Tuesday, April 19, 2011
အရှက်မရှိတဲ့ ခန္ဓာ
  ဖြစ်တည်မူ  ဖြစ်ပျက်မူတွေ မတည်မြဲ..
စိတ်ရဲ့ အစွဲလန်းတွေ ပျိုးးထောင်..
ဟိုး....မှောင်နေတဲ့ ကမ်းရိုးတန်းတစ်လျှောက်..
မြောက်လေတွေ သွဲ့ ဆင်း..
ညခင်း ရဲ့ တိမ်အိုကြား..
လမင်းနဲ့ စကားပြောပြီး..
နုတ်ဆက်ခဲ့ တဲ့ ၂၀၁၀ကို ပြန်တွေး...
ငါ ဘာလေးများအကျိုးရှိအောင်လုပ်ခဲ့ သလဲ..
စဉ်းစားတိုင်းသောက်လိုက်တဲ့ နောက်တစ်ခွက်က..
မှောက်ရက်ကျနေတဲ့  ခန္ဓာဝန်ကို..
ရှူရှိုက်တဲ့  လေတစ်သိုက်က စောင့်လျှောက်လို့ ..
နိုးထတဲ့ နံနက်ခင်းနဲ့  မိတ်ဖွဲ့ ခွင့်ရပြန်၏..
အဆုံးသတ်ခဲ့ တဲ့  တစ်နှစ်တာကိုကျောခိုင်း..
ငါ့ခန္ဓာအရိုင်းကြီးက  အရှက်မရှိ..
နုတ်ဆက်နေလိုက်တာ  ၂၀၁၁ တဲ့ ..
တစ်နှစ်တာကုန်ဆုံး..
ပြုံးပြုံးကြီး ရယ်ပြနေတဲ့ သေမင်းက..
မင်းလည်း နီးလာပြီတဲ့ ..
သေမဲ့  ခရီးနီးခဲ့ ပေမဲ့ ..
နေတဲ့ ခရီး ပြီးခဲ့ တာကိုပြန်တွေး...
ဘယ်အရေး ၌ဘာကျိုးဆောင်..
ငါအမှောင်ကို ၀င်တိုးနေသမျှ..
ခန္ဓာမသေ..
အသက်သေနေ၏...။
မောင်လွမ်းဆု...
No comments:
Post a Comment