အပ် ပျောက် ရှာတဲ့  ည နဲ့ ..
ဖိနပ် ပါးအောင် လျှောက်တဲ့ လမ်း...
ကဝေမ ရဲ့  ဖြောင့် ချက် တစ်ခုကြောင့်..
ဆေးမှင်ကြောင်း ထိုးမိလိုက်တယ်..
လေ မတိုက်ပဲ ကြွေ တဲ့  သစ်ရွက်တွေ ကြောင့်..
နှင်း ငို တဲ့ ဒီဆောင်း..
မဟောင်း သေးတဲ့ လပြည့် ညမှာ..
ကြယ် ပျောက် ..လပျောက်...
ဟိုမရောက် ဒီမရောက် အတွေးနဲ့ ..
ကျွန်တော် ပုဆိုး သုံးခါ လှည့်ဝတ်လိုက်တဲ့ နေ့ ..
ကုန်ဈေးနုံးတွေ ..တိမ်ပေါ်တက်လို့ ..
မပျက်မကွက်တာဝန် ကျေနေတဲ့ ..
အသက်ရဲ့  မိတ် ဆွေ ကြောင့်..
တိတ်တိတ် ကလေးအိပ်ပျော်ခဲ့ တယ်..
ဒါပေမဲ့  ဓာတ်ခဲ ကုန်နေတဲ့  နာရီတစ်လုံးကြောင့်..
မိုးမလင်းပဲ နေ၀င်သွားတယ်...
တံခါး ခေါက်ခေါက် ပြီး နှိုးတတ်တဲ့  ..
ကျနော့် မိတ်ဆွေတွေ ကြောင့်..
အာရုံဦး နဲ့  စကားပြောဖြစ်နေတာ...
သူများမကောင်း ကြောင်း...
ကိုယ်ကောင်းကြောင်း.....။
မောင်လွမ်းဆု...
No comments:
Post a Comment