ပေးခဲ့ ပါတယ်..........
ဒါတွေကို တွေးနေတဲ့ အချိန်ကတော့  ကျွန်တော် ဟိုက်ဝေး ကားကြီးရဲ့  အပေါ်မှာပါ ..အခု ကျွန်တော် သွားနေတာကတော့ မြ၀တီ
ကိုပါ...သူငယ်ချင်းတစ်ယောက်ရဲ့  ဆက်သွယ် ကူညီမူဖြင့် ထိုင်းနိုင်ငံ ကို
ထွက်သွားမယ့်အစီ စဉ်ပါပဲ။**********************************
ကျွန်တော်...ထိုင်းနိုင်ငံ ကိုသုံးနှစ်ခွဲ လောက်ခြေရာဖျောက်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့  ဒဏ်ရာတွေလည်းပေါ့ ပါးလာခဲ့ပါပြီ စိတ်တွေလည်း တဖြည်းဖြည်းနဲ့ 
အသစ်စနိုင်ခဲ့ ပြီ... အခုဆိုရင်တော့ လင်းလင်းတစ်ယောက်လည်းကိုမျိုးနဲ
့အိမ်ထောင်တွေ ကျပြီး သူ့ ဘ၀လေး အဆင်ပြေနေလောက်ပါပြီ..အားလုံးနဲ့ လည်း
အဆက်သွယ်တွေ ဖြတ်ခဲ့ တယ်လေ.. ကျွန်တော်ကို ကူညီပေးခဲ့ ကြသော ဖိုးကျော် တို
့ ဆုမွန် တို့ လည်းအခုဆိုရင်ကျောင်းတွေ ပြီးလို့  အိမ်ထောင်တွေပဲ ကျနေပြီလားမသိတော့ ပါ...။
အားလုံးဟာ အစစအရာရာ ပြောင်းလဲနေကြပြီ ထင်ပါတယ်...နှလုံးသားကဒဏ်ရာတွေကတော့ ပေါ့ ပါးလာခဲ့ ပေမယ့် သူငယ်ချင်းတွေ

