Sunday, April 03, 2011

အတွေးဆုတောင်း

စာရွက်ပေါ်က ဘောပင်လေး...
ချွန်စက်မလိုဘူးလို့ တွေးခဲ့ တာ..
တစ်နေတော့လဲ မှင်ကုန်ရရှာတယ်..။

မှင်မကုန်ပဲ ဘောစေ့ ထွက်တဲ့ နေ့ က..
စာရွက်ဖြူမှာ အရာမထင် ဒဏ်ရာတင်ခဲ့ တယ်..။


ခန္ဓာပေါ်က အသက် လေး..
တစ်ရက်အရေးပဲ တွေးခဲ့ တာ ..
တစ်နေ့ တော့ လဲ ကံကုန်ရရှာတယ်...။

ကံမကုန်ပဲ လောဘ ထွက်တဲ့ နေ့ က...
ခန္ဓာကိုယ်မှာ သံသရာမမြင် ကြံရာထွင်ခဲ့ တယ်..။


မှင်မကုန်ခင် ရေးထုတ်ခဲ့ တာတွေ...
ကောင်းတာလည်း ရှိ.. မကောင်းတာလည်း ရှိ......။

ကံမကုန်ခင် တွေးလုပ်ခဲ့ တာတွေ..
ကောင်းတာလည်း ရှိ.. မကောင်းတာလည်း ရှိ.....။


မှင်မကုန်ခင် စာကဗျာအတွေးတွေ ထုတ်နိုင်သလို..
ကံမကုန်ခင် သံသရာ အရေးတွေ လုပ်နိုင်ကြပါစေ...။

မောင်လွမ်းဆု..

No comments:

Post a Comment