Monday, May 23, 2011

မဆုံးသေးတဲ့ စခန်းဆီသို့ ...

နေ့ ရက်တိုင်းဟာ  အာကာသတွေ ဆီရောက်ပြီး..
အပေါက်ရှာနေတဲ့  ထွက်ပေါက်တွေ..တံခါးမရှိဘူး..
နေ့ တစ်နေ့  ရဲ့  အဖြစ်ပျက်တွေဟာ..
သဘာဝဆန်ဆန် ရှိနေ ပေမဲ့ ..
လောက ရဲ့ စက္ကန့် တံတွေ က ကမ္ဘာကို အကြိမ်ပေါင်းများစွာပတ်ခဲ့ ပြီ..

နောက်ကျခြင်း ဆုံးရှုံးခြင်းတွေဟာ...
ကြယ်ကြွေ ညတွေ နဲ့  အပျော်ဖက်ပြီး..
ရော်ရွက်တွေ ကြွေနေခိုက်..
ဆောင်းအကြွေနွေတစ်မိုးကြောင့်..
အဖြစ်ပျက် အမျိုးမျိုးဟာ...
ဥသြတွန်စရာမလိုတော့ဘူး..

ကိုယ့်အမှားကို ကိုယ်တိုင်မသိခဲ့ လို့  ..
နောင်ဆိုတဲ့ နေ့ ရက်တိုင်းမှာ..
ဒဏ်ရာဆိုတဲ့  အားအင်တစ်ခွက်နဲ့ 
အသက်ဆက်ပြီး..
ဗေဒါက ကုန်းပေါ်တက်လို့ ..
အသက်ဆက်မယ့် ဒီလမ်းမှာ..
ဘယ်ပန်းမှ ငါကို အမှီစေရဘူးတဲ့ ..
ဒီလမ်းနဲ့  ဒီစခန်း ပန်းဗေဒါ ရေမရှိလည်း..
ဇွဲရှိရှိလျှောက်လိုက်တာ..ကုန်းတစ်နေရာ..
ဗေဒါပန်းက ဥယျာဉ်ကြီးဖြစ်လို့ ..

နွေကိုမကြောက် လေကို မကြောက်ပေမဲ့ ..
တံခါးခေါက်သံ နောက်ဆုံးလမ်းမှာ..
သေခြင်းစခန်းတွေဆီသို့ ......
အသွားအလာမတူကြပေမဲ့ ..
သူသွား ကိုယ်လိုက်..
ဘယ်အဝေးကြီးကိုမှ မကြည့်ဘဲ..
မင်းသွားနေခိုက်ငါတစ်နေ့ လိုက်ရမယ်..
ငါသွားနေခိုက် မင်းလဲ တစ်နေ့ လိုက်ရမယ်...

မောင်လွမ်းဆု..

1 comment: