ခုံဖိနပ် တစ်ရံရယ်..
ခေါင်းပေါင်း တစ်ခုရယ်..
သူရိန်နဲ့  စကားပြောပြီး..
သင်္ခါရ တရားတွေ ကို အဖော်လုပ်..
အိမ်ရှေ့ သစ်ပင်က ငှက်တွေ ထပြန်သွားကြပြီ..
သစ်ကိုင်းခြောက်တွေ လည်း ရွက်နုထွက်ရင်းက .
မြေမှာ ခလို့ ..
ဘယ်တုန်းကမှ တံခါးမရှိတဲ့  အမေ့  အိမ်မှာ..
ငှက်တွေ လဲ မလာတော့ ဘူး..
သစ်ရွက်တွေ လည်း ကြွေကြွေ ကျနေပြီ..
အသက်ရှုသံ အေးအေးနဲ့  ..
အမေ ကဗျာရွတ်နေပြီ..
သားကြီးရော နေကောင်းရဲ့ လား ..
သမီး အလတ်ရော အလုပ်အဆင်ပြေရဲ့ လား..
သားငယ်လေးရော အရင် လို ဆိုးတုန်းပဲလား..
သားတို့ မောင်နှမတွေ ရော တွေ့ ကြရဲ့ လား..
အမေ အရင် လိုထမင်းစားလို့ မကောင်းတော့ ဘူး..
အမေစီး ခဲ့ တဲ့  ခုံဖိနပ် တစ်ရံ ကြောင့်
သားတို မောင်နှ မတွေ ကတ္ထီပါ ဖိနပ် စီးခဲ့ ရပြီ..
အမေ ပေါင်းခဲ့ တဲ့ ခေါင်းပေါင်း အ၀တ်စ လေးကြောင့်..
သားတို့  အ၀တ်စ မျိုးစုံ ၀တ်နိုင်ခဲ့ ပြီ..
အမေအိမ်ရဲ့  လှေခါးရှေ့ က မီးဖိုခန်းလေးမှာ..
အမေခေါင်းပေါင်းလေးနဲ့ ခုံဖိနပ် တစ်ရံ..
ကျွန်တော်ကို မြင်လို့ သူတို့ ပြုံးနေတယ်..
တံခါး မရှိ တဲ့  အမေ အိမ်မှ ..
ကျွန်တော်တို့ တွေ အတောင်စုံခဲ့ ကြပြီ..
အမေ ငှက်တွေ မရှိပေမဲ့  နံနက် တိုင်း ..
အစာတွေ ပစ်ကျွေးနေတယ်..
အမေကျွန်တော် ကို မြင်လိုက်တော့..
ကမ္ဘာကြီးကို စိန်ခေါ်ပြီး ပြုံးနေလိုက်တာ..
ဒါ..အမေ့ သားကြီး ဟုတ်ပါတယ်နော်..
အမေအရင်ကလို မျက်လုံးတွေ သိပ်မကောင်းတော့ ဘူး..
သြော် ..ဒါကြောင့် တံခါးမရှိတဲ့ အမေ့ အိမ်မှာ ..
ငှက်တွေ မလာပေမဲ့  အစာတွေ..
ကျွေးနေဆဲ.......အမေ...။
မောင်လွမ်းဆု..
အမေ့အိမ်..
ReplyDeleteအရမ်းပြန်ချင်ပေမယ့်..
လည်ပြန်ခွင့်မသာ..သေးပါဘူး..
မောင်လွမ်းဆုရယ်..