အချစ်ရဲ့ တေးသွားများ

(အချစ် ရဲ့  တေးသွားများ )







ရင် ခုန် သံ ခြင်း နား လည်
မြတ် နိုး ခြင်း ထပ် တူ ညီ
အ ပြုံး ခြင်း ဖ လှယ် ရင်း
လှ ပ သော အိပ် မက် နဲ့
ငြိမ်း ချမ်း ခြင်း နိ မိတ် ပြ
ဆောင်း ရာ သီ ရင် ခွင် မှာ
ချစ် ခွန်း ချို တေး သီ ကျူး
ဝတ် မှုံ ခြင်း ကူး မိ ပြီ



♣မိဆိုး(နိုဝင်ဘာ)♣




♡❤♡❤♡❤


မမြင်နိုင်တဲ့ နေရာက....ဖြစ်တည်မူတစ်ခု..
ဥပက္ခာပြုလို့ လဲမရ...
မနုဿ ရင်ခွင်မှာ ဒုက္ခအမြင်နဲ့  မကြည့်မိလို့ ..
သုခ ဆင်ကာချစ်မိလိုက်တော့..
သမုဒယ သံယောဇဉ်တွေ ရစ်ဖွဲ့ ....
အချစ်တဲ့ လား အမုန်းတဲ့ လား..
ဆုံးခန်း မရောက်ခင် အပြုံးပန်းတွေ ဆင်ကာနွဲလို့ ..
ဒီကမ္ဘာ ထဲ ဒိုနှစ်ယောက်
ပျော်လိုက်ချင်ပါရဲ့ ....။


♣မောင်လွမ်းဆု♣



♡❤♡❤♡❤



မေတ္တာစစ်စစ် ချစ်ခင်မြတ်နိုးတွယ်တာနှစ်သက်ပါမူ
ထိုသို့အချစ်
နွေလမိုးဆောင်း
ဥတုမပြောင်း၏
အေးအတူအပူအမျှ လက်တွဲဖော်၏
အဖြူအမဲအရောင်မခွဲ၏
လှသည်မလှသည် အရေးမပါ၏
ငွေကြေးဂုဏ်ဒြပ် မပေါင်းဖတ်၏
ချစ်သူပျော်စေ...ကျေနပ်စေ
ချစ်သူဘ၀ မြင့်တက်စေရန်
ပေးဆပ်ရန်လည်း အသင့်ဖြစ်၏ ။



♣ရေးသားသူ Aa boy♣



♡❤♡❤♡❤




ချို မြိန် တေး သွား တွေ သီ ဆို ရင်း
ချဉ်း နင်း ၀င် ရောက်
နောက် ဆုံး
နှ လုံး သား (တွေ)
မီး သ ဂြိုလ် စက် ထဲ
ရောက် မှန်း..မ.သိ.ရောက်.ခဲ့.တယ် ။



♣ကြယ်ဖြူ♣





♡❤♡❤♡❤



မမြင်နိုင်တဲ့ ကြိုးတွေထဲမှာပဲ.
ရုန်းထွက်ရင်းကိုယ့် ကိုယ်ကိုငင်မိ

နှောင်ရင်းဖွဲ့ရင်းနဲ့ပဲ
တစ်ခါတစ်ခါ လင်းလိုက် မှောင်လိုက်နဲ့
တဖြည်းဖြည်းနဲ့သွေးအေး
သူ့ ....ဘ၀ထဲမှာပဲ..သူ့ကိုပြန်မွေးတယ် ။




♣အလင်းသစ်♣




♡❤♡❤♡❤




ရေးရေးလေးပဲ .. ရင်ခုန်မိတာပါ ...
တိတ်တိတ်လေးပဲ.....ဆွေးနေမိတာပါ
တရွေ့ရွေ့...ထွက်ခွာရမယ့်
အချိန်ရာသီရဲ့ခြေရာတွေနောက်မှာ..မျောပါရင်း.....
အတွင်းစိတ်ရဲ့..နှုတ်ခမ်းပါလေးက..
မင်း.မသိနိုင်..မမြင်နိုင်တဲ့....ဟိုး........
လွင်ပြင်သစ်တစ်ခုဆီမှာ...
ဖြန့်ကျက်တော့မှ....ကာရံမညီတဲ့..
သက်မဲ့..ရွက်ကြွေ....တေးသွားလေးတစ်ပုဒ်
မင်းအတွက်...
တိုးတိုးလေးပဲ...ဒီဘ၀မှာ..
....ဆို ငြီး...ပါ ရ စေ တော့...။


