Sunday, April 03, 2011

ဘ၀လမ်းကြောင်းပေါ်ကအချစ်ကြောင်း..




တစ်နေ့  တစ်နေ့  မနားမနေ ပြေးနေရတဲ့ စိတ်...

ကမ္ဘာ့  လမ်းကြောင်းကြီး မပြောင်းခင် ..
ဘ၀လမ်းကြောင်းကြီးတွေ ပြောင်းနေတဲ့  လူတွေ..
အပူ အအေးတွေ ကြားက ..
အဆွေးလေးတွေ ကပ်ကပ်ပါလာပြန်တယ်..
အလုပ်ကို ဂရုမစိုက်တော့ ..
ငွေကလဲ ကိုယ့် ကို ဂရုမစိုက်ဘူး..
ငွေကဂရုမစိုက်လို့  ဘာကိုမှ ဂရုမစိုက်ဘူးဆို တော့ လည်း..
ဖိနပ် မပါဘဲ လမ်းလျှောက်နေရသလိုဘဲ..
အခုကြည့်လေ အလုပ်ကို အလေးမထားခဲ့ တော့ ..
ငွေက လဲ အလေးမထား ချစ်သူက လည်း ပြေးသွားပြီ..
(ဘာဆိုင်လို့ လဲဗျာ...)
ဆိုင်တယ် သိပ်ဆိုင်တာပေါ့ ..
အချစ်သည် အစ ပထမတော့ ပေါ့ ပျက်ပျက်နဲ့ ငံနေတဲ့ ဆားလို ဘဲ..
နောက်ဆုံးတော့ လည်း သော့ မခတ်ဘဲ သော့အဖျက်ခံလိုက်ရတဲ့ အခန်းတံခါးလိုဘဲ..
အချစ်သည် ကိုယ့် အတွက်တော့ ဓားသွား တစ်လက်လိုဖြစ်ခဲ့ လို့ ..
ကိုယ့် နှလုံးသားကို ဒီအချစ်ဓား နဲ့  ဘဲ အပိုင်းပိုင်းဖြတ်ခဲ့ ပြီ...
နောင် ဆိုတဲ့  တ နဲ့  အတိတ်ဆိုတဲ့  ကံ မှာ..
ဘတ်စ် ကားလို မှတ်တိုင်မရှိဘူး..
အနံ့ မကောင်းတဲ့  အချဉ်ဖတ်ဟာ ..
ငါးပိရည် နဲ့ ဘဲ လိုက်ဖက်တယ်ဆိုတာ..
စားကြည့် လို့  အရသာ ရှိပြီးမှ....
လက်မှာ ကပ်ကျန်နေတဲ့  အဲဒီ အနံ့ တွေ ကြောင့်..
အိပ်မရလို့  လက်ထဆေး လိုက်ရတယ်...။

မောင်လွမ်းဆု..


No comments:

Post a Comment