Sunday, April 03, 2011

သူ(သို့ ) သူမ..

သူ ပျောက်သွားခဲ့ ပြီ...
သူ  တစ်ချိန်က အပြောချိုချို ..
နုတ်ခမ်း ဖျားမှာ လျှာ ပါးပါးလေး နဲ့ ..
လူတိုင်းရဲ့  နှလုံးသားကို အကြိမ်ပေါင်းများစွာတုန်ခါစေခဲ့ တယ်..။
သူ အခုတော့ ဘယ်ကိုရောက်လို့  ဘာတွေလုပ်..
အတွေးရယ်ဖျားယောင်းလို့  သတိရခြင်းတွေ ဖြစ်လာတဲ့ နေ့ ..
အလွမ်းတွေ မြင့်တက်ခဲ့ပြီ..

သစ်ပုတ်ပင် ခြေစုံကန် အဆန်းမဟုတ်ပေမဲ့ ..
ကြွေခဲ့ တဲ့ ဒီသစ်ရွက်မှာ ဒဏ်ရာတွေ တစ်ပွေ့ တစ်ပိုက်နဲ့ ..
အမှိုက်ဖြစ်ခဲ့ ရပြီ..

သူ ကဗျာတွေ စာဖွဲ့ ရေးပြီး..
အကို ရယ်ဖတ်ပေးပါတဲ့ ..
အကိုဖတ်တဲ့  ကဗျာတိုင်းမှာ အမုန်းလှိုင်းတွေ..
လျှို့ ဝှက်ကာထားပြီး     အားကြီးတဲ့  သံယောဇဉ်ကို ..
အလွယ်တကူ ဖြတ်နိုင်ခဲ့ သူ..

သူ အခုတော့  သံယောဇဉ်မြစ်ဖျားကို ..
အချစ်အားတွေ မြုပ်နှံပြီး ..
လိုင်းထန်တဲ့  ဘ၀ခရီးမှာ သူ ပျော်နေပြီ..

အဆိပ်ရည် တစ်ခွက် နဲ့  ဘ၀အတွက်ကို အကြိမ်ကြိမ်စတေးပြီး..
အဝေးကြီး ဆိုတဲ့ ကောင်းကင်မှာ..
ဒေါင်းအသွင် ပမာ သူဆောင်ထားပေမဲ့ ..
ကျီး ဟာ ကျီးပါဘဲ....။


မောင်လွမ်းဆု...

No comments:

Post a Comment