Sunday, January 20, 2013

သို့  ..သခင်ရေ..

သို့ ....သခင်..ရေ..
သခင်ရေ...ဆောင်းကုန်ပြီ..
နှောင်းခဲ့ တဲ့ မိုးရာသီမှာ ထီးမပါဘဲ ဒို့ အတူ လမ်းလျှောက်ခဲ့ ဘူးတယ်..
သခင်ရေ..နွေစတော့မယ်...
ပူသမျှဒဏ်တွန်းလှန် ဖို့  ငါ့အဘေးမှာမင်းရှိစေချင်တယ်..
သခင်ရေ...ရွက်ဝါတွေမြေလူးတော့မယ်..
မကြွေဘူးတဲ့ ပန်းတွေမြေလူးနေခိုက်..
မင်း..အလိုက်မှားပြီး မိုက်သွားမှာကို အကိုစိုးရိမ်တယ်သခင်..
သခင်ရေ...တိမ်တွေရယ်ပျောက် အရွယ်မရောက်သေးတဲ့ ..
ပန်းတွေကြား မင်းအပွင့်မှားသွားမှ...ာကိုစိုးရိမ်တယ်..သခင်..
ပွင့်လင်းတဲ့ ရာသီရောက်စ..
ပိတောက်က သစ္စာဖောက်ချင်ဖောက်ပါစေ..
သခင်တစ်ယောက် ကို့ နောက်မှာ..
သစ္စာမဖောက် အားအင်တစ်ယောက်အဖြစ်..
အကိုလိုချင်ပါတယ်သခင်...

မောင်လွမ်းဆု..