ဟေ၀န်နန်း မှာ မင်းပျော်ခဲ့ ပေမဲ့ 
နေ၀င်လမ်းမှာ အတင်းအော်နေတဲ့ ...
ငှက်တွေက ငါ့ အဖော် ဖြစ်ခဲ့ သလို..
သက်သေက မင်းနဲ့  ငါနဲ့ နှစ်ယောက်ကြား..
တစ်ယောက်စကား တစ်ယောက်ဆိုထားခဲ့ ၏...။
ညိုမြမြ တိမ်အိုအောက်မှာ..
အလွမ်းမိုးတွေ မစိုခင်..
အပျိုသခင် သူနုတ်စကားကို..
ဟုတ်မလားလို့ ထင်မှတ်မိ၏....။
အလှည့်အပြောင်း မနွဲ့ နှောင်းခဲ့ ပေမဲ့ ..
အသည်းတောင်းတဲ့ ဒီကဗျာကို...
ဆိုသာဆို မငို ပရစေနဲ့ ...။
အိုနွဲ့ နွဲ့  ပန်းတစ်ပင်..
လန်းနေမျှ အပွင့်ဖူးတို့ သည်..
လွင့်လူး၍ ပျော်ပါး ...
ဒို့ များတော့ မထိုက်တန်..
အမှား အမှန်ကို မဝေခွဲ..
ကြေကွဲစရာ နောက်ဆုံးက..
ပျောက်ဆုံးခဲ့ ရလေပြီ....။
အနီးဆုံး ရဲ့ ကိုယ့်မှာ..
မပြီးဆုံးတဲ့  အိပ်မက်..
ဆက်မက်ခွင့် မပြုပရစေနဲ့ တော့ ...............။
မောင်လွမ်းဆု..
No comments:
Post a Comment