Monday, August 18, 2014

သုံးယောက်ပေါင်း သောင်းကျော် (ဟာသ ၀တ္ထု )

*ကျွန်တော်တို့ အုပ်စုကတော့  ရွာ ကျမ်းပိုး လေးတွေလို့ ဆိုရမလား...ဒါပေမယ့်
ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်ပါ။
ကျွန်တော်ရယ် ၊နီတွတ်ရယ်၊သံဂဲ၊ရယ်ပေါ့  သံဂဲ ကတော့ စာမတတ်ပေမတတ်နဲ့ 
ဆင်းရဲရှာပြီးရွာထဲကခိုင်းသမျှကိုလုပ်နေရရှာပါတယ်။ နီတွတ် ကတော့ သူဋ္ဌေးသား
မြို့ ကျောင်းတက်နေတာပါ။ကျွန်တော်သူငယ်ချင်း သုံးယောက်ထဲမှာ အရိုးဆုံး အ
အဆုံးကတော့ သံဂဲ ပါပဲ။ ဒီနေ့ တော့ကျွန်တော်တို့ သုံးယောက်
ရွာလည်လမ်းလျှောက်နေချိန်မှာပဲ ရွာသူကြီးနဲသွားတွေ့ ပါတော
့တယ်။.....ကဲ့....သံဂဲမင်းတွေ့ တာနဲ့  အတော်ပဲငါ့အိမ်လိုက်ခဲ့အုံး
ခိုင်းစရာရှိလို့ .....ဆိုပြီးခေါ်သွားတာနဲ့ ကျွန်တော်တို့ သုံးယောက် သူကြီး
အိမ်သို့ လိုက်သွားကြပါတယ်။ သူကြီး က သံဂဲ ကို မြို
့ပေါ်သွားဈေးဝယ်ခိုင်းမလို့ ဖြစ်ပါတယ်။ဒီလို နဲ့ ပဲသူကြီး ကရှေ့ကပြော မြို
့ကျောင်းသား နီတွတ် ကတော့ စာရွက်နဲ့ ခဲတံလေးကိုင်ပြီး
ဈေးစာရင်းရေးပေးနေပါတယ်။အဲဒီနေ့ မှာပဲ သံဂဲ တစ်ယောက်တော့  မြို့ ပေါ်သို
့ဈေးဝယ်ထွက်သွားပါပြီ။ကျွန်တော် နဲ့ နီတွတ်ကတော့ သံဂဲ
ကိုအမြည်းကောင်းကောင်းဝယ်လာခဲ့လို့ မှာလိုက်ပါတယ်။သံဂဲ တစ်ယောက် တော့မြို
့ပေါ်လဲရောက် သူကြီးမှာသမျှတွေကို နီတွတ် ရေးပေးလိုက်သောစာရွက်
ကလေးကိုကြည့်ကာဖြင့် အမြန်ဝယ်နေပါတော့သည်။နေညိုလေပြိုချိန်ရောက်မယ့်
ကျွန်တော်တို့ ရဲ့ ထန်ရည်ဝိုင်းကို အမှီ ပြန်လာဖို့ ပဲဖြစ်ပါတယ်။ခုတော့
သံဂဲ တစ်ယောက် သူကြီး မှာတာတွေ စုံသလောက်ဖြစ်နေပါပြီ ......ဒါပေမယ့်
ဈေးစာရင်းထဲကပစ္စည်းတစ်ခုကတော့ ဈေးတစ်ဈေးလုံးလိုက်ရှာ တာဘယ်ဆိုင်မှ
မရှိဘူးဖြစ်နေပါသည် ။သံဂဲ ဖြစ်နေပုံမှာတော့ပစ္စည်းကျန်ရင်
သူကြီးဆူမှာလဲကြောက် ဒီလိုနဲ့ ဆူချင်လဲဆူပစေတော့ဆိုပြီး အရဲ စွန်
့၍ရွာကိုပြန်လာခဲ့ပါတော့သည်။ ဒါပေမယ့်သူရှာတဲ့ပစ္စည်းကတခြားမဟုတ် မြို
့ကျောင်းသား နီတွတ်ရေးပေးလိုက်တဲ့ (၀ိကျပ်တန်လ္ဘက်ခြောက်)....ကို
ဝိကျပ်တန်လ္ဘက်ခြောက် ဟု၍ရှာခြင်းဖြစ်ပါတော့သည်။အင်္ဂလိပ်လို 8 ဖြစ်ပါသည်။