အားလုံးကိုတော့ မမေ့နိုင်ခဲ ပါ။


အခုကျွန်တော် မြန်မာပြည်ကို ပြန်ရောက်ခဲ့ ပါပြီ...သုံးနှစ်တာကာလရဲ့  ခွဲခွာခြင်းက ကျွန်တော်အတွက်တော့  တော်တော်လေး အချိန်နှောင်းခဲ
့သလိုပဲ...ဖိုးကျော် ကို ဆက်သွယ်ဖို့ အတွက် အကူညီရခဲ့ တာကတော့ တစ်ချိန်က
ကျွန်တော်ကို ဖိုးအောင်အဖြစ်နဲ့ ကူညီပေးခဲ့ တဲ့ ဘုရင်နောင်က ထွန်းဇော် ဆီကပါပဲ....။
အခုကျွန်တော် ဖိုးကျော်နေတဲ့ မြောက်ဒဂုံ ၄၇ ရပ်ကွက်ကို လိုက်သွားပါပြီ...
ဖိုးကျော် တို့ ရဲ့  အိမ်ရှေ့  တံခါးမှာ ခေါင်းလောင်းလေး ချိတ်ထားတာ ကိုတွေ့ လိုက်ရပါပြီ... ကျွန်တော်ခေါင်းလောင်းလေးကို လှုပ်လိုက်တဲ
့အချိန်မှာပဲ အိမ် တံခါးဖွင့်ပြီးထွက်လာသူကို တွေ့ လိုက်ရတော့ ကျွန်တော်
အရမ်းအံ့သြ သွားပါတယ်...သူ ကလည်းကျွန်တော်ကိုတွေ့ လိုက်ရတော့
အရမ်းအံ့သြသောဟန်ဖြင့် ........
.“...............ကိုကျော်ရေ..ကိုကျော်ရေ ...အော်ခေါ်ပြီး.......”
“...ဒီမှာ ကိုထူးအောင် ရောက်နေတယ်......အဲဒီအချိန်မှာ ဖိုးကျော်လည်းအတင်းထွက်လာဟန်ဖြင့် ...”
ကျွန်တော်ကို တွေ့ လိုက်တော့ ....အရမ်းဝမ်းသာသွားသောဟန်ဖြင့် ...
“....ဟာ ထူးအောင် လာကွာ အိမ်ထဲ ၀င်...”
ဒီလိုနဲ့  အိမ်ရှေ့ ကဧည့်ခန်းလေးမှာထိုင်ပြီး ကျွန်တော်ကပဲ စကားစလိုက်ပါတယ်...မင်းတို့ ကဘယ်လိုဖြစ်ရတာလဲ...
”....ဟ..မင်းကလဲ ဇာတ်လိုက် မင်းသား မင်းသမီး မပေါင်းရတဲ့ ဇာတ်လမ်း ငါတို့ ဇာတ်ပို့ တွေကပေါင်းလိုက်တာပေါ့ ကွာ...”
သူတို့  ဇနီးမောင်နံ လေးကတော့  ဖိုးကျော်နဲ့ ဆုမွန်ပါပဲ ..ကျွန်တော် လင်းလင်း အကြောင်းကို မမေးပါ...ကျွန်တော်မမေးတော့ လည်းသူတို့ ပြောလာလိမ့်
မယ်ဆိုတာကြိုသိပါတယ်......သူတို ပြောလာမယ့် စကားကို လည်း ကျွန်တော်
ကြိုသိပြီးသားပါ ..လင်းလင်း ကတော့ အခုဆို ကိုမျိုးနဲ့  အိမ်ထောင်ကျ
ပြီးလို့ ပြည့် ပြည့် စုံစုံ နဲ့ ပျော်မွေ့ နေကြပါပြီ...ဒီလိုပဲ လာမှာပါ...။
အခုလို စတွေ့ ချိန် ပျော်ရွှင်ခြင်းလေးပြီးသွား တော့ သူတို့  နှစ်ယောက် ရဲ့ မျက်နှာလေးတွေ က ကျွန်တော်ကို စိုက်ကြည့် ပြီး..မျက်နှာလေး တွေ တမျိုး

ဖြစ်သွားကြပါတယ်....။
အဲဒီ အချိန်မှာ ဖိုးကျော်က စလာတာကတော့  “... ဟေ့ ကောင် ကဲ မင်းကို စပြီး ငါပြောတော့ မယ်...မင်းကမင်းအတွေးမင်းတစ်ဖက်သပ်နဲ့ မင်းလုပ်ချင်တာတွေပဲ
မင်းလုပ်သွားတာ...မင်း ဟာဖိုးအောင်ပါဆိုတာ မင်းစထွက်သွားတဲ့ နေ့ မှာပဲ
လင်းလင်း သိသွားတယ်....”
ကျွန်တော် အဲဒီစကားကို ကြားလိုက်ရတော့ အရမ်းတုန်လှုပ်သွားတယ်။
(......ဘာ,,,) ဖိုးကျော် မင်းဘယ်လိုပြောလိုက်တယ်..”
“..အေးဟုတ်တယ် ဆိုပြီး...ဖိုးကျော်နဲ့  ဆုမွန်တို့ နှစ်ယောက်သည် ကျွန်တော် ရွာထိ သွားပြီးရှာခဲ့ ရတဲ့ အကြောင်း ..အကြောင်းစုံ အားလုံးကို
ရှင်းပြကြပါတော့သည်။
ကျွန်တော် ခေါင်းတွေ ပူထူလာပါပြီ ဘာကိုမှ မကြားချင်တော့ပါ ..ဒဏ်ရာဟောင်းကို အဆိပ် ရှိတဲ့ ဓားနဲ့ များ စွ နေကြတာလား..
နောက်ဆက်လာတဲ့  စကားလေးကို ကြားလိုက်ရတော့ ...ကျွန်တော် ရင်မှာတလတ်လတ်နဲ့ တုန်လှုပ်ပြီး ရင်ကွဲမတတ်
ခံစားလိုက်ရပါတော့သည်။******************************
.ထူးအောင်...လင်းလင်း တစ်ယောက် လူဘ၀ထဲက ထွက်သွားခဲ့တာကြာခဲ့ပါပြီ...မင်းကိုမတွေ့ ရတဲ့ နောက်ပိုင်း မစားမသောက်

