တိမ်တောက် နေတဲ့ ရွှေရောင်ကောင်းကင်အောက်..
ဆည်းဆာမရောက်ခင် နေစောင်းတဲ့ အချိန်..
တိမ်ပြိုလုလု မိုးတိမ်အစုတွေ ငိုကြွေးကြတော့ မယ်...
ငိုခြင်းမရောက် ခင် ဆွေးခြင်းတွေ သယ်ဆောင်လာတဲ့  မြောက်လေနုနု..
ဘာဥတုရယ် လို့ အတိကျ မသိခဲ့ ရပေမဲ့ ..
ငိုချလိုက်တဲ့  မျက်ဝန်းတစ်စုံကြောင့် မိုးဥတု ဖြစ်နိုင်ချေရဲ့ ..။
ကိုယ့်အတွေး ကိုယ်စီနဲ့  အညိုရောင် မိုးတိမ်တွေ မပြိုခင်..
တစ်နေ၀င် ဟိုဥသြ က လွမ်းမောစွာဆိုပြလိုက်တဲ့ သီချင်းကြောင့်..
အိုကွယ် နွေဥတုများဖြစ်နေသလား..။
အခါလွန် အချိန်နှောင်းခဲ့ လို့  ဟေမာန် ဆောင်းရယ်က ဘယ်မှန်းမသိ..
မြန်မာပြည်ရဲ့  တစ်နေရာ ကိုယ့် ချက်မြုပ်ရာနေရာ ဒေသဆီက..
နွေလ တွေအမျိုးမျိုးပြောင်း မိုးဆောင်းတွေ အကြိမ်ကြိမ် လည်ခဲ့ ပြီ...။
ယ္ခု ရောက်နေရာ ဒီအရပ်မှာတော့ နေပူရင်းမိုးရွာ မိုးရွာရင် နေပူနဲ့ ...
ဘာဥတုမှန်း လည်း...မသိခဲ့ တာကြာပြီ..
စိတ်ကူးယဉ် အတွေးစခန်း နဲ့  ပြည်မြန်မာပြန်လမ်းရယ်က..
ပိတောက်ပန်းတွေ ကြို.. နွေခိုတိမ်ဟောင်းတွေ က..
မိုးရာသီပြောင်းပြီး..ဆောင်းတမီးလှုံ ချစ်သူရင်အုံ ခိုလှုံဖို့ အတွက်...
တစ်နေ့ တော့ ပြန်လာခဲ့ မယ်ချစ်သူ.....။
မောင်လွမ်းဆု
No comments:
Post a Comment