**************************************

ဒီနေ့ ကတော့ ကျွန်တော်တို့  ထန်းရည်ဝိုင်း လေးက မြို့ ကပြန်သံဂဲဝယ်လာတဲ့
အမြီးလေးနဲ့ တော်တော်ဟုတ်နေတယ်လို့ ပြောရမှာပဲဗျာ။ဗယာကြော်နဲ့  ထန်းရည်နဲ
့တော်တော်လေးအဆင်ပြေနေတယ်။ဒီလို ကျွန်တော်တို့ သုံးယောက်သောက်နေလိုက်ကြတာ
သုံးအိုးသေးသေးကုန်သွားပြီ ကျွန်တော်သုံးယောက်ရဲ
့ထန်းရည်ဝိုင်းကတော့အခုဆိုရင် အီရတ် နဲ့ အမေရိကန် စစ်ဖြစ်နေသလိုပါပဲ
။တဒိုင်းဒိုင်းပစ်နေကြပြီးပစ်ခတ်ရပ်ဆဲရေးကလည်းမရှိတော့ဘူးလေ။ ဒါပေမယ့်စစ်ပွဲ
ကတော့ ယမ်းအနှံ့ တွေပေါ့ ဒီပွဲကတော့ အီးတွေပေါ့ဗျာ ။သုံးယောက်သား
မူးမူးရူးရူး ဆွဲလိုက်ကြတာ ခုတော့ ဗိုက်ထဲက ဗယာကြော်နဲ့ ထန်းရည်ပြဿနာက
စတော့တာဘဲ။ဒီလိုနဲဘဲ ထန်းရည်ဝိုင်းလေးသိမ်းပြီး ရွာလည်လမ်းသို
့လျှောက်လာခဲ့ကြပါတယ်။ ညကြီးမိုးချုပ်သုံးယောက်သား
သိုင်းကွက်နင်းလျှက်ပေါ့။ ဒီလိုနဲ့ ရွာလည်ရောရောက်..သံဂဲ က အီးပေါက်ချင်တာကို
ရိုးရိုးမလုပ်
သူပြောလိုက်တာက..နီတွတ် ငါဖင် ဘာအကောင်ကိုက်သွားလည်း
မသိတစ်ချက်လောက်ကြည့်စမ်းပါဆိုပြီး ဖင်ကုန်ပြီး အီးကို ညစ်ထုတ်လိုက်တာ..မစင်က
တစ်ခါထဲ ရောထွက်သွားတော့ နီတွတ်မျက်နှာပြောမကောင်း မစင်တွေပေကုန်ပါရော။ ဒီလိုနဲ
့နီတွတ်လည်း မျက်နှာကြီးနီရဲလာပြီးသံဂဲကိုစိတ်တိုရင်းကနေပဲ
မစင်တွေ..ဘယ်လိုရှင်းရမှန်း မသိဖြစ်နေတော့..မျက်နှာ မစင်ပေတာက တစ်ကြောင်း 
ဗယာကြော်နဲ့ ထန်းရည်ကြောင့် ဗိုက်တွေနာလာပြီး အိမ်သာတက်ချင်တာက
တကြောင်းပေါ့.....ဟေ့ကောင်တွေ...ငါဗိုက်တွေနာလာပြီ
ချေးပါချင်တယ်ကွာ...ဟေ့ကောင်..ငါတို့ တွေမူးတာကမူးတာဘဲရွာလမ်းမ
အလယ်ကြီးတော့ ချေးမပါနဲ့ ကွာ...ဟေ့ကောင်တွေ
ငါမရတော့ဘူးထွက်တော့မယ်ကွ...အဲဒီအချိန်မှာကျွန်တော်ကဘဲ
အကြံပေးလိုက်တယ်။သံဂဲ ကတော့သူ့ ဗယာကြော် ကြောင့်ဖြစ်တာမို့ 
နီတွတ်ကိုလည်းကြောက်..
့စကားမပြောပဲငြိမ်နေတယ်။....ကဲ...မင်းမရတော့ဘူးဆိုရင်လည်း
မင်းလူပျိုကြီးကိုတင်လှ အိမ်ဝိုင်းထဲကိုဝင် နွားခြံဘေးမှာ အမုန်းတာ
ဆွဲတော့ကွာ...ကျွန်တော်လည်း အကြံပေးတော့ နီတွတ် တစ်ယောက်ဗိုက်နှိပ်ပြီး
လူပျိုကြီးအိမ်ဝိုင်းထဲ ၀င်ပြေးတော့တာဘဲ။နီတွတ်လည်း ၀ိတ်လျှော့ပြီးရော
သုံးယောက်သားအိမ်ကိုပြန်ခဲ့ကြပါတော့တယ်။ဖြစ်ချင်တော့ ပြဿနာ ကအဲဒီမှာတင်
ဇာတ်မသိမ်း....မနက်စောစော ယာထဲဆင်းဖို့ အိပ်ယာက
ထလာတဲ့လူပျိုကြီးတစ်ယောက်လက်ဖ၀ါး
ထဲဆားထည့်ကာဖြင့်အိမ်ရှေ့ကရေစဉ်းအိုးကြီးဘေးတွင် သွားတိုက်ပြီး
စဉ်းအိုးထဲကရေဖလားလေးယူပြီး ပလုတ်ကျင်းလိုက်တော့ သူ့ နှာခေါင်းထဲမှာ
မစင်အနှံ့  နံလိုလိုဖြစ်နေတယ်။ဒါပေမဲ့ သူစဉ်စားတာကတော့သူ
့ပါးစပ်ကအာပုတ်ဆော်နံနေသည်ပဲထင်နေသည်။သို့ သော်...မဟုတ်ပါ..ဖလား 
နုတ်ခမ်းမှာကပ်နေတာက နီတွတ်ရဲ့..မစင်အဖတ်တွေက လူပျိုကြီးရဲ
့ပါးစပ်နဲု့နုတ်ခမ်းကို
့မိတ်ဆက်တော့တာပါဘဲ.....ကဲ.......လူပျိုကြီးနှင့်ရွာကြမ်းပိုးသုံးကောင်ရယ်
သူကြီးရယ် မစင်ပြဿနာ ကြောင့် သူကြီးထိပ်တုံးနဲ့ 
တစ်ညအိပ်မင်္ဂလာဆောင်လိုက်ရပါတယ်..။

*****************************************************


ဒီနေ့ ကျွန်တော်တို့ ရွာ ကြမ်းပိုးသုံးယောက်ဖြစ်တဲ့  ကျွန်တော်ရယ်နီတွတ်ရယ်
သံဂဲ ရယ် ထန်းရည်ဘိုး ပိုက်ဆံ မရှိလို့ 
အကြံခက်နေကြပါတယ် ။
လူပျိုကြီး ကိုတင်လှ အိမ်ဝိုင်းထဲ မစင်စွန့် တဲ
့ပြဿနာကလည်း..သူကြီးထိပ်တုံးတရက်ခတ်ခံလိုက်ရပါတယ်။
ဒါပေမဲ့  ကျွန်တော်တို့ သုံးယောက်က လူပျိုကြီးကိုတော့
အစာမကျေဖြစ်နေကြပါတယ်။ ရွာထဲက ဒေါ်လမ်း ထန်းရည်ဆိုင်မှာလည်းအကြွေးကများနေပြီ
ကျွန်တော်တို့ ထဲမှာ အကြံကောင်းဆုံးနီတွတ်ကစထုတ်လိုက်ပါတော့ တယ်။