တမြေ့ မြေ့  ခံစားပြီးသုံးလလောက်ကြာတော့ ဆေးရုံကို တင်လိုက်တော့
အချိန်တွေနောက်ကျသွားခဲ့ပြီး
ဒီဘ၀ထဲကစွန့် ခွာသွားခဲ့ တော့ တာပဲ.........................။

...................ရော့ သူငယ်ချင်း ဒီမှာ လင်းလင်း ထားခဲ့ တဲ့ စာနဲ့ ပုလဲ ပုတီးလေးနှစ်ကုံး......
.....................




..........ဖိုးအောင် နင်ကို ငါ အရမ်းချစ်တယ်...
.........နင်ငါ့ကို ပေးဆပ်ခဲ့ တာ ..အချစ်မဟုတ်ဘူး...
.........ငါလိုချင် ခဲ့ ဆုံးအရာက နင်ဆီက အချစ်တစ်ခုထဲပါ...
.........နင့်ရဲ့ ပေးဆပ်ခြင်းဆို တဲ့  အချစ်က ...ငါကောင်းစားဖို့ ဆိုပြီ...
.........နင်ယူဆခဲ့ တယ်မဟုတ်လား...
.........အေး အဲဒါတွေကတော့ ..
.........နင်ငါ့ကို အဆိပ်တစ်ခွက် နဲ့ လောင်းသတ်ခဲ့ လို့ 
........ငါအခုသေခဲ့ ရပါပြီး......ဖိုးအောင်..ရယ်.....
*************


ကျွန်တော် ဒီစာကို ဖတ်နေတဲ့ အချိန်မှာ ကျွန်တော် မျက်ဝန်းအစုံက မျက်ရည်များဟာ...လင်းလင်းရောက်နေတဲ့ နောက် ဘ၀ဘုံ တစ်ခုထိ

စီးဆင်းခဲ့ရပါတော့ သတည်း။
**********************************************************************************************************
ပြီးပါပြီ..    

   မောင်လွမ်းဆု.....

Friday, July 11, 2014

ဒဏ်ရာတစ်ခုရဲ့ လျှော်ကြေး ဇာတ်သိမ်းပိုင်း...

ကံတရား က ဖန်တီးလာသမျှ ဘ၀ကို အရူံးပေးလိုက်ခြင်း ဒါဟာ အမှားတစ်ခု ဖြစ်လာလိမ့်မယ်လို့  မမျှော်လင့်ပဲ ဖြစ်ခဲ့ရတာလား။
ညီမ တစ်ယောက်အတွက်နဲ့ လက်စားချေ အနိုင်ယူချင်စိတ်တွေနဲ့ လုပ်ချင်တာကို လုပ်ချလိုက်မိတဲ့  ရှိုင်းထက်..။

