Sunday, April 03, 2011
အမေ
အမေ့ လက်နဲ့  သား ပုခက်..
ယိမ်းနွဲ့  လို့ ကနေဟန်..
အမေ့ အသံရယ် ချိုမြနှောင်း..
သား ကောင်းကောင်းလေးအိပ်ပျော်ခဲ့တယ်  အမေ..။
အမေ ဆိုတဲ့  သားချော့ တေးကို ..
ဝါး  ကြိတ်သံ  သံစဉ်လိုက်တော့ ...
သားမှာဖြင့်  နှစ်နှစ် ခြိုက်ခြိုက်ပေါ့ ...အမေ...။
ကလေးဘ၀ ရယ်   ဘာရယ်မသိ...
နိုးလာတဲ့ အကြည့်ရယ်က...
အမေ့ မျက်နှာ မြင်ရုံမျှဖြင့်..
လင်းလက်တဲ့   လမင်းပမာ..
စိတ်ရွှင်သာ ကြည်နူးခဲ့ ရပါတယ်..အမေ..။
အမေ နို့ ရယ်ချိုပါ ၏..
သား ရှာ၍ ကြည့်ချင်ပါသော်..
ကမ္ဘာ ရယ် ဆယ်ခါ ပျက်..
ဘယ်လူမျိုး မှ ရှာမတွေ့ နိုင်ပါဘူး...အမေ။
အမေ့ နို့ တစ်စက်နဲ့  သား အသက် ..
ဆက်လက် ၍ ရှင်နေသမျှ...
မြင့်မားတဲ့  အမေ့  ဂုဏ်ရည်ကို..
ယုံကြည် လျှက်ဖြင့်..
မိုးယံ ဆီ အာကာပြင်နဲ့ ..
နှိုင်းယှဉ် ကာပြသော်လည်း...
အမေ နိုင်ပြီးသားပါ... အမေ။
ဘယ်အရာ  ဘာနဲ့ မှ..
တုနှိုင်း ၍ မရတဲ့ ..
အမေ့ မေတ္တာ ဂုဏ်ကျေးဇူးကို..
သား ရည်စူး၍  ကန်တော့ လိုက်ပါ၏...အမေ..။
မောင်လွမ်းဆု..
No comments:
Post a Comment