....ဟေ့ကောင်တွေ ဒို့ ထန်းရည်ဘိုးကို ငါအကြံရပြီ......ဒီလိုလုပ်
ဟိုဘက်ရွာကဦးလွန်းကြည်ပျောင်းဖူး ခင်းကအခုဆို တော်တော်ကောင်းနေပြီ ..ဒို
့သုံးယောက်သွားခိုးကျမယ် ရလာတဲ့ဟာကို ရွာထဲမှာပြန်ရောင်းမယ် ဒါဆိုရင်
ဒေါ်လမ်း အကြွေးတောင်းတဲ့ နားပူလည်းမခံရတော့ ဘူး..ဒီနေ့ လည်းထန်းရည်အ၀သောက်လို
့ရပြီ...ဘယ်နဲ့ လဲ.....
နီတွတ် အဲဒီလို အကြံရလိုက်ရော ကျွန်တော်တို့ နှစ်ယောက်လည်း ဘယ်ရမလည်း..နေ
့ခင်းဘက်ကြီးသွားခိုးလိုက်တာ ဆာလာအိတ်နဲ့  နှစ်လုံးကို ရလာတာပေါ့
လမ်းမှာသယ်လာတဲ့ တာဝန်ကကျွန်တော်နဲ့ နီတွတ် ရွာထဲမှာရောင်းရမယ့်တာဝန်က
သံဂဲ လေ။
.....ကဲ..သံဂဲ ငါတို့ တာဝန်တော့ ပြီးသွားပြီ မင်းတာဝန်ပဲ ကျန်တော့ တယ်ရော့
ဆိုပြီး သံဂဲကို ကျွန်တော်နဲ့ နီတွတ် ပျောင်းဖူးအိတ် ချပေးခဲ့ ပြီ ..ဒေါ်လမ်း
အိမ်ကထန်းရည်ဆိုင်ကစောင့်နေမယ်ဆိုပြီး ထွက်လာခဲ့ ပါတော့ တယ်။ကျွန်တော် နဲ
့နီတွတ် ဒေါ်လမ်း အိမ်လည်းရောက်...ဒေါ်လမ်းက အာကျယ်ကျယ် နဲ့ စအော်တော့တာဘဲ....
.........ဟဲ့ကောင်တွေ အကြွေးလေးဘာလေးဆပ်ဖို့ လည်း စဉ်းစားကျအုံး...........
အဲဒီအချိန်မှာ နီတွတ် ကစတော့တာဘဲ။
............ဘာမှမပူနဲ့  ဒေါ်လမ်း ဒီနေ့  အကြွေးလည်းအကုန်ဆပ်မယ် ထန်းရည်လည်းအဝ
သောက်မယ် ချနှစ်အိုး.....
..........အမယ် ကြားသွားမိုးကြိုး....
အဲဒီလိုနဲ့  ကျွန်တော်နဲ့ နီတွတ် သံဂဲ ပြောင်းဖူးရောင်းပြီး ရလာမဲ
့ပိုက်ဆံကို စောင့်ရင်း ထန်းရည်ဝိုင်းကို စတော့ တာဘဲ။
ထန်းရည်နှစ်အိုးည်းကုန်နေပြီ သံဂဲ တစ်ကောင်ကတော့  ပေါ်မလာသေး ကျွန်တော်တို
့နှစ်ယောက်လည်းတော်တော်မူးနေပါပြီ။

သံဂဲ တစ်ကောင် ခိုး လာတဲ့ ပျောင်းဖူးကို တိတ်တိတ် မရောင်းဘူး ရွာလယ်လမ်းမ
အော်ရောင်းနေပါသည်။
......ဗျို့ ...အရီးကြီးတို့ ..အရီးလေးတို့  ပျောင်းဖူးဗျို့ 
ပျောင်းဖူး....တစ်ဖူး တစ်ကျပ်....တစ်ဖူးတစ်ကျပ်......
ရွာထဲက လူတွေကတော့ ၀ယ်တဲ့ လူကလဲဝယ် မ၀ယ်တဲ့ လူကလဲ .......ဒီကောင်တစ်ကောင်တော့
ဘယ်သူ ယာခင်းထဲက ပျောင်းဖူးကိုခိုးလာပြီး ရောင်းနေပြန်ပြီလည်းမသိပါဘူး
ဒီကောင်တွေ အုပ်စု ကယုံရတာမဟုတ်ဘူး.....
ဒါပေမဲ့ ပျောင်းဖူးနှစ်အိတ်က တစ်အိတ်တော့ ကုန်သွားပါပြီ နောက်တစ်အိပ်က
တစ်ဝက်ကျော်ကျော် ကျန်ပါသေးတယ်
ခဏကြာတော့ ခေါင်းပေါင်းနဲ့ အဖိုးကြီးတစ်ယောက် ရောက်လာတယ်...
....ဟဲ့ ကောင်...မောင်ရင် ..ဘာတွေရောင်းနေတာလဲ ကွ ...
...ပျောင်းဖူးပါဦးလေး ၀ယ်ပါအုံး ...
...အေး....ဘယ်လောက်ကျန်သေးလဲ...
...အိတ် တစ်ဝက်ပါ ဦးလေး....