မေတ္တာတရားကို ရှေ့ တန်းတင်ပြီး ချစ်စစ်ချစ်မှန်နဲ့  ချစ်ခဲ့ ရတယ်။ သံယောဇဉ် ကြိုးမျှင်တွေ ရစ်ပတ်ပြီးမှ နှလုံးသားမှာ
ဒဏ်ရာတစ်ခုနဲ့ ကျန်ခဲ့ ရတယ် ။အသုံးချခံ အိမ်ထောင်တစ်ခုဆိုတာ မသိလိုက်ရသော သူမ ဒေါ်ချယ်ရီ..။
အခုတော့  ရှိုင်းထက် ရှိတဲ့  ရွာကလေးကို လိုက်သွားဖို့  လုပ်နေရပါပြီ။
ဆရာမ နဲ့ ဒေါ်ချယ်ရီ ရှိုင်းထက် ရှိတဲ့ ရွာလေးကို ထွက်လာခဲ့ ကြပါပြီ။
ကလေး တစ်ယောက်ရခဲ့ ပြီးပေမယ့် လက်စားချေပြီးထွက်သွား ခဲ့ တဲ့ ရှိုင်းထက် ကို မသိခဲ့ တဲ့ ဒေါ်ချယ်ရီ ရဲ့ ရင်ထဲမှာတော့ အခုချိန်ထိ ရှိုင်းထက်ကို
စွဲလန်းတမ်းတနေဆဲပါ။

ဒီနေ့ တော့ ဗိုလ်ရှိုင်းတစ်ယောက် ရွာထိပ်က ဇရပ် ပေါ်မှာ အရက်တစ်ပုလင်း နဲ့ တစ်ယောက်ထဲ စစ်ခင်းနေပါတော့ သည်။
.......အို...အသင်လောက...အသင်လောက...
.......ငါ့ ကို အသင်သဘောမကျ တော့ဘူးလား....
......သင်သဘော မကျရင်နေ...
.......ငါ အမြင်ပြောရရင်တော့ ...
.......ရင်မောရပါဘိ အသင်လောကရေ...
.....မင်းတို့ လုပ်ချင်တာလုပ်...ငါ့ကိုတော့ ..
......ထမင်းတစ်လုတ်စားရအောင်လုပ်...
.....အခုတော့ မနုဿ ဒေ၀ီ ကြောင့် ..
.....ငါ ဒုက္ခရေကြည် သောက်နေရပြီ...
....ဟားဟားဟား.....
လို အော်ပြီး ဇရပ် ပေါ်မှ ဆင်းကာ သင်္ချိုင်း ရှိရာအရပ်သို့  ဗိုလ်ရှိုင်းတစ်ယောက် ပြေးထွက်သွားပါတော့သည်။
ရွာကလူတွေကတော့ ဗိုလ်ရှိုင်း တစ်ယောက် ဒီအတိုင်းတာသွားနေရင်တော့ မကြာခင်အရိုးထုပ်ရတော့မယ်ဆိုပြီး ပြောနေကြပါတော့သည်။


