လောင်းရိပ်မိပြီး ပွင့်ခဲ့ တဲ့ ပန်း..လန်းနေလျှက်..
အလွမ်းရက်တွေ ခ၀ါချတဲ့ ည...
အစိမ်းညတွေ အဖော်ပြု..
ဘယ်ဥတုကိုမှ သူတို့ ဂရုမစိုက်တော့ဘူး..
ပွင့်ပြီးမှဘဲ လောင်းရိပ်မိပါစေ..
လောင်းရိပ်မိပြီးမှဘဲ ပွင့်ပါစေ..
ပန်းဟာပန်းဖြစ်တဲ့ အတွက် ရနံ့ ဆိုတာ ရှိရမယ်...
ရနံ့ ပေါင်းများစွာကို နမ်းခွင့် မပေးတဲ့ ပန်း..
နမ်းခွင့်ပေါင်းများစွာကို ရနံ့ မပေးတဲ့ ပန်း..
ဘယ်ပန်းမျိုးလဲဆိုတာမင်းကိုယ်တိုင်မသိ..
မင်းကိုယ်တိုင်ပွင့်ပြီး..မင်းကိုယ်တိုင်ဘဲ မြေခသွားပြီလားပန်ရယ်...
ပန်းရေ မင်းဟာပန်းကလေးပါ..ငါတာဝန်မဲ့ စွာဖြင့် နမ်းခွင့် မပြုပရစေနဲ့ ...
ပန်းရေ မင်ဟာပန်းကလေးပါ ငါနမ်းခွင့်.ယူပြီးတာဝန်မမဲ့ ပရစေနဲ့ ..
ငါတာဝန်ငါကျေဖို့ ကြိုးစားနေခိုက်..
မင်းက အမှိုက်သရိုက်တွေကြားပွင့်နေလိုက်တာ..
ပန်းအတုတွေနဲ့ တွဲပြီး ရနံ့ အတုတွေ နဲ့ ပျော်နေတော့ ..
မင်းဆီမှာ အနမ်းတုတွေလာနေလိုက်ကြတာ..
မြင်မကောင်း ရှု့ မကောင်းပါလား ပန်းရေ....
မောင်လွမ်းဆု
No comments:
Post a Comment