♣အောင်ရဲ့ဖီလင်♣




♡❤♡❤♡❤





တမ်း တ မှု ကို အ ဖော် ပြု
သ တိ ရ မှု ကို ဖက်တွယ်ရင်း
ငါ ဖြတ် သန်း ရ မဲ့  ဘ ၀ တ လျှောက် အ တွက်
ငါ့ ရဲ့ ခံ စား ချက် တွေ ကို
မိုး သည်း သည်း ထဲ မှာ
မျက် ရည် စ များ နဲ့ 
တိတ် တ ဆိတ် ၀န် ခံ ခဲ့ ပြီ။


♣ခိလေး♣




♡❤♡❤♡❤


ပန်းတောက်တွေတောင် သစ္စာမရှိခြင်ကြတော့ဘူး...
ငါ့အဖြစ်....ငါကိုယ်တိုင်က
နင် တစ်ယောက်အတွက်ပဲ အက္ခရာထွင်း
အခြေခိုင်း....နေထိုင်ပြတုံးပဲ ။။
အချစ်...
မျှော်လင့်ချက်ကြကွဲ သွာတဲ့ ငါ့ဘဝ , ငါ့အနာဂတ်မှာ
အစားထိုးမရတဲ့ နှလုံးသားတစ်ခုကိုမွေးမြူပြီး
ချစ်ခြင်းအတွက်..
ကောင်းခြင်းတွေ မပေးခဲ့တဲ့ ကံကြမ္မာကိုလည်း
ငါ...ကျေနပ်တယ်။။။




♣အမေ့သား♣




♡❤♡❤♡❤



ချစ်မိပြီဆိုကတည်းက
တစ်ဖက်သတ်ကျရှုံး
မျက်ရည်တွေလဲဆုံးခဲ့ဖူးတယ်..
သူ့စကားတစ်ခွန်းကြောင့်
ဝမ်းနည်းတတ်ခဲ့သလို
သူ့အပြုံးတစ်ပွင့်ကြောင့်လည်း
အလိုလိုပျော်ရွှင်တတ်ခဲ့တယ်…..
တိုးတိုးလေးရယ်လိုရယ်
တိတ်တိတ်လေးပြုံးလိုပြုံး
သစ်ရွက်ကြွေတာမြင်ရုံနဲ့လဲ မျက်ရည်ဝဲခဲ့
အဲဒီလိုဖြစ်စေတဲ့အရာကိုများ
အချစ် လို့ဘယ်သူကတင်စားခဲ့တာလဲကွယ်…။ ။

♣နွယ်ရှင်♣



♡❤♡❤♡❤


သူ့နှုတ်ခမ်း လေးညှို့လိုကွေးတော့
မျက်ဝန်းက အလိုက်သင့်ပြာလဲ့ရီ
သူ့စကားလေပြေသွေးတော့
ဒီရင်ကိုသိမ့်ခနဲအေးတယ်.
နှင်းလို နွေဦးကြိုတဲ့လက်တစ်စုံနဲ့
ရင်ခုန်သံကို သိမ်းပိုက်လိုက်တော့
မင်းငါ့ကို သတ်လိုက်လေသလား
ငါ အကြာကြီးသေသွားတယ်...ခုထိ။




မင်းမင်းသိုက်....


♡❤♡❤♡❤





နင် ငါ့ ကမ္ဘာငယ်လေးထဲ

ခွင့်ပြုချက်မဲ့ ၀င်ရောက်လာခဲ့ပြီး
သံယောဇဉ်ဆိုတဲ့ မျိုးစေ့တွေချသွားခဲ့တယ်
ငါရဲ့ အချစ်ဆိုတဲ့ သစ်ပင်လေးတွေ အပင်ပေါက်စ
ပြုလာမှ .... နင် ခွင့်ပြုချက်မဲ့ ထွက်သွားတော့မှာလား
တား ဆီး ခွင့် ရှိ ချင် မိ တယ် ............ ................ .... ။




♣စနိုးပန်းလေး♣