Friday, July 11, 2014

ဒဏ်ရာတစ်ခုရဲ့ လျှော်ကြေး ဇာတ်သိမ်းပိုင်း...

ကံတရား က ဖန်တီးလာသမျှ ဘ၀ကို အရူံးပေးလိုက်ခြင်း ဒါဟာ အမှားတစ်ခု ဖြစ်လာလိမ့်မယ်လို့  မမျှော်လင့်ပဲ ဖြစ်ခဲ့ရတာလား။
ညီမ တစ်ယောက်အတွက်နဲ့ လက်စားချေ အနိုင်ယူချင်စိတ်တွေနဲ့ လုပ်ချင်တာကို လုပ်ချလိုက်မိတဲ့  ရှိုင်းထက်..။

မေတ္တာတရားကို ရှေ့ တန်းတင်ပြီး ချစ်စစ်ချစ်မှန်နဲ့  ချစ်ခဲ့ ရတယ်။ သံယောဇဉ် ကြိုးမျှင်တွေ ရစ်ပတ်ပြီးမှ နှလုံးသားမှာ
ဒဏ်ရာတစ်ခုနဲ့ ကျန်ခဲ့ ရတယ် ။အသုံးချခံ အိမ်ထောင်တစ်ခုဆိုတာ မသိလိုက်ရသော သူမ ဒေါ်ချယ်ရီ..။
အခုတော့  ရှိုင်းထက် ရှိတဲ့  ရွာကလေးကို လိုက်သွားဖို့  လုပ်နေရပါပြီ။
ဆရာမ နဲ့ ဒေါ်ချယ်ရီ ရှိုင်းထက် ရှိတဲ့ ရွာလေးကို ထွက်လာခဲ့ ကြပါပြီ။
ကလေး တစ်ယောက်ရခဲ့ ပြီးပေမယ့် လက်စားချေပြီးထွက်သွား ခဲ့ တဲ့ ရှိုင်းထက် ကို မသိခဲ့ တဲ့ ဒေါ်ချယ်ရီ ရဲ့ ရင်ထဲမှာတော့ အခုချိန်ထိ ရှိုင်းထက်ကို
စွဲလန်းတမ်းတနေဆဲပါ။

ဒီနေ့ တော့ ဗိုလ်ရှိုင်းတစ်ယောက် ရွာထိပ်က ဇရပ် ပေါ်မှာ အရက်တစ်ပုလင်း နဲ့ တစ်ယောက်ထဲ စစ်ခင်းနေပါတော့ သည်။
.......အို...အသင်လောက...အသင်လောက...
.......ငါ့ ကို အသင်သဘောမကျ တော့ဘူးလား....
......သင်သဘော မကျရင်နေ...
.......ငါ အမြင်ပြောရရင်တော့ ...
.......ရင်မောရပါဘိ အသင်လောကရေ...
.....မင်းတို့ လုပ်ချင်တာလုပ်...ငါ့ကိုတော့ ..
......ထမင်းတစ်လုတ်စားရအောင်လုပ်...
.....အခုတော့ မနုဿ ဒေ၀ီ ကြောင့် ..
.....ငါ ဒုက္ခရေကြည် သောက်နေရပြီ...
....ဟားဟားဟား.....
လို အော်ပြီး ဇရပ် ပေါ်မှ ဆင်းကာ သင်္ချိုင်း ရှိရာအရပ်သို့  ဗိုလ်ရှိုင်းတစ်ယောက် ပြေးထွက်သွားပါတော့သည်။
ရွာကလူတွေကတော့ ဗိုလ်ရှိုင်း တစ်ယောက် ဒီအတိုင်းတာသွားနေရင်တော့ မကြာခင်အရိုးထုပ်ရတော့မယ်ဆိုပြီး ပြောနေကြပါတော့သည်။