ဗိုလ်ရှိုင်း ခေါင်းငိုက်စိုက်နဲ့  အရက်ဆိုင်ထဲဝင်လာပါပြီ။
...ဟ ဘော်ဘော်ကြီး...လာဗျာ...ဒီမှာထိုင် အရင်သောက်လိုက်အုံး တစ်ခွက်လောက်.....
အရက်ဆိုင်ထဲက လူတွေ နုတ်ဆက်နေပါတော့ သည်။
..မင်း မူးတာလဲ မူး ရူးတာလဲ ရူးပေါ့ ...ကိုယ့်ကို ကိုယ် ပြန်ကြည့်အုံး...
..အရိုးနဲ့ အရေပဲ ရှိတော့ တယ်...ဗိုလ်ရှိုင်းရ.....
...ဘာဗျ...ကျုပ်ကို ခင်များတို့ သေကာနီးပြီ လို့ ဆိုတာပေါ့ ...
ဟားဟား.လို့ ရယ်ပြီး.. ဗိုလ်ရှိုင်း ဆက်၍ပြောနေပါတော့ သည်။
...ဘယ်အရာမှ မမြဲဘူးဆိုတာ ခင်များတို့ မသိဘူးလား...
..သင်္ခါရတရား ကိုခင်များတို့ သိမှာပါ...
...ဟ ဒီနေ့ တော့ တရားအကြောင်း စနေပြီဟ...ကဲဆက်ပါအုံး ဗိုလ်ရှိုင်းရ...
အရက်ဆိုင်ထဲကလူတွေ လဲ ဗိုလ်ရှိုင်းရောက်လာပြီဆို ဗိုလ်ရှိုင်းပြောတာတွေပဲ သဘောကျ နေကြသည်.
....ခင်များတို့ မှတ်ထား.. သင်္ခါရ ပျက်တတ်တဲ့ သဘောရှိတယ်...
...ဘာမှမမြဲဘူး ဒုက္ခ သစ္စာ တရားပဲ...
....ဟဟ..တော်ပါတော့ ဗိုလ်ရှိုင်း ရာ အရက်ဆိုင်နဲ့  အဲဒီစကားနဲ့ မလိုက်ပါဘူး...
ဒီလို နဲ့  ဗိုလ်ရှိုင်းတစ်ယောက် အရက်ပုလင်းခါးထိုးပြီး ရွာလမ်းမလျှောက်လာပြီးသူအော်ချင်တာလျှောက်အော်နေပါတော့သည်။
.....နေညိုမှာ လေချိုသွေးပြီ ဟေ့....
.....အာလူး လဲမစားဘူး...
.....နှာဗူးလဲမများဘူး..
...ရွာအထူးကဲကာလျှောက်လိုက်ရင်တော့ ...
...ငါဒူးကွဲမှာသေချာတယ်...
...နွေအခါမှာ ယိမ်းလေတဲ့  သစ်ကိုင်း...
....သွေခွါကာ စိမ်းလေတဲ့ အချစ်မှိုင်း.....
ဟဟဟ ဗိုလ်ရှိုင်း ကွ.. ကြောက်တဲ့ ကောင်ထွက်ခဲ့ ....
...မိုက်တဲ့ ကောင် မထွက်ခဲ့ နဲ့ ....
ဆိုပြီးအော်နေချိန် ရှေ့ ကထွက်လာသူက ရွာသူကြီး...
...ဟေ့ကောင် ဗိုလ်ရှိုင်း ရွာလမ်းလျှောက် ဘာတွေ လျှောက်အော်နေတာလဲ....
...မင်းတော့ ထိပ်တုံး ခတ်ထားရင် ကောင်းမယ်..
ဘာဗျ.... ထိပ်တုံး...ဟုတ်လား.. ကျုပ်ထိပ်တုံးခတ်ရင် သူကြီးကျုပ်ကို ထမင်းကျွေးရမှာ မကြောက်ဘူးလား..
...ဟဟ ကျုပ်ကတော့ ခတ်လေကြိုက်လေပဲ...
သူကြီးလဲခေါင်းကုတ်ပြီး။
...ကဲ မင်း သွားသွား အိပ်တော့ ...ရွာလမ်းမကြီး လျှောက်အော်မနေနဲ့ ...
ဟဟ...သူကြီး ထမင်းကျွေးရမှာ ကြောက်ပြီး ကျုပ်ကို ထိပ်တုံးမခတ်တော့ ဘူးတဲ့ ဗျို့ ........
လို့  အော်ပြီး ရွာအပြင်ဘက်တိုင် ထွက်ပြေးသွားပါတော့သည်။
************************************************

