Sunday, April 03, 2011

အဖေ..

အဖေ ပေးခဲ့  တဲ့  ဒီမြေနဲ့  ဒီနေရာ...
ဘယ်သူ မှ မကျူးကျော်ပါဘူး  အဖေ..
ကိုယ့် မြေ ကိုယ့် နေရာ ကိုယ့်နွားတွေ ကပဲ ဖျက်..
ခြေ လက်တွေ အလုပ် လုပ်နေပေမဲ့ ..
ညာ လက်က အသက်ဆက်ဖို့  ခက်နေတယ်  အဖေ..
ရွက်တွေလဲ ကြွေ နေကြပြီ..
အသက်တွေလဲ  သေနေကြပြီ  အဖေ..
နေ မခ တဲ့  ဥယျာဉ် ကို ..
အဖေ မျိုးစေ့  ချခဲ့ ပေမဲ့ ..
နွေ တစ်ညရဲ့  လက အခုအချိန်ထိ တိမ်ဖုံးနေဆဲပါ အဖေ...
အဖေ မွေးခဲ့ တဲ့  အချိန် သားတို့ မရှိ ပေမဲ့ ..
အဖေ ပေးခဲ့ တဲ့ အမွေသားတို့  သိနေတယ်..
အဖေ့ စကားလုံးတွေ ကြောင့် သားတို့ တမျိုးလုံး..
ဂုဏ်ဝင့် လို့ တင့်ခဲ့ ပါပြီ..
ခြံ မရှိတဲ့  နွားတွေကြာင့် ..
ဒီမြေ နဲ့  ဒီနေရာ ..
ဒီ ကမ္ဘာ မှာ မ၀င့် နိုင်တော့ ပါဘူး...အဖေ...


မောင်လွမ်းဆု..

No comments:

Post a Comment