ဗိုလ်ရှိုင်း ခေါင်းငိုက်စိုက်နဲ့  အရက်ဆိုင်ထဲဝင်လာပါပြီ။
...ဟ ဘော်ဘော်ကြီး...လာဗျာ...ဒီမှာထိုင် အရင်သောက်လိုက်အုံး တစ်ခွက်လောက်.....
အရက်ဆိုင်ထဲက လူတွေ နုတ်ဆက်နေပါတော့ သည်။
..မင်း မူးတာလဲ မူး ရူးတာလဲ ရူးပေါ့ ...ကိုယ့်ကို ကိုယ် ပြန်ကြည့်အုံး...
..အရိုးနဲ့ အရေပဲ ရှိတော့ တယ်...ဗိုလ်ရှိုင်းရ.....
...ဘာဗျ...ကျုပ်ကို ခင်များတို့ သေကာနီးပြီ လို့ ဆိုတာပေါ့ ...
ဟားဟား.လို့ ရယ်ပြီး.. ဗိုလ်ရှိုင်း ဆက်၍ပြောနေပါတော့ သည်။
...ဘယ်အရာမှ မမြဲဘူးဆိုတာ ခင်များတို့ မသိဘူးလား...
..သင်္ခါရတရား ကိုခင်များတို့ သိမှာပါ...
...ဟ ဒီနေ့ တော့ တရားအကြောင်း စနေပြီဟ...ကဲဆက်ပါအုံး ဗိုလ်ရှိုင်းရ...
အရက်ဆိုင်ထဲကလူတွေ လဲ ဗိုလ်ရှိုင်းရောက်လာပြီဆို ဗိုလ်ရှိုင်းပြောတာတွေပဲ သဘောကျ နေကြသည်.
....ခင်များတို့ မှတ်ထား.. သင်္ခါရ ပျက်တတ်တဲ့ သဘောရှိတယ်...
...ဘာမှမမြဲဘူး ဒုက္ခ သစ္စာ တရားပဲ...
....ဟဟ..တော်ပါတော့ ဗိုလ်ရှိုင်း ရာ အရက်ဆိုင်နဲ့  အဲဒီစကားနဲ့ မလိုက်ပါဘူး...
ဒီလို နဲ့  ဗိုလ်ရှိုင်းတစ်ယောက် အရက်ပုလင်းခါးထိုးပြီး ရွာလမ်းမလျှောက်လာပြီးသူအော်ချင်တာလျှောက်အော်နေပါတော့သည်။
.....နေညိုမှာ လေချိုသွေးပြီ ဟေ့....
.....အာလူး လဲမစားဘူး...
.....နှာဗူးလဲမများဘူး..
...ရွာအထူးကဲကာလျှောက်လိုက်ရင်တော့ ...
...ငါဒူးကွဲမှာသေချာတယ်...
...နွေအခါမှာ ယိမ်းလေတဲ့  သစ်ကိုင်း...
....သွေခွါကာ စိမ်းလေတဲ့ အချစ်မှိုင်း.....
ဟဟဟ ဗိုလ်ရှိုင်း ကွ.. ကြောက်တဲ့ ကောင်ထွက်ခဲ့ ....
...မိုက်တဲ့ ကောင် မထွက်ခဲ့ နဲ့ ....
ဆိုပြီးအော်နေချိန် ရှေ့ ကထွက်လာသူက ရွာသူကြီး...
...ဟေ့ကောင် ဗိုလ်ရှိုင်း ရွာလမ်းလျှောက် ဘာတွေ လျှောက်အော်နေတာလဲ....
...မင်းတော့ ထိပ်တုံး ခတ်ထားရင် ကောင်းမယ်..
ဘာဗျ.... ထိပ်တုံး...ဟုတ်လား.. ကျုပ်ထိပ်တုံးခတ်ရင် သူကြီးကျုပ်ကို ထမင်းကျွေးရမှာ မကြောက်ဘူးလား..
...ဟဟ ကျုပ်ကတော့ ခတ်လေကြိုက်လေပဲ...
သူကြီးလဲခေါင်းကုတ်ပြီး။
...ကဲ မင်း သွားသွား အိပ်တော့ ...ရွာလမ်းမကြီး လျှောက်အော်မနေနဲ့ ...
ဟဟ...သူကြီး ထမင်းကျွေးရမှာ ကြောက်ပြီး ကျုပ်ကို ထိပ်တုံးမခတ်တော့ ဘူးတဲ့ ဗျို့ ........
လို့  အော်ပြီး ရွာအပြင်ဘက်တိုင် ထွက်ပြေးသွားပါတော့သည်။
************************************************