ဒီနေ့ တော့ မြို့ က ဆရာမလေးနဲ့ ဒေါ်ချယ်ရီတို့  ရွာကို ရောက်လာပါပြီ ။
ရောက်ရောက်ခြင်းပဲ ဆရာမက သူကြီး အိမ်အရင်သွားပြီး ။
ဗိုလ်ရှိုင်းကို မေးပါတော့ သည်။
...ဆရာမလေး ပြန်လာတာမြန်လှပြီလား...ရွာလူကြီးက နုတ်ဆက်လိုက်လိုက်စဉ်။
...ဦးလေး ဗိုလ်ရှိုင်း မတွေ့ မိဘူးလား...
...မနေ့ က တော့ ငါနဲ့  ရွာလမ်းမ ခဏတွေ့ လိုက်တယ်...ဒီနေ့ တော့ မမြင်သေးဘူး...
ေ ဒေါ်ချယ်ရီ လဲ ဆရာမနောက်ကနေ သူကြီးပြောတာကြားပြီး ရင်တစ်ထိတ်ထိတ် ဖြစ်သွားပါတော့ သည်။
ဒီလိုနဲ့  ဆရာမတစ်ယောက် ရွာကလူတွေ တစ်ယောက်ပြီးတစ်ယောက် လိုက်မေး ဘယ်သူက မှ မတွေ့ ဘူးဖြစ်နေကြပါသည်။
ေ နောက်ဆုံး အရက်ဆိုင် ထိသွားရှာတော့ လဲ အရက်ဆိုင်ထဲကလူတွေ က လဲ ဒီနေ့ တော့ မလာသေးဘူးလို့ ပြောလိုက်ပါသည်။
ဒီလိုနဲ့ ရွာကလူတစ်ယောက်က ဆရာမကို လာပြောပါတော့ သည်။
.....ဆရာမ ဗိုလ်ရှိုင်း က တစ်ခါတစ်ခါ သင်္ချိုင်း ကုန်းကို သွားသွားပြီး အိပ်တတ်တယ်...အဲဒီလိုက်ကြည့် ပါလား..
ေ ဒေါ်ချယ်ရီ လဲ သက်ပြင်းတစ်ချက်မှုတ်ထုတ်ရင်း
....မိခင် ဒါဆိုလဲ သချိင်္ုင်းကုန်းကို လိုက်သွားရအောင်...
ဆရာမနှင့် ဒေါ်ချယ်ရီတို့ သင်္ချိုင်းကုန်းကို လိုက်သွားကြပါတော့ သည်။
ရွာထဲ ကလူတွေ ကတော့  ဆရာမနဲ့ ဒေါ်ချယ်ရီကို စိတ်ဝင်စားနေကြသည်။
...ဘာဖြစ်လို့  ဆရာမ ဒီအရက်သမား ကို ဒီလောက်ရှာနေပါလိမ့်...
လို့  ရွာထဲက လူတွေ အချင်းချင်း ပြောနေကြပါတော့ သည်။


