ကျနော် မုန်းနေပြီ...။
လင်းကြက်တွေ တေးဆိုတတ်တဲ့  နံနက်ခင်းလေးကို
ကျနော်ပြန်လိုချင်လှပြီ..။
မုတ်သုန်မိုးတွေ နောက်ကျခြင်းနဲ့ အတူ..
ရှည်လျားပူပြင်းမူတွေကြောင့် ကမ်းပျောက်စေခဲ့ တာလား..။
အပူမိနေတဲ့ ကျောပြင် ကို လမ်းခင်းပြီ..
အသံတိတ် အိပ်မက်တွေနဲ့ ခရီးဆက်နေရခြင်းက ဘယ်တော့ ဆုံးမှာလဲ..။
သိုလှောင်ထားတဲ့ မျက်ရည်တွေအလျှံအပယ်နဲ့ ..
မငိုရက်တဲ့  နေ့ တွေလည်းများခဲ့ ပြီ..။
အဆင်သင့်ဖြစ်နေတဲ့  တံခါးဝ ကြီးကိုကြည့်ရင်း...
ခြေလှမ်းတွေ အားအင်နည်းခဲ့ ရတယ်...။
ရာသီ မိုးလေးအကုန် ခြေလှမ်းတစုံဖြင့်..
ကိုယ့်အရပ်မြေ အိမ်အပြန်လမ်းမှာ...
အံကြိတ်သံတွေ ပါမလာအောင်..
ကြိုးစားရအုံးမယ်...။
ဟောင်းနွမ်းနေတဲ့  ပြက္ခဒိန် တွေ ပြန်ကြည့်ရင်း..
မျက်ဝန်းက စိုစွတ်မူတွေ နုတ်ဆက်ထွက်ခွာမဲ့ နေ့ က ဘယ်နေ့ လဲ...။
သမ္မာအာဇိဝ ဆိုတာလှပတဲ့ စကားလုံးလေးမို့ ..
အခုတော့ ..ကျနော့် ပခုံးတွေလည်း အရေခွံ ထူခဲ့ ရပါပြီ..အမေ..။
မောင်လွမ်းဆု..
No comments:
Post a Comment