...ကျန်တဲ့ အိတ်တစ်ဝက် ကို ဦးလေး အကုန်ယူမယ်...
အဲဒါနဲ့ သံဂဲ လည်းဝမ်းသာသွားတော့ သည်။
ပျောင်းဖူး ရောင်းထားတာကလည်းလက်ငင်း တစ်ဝက် အကြွေးတစ်ဝက် ဒီလိုနဲ့ ဝယ်တဲ
့အဖိုးကြီးပြောပါတယ်။
......မောင်ရင်...ဦး မှာက ပိုက်ဆံ ကပါမလာဘူး....ဒီလိုလုပ် ..မင်းတို
့ရွာသူကြီး နဲ့ ငါနဲ့ က သူငယ်ချင်းတွေကွ...
....ငါ သူကြီးဆီက ခဏ ယူပေးလိုက်မယ် မင်းငါနဲ့ လိုက်ခဲ့ ဆိုပြီး
သူကြီးအိမ်သို့ ခေါ်သွားပါတော့ သည်။
...သံဂဲ လည်းပျောင်းဖူးအိတ်ကို ထမ်းကာဖြင့် အဖိုးကြီး နောက်ကလိုက်သွားပါတော့
သည်။
ကျွန်တော် နဲ့ နီတွတ်ကတော့  ဒေါ်လမ်း ထန်းရည်ဆိုင်က နေ သံဂဲ ကိုမျှော်ရတာ
လည်ပင်းရှည်လှပြီ။
ခဏ ကြာတော့  သူကြီး လော်စပီကာကြီးက မိုက်သံကြီးထွက်လာပါတော့သည်။
.......ဟလို...ဟလို.... ဆိုပြီး ကျွန်တော် နဲ့ နီတွတ်ကို သူကြီး အသံ အောအော
ကြီးနဲ့ အော်ခေါ်ပါတော့ သည်။

ကျွန်တော်နဲ့ နီတွတ်ကတော့ သူကြီးခေါ်တာ ခိုင်းစရာရှိလို့  ခေါ်တာပဲ
ဆိုပြီးတွေးကာဖြင့် သူကြီး အိမ်သို့  မူးမူးရှုးရှုး နဲ့ ရောက်သွားကြပါတော
့သည်။သူကြီး အိမ်သို့  ကျွန်တို့ လည်းရောက် မြင်လိုက်ရတာက သံဂဲ နဲ့ အဖိုးကြီး
တစ်ယောက် သူကြီးစားပွဲ ရှေ့ တွင်ထိုင်နေတာကို တွေ
့လိုက်ရပါသည်။ကျွန်တော်တို့ လည်း အနီးကပ်ရောက် မြင်လိုက်ရတာကတခြားမဟုတ်ဘူး
အဖိုးကြီးဆို တဲ့ လူက ယာခင်းရှင် ဦးလွန်းကြည် ဖြစ်နေတော့တာပေါ့ ။ သံဂဲ
ဆိုတဲ့ ကောင် ယာခင်းရှင် ဦးလွန်းကြည်မှန်း မသိပြီး သူကြီးအိမ်သို့ 
လိုက်သွားရခြင်းဖြစ်ပါသည်။အဲဒီအချိန်မှာပင် ကျွန်တော်တို့ 
နှစ်ယောက်တွေးလိုက်တာကတော့  သွားပြန်ပြီး ဒီနေ့ လည်း သူကြီး ထိပ်တုံး နဲ့ တော
့တွေ့ ပြန်ပြီ ။
ဦးလွန်းကြည် ကြီးက သူကြီးကို တိုင်နေပါတော့ သည်။
......သူကြီး ....ခင်များရွာက ဒီကောင်ပေါ့ ...ကျုပ်ယာခင်းထဲကပျောင်းဖူးကို
ခိုးသွားပြီး......
......ရွာလည်လမ်းမများ အော်ရောင်းနေလိုက်တာသူ့ ယာခင်းထဲကပျောင်းဖူး
ကြနေတာပဲ....အဲဒါ လာတိုင်တာ သူကြီး....
အဲ ဒါနဲ့  သူကြီးက သံဂဲ ကိုစစ်လိုက်တော့ ကျွန်တော်နဲ့ နီတွတ်ပါ ပါကြောင်း
သူကြီး ကို ဖွင့် ပြောလိုက်တော့  သူကြီး က
သူ့ လော်ကြီးနဲ့  အော်ခေါ်တော့ တာပေါ့ ။
မနေ့  ကမှ လူပျိုကြီး ကိုတင်လှ အိမ်ဝိုင်းထဲ မစင် စွန့် မူ နဲ
့ထိပ်တုံးတစ်ည အခတ်ခံ ပြီးတာ.။
အခုလည်း သွားပြန်ပြီ ပျောင်းဖူးပြဿနာနဲ့  ထိပ်တုံးတစ်ညအိပ်.......။
သူကြီး ပြောလိုက်ပုံလေးကတော့  မင်းတို့ ကျမ်းပိုး သုံးကောင် ကို အခုတစ်ခါတော့ 
ဒီထိပ်တုံးနဲ့  ဂိတ်ဆုံး ကို ပို့ မှဖြစ်တော့ မယ်.....သွား မြို
့..ဂတ်...တဲ့ ..။

အဲဒီအချိန်မှာ ကျွန်တော် တို့ သုံးယောက် စိတ်ထဲကရွတ်လိုက်တာလေးကတော
့........(သေပြီဆရာ)........
*************************************************

