Sunday, April 24, 2011

သူငယ်ချင်းရေ

မင်းဘာဖြစ်လို့ လဲ ဆိုတာကို ငါ မမေးဘူး...
မင်းလိုအပ်တာ ငါတစိတ်လောက်ကူညီပရစေ...
မင်းဟိုနေ့  က ငါ့ကို ပြောခဲ့ တာ ငါ့ စိတ်ထဲ ဘာမှ မဖြစ်ခဲ့ ပေမဲ့  ...
ငါ မင်းကို ခင်ရုံက လွဲလို့  ဘာမှလုပ်မပေးနိုင်ခဲ့ ဘူး...
မင်းကွာ..ငါသူငယ်ချင်းတစ်ယောက်ရယ်လို့  ရည်ရွယ်ပြီးမှ..
ဘာကြောင့် တံခါးကို မင်းကိုယ်တိုင်ဖွင့် ...
မင်းကိုယ်တိုင်ပိတ်သွားရတာလဲ...
သူငယ်ချင်းတစ်ယောက်အတွက်နဲ့  ငါ့ စိတ်တွေ ဘယ်တုန်းကမှ ..
ရေအမျော မခံခဲ့ ပေမဲ့ ..
ကျောက် ဆောင်ပေါ်ကို တင်ခဲ့ တဲ့ စိတ်တစ်ပိုင်း တစ်စ ..
မင်းအတွက်ပါလို့  ငါ အာမမခံနိုင်ခဲ့ ဘူး...
မင်း(သို့ ) သူငယ်ချင်းတွေ ဟာ..
ငါ့ရဲ့  အစားကောင်းအသောက်အကောင်းတွေ နဲ့ ..
မင်း အသက်ဆက်ခဲ့ တာမဟုတ်ခဲ့  ပေမဲ့ ..
ပေါင်းစပ်သွေးတစ်ခွက်နဲ့ ..
ဒို့ တွေ ဥယျာဉ် တစ်ခု ပျိုးခဲြ့ကတယ်..
မင်းမျိုးစေ့  ငါမသိ..
ငါမျိုးစေ့ မင်းမသိခဲ့ ပါဘူး..
မင်းပွင့်တဲ့ ပန်း ငါပွင့်တဲ့ ပန်း ရနံ့ ဆုံပြီး..
ကမ္ဘာကြီးကို မွှေးစေနိုင်တယ်သူငယ်ချင်း..
ဒို့ တွေ အသက်မဆုံး ..အပြုံးတွေ တစ်သက်လုံးရှိနေခိုက်..
အမှိုက်တွေကြားက ဖိနပ်နပ်တစ်ရံ..
မင်းတစ်ဖက် ငါတစ်ဖက်စီးပြီး...
မင်းပြုံးရင်ငါလိုက်ပြုံးမယ်....
ငါပြုံးရင် မင်းလိုက်ပြုံးပေးပါ .......သူငယ်ချင်း




မောင်လွမ်းဆု...

No comments:

Post a Comment