ဒီနေ့ တော့ မြို့ က ဆရာမလေးနဲ့ ဒေါ်ချယ်ရီတို့  ရွာကို ရောက်လာပါပြီ ။
ရောက်ရောက်ခြင်းပဲ ဆရာမက သူကြီး အိမ်အရင်သွားပြီး ။
ဗိုလ်ရှိုင်းကို မေးပါတော့ သည်။
...ဆရာမလေး ပြန်လာတာမြန်လှပြီလား...ရွာလူကြီးက နုတ်ဆက်လိုက်လိုက်စဉ်။
...ဦးလေး ဗိုလ်ရှိုင်း မတွေ့ မိဘူးလား...
...မနေ့ က တော့ ငါနဲ့  ရွာလမ်းမ ခဏတွေ့ လိုက်တယ်...ဒီနေ့ တော့ မမြင်သေးဘူး...
ေ ဒေါ်ချယ်ရီ လဲ ဆရာမနောက်ကနေ သူကြီးပြောတာကြားပြီး ရင်တစ်ထိတ်ထိတ် ဖြစ်သွားပါတော့ သည်။
ဒီလိုနဲ့  ဆရာမတစ်ယောက် ရွာကလူတွေ တစ်ယောက်ပြီးတစ်ယောက် လိုက်မေး ဘယ်သူက မှ မတွေ့ ဘူးဖြစ်နေကြပါသည်။
ေ နောက်ဆုံး အရက်ဆိုင် ထိသွားရှာတော့ လဲ အရက်ဆိုင်ထဲကလူတွေ က လဲ ဒီနေ့ တော့ မလာသေးဘူးလို့ ပြောလိုက်ပါသည်။
ဒီလိုနဲ့ ရွာကလူတစ်ယောက်က ဆရာမကို လာပြောပါတော့ သည်။
.....ဆရာမ ဗိုလ်ရှိုင်း က တစ်ခါတစ်ခါ သင်္ချိုင်း ကုန်းကို သွားသွားပြီး အိပ်တတ်တယ်...အဲဒီလိုက်ကြည့် ပါလား..
ေ ဒေါ်ချယ်ရီ လဲ သက်ပြင်းတစ်ချက်မှုတ်ထုတ်ရင်း
....မိခင် ဒါဆိုလဲ သချိင်္ုင်းကုန်းကို လိုက်သွားရအောင်...
ဆရာမနှင့် ဒေါ်ချယ်ရီတို့ သင်္ချိုင်းကုန်းကို လိုက်သွားကြပါတော့ သည်။
ရွာထဲ ကလူတွေ ကတော့  ဆရာမနဲ့ ဒေါ်ချယ်ရီကို စိတ်ဝင်စားနေကြသည်။
...ဘာဖြစ်လို့  ဆရာမ ဒီအရက်သမား ကို ဒီလောက်ရှာနေပါလိမ့်...
လို့  ရွာထဲက လူတွေ အချင်းချင်း ပြောနေကြပါတော့ သည်။