ဒီနေ့ လည်း ကြည့်  ကျွန်တော်တို့ သူငယ်ချင်းသုံး ယောက်က ရွာ ထဲ မှာတော့ 
တစ်ရွာလုံးက အော်ကြောလန်တွေ သူကြီး ထိပ်တုံး က လွတ်ပြီဆို တာနဲ့ နောက်ပြဿနာ က
ကပ်လျှက်ရှိပြီးသားဆိုသလိုပဲ....အခုလည်း ကြည့် နီတွတ်က ပြဿနာကို စပြီ
လူပျိုကြီး ကိုတင်လှ ကို ရန်အကြွေး လေးဆပ်ချင်တာနဲ့  ဒီညတော့  မူးမူးနဲ့ 
ကျွန်တော်တို့ သုံးကောင် ပြဿနာကို စလိုက်အုံးမယ်။
လူပျိုကြီးမှာ သမီး လို အရမ်းချစ်ရတဲ့  ဆိတ်မလေးတစ်ကောင် မွေးထားတယ်လေ။
အဲဒါကို နီတွတ်က ကျွန်တော်နဲ့ သံဂဲ ကို သွားခိုးဖို့ တိုင်ပင်တော့ တာပဲ
ဆိတ် ခိုးတယ်ဆိုတာ တကယ်တော့  လွယ်တာဟုတ်ဘူးနော်လို့ ကျွန်တော်ကပြောလိုက်တော
့ ကျွန်တော်တို့  အုပ်စု ထဲက ဆရာကြီး မောင်နီတွတ်က သူ့ တာဝန်ထားဆိုတာနဲ
့လူပျိုကြီးအိမ်သို့  ညလူချိန်တိတ်တာနဲ့  စတော့တာပဲ ကျွန်တော် တို့ လည်း
နွားတင်းကုတ် ထဲက ဆိတ်မ ရှိတဲ့  နေရာထိမနည်း ရောက်အောင် သွားခဲ့ ရတာပေါ့ ။
ကျွန်တော် နဲ့  သံဂဲ ကတော့  မလှမ်းမကမ်း ကစောင့် ပြီး နီတွတ် ဆိတ်မကို
ဘယ်လိုဖမ်းလာမလည်း ဆိုတာကို စိတ်ဝင်စားနေတာပေါ့ 
ကျွန်တော်ကတော့  ဖိနပ်ကို ခါးထိုးပြီး ပြေးဖို့  အစဉ်သင့် လုပ်ထားတာပေါ
့..တကယ်လို့  ဆိတ်မ အော်လို့  လူပျို ကြီး နိုးလာလို့ ကတော
ပြေး ဖို့ ကတော့  လုပ်ထားရတာပေါ့  လူပျို ကြီးကလဲ သူ့ ဆိတ်မလေးကို
ဘယ်လောက်ထိ ချစ်သလဲ ဆိုရင် တကယ့်သူ့ သမီးလို ပဲ ပါးစပ်ဖျားက သမီး သမီး
ဆိုတာမချဘူး။ ခဏ ကြာတော့ နီတွတ် ဆိတ်မကို အသာလေး ဘဲ ဗိုက်ကနေ ပွေ့ လာတော
့တာပဲ
ဆိတ်မ ကလည်း ငြိမ်နေလိုက်တာ တစ်ချက် အသံမထွက်ဘူး။ ကျွန်တော် လည်း စိတ်ဝင်စားလို

့နီတွတ် ဖမ်းလာပုံ ကြည့်လိုက်တော့ သူက ဘယ်ဘက်လက်ကလေးက ဆိတ်မ နှုတ်သီး
နားကပ်ထားတယ်လေ...ဆိတ်မကလည်းတဖျပ်ဖျပ်နဲ့  နီတွတ်လက်ကို ယက်နေတာပေါ့

အဲဒီအချိန်မှာ ကျွန်တော်က မေးလိုက်တာပေါ့  ...........ဟေ့ ကောင် နီတွတ်
မင်းလက်ထဲ ကဘာတွေ လဲ .........
နီတွတ် ကလည်း ဆိတ်မ ဖမ်းလာ တဲ နည်းစနစ်ကို ဆရာကြီးလေသံ နဲ့ ကျွန်တော်နဲ့ 
သံဂဲ ကို ပြောနေလိုက်တာ
အေး ...မင်းတို့  နှစ်ကောင် နောက်မှတ်ထား ဆိတ်ခိုးတယ်ဆိုတာ ငါးပိ
ဆောင်သွားရတယ် ဆိတ်မ အနားရောက်ပြီဆိုတာနဲ့  ငါးပိ ကို ဆိတ်မ ပါးစပ် နား
ကပ်လိုက်ရတယ် အဲဒါဆိုရင် အဲဒီဆိတ်မ ဘယ်တော့ မှ မအော်တော့ ဘူး မင်းခေါ်ရာကို
ငြိမ်ပြီး လိုက်လာတော့ တာပဲ မှတ်ထား...
အော်...လက်စသပ်တော့  မင်း က ဆိတ်မ ကို ငါးပိ နဲ့  ဖျားယောင်းလာတာကို......
ဒီလိုနဲ့ ကျွန်တော်တို့  သုံးယောက်လည်းလူပျို ကြီး ဆိတ်မ ကို ရွာ
အနောက်မြောက်ဘက်က သင်္ချိုင်းကုန်း ဘေးက ထနောင်းပင် အောက်မှာ ချီထား ခဲ့ တော
့တာပေါ့။
ဘာရယ် ကြောင့်တော့  မဟုတ်ပါ လူပျို ကြီး ကိုတင်လှ ကို ကြည့်မရလို
့ကျွန်တော် တို့ သုံးယောက် သက်သက်လုပ်ခဲ့ တာပါ။
ကဲ ...မနက်ကျရင်တော့ သူကြီး ရယ် ထိပ်တုံး ရယ် ကျွန်တော်တို့ သုံးယောက်တော့
တွေ့ ကျပြီပေါ့ ။

မနက်မိုးလင်းတာနဲ့  လူပျို ကြီး ရွာလည်လမ်းမှာ အော်တုတ်တော့ တာပါပဲ....