************************************
......အမေ ကျုပ်ကို လာကြည့်ပါအုံး....
...ညီမလေး နင်လဲငါ့ ကို လာကြည့်ပါအုံး....
...အမေ ကျုပ်ဘ၀ ရေလယ်မှာနေကွယ်နေပြီ...
...သေဖွယ်ရာပဲ ရှိပါတော့ တယ်.....
....ညီမလေး ရဲ့  တာဝန်ကို ကျေအောင် လုပ်နိုင်ခဲ့ ပေမယ့်...
...အမေ့ ရဲ့ တာဝန်ကိုတော့ ငါမကျေခဲ့ ဘူးဟာ....
...အမေ ကျုပ်ကို တမလွန်ကနေ ခွင့်လွတ်ပါ...
..ညီမလေးနင်ကလဲ ငါ့ ကို တမလွန်ကနေ ကျေနပ်ပေးပါ.....
...ငါဘ၀ ဒီမှာပဲ အဆုံးသပ်ပရစေတော့...
ဗိုလ်ရှိုင်း တစ်ယောက် မျက်ဝန်းမှ မျက်ရည်များလဲ စီးကျနေရင်း တစ်ညလုံး သူအမေနဲ့ သူ့ ညီမလေးရဲ့ အုတ်ဂူကြားမှာ
အိပ်နေရင်းနိုးလာ၍ ဒီစကားများကို ပြောနေချိန်မှာပဲ။ ဆရာမနှင့် ဒေါ်ချယ်ရီ တို့ နှစ်ယောက် နောက်က ရောက်လာခြင်း
ဖြစ်ပါတော့ သည်။
ဒေါ်ချယ်ရီ တစ်ယောက် ဗိုလ်ရှိုင်းရဲ့  စကားများကို အားလုံးကြာပြီး။ နုဝေ ရဲ့  အုတ်ဂူလေးကိုလဲ မြင်နေရပါသည်။
အခုမှပဲ ဒေါ်ချယ်ရီ တစ်ယောက် ရှိုင်းထက် သူ့ ကို ညီမအတွက် လက်စားချေခဲ့ တာကို သိပြီး။
တစ်ချိန်က နုဝေကို သူပြောခဲ့ တဲ့ စကားများပြန်ကြားယောင်နေရင်း မျက်ဝန်းမှမျက်ရည်များ စီးကျလာကာ
.....မောင်...လို့  ခေါ်လိုက်ပါတော့ သည်။
အဲဒီအချိန်မှာ ရှိုင်းထက် တစ်ယောက် နောက်ကို ပြန်လှည့် ကြည့်လိုက်တော့ ဒေါ်ချယ်ရီနှင့် ဆရာမကို မြင်ပြီး
အံသြသွားပါသည်။
ေေ ဒေါ်ချယ်ရီ မှ မောင်လို့  ဆက်၍ခေါ်ပြီး ရှိုင်းထက်အနားသို့ ပြေးဝင်ကာရှိုင်းထက်ရဲ့ ပုခုံး ကို ကိုင်ပြီး ငို၍ပြောနေပါတော့ သည်.။
....မောင် ...မကို ခွင့်လွတ်ပါနော်.....
...မ...အဲဒီအချိန်က မောင်လေးကို ချစ်တဲ့ ဇောနဲ့ နုဝေ ကိုပြောခဲ့ မိတာပါ...
..နုဝေ ခုလောက်ထိ ဖြစ်သွားလိမ့်မယ်လို့ လဲ မ ..မထင်ခဲ့ ပါဘူး မောင်ရယ်...
(ဘာ)... ဆိုပြီး သူ့  ပုခုံးကို ကိုင်ထားသော ဒေါ်ချယ်ရီ ရဲ့ လက်ကို တွန်းချကာ ရှိုင်းထက် ထရပ်လိုက်ပြီး။
....ဒီမှာဒေါ်ချယ်ရီ.....ခင်များ မောင်လေးကို ချစ်သလို ..ကျုပ်လဲ ကျုပ်ညီမကို ချစ်တာပဲ...
..အခုကြည့် ခင်များ တစ်ယောက် ကြောင့်  ကျုပ်ညီမတစ်ယောက်ထဲ အသက်ဆုံးရှုံးတာမဟုတ်ဘူး..
...ကျုပ်အမေလဲ အသက်ဆုံးရှုံးခဲ ရပြီ ကျုပ်ဘ၀လဲ ပျက်စီးခဲ့ ရပြီ...
...ခင်များဆီက ကျုပ်ရခဲ့ တဲ့ လျှော်ကြေးနဲ့ ...
...ကျုပ်အခုဖြစ်ခဲ့ ရတဲ့  အတိုင်းအတာ နဲ့  လုံးဝမတန်ဘူး..
ရှိုင်းထက် လဲ ငိုရင်းမှ ဒေါ်ချယ်ရီကို အော်၍ပြောနေပါတော့ သည်။ ဒေါ်ချယ်ရီ လဲ ငိုရင်းက စကားသံ သဲ့ သဲ့ လေးထွက်နေပါတော့ သည်။
...မောင် ...မောင်..ကျေနပ်အောင် မ ဘယ်လို လုပ်ပေးရမလဲ ပြောပါ မောင်ရယ်...
...အခုလေ...မ မှာ မောင်နဲ့ ရခဲ့ တဲ ရင်သွေးလေးက သားလေးတစ်ယောက် မွေးခဲ့ ပြီးပါပြီ....
..မောင့် ရဲ့ သားလေးတောင် တစ်နှစ် ပြည့်ကာနီးပြီ...မောင်...
ရှိုင်းထက် အဲဒီစကားကို ကြားလိုက်ရတော့ ရင်ထဲ တစ်မျိုး ဖြစ်သွားသည်။
အဲဒီအချိန်မှာ ရွာကလူကြီးများရောက်လာပြီး။
....ကဲ...ဗိုလ်ရှိုင်း... ပြီးခဲ့ တာတွေလဲ ပြီးခဲ့ ပါပြီ...
...မင်းပြောခဲ့ သလို ပဲ ဘာမှ မမြဲဘူး..
..ဖြစ်ပြီးရင် ပျက်ကြစမြဲပါပဲ..
..တစ်ယောက်နဲ့ တစ်ယောက် လက်စားချေနေကြမယ်ဆို ရင် ဒီလောကကြီး ဆုံးခန်းတိုင်မှာမဟုတ်တော့ ဘူး..
...မင်းလဲ အသင်လောက ကြီးလို့ အော်စရာမလိုတော့ ဘူး..
...မင်းတို့ နှစ်ယောက်ရဲ့  သားလေးလဲ အရွယ်ရောက်နေပြီ..
..မင်းဘ၀ကို တစ်က ပြန်စဖို့ အတွက် ..သူတို့ နဲ့ ပြန်လိုက်သွားပါ...
...မင်းဒီမှာ ဆက်မိုက်နေလို့ လဲ မင်းအတွက် ဘာမှ အဓိပ္မါယ် မရှိပါဘူး...
...အေး နောင် တစ်ချိန်မှာ ကြီးလာမယ့် မင်းရဲ့ မျိုးဆက် အသစ်ကလေးဖြစ်တဲ့ သားလေးဟာ..
...မင်းလိုချင်တဲ့ ..ဒေါ်ချယ်ရီ ဆီက ရလိုက်တဲ့ လျှော်ကြေး လို့  မင်းက သတ်မှတ်လိုက်ရင်...
..မင်းရဲ့ ဒဏ်ရာတွေပါပြေပျောက်ပြီး အဲဒီသားရတနာ လေးဟာ မင်းအတွက် တန်ဘိုး မဖြတ်နိုင်တဲ့ ...
...လျှော်ကြေးပါပဲကွာ......

