ဟိုနေ့ ကဘဲ ကျုပ်ကိုမွေးခဲ့ ပြီ...။
အမေ... သားလူဖြစ်ခဲ့ ပါပြီ...။
အမေ ...သားလူပါနော်....။
အမေ ....ဒါပေမဲ့  တစ်ခါတလေ နွဲ့ နေတဲ့ ...
သစ်ကိုင်းမှာ ငှက်အရိုင်းတွေလာနားတယ်..အမေ...။
ကိုင်းရွက်ကြွေ ငှက်တစ်သိုက် ကြောင့်..
လှိုင်းထက်နေ ပူပြင်းတော့..
တစ်အူဆင်းမောင်နှမတွေ..
ဝေးခဲ့ တာ..
ကြာပြီ...အမေ..။
ဒါလီတွေ ကျော့ရှင်း ဘ၀အချင်းရဲ့ အဖော်ကို ..
သားကိုယ်တိုင်ရွေးပါတော့လို့ ...
ပြောလာတဲ့ အမေ့ စကား..
ကမ္ဘာခြားတဲ့ တစ်နေရာမှာ ..
အားငယ်တဲ့ လိုင်းတွေ ဘယ်ကမ်းမှ မကပ်နိုင်ပါဘူးအမေ...။
အမေ...တစ်နေ့ ရဲ့  တစ်ရက် ..တစ်ရက်ရဲ့ တစ်ချိန်..
နှင်း..တိမ်..နွေ..ပျောက်...ရာသီတွေအောက်က..
အမေ့ ..တံခါးပေါက်..သားကိုယ်တိုင်ဖွင့်ပြီး..
ပြန်လာခဲ့ မယ်အမေ...။
မောင်လွမ်းဆု..
အမေ့အိမ်ကိုအမြန်ပြန်နိုင်ပါစေကွာ..
ReplyDeleteအကိုတို့ လဲပြန်ချင်နေတာပဲ..
အမေ.... နေကောင်းရဲ့လား
ReplyDeleteနားနဲ့သာကြားနှိုင်တဲ့ဘဝ
ဘယ်တော့များမှ လွတ်ကျရမလဲ မသိပါဘူးကွာ....