************************************
......အမေ ကျုပ်ကို လာကြည့်ပါအုံး....
...ညီမလေး နင်လဲငါ့ ကို လာကြည့်ပါအုံး....
...အမေ ကျုပ်ဘ၀ ရေလယ်မှာနေကွယ်နေပြီ...
...သေဖွယ်ရာပဲ ရှိပါတော့ တယ်.....
....ညီမလေး ရဲ့  တာဝန်ကို ကျေအောင် လုပ်နိုင်ခဲ့ ပေမယ့်...
...အမေ့ ရဲ့ တာဝန်ကိုတော့ ငါမကျေခဲ့ ဘူးဟာ....
...အမေ ကျုပ်ကို တမလွန်ကနေ ခွင့်လွတ်ပါ...
..ညီမလေးနင်ကလဲ ငါ့ ကို တမလွန်ကနေ ကျေနပ်ပေးပါ.....
...ငါဘ၀ ဒီမှာပဲ အဆုံးသပ်ပရစေတော့...
ဗိုလ်ရှိုင်း တစ်ယောက် မျက်ဝန်းမှ မျက်ရည်များလဲ စီးကျနေရင်း တစ်ညလုံး သူအမေနဲ့ သူ့ ညီမလေးရဲ့ အုတ်ဂူကြားမှာ
အိပ်နေရင်းနိုးလာ၍ ဒီစကားများကို ပြောနေချိန်မှာပဲ။ ဆရာမနှင့် ဒေါ်ချယ်ရီ တို့ နှစ်ယောက် နောက်က ရောက်လာခြင်း
ဖြစ်ပါတော့ သည်။
ဒေါ်ချယ်ရီ တစ်ယောက် ဗိုလ်ရှိုင်းရဲ့  စကားများကို အားလုံးကြာပြီး။ နုဝေ ရဲ့  အုတ်ဂူလေးကိုလဲ မြင်နေရပါသည်။
အခုမှပဲ ဒေါ်ချယ်ရီ တစ်ယောက် ရှိုင်းထက် သူ့ ကို ညီမအတွက် လက်စားချေခဲ့ တာကို သိပြီး။
တစ်ချိန်က နုဝေကို သူပြောခဲ့ တဲ့ စကားများပြန်ကြားယောင်နေရင်း မျက်ဝန်းမှမျက်ရည်များ စီးကျလာကာ
.....မောင်...လို့  ခေါ်လိုက်ပါတော့ သည်။
အဲဒီအချိန်မှာ ရှိုင်းထက် တစ်ယောက် နောက်ကို ပြန်လှည့် ကြည့်လိုက်တော့ ဒေါ်ချယ်ရီနှင့် ဆရာမကို မြင်ပြီး
အံသြသွားပါသည်။
ေေ ဒေါ်ချယ်ရီ မှ မောင်လို့  ဆက်၍ခေါ်ပြီး ရှိုင်းထက်အနားသို့ ပြေးဝင်ကာရှိုင်းထက်ရဲ့ ပုခုံး ကို ကိုင်ပြီး ငို၍ပြောနေပါတော့ သည်.။
....မောင် ...မကို ခွင့်လွတ်ပါနော်.....
...မ...အဲဒီအချိန်က မောင်လေးကို ချစ်တဲ့ ဇောနဲ့ နုဝေ ကိုပြောခဲ့ မိတာပါ...
..နုဝေ ခုလောက်ထိ ဖြစ်သွားလိမ့်မယ်လို့ လဲ မ ..မထင်ခဲ့ ပါဘူး မောင်ရယ်...
(ဘာ)... ဆိုပြီး သူ့  ပုခုံးကို ကိုင်ထားသော ဒေါ်ချယ်ရီ ရဲ့ လက်ကို တွန်းချကာ ရှိုင်းထက် ထရပ်လိုက်ပြီး။
....ဒီမှာဒေါ်ချယ်ရီ.....ခင်များ မောင်လေးကို ချစ်သလို ..ကျုပ်လဲ ကျုပ်ညီမကို ချစ်တာပဲ...
..အခုကြည့် ခင်များ တစ်ယောက် ကြောင့်  ကျုပ်ညီမတစ်ယောက်ထဲ အသက်ဆုံးရှုံးတာမဟုတ်ဘူး..
...ကျုပ်အမေလဲ အသက်ဆုံးရှုံးခဲ ရပြီ ကျုပ်ဘ၀လဲ ပျက်စီးခဲ့ ရပြီ...
...ခင်များဆီက ကျုပ်ရခဲ့ တဲ့ လျှော်ကြေးနဲ့ ...
...ကျုပ်အခုဖြစ်ခဲ့ ရတဲ့  အတိုင်းအတာ နဲ့  လုံးဝမတန်ဘူး..
ရှိုင်းထက် လဲ ငိုရင်းမှ ဒေါ်ချယ်ရီကို အော်၍ပြောနေပါတော့ သည်။ ဒေါ်ချယ်ရီ လဲ ငိုရင်းက စကားသံ သဲ့ သဲ့ လေးထွက်နေပါတော့ သည်။
...မောင် ...မောင်..ကျေနပ်အောင် မ ဘယ်လို လုပ်ပေးရမလဲ ပြောပါ မောင်ရယ်...
...အခုလေ...မ မှာ မောင်နဲ့ ရခဲ့ တဲ ရင်သွေးလေးက သားလေးတစ်ယောက် မွေးခဲ့ ပြီးပါပြီ....
..မောင့် ရဲ့ သားလေးတောင် တစ်နှစ် ပြည့်ကာနီးပြီ...မောင်...
ရှိုင်းထက် အဲဒီစကားကို ကြားလိုက်ရတော့ ရင်ထဲ တစ်မျိုး ဖြစ်သွားသည်။
အဲဒီအချိန်မှာ ရွာကလူကြီးများရောက်လာပြီး။
....ကဲ...ဗိုလ်ရှိုင်း... ပြီးခဲ့ တာတွေလဲ ပြီးခဲ့ ပါပြီ...
...မင်းပြောခဲ့ သလို ပဲ ဘာမှ မမြဲဘူး..
..ဖြစ်ပြီးရင် ပျက်ကြစမြဲပါပဲ..
..တစ်ယောက်နဲ့ တစ်ယောက် လက်စားချေနေကြမယ်ဆို ရင် ဒီလောကကြီး ဆုံးခန်းတိုင်မှာမဟုတ်တော့ ဘူး..
...မင်းလဲ အသင်လောက ကြီးလို့ အော်စရာမလိုတော့ ဘူး..
...မင်းတို့ နှစ်ယောက်ရဲ့  သားလေးလဲ အရွယ်ရောက်နေပြီ..
..မင်းဘ၀ကို တစ်က ပြန်စဖို့ အတွက် ..သူတို့ နဲ့ ပြန်လိုက်သွားပါ...
...မင်းဒီမှာ ဆက်မိုက်နေလို့ လဲ မင်းအတွက် ဘာမှ အဓိပ္မါယ် မရှိပါဘူး...
...အေး နောင် တစ်ချိန်မှာ ကြီးလာမယ့် မင်းရဲ့ မျိုးဆက် အသစ်ကလေးဖြစ်တဲ့ သားလေးဟာ..
...မင်းလိုချင်တဲ့ ..ဒေါ်ချယ်ရီ ဆီက ရလိုက်တဲ့ လျှော်ကြေး လို့  မင်းက သတ်မှတ်လိုက်ရင်...
..မင်းရဲ့ ဒဏ်ရာတွေပါပြေပျောက်ပြီး အဲဒီသားရတနာ လေးဟာ မင်းအတွက် တန်ဘိုး မဖြတ်နိုင်တဲ့ ...
...လျှော်ကြေးပါပဲကွာ......