သူ့ ဆိတ်မ ပျောက်တာကို ဆိတ်မပျောက်တယ်လို့  မအော်ဘူး
အော်ပုံကကြည့်လိုက်ပါအုံး။
......ဟေ့ ကောင်တွေ ...ငါ့ သမီး ကို ခိုးသွားတာ ဘယ် မိမဆုံးမ ဖမဆုံးမ
သားတွေလဲ ....
......ငါ့ သမီးနဲ့ မင်းတို့ နဲ့ တူလို့ တန်လို့ လားကွ....
......ငါ့သမီး ကို မင်းတို့ ပြန်လာအပ်ရင်အပ် မအပ်လို့ ကတော့  အလိုမတူပဲ
ခိုးပြေးသွားတဲ့ အတွက် သူကြီးကို သွားတိုင်မယ်ဆိုပြီး ...
လူပျိုကြီးတစ်ယောက် သူကြီးအိမ်သို့  သွားပါတော့ သည်။
သူကြီးကလည်း သိတဲ့ အတိုင်းပဲ ရွာထဲက ပြဿနာတစ်ခုပေါ် ရင် ပထမဆုံး ဦးတည်ချက်က
ကျွန်တော်တို့ သုံးယောက်ဘဲလေ...
အခုလည်း ကြည့် လော်ကြီးနဲ့ အော်ခေါ်နေပါပြီ။
.........ဟလို....ဟလို...နီတွတ်တို့ သံဂဲတို့  အုပ်စု ကြားရာအရပ်ကနေ
အခုအမြန်လာခဲ့ ကြ......
လူပျို ကြီး သူကြီးကို  တိုင်နေပုံကလည်း ကြည့်လိုက်ပါအုံး။

.....သူကြီး ကျုပ် သမီးကို ဟိုကောင်တွေ သုံးကောင် အလိုမတူပဲ ခိုးပြေးသွားတာ
အဲဒါကျုပ်အခုလာတိုင်တာ....
သူကြီး လည်း လူပျိုကြီးစကားနားထောင်ပြီး မျက်လုံးပြူးသွားသည်.။
......ဟဲ ...လူပျိုကြီး မင်းမှာက ဘယ်ကသမီးရှိလို့ လည်းကွ....
.....သူကြီး ဆိတ်မ လေးကို ပြောတာပါ...
.....ဟ...မင်းက လဲ ဆိတ်မ ဆို ဆိတ်မပြောပေါ့ ကွ...သမီး သမီး နဲ့ 
ရူပ်နေတာဘဲ....
.....ကျုပ်က ကျုပ်ဆိတ်မ လေးကို သမီးတစ်ယောက်လို ချစ်တာ
သူကြီး.....အဲဒါကြောင့် သမီး သမီးလို့ ခေါ်တာကြာလာတော့ ..
......ဆိတ်မ လို့ ခေါ်လို့ မရတော့ဘူးဗျ....
သူကြီး လည်းစိတ်မရှည်တော့ ဘဲ...ကဲ..ကဲ...ဒါဆိုလည်း မင်းခေါ်တတ်သလို ခေါ်.....
သူကြီးလည်းကျွန်တော်တို့  သုံးယောက် ၀င်လာတာမြင်တော့ .....ကဲကဲ ..မင်းတို့ 
ကြမ်းပိုး သုံးကောင်လည်း ထိုင်.....

မိုးမလင်းသေးဘူး....ပြဿနာက ရှင်းနေရပြီ.....
မင်းတို့ သုံးယောက် ညက လူပျိုကြီး သမီးကို ခိုးသွားကျတယ် မဟုတ်လား.....
...ဟုတ်တယ်..သူကြီး...
...ကဲ..ဒါဆို ရှင်းနေတာဘဲ...လူပျိုကြီးသမီးကို ပြန်အပ်လိုက်.....
လူပျိုကြီးက၀င်ပြောလိုက်တာကလည်း။
...သူကြီး ကျုပ်သမီးကို ဒီလိုအကောင်တွေနဲ့  သဘောမတူနိုင်ဘူး.....
အဲဒီအချိန်မှာ နီတွတ်ကလည်း လူပျိုကြီးကို အမြင်ကပ်သောပုံစံ ဖြင့်
ပြောလိုက်ပုံက။
....သူကြီး ..ကျွန်တော် လူပျိုကြီး သမီး ကို မေတ္ထာစစ်မေတ္ထာမှန်နဲ
့ချစ်တာပါ.....
တကယ့်သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်းသွားမှာပါ...

ဟ...ရှုပ်ကုန်ပြီ မင်းတို့ ကတော့ ..ငါတောင်ဘယ်လို ရှင်းပေးရမလဲ မသိတော
့ဘူးကွ...
သူကြီးလည်း ခေါင်းရှုပ်သွားသည်။

ဒီတစ်ခါတော့ နီတွတ် ရဲ့  ဖြေရှင်းချက်ကလေးကောင်းသွားတဲ့  အတွက်..လူပျိုကြီးလည်း
ဘာမှမတတ်နိုင်တော့ ဘဲ သူ့ သမီးဆိတ်မလေးကို ပြန်ခေါ်သွားပြီး...ကျွန်တော်တို
့သုံးကောင်လည်း ထိပ်တုံးက လွတ်ခဲ့ ရပါတော့ သည်။
*********************************************************