ဗိုလ်ရှိုင်း တစ်ယောက် ရွာလူကြီးရဲ့ စကားတွေ ကို နားထောင်ပြီး တခဏငြိမ်သွားရာမှစကားသံအေးအေးလေးထွက်လာပါတော့သည်။
....ဟုတ်ပါ တယ်..ကျုပ် အတ္တ ကြီးခဲ့ လို့ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ ရတာပါ...
...မ....မောင့်ကို ခွင့်လွတ်ပါ ...
အခုတော့  ..မဆီက ကျနော်လိုချင်တဲ့  ကျနော်ရင်ထဲ မှာ ရှိခဲ့ တဲ ဒဏ်ရာတစ်ခုရဲ့  လျှော်ကြေးဟာ...
အဲဒီသားရတနာလေးနဲပဲ...ကျနော်ကျေနပ်မိပါပြီ....
အဲဒီသား ရတနာ လေးရယ် မရယ်... မောင်တို့ မိသားစု ဘ၀လေး ကို အခုချိန်ကစပြီး ...ပျော်ပျော်ရွှင်ရွှင်
ေ နေသွားကြမယ်နော်......
..........ပျော်လိုက်တာ...မောင်ရယ်.....................................................................................

******************************************************************************************************
(ပြီးပါပြီ)
ကျနော်ဇာတ်လမ်းကို အစမှ အဆုံး စိတ်ရှည်ရှည်နဲ့  လာရောက်ဖတ်ရှု့ သွားကြသော
သူငယ်ချင်းများ ကို လေးစားလျှက် ကျေးဇူးတင်စွာဖြင့် မောင်လွမ်းဆု ( မြေလတ်)
ဆက်လက်ကြိုးစားပါအုံးမည်။