Sunday, April 03, 2011

အိုကမ္ဘာကြီးရေ..

အို..ကမ္ဘာကြီးရေ..



လူသားတွေ  စိတ်ကောင်းတွေပျောက်..
ကမ္ဘာကြီးက အတိတ်ဟောင်းတွေဖျောက်လို့ ...
အရိပ်ကောင်းတွေအောက်မှာ ကမ္ဘာပျက်လို့ အသက်ထွက်ခဲ့ ရပြီ...
ဒို့ တွေရဲ့ ကမ္ဘာ ဒီအိမ်ရာကြီးမှာ..
ဒို့ တွေ ရဲ့ အသက် သူ့ အတွက်များ ဖြစ်ခဲ့ လေသလား...
လှံသွား ရာမြေနိမ့် ခဲ့ ရတဲ့ လူတွေ...
ကံတရားရဲ့  အနိမ့်မြင့် လမ်းမှာ..
သူတို့တွေ ဖိနပ်ပြတ်လို့ ..
ခရီးမဆုံးခင်နိဂုံးချုပ်လိုက်ကြပြီ..
မပြီးဆုံးတဲ့  ကံတရားကို လှံဖျားကို အဆိပ်လူးပြီး..
ကမ္ဘာကြီးက ပစ်မှတ်ထားလို့  ..
လုပ်ရက်လိုက်လေခြင်း...
ရှိပါစေတော့  ရှိစေတော့ ကမ္ဘာ္ဘကြီးရေ...
ကံတရားရဲ့ လှံဖျား မှာ ကမ္ဘာကြီးရဲ့ အဆိပ်လူးမျှားက ..
သူတို့ တွေ ရဲ့ အသက်ဖျားကို ထိခဲ့ ရပြီလေ...
အို...ကမ္ဘာကြီးရေ...
နာကြီး၍ လည်း ဒို့ တွေမနေချင်တော့ ပါ..
လာပြီးရင် ပြန်ရမယ်ဆိုတာ...
ဓမ္မတာ ဘဲ လေ....။


မောင်လွမ်းဆု

No comments:

Post a Comment