Thursday, September 06, 2012

ကာရံမညီတဲ့  ရင်ခွင်

ကာရံ မညီတဲ့  ရင်ခွင်...
ဒဏ်ရာတွေ အဖော်ပြုလို့ ...
ရင်အစုစု ကြေကွဲတဲ့ အထိ..
စိတ်ကူးယဉ်ဆန်ဆန်..
အတွေးပုံရိပ်တချို့ တ၀က်နဲ့ ..
ဘောင်ခတ်ထားတဲ့ လောကကြီး.. 

ငါ ဦးတည်ရာ ဖြတ်မလျှောက်ဘဲ..
တစ်ယာက်ထဲ ကိုမှ မျှော်လင့်မိခဲ့တာ..
အတ္တ တွေ အရည်မပျော်သရွေ့ ...
တစိမ့်စိမ့် သောက်ခဲ့ မိတဲ့ ကော်ဖီတစ်ခွက်ကြောင့်... 

ငါ  ဒီကဗျာကို ရေးမိခဲ့ တယ်..
လင်းကြက်မတွန်  သန်းခေါင်မက..
ညတစ်ညကပေါ့ ...
မျက်တောင် တံခါး ဖွင့်ကာထား၍...
ရင်တွင်းစကား  မျက်ဝန်းကြားက..
စီးကျမျက်ရည် သက်သေတည်၍..
စာရွက်တစ်ရွက် ပင်တစ်ချောင်းဖြင့်..
ဤစာကြောင်းတွေ ဖြစ်ခဲ့ ရတယ်.. 


သခင်..ရယ် သိခွင့်မရှိခဲ့ ပေမဲ့ ..
ရင်ဝယ် မျက်ရည်မိုးက..
ရာသီတစ်ခုတည်း  ပိုင်စားထားရက်တယ်....။


မောင်လွမ်းဆု

No comments:

Post a Comment