ကျွန်တော်တို့  သူငယ်ချင်းသုံးယောက် ဒီနေ့ မြို့ ပေါ် သွားကြပါသည်။ မြို
့ပေါ်ရောက်တာနဲ့  နီတွတ်က သူ့ ညီမလေး တက္ကသိုလ် တက်နေတာ အဆောင်ကို သွားတွေ
့ချင်တယ်ဆိုပြီး ကျွန်တော်တို့ သုံးကောင် သွားကြတာပေါ့။
ရွာက ပြဿနာကမြို့ ပေါ်ထိလိုက်လာတယ်လေ ။ ကျွန်တော်တို့  သုံးကောင်
ဆိုက်ကား စီးပြီး မြို့ ထဲ ကို သွားတော့  သံဂဲ ပေါ့  တောသားဇာတိပြလိုက်တာ
နီတွတ်က ရှေ့ ကထိုင်တယ် ကျွန်တော် က ဆိုက်ကားသမား နောက်က
ဖင်ထိုင်ခုံပေါ်မှာ  ထိုင်တယ် ။သံဂဲ ကနီတွတ်နောက်က ခုံမှာထိုင်တယ် သံဂဲ
တစ်ယောက် ဆိုက်ကားမစီးဖူးတော့ ထိုင်တဲ့  ပုံစံကို ကြည့် လိုက်အုံး ဆိုက်ကား
နောက်က နောက်ပြန်ထိုင်တဲ့  ခုံ ပေါ်ကို လူကမထိုင်ပဲ ခြေနင်းခုံပေါ်ကို
ဆောင့် ဆောင့် လေးထိုင်ပြီးလိုက်လာတယ်လေ ခဏ ကြာတော့ နီတွတ်က သိသွားပြီး
ပြောတော့ တာပေါ့ ။
.......ဟေ့ ကောင် ..သံဂဲ မင်းကလည်း တောသားမှန်း လူသိအောင်တော်တော်
လုပ်တာဘဲ....
.......ဖင်ထိုင်ခုံပေါ်ကို ထိုင်ပြီး နောက်ပြန်လှည့် စီးလေကွာ...
အဲ ဒီအချိန်မှာ သံဂဲ ကပြန်ပြောလိုက်ပုံက ကြည့်ပါအုံး။
....မင်းကလည်း ..ဒို့ ရွာမှာ လှည်းကို နောက်ပြန်မစီးကောင်းဘူးလေကွာ......
...ငါလည်းအဲဒါကြောင့် ဆိုက်ကားကို ရှေ့ လှည့် စီးတာပေါ့ ကွ....

....ရွာက ဟာကို ရွာမှာထား ဒါကမြို့ လေကွာ...
အဲ ဒါနဲ့ သံဂဲ လည်းဆိုက်ကားကို နောက်ပြန်လှည့်၍စီးလိုက်ပါသည်။
ဒီလို နဲ့  ကျွန်တော်တို့  သုံးကောင် နီတွတ် ညီမလေး အဆောင်ရှေ့ သို
့ရောက်သွားကြပါသည်။
အဆောင်ရှေ့ မှာ ရေခဲမုန့် သည်ကို တွေ့ လိုက်တော့  ကျွန်တော်တို့ လဲ ရေခဲ
မုန့် ဝယ်စားနေတဲ့  ကောင်မလေးတွေ ငမ်းချင်တာနဲ့  ရေခဲ မုန့် ဝယ်စားကြတာပေါ့ 
ရေခဲ မုန့် စားရင်း ကောင်မလေးတွေ ငမ်းနေတဲ့ အချိန်မှာပဲ သံဂဲ
ကအသံတစ်ချက်ထွက်လာတယ်။
......ဟေ့ ကောင်တွေ ပြဿနာတော့ တက်ပြီ .....
ကျွန်တော်ကဘာဖြစ်လို့ လဲမေးလိုက်တော့  သံဂဲ ပြန်ပြောလိုက်တာက ။
...ငါ့ ခွက်ပဲ့သွား ပြီ လျှော်ရမှာလားမသိဘူး.........
ကျွန်တော်လည်း ကောင်မလေး တွေ ကြားသွားမှာစိုးတာနဲ
့တိုးတိုးလေပြန်ပြောလိုက်ရတယ်။
......ဟေ့ကောင် ပြဿနာ မရှိဘူး မင်း ခွက်ပါဝါးစားလိုက် ငါအလျှော်ပေးလိုက်မယ်
ဆိုပြီး ကျွန်တော်က ပြောလိုက်တာပေါ့ ...

သံဂဲ စိတ်အထင်က ခွက်ကို ပြန်ပေးရမယ်ထင်လို့  ခွက်မပဲ့ အောင် ဂရုစိုက်ပြီး
စားနေရတယ်လေ။
ကျွန်တော်တို့ လဲဒီလိုနဲ့  နီတွတ်ညီမလေးကို တွေ့ ပြီးပြန်လာခဲ့ ကြပါတော
့သည်။


ကျွန်တော် တို့  သုံးယောက် ဒီနေ့ တော့  မြို့ ပေါ်က အရက်ဆိုင်ကို
ဝင်ကြတာဖြစ်ပါတယ် သုံးယောက်သား
အရက်မူးမူး နဲ့  ဆိုင်ထဲ ကထွက် ခဲ့ ကြတယ် မြို့ ပေါ်ရောက်မှ ၀ီစကီ သောက် ရတာ
ဆို တော့ ရွာရောက်ရင် သောက်ဖို့  ၀ီစကီ ကိုလည်း ၀ယ်လာခဲ့ ကြတယ်လေ။ ရွာကားကို
စီးဖို့  ဈေး ထဲ ကနေ ဖြတ်လျှောက်ပြီး ကားဂိတ်ကို သွားရမှာဖြစ်တယ်လေ ဒီလို
နဲ့  သုံးကောင် သား မူးမူး နဲ့  လမ်းလျှောက် လာလိုက်တာ သံဂဲ ကရှေ
့ကလျှောက် ကျွန်တော် နဲ့  နီတွတ်က နောက်ကပေါ့  ဈေး အပေါက်ဝ ရှေ့ လည်းရောက်
စက်ဘီး နင်း ပြီး ကောင်မလေး တစ်ယောက် ထွက်လာတာပေါ့ သံဂဲ ပေါ့  မူးမူး နဲ့ 
လျှောက်နေတာ စက်ဘီး လာတာကို မမြင်ရဘူး စက်ဘီး နဲ့  လူ နဲ့  တည်တည် ကြီး
တိုးခါနီး မှာ နီတွတ်ကအော်လိုက်တာပေါ့ ။
....ဟေ့ ကောင် သံဂဲ မင်းရှေ့ မှာ စက်ဘီး.....
အဲဒါမှ သံဂဲ လည်း ဟိုရှောင် ရမလိုလို ဒီရှောင်ရမလိုလို လုပ် စက်ဘီးစီးတဲ
့ကောင်မလေးကလည်း ဟိုကွေ့ ရမလိုလို ဒီကွေ့ ရမလိုလို နဲ့  စက်ဘီးက သံဂဲ ရဲ့ 
ပေါင်ဂွကြားထဲ ၀င်လာတာပေါ့  ၀င်လာယုံ မပြီးသေး သံဂဲ ရဲ့  ပုဆိုး က စက်ဘီး
စမုတ်တံ ကြားထဲ ညှပ်ပါသွာပြီး
ကွင်း လုံးကြီး ကျွတ်ကျသွားပါလေရော ကျွန်တော်နဲ့  နီတွတ်ကတော့  နောက်ကနေ
ဟား တိုက်ပြီး ရယ်လိုက်ရတာ ။
ဈေးထိပ်ဆိုတော့ လည်း သိတဲ့ အတိုင်း လူကလည်း ပေါ ဘေးမှာကလည်းလက်ဖက်ရည်
ဆိုင်တွေကလည်းရှိတယ်လေ ။ အား လုံးရဲ့ မျက်နှာတွေက သံဂဲဆီမှာကြီးဘဲလေ
အားလုံးလည်း အားတိုက်ပြီး ရယ်နေကြတာပေါ့  ကျွန်တော်နဲ့  နီတွတ် ရယ်လိုက်ရတာ
မျက်ရည်တွေပါ စီးကျတယ်
ဘာကြောင့် အဲလောက်ရယ်ရလဲ ဆို သံဂဲ ဖြစ်ပုံကိုလည်းဆက်ကြည့်အုံးလေ သံဂဲ လည်း
ရှက်ရမ်းရမ်းပြီး ပုဆိုး ကို ကုန်းကုန်းပြီးကောက်တာ

