အလွမ်းတံတား လေး ပေါ်သို့  ဖြတ်လျှောက်မိ ကြသူများ

အလွမ်းတံတားလေးပေါ်သို့ ဖြတ်လျှောက်ခဲ့ကြသူများ


ငါမျက်ဝန်းရဲ့  ရှေ့ က မျက်ကြည်လွှာပိတ်ကားပေါ်မှာ..
အမှတ်တမဲ့ ပြကွက် ကလေးက ...
ရင်ခုန်ခြင်းများစွာ နဲ့  အမှတ်တရ ဖြစ်ခဲ့ ရတယ်...
ရင်ခုန်မူ သံစဉ်တွေ အချိုးကြကြ ညီမျှမူရှိခဲ့ ပေမဲ့ ...
အသိစိတ်တစ်ခု ရဲ့  တယောထိုးသံကြောင့်...
အလွမ်းပင်အို အရိပ်မှာ တိတ်တိတ်ကလေးပါ...
ဆောင်းနှင်း ခါးခါးတွေ ကျတဲ့ ည...
အမှတ်တမဲ့  ပြိုကျလာတဲ့ တိမ်အိုတွေဆီက..
မျက်ရည်စက် တချို့ နဲ့ နှင်းခါးရည် တစ်ခွက်...
ငါဖျှော်သောက်လိုက်တဲ့  ညက....
အိပ်မက်တွေ လမ်းထလျှောက်...
ဟို မရောက် ဒီမရောက် အတွေးတစ်စုက..
ရာသီအလွန် ပွင့်တဲ့ ပန်းရိုင်းတွေ ဖြစ်ခဲ့ ရတယ်...

မောင်လွမ်းဆု


ကွက်ကျားမိုးလို
ကွက်ကွက်ကလေးပါပဲ
အများတကာကိုစိုစွတ်စေပြီး
ငါ့အလှည့်ရောက်မှ
ခြောက်သွေ့ကန္တာရဖြစ်သွားတယ်
လွဲနေကျအတိုင်းလေးပဲ
ငါ့တစ်ယောက်စာအတွက်
နေမ၀င်ခင်မိုးချုပ်သွားပြန်တော့
ဖြစ်တည်မှုက အများတကာထက်
အားပါးတရ … ပို…မှောင်….တယ်

ဒီလိုနဲ့ပဲ
အချစ်ကြောင့် မပျော်ရသေးခင်
နွမ်းလျကြေကွဲနေရပြီ
အနမ်းကို ဘာမှန်းမသိခင်
ဖရိုဖရဲလွမ်းနေရပြီ
အချစ်ကို ဘာသာမပြန်တတ်ခင်
အသည်းကွဲတတ်နေပြီ
အတွဲလေး မထားဖူးသေးခင်
အထီးကျန်တတ်နေပြီ

ကွယ် … လက်တကမ်းအကွာမှာ
လက်တကမ်းအကွာလေးမှာပါ

မိဆိုး (နိုဝင်ဘာ)



ချစ်သူရေ
ငယ်ဘ၀အိပ်ယာဝင်ပုံပြင်ထဲကလို
တမ်းမက်ခဲ့ဖူးတဲ့ သူရဲကောင်းရာဇ၀င်ထဲကလို.......
ရဲရင့်တည်ကြည်ဖူးတယ်....
ခြောက်ခြောက်ခြားခြားပုံပြင်တွေလို
ကြောက်ရွံ့တုန်လှုပ်ဖူးတယ်..
လွင့်မျောယောင်ဝါး လွမ်းမောတမ်းတ
ရင်ခုန်လှုပ်ရှား ယောင်ယောင်မှားမှားနေ့စွဲများ
မှုန်ဝါးပျောက်ကွယ်တိမ်တိုက်တွေလို..
ဟောဒီ....ငါရင်ဘတ်မှာလေ...
ငါခုထိ....
ပင့်သက်ကိုမှုတ်မထုတ်နိုင်သေးဘူး...။
ချစ်သူရေ.......
မရင့်ကျက်နိုင်သေးတဲ့ ငါ့နှလုံးသားက
လောဘ မောဟ တွေသာရင့်မှည့်လာခဲ့တယ်...
ကယောင်ကတမ်း အတိတ်အိမ်မက်ဆိုးနဲ့ နိုးထလာတိုင်း
နောက်ကြောင်းပြန် လွမ်းမောရင်ဆို့လို့..
ပြတွင်းတံခါးမှန်သား အပြင်က
နွေမနက်ရိုင်းကို ငါ့မျက်ဝန်းအမြင်မှာ
နှင်းတွေလေ.....
အပြိုင်း..အရိုင်း.....
အဲဒီလိုနဲ့
ရင့်ရော်ချွတ်ခြုံကျနေတဲ့ ငါ့ဘဝ
ယိုစီးကျနေတဲ့ ငါ့ခံစားမှုကိုငါမော့သောက်ပြီး..
တစ်ရက်ပြီးတစ်ရက်....
ငါအသက်ဆက်ခဲ့ရပါတယ်..။


ဆြာကီး (မင်းမင်းသိုက်)




အချိန်တိုင်း သတိရ
တမ်းတခြင်းသည်သာ အချစ်ဆိုရင်
နင်လဲ သူကို အချိန်တိုင်း အချိန်တိုင်း
သတိတွေရ တမ်းတွေတနဲ့
ဘယ်လောက် လွမ်းနေမလဲ
ငါ ကိုယ်ချင်းစာတာပေါ့
ငါ လဲ နင်ကို အချိန်တိုင်း
သတိရနေခဲ့မိတာကိုက
အမှန်တရားတခုပဲလေ ... ။


အတိတ်ဆိုတာ
ငါတို့ မပိုင်ဆိုင်တဲ့ အိပ်မက်တွေတဲ့
ဒါပေမဲ့ ဒီအိပ်မက်တွေ
အချိန်တိုင်း မက်နေတဲ့
ငါ အဖြစ်တွေ ဘာနဲ့သက်သေပြရမလဲ
မလိုပါဖူး ........
ရှင်းပြရမှာ ငါ အမုန်းဆုံးအရာတခုမို့ ....။


စနိုးပန်းလေး


အဆုံးမဲ့တဲ့ဘ၀မီးလျှံထဲမှာ
ရင်နင့်စွာစီးဝင်ခဲ့ပြီပဲ …
မသိစိတ်ရဲ့ခိုင်းစေချက်ကို
အမိန့်တစ်ခုလိုသတ်မတ်ပြီး
ပြန်လမ်းမရှိတဲ့နေရာကနေ
သတိရနေမိတယ်
ချစ်သူရယ် ….
မြူမှုန်နှင်းစက်တွေအောက်မှာ
အလွမ်းတွေကို … အပြီးပိုင်
ခါ...ချ...ခဲ့...ပြီ...ပဲ
စိတ္တဇဆန်တဲ့သန်းခေါင်ယံညက
အလွမ်းဝိညာဉ်တစ်ခုက
တစ္ဆေတစ်ကောင်လို
ခြောက်လှန့်နေလည်း
ပုံရိပ်စစ်တစ်ခုကိုမရနိုင်တဲ့
မင်းမျက်ဝန်းအောက်က
အပြုံးပန်းတစ်ပွင့်ကိုတော့
နှလုံးသားတစ်ခုရဲ့မိန့်ဆိုချက်ကြောင့်
အပြီးပိုင် သဂြိုလ်လိုက်ပြီ
ချစ်သူရေ …… ။



အောင်