ဗိုလ်ရှိုင်း တစ်ယောက် ရွာလူကြီးရဲ့ စကားတွေ ကို နားထောင်ပြီး တခဏငြိမ်သွားရာမှစကားသံအေးအေးလေးထွက်လာပါတော့သည်။
....ဟုတ်ပါ တယ်..ကျုပ် အတ္တ ကြီးခဲ့ လို့ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ ရတာပါ...
...မ....မောင့်ကို ခွင့်လွတ်ပါ ...
အခုတော့  ..မဆီက ကျနော်လိုချင်တဲ့  ကျနော်ရင်ထဲ မှာ ရှိခဲ့ တဲ ဒဏ်ရာတစ်ခုရဲ့  လျှော်ကြေးဟာ...
အဲဒီသားရတနာလေးနဲပဲ...ကျနော်ကျေနပ်မိပါပြီ....
အဲဒီသား ရတနာ လေးရယ် မရယ်... မောင်တို့ မိသားစု ဘ၀လေး ကို အခုချိန်ကစပြီး ...ပျော်ပျော်ရွှင်ရွှင်
ေ နေသွားကြမယ်နော်......
..........ပျော်လိုက်တာ...မောင်ရယ်.....................................................................................

******************************************************************************************************
(ပြီးပါပြီ)
ကျနော်ဇာတ်လမ်းကို အစမှ အဆုံး စိတ်ရှည်ရှည်နဲ့  လာရောက်ဖတ်ရှု့ သွားကြသော
သူငယ်ချင်းများ ကို လေးစားလျှက် ကျေးဇူးတင်စွာဖြင့် မောင်လွမ်းဆု ( မြေလတ်)
ဆက်လက်ကြိုးစားပါအုံးမည်။

No comments:

Post a Comment