အဖေ က လယ်ယာ လုပ် အမေ က ထမင်းထုပ်ဖြင့်...
မွန်းမတည်း ခင် ရောက်အောင်ပို့ ပေးတယ်...
အမေ ပို့ တဲ့ ထမင်းကျမ်း ပဲပြုတ်ကို ဆီစမ်းနဲ့ ...
စားရင်းက ပြောတဲ့  အဖေ့ စကား... ငါ့သား သမီးတွေကြီးရင် ..
ဒီ လယ်ယာ က အမွေ အနှစ်တဲ့ ...
အဖေနဲ့  အမေ.. ဘိုးဖွား အမွေနှစ်ချစ်ခင်အားကိုး...
ဆန်အမျိုးမျိုး ထွက်တဲ့  ဒီ လယ်ကို သား သမီးတွေ အတွက် အမွေ တဲ့ ..
အဖေ....လယ် အလုပ်နဲ့  အရိုးမထုပ်ခင် ဆန် အမျိုးမျိုးတွေလုပ်တတ်ပေမဲ့ ..
ဒီနေ့  ဒီအချိန်ထိ သား ပါးစပ် မှာ အထပ်ထပ် အခါခါ စားခဲ့ ရတာက...
အမေ ရယ် ၀ယ်ကျွေး ဟိုး......လမ်း ထိပ်ဈေး ထဲက ...
နို့ ဆီဗူး လေးနဲ့  ချိန်တဲ့  ဆန် ပေါ့ ....
မောင်လွမ်းဆု.
No comments:
Post a Comment