စံပယ် ရေ ပွင့်ပေးပါ...
တကယ်လို့  ကိုယ်ဟာ မင်းတွက်မဟုတ်ခဲ့ ရင်..
အတင်းဖွဲ့ စီခဲ့ တဲ့  ဒီကဗျာလေး အဓိပ္ပါယ်မဲ့ မှာဆိုးတယ်..
စံပယ် ရေ နားလည်ပေးပါ....
တကယ်လို့  အားငယ်နေသူ ကိုယ့်ကို ဖြေဆေးမပေးခဲ့ ရင်...
အတင်းဖွဲ့ စီတဲ့  ဒီကဗျာလေး အရည်အသွေးနည်းမှာဆိုးတယ်...
စံပယ် ရေ လာဖတ်ပါ...
တကယ်လို့  ကမ္ဘာပျက်တဲ့  အထိ မချစ်နိုင်ဘူးဆိုရင်...
အတင်းဖွဲ့ စီတဲ့ ဒီကဗျာလေး ငိုနေရမှာဆိုးတယ်...
စံပယ် ရေ စဉ်းစားပေးပါ...
တကယ်လို့  ထိလာတဲ့  နှလုံးသားကို အလေးမထားခဲ့ ဘူးဆိုရင်...
အတင်းဖွဲ့ စီတဲ့  ဒီကဗျာလေး သွေးအေးသွားမှာဆိုးတယ်...
စံပယ် ရေ ချစ်ခွင့်ပေးပါ...
တကယ်လို့  အပြစ်ဖွဲ့ စီ ကာရံမညီအောင်လုပ်နေမယ်ဆိုရင်...
အတင်းဖွဲ့ စီတဲ့ ဒီကဗျာလေး အခါတစ်ရာရေးရမှာဆိုးတယ်...
စံပယ်ရယ်ဖြူစင်လို့ ..
ပွင့်လူးတဲ့ နံနက်ခင်း...
ရနံ့ ကြိုင်သင်းကာမွှေးတော့..
ဒီရင်မှာ မခံရနိုင်လို့ ...
အလှပိုင်ရှင်ပန်းဘုရင်မလေးကို ..
နမ်းရှိုက်ခွင့်ပေးပါတော့...။
မောင်လွမ်းဆု..
No comments:
Post a Comment