ကောက်လို့ မရဖြစ်နေတယ်လေ သုံးခါမြောက်ကျမှ ပုဆိုး ကကောက်လို့ ရတယ် သူ
ကုန်းကုန်း ပြီးကောက်လေ ကျွန်တော် နဲ့ နီတွတ် ကဗိုက်ကို နှိပ်နှိပ်ပြီး
ရယ်နေရတယ်..။ အားလုံး ပွဲကြည့် ပရိတ်သတ်ကလည်း ကျွန်တော်တို့ နဲ့ 
ထပ်တူရယ်နေရတာဘဲ
ရယ်လိုက်ရတာ မျက်ရည် တောင် မက သေးပါ ထွက်မှာကြောက်နေရတယ် ဘာကြောင်
့အဲလောက် ဘာကြောင့်ရယ်ရသလဲ ဆိုတော့  သံဂဲ မှာက အတွင်းခံ ဘောင်းဘီ မပါဘူးလေ
စဉ်စားတာကြည့်ပေတော့  သူပုဆိုးကို ကုန်းကောက်လိုက်တိုင်း နောက်က မြင်ရတဲ
့မြင်ကွင်းကတော်တော်
ဆိုးတယ်ဗျာ။   သူကုန်းလိုက်လေ မြင်ရတဲ့ မြင်ကွင်းက
စာဖတ်သူများကိုယ်တိုင်စဉ်းစားပြီးမြင်ကြည့်ကြပါတော့...။
ရပ်နေရင်ဒီလောက်မဆိုးဘူး အပေါ်က၀တ်ထားတဲ့ စပုတ်ရှပ် အင်္ကျီ က သူ့ အရှက်ကို
တစ်ဝက်လောက်တော့ ကာကွယ်ပေးထားတာပေါ့  ။ စက်ဘီး စီးလာ တဲ့ ကောင်မလေး ကလည်း
ဘာစကားမှ မပြောနိုင်တော့ ဘဲပါးစပ် ကို လက်ဖြင့်  ပိတ်ကာဖြင့်  အသံကုန်
ရယ်နေတော့ တာပါဘဲ ။
ဒီလိုနဲ့  ပုဆိုးလည်းကောက်လို့ ရပါရော သံဂဲ ဆီက စကားသံ တိုး တိုး
လေးထွက်လာတာက
......ဟေ့ကောင်တွေ မြန်မြန် လာကြ ငါ ရှက် လို့ သေတော့မှာဘဲ .....
ဒီလို နဲ့  သံဂဲ လည်း ခေါင်းကို အောက်ငုံ့ ကာ ရှေ့  ကခပ်သုတ်သုတ် သွားတော့ 
တာပါဘဲ။ကျွန်တော်တို့ လည်း  ရယ်လို့ မဆုံးပါ သူ့ နောက်ကို ခပ်သုတ်သုတ်လိုက်ရင်း

ကျွန်တော် တို့ နောက်မှာတော့  ရယ်သံ တ၀ါးကြီး ကတော့ ကျန်နေခဲ့ တာပေါ့  ။
ဒီလိုနဲ့  လူရှင်းတဲ့ နေရာလည်း ရောက်ကော သံဂဲ မျက်နှာကြီး ကနီရဲ ပြီး
ကျွန်တော်တို့ ကို စကားပြန်ပြောလိုက်တာက
......ဟေ့ကောင်တွေ ဒီအကြောင်းကို တော့  မင်းတို့ နှစ်ကောင် ဘယ်သူ့ ကိုမှ
လျှောက်မပြောပါနဲ့ နော် ....
....ငါရှက်လွန် လွန်းလို့ ပါ....ရွာရောက်ရင် လည်းဘယ်သူ့ ကို မှ မပြောပါနဲ
့နော် ....
ကျွန်တော် နဲ့  နီတွတ် လည်း အေးပါ ကွာ ဘယ်သူ့ ကို မှ လျှောက်မပြော ပါဘူးလို့ 
ဂတိပေးလိုက်ပါတယ် ။

အခု ချိန်ထိ ကျွန်တော် ဘယ့် သူ့ ကို မှ လျှောက်မပြာခဲ့ ပါ။
*
မောင်လွမ်းဆု       (ဆက်ရန်ရှိပါသေးသည်)

No comments:

Post a Comment