(ဒဏ်ရာ တစ်ခုရဲ့ 
လျှော်ကြေး) အပိုင်း(၂)
ကျနော်ရဲ့  ညီမလေး အဆိပ်သောက်ပြီးသေခဲ့  တာ ရိုးရိုးသားသားတော
့မဖြစ်နိုင်ဘူးဆိုတာ ကျနော် ကြိုသိနေတယ်။
အခု တော့  အဖေလဲ
ရွာကို ရောက်လာပါပြီ။ မိထွေးတော့ ပါမလာပါဘူး။
အဖေရောက်ရောက်ခြင်းပဲ ညီမလေးရဲ့ 
ဘေးအနားမှာ ထိုင်ပြီး စကားသံ သဲ့ သဲ့ လေးနဲ့ ငိုနေပါတော့ တယ်။
....မိုက်လိုက်လေ သမီး ရယ်...ကိုယ့်
ဘ၀ကို အဆုံးစီရင် ရတဲ့ အထိပဲလား....
အမေကလဲ သဲ့ သဲ့ လေးနဲ့ ငိုနေပါတယ်။ ....သမီးရယ်
.....ကို့ ကိုယ် ကို သတ်သေတယ်ဆို တာ အဖန်ငါးရာ ငါးကမ္ဘာ ဆိုတာ
မသိဘူးလား.....
ကျနော်ကတော
့ မရတော့  ပါ ကျနော့  ရင် တစ်ခုလုံးမီးဟုန်းဟုန်း တောက်ပါပြီ။ ကျနော်
အခန်းနံရံတွေ ကို လက်သီး ဖြင့်ထိုးရင်း အော်၍ ငိုနေရပါတော့ သည်။
...ညီမလေး...ညီမလေး...
(တောက်) ...ဒါ အကြောင်း တစ်ခုခု တော့ ရှိကို
ရှိရမယ်..................
ကျနော်လဲ ညီမလေး ဘာကြောင့် သေရတယ် ဆို တာ သိချင်
စိတ်ပြင်းထန်စွာဖြင့် ညီမလေးရဲ့  ခရီးဆောင် အိတ်ကို ဖွင့်ပြီး အချက်လက်
ရှာကြည့် တော့  ညီမလေးရေးထားတဲ့ စာအုပ်ကလေး တစ်အုပ်ကို
တွေ့ လိုက်ရပါတော့ သည်။
သို့ ....
အကို ... နုဝေ
အကိုတို့  အိမ်ကို ရောက်လာခဲ့ ပါတယ်။
အဲဒီအချိန်မှာပဲ အကို စင်္ကာပူ
ထွက်သွားပြီ ဆိုတာသိလိုက်ရပါတယ်။
အကို့  ရဲ့ မမ ဒေါ်ချယ်ရီလွင်
နဲ့  တွေ့ ခဲ့ ရပါတယ်။
နုဝေ မှာ အကိုနဲ့ ရတဲ့  ကိုယ်ဝန် နှစ်လ
ရှိပြီဆိုတာကို ပြောပြဖို့  စိတ်ကူးခဲ့ ပေမယ့်။
နုဝေ ပြောမပြခင်မှာပဲ အကိုရဲ့  မမ
ကြိုသိနေခဲ့ ပါတယ်။
အကို့ ရဲ့  မမ လူမဆန်ပဲ နုဝေ ကို
ပြောရက်လိုက်တာ....
(မင်းဘာပြောချင် လို့ လာတယ်ဆိုတာ မမ
သိပြီးသား )
(မင်းဗိုက်ထဲမှာ ရှိနေတဲ့ ကိစ္စ ကို မမ ဘယ်လောက်ပဲ
ပိုက်ဆံကုန်ကုန်)
(မမတာဝန် ယူတယ် မင်းတို့  အရွယ်က
ပညာသင်ရမယ့် အရွယ်)
(အကို ရဲ့  မမ ဒေါ်ချယ်ရီလွင်
ပြောရက်လိုက်တာ။)
အရမ်းရက်ဆက်တာပဲ.။
အကို
့ ကို ရမ်းချစ်တဲ့  နုဝေ......
ကျနော် ဒီစာကို ဖတ်ပြီး ပြီး ခြင်းမှာပဲ အဖေ ကို
အော်ပြောလိုက်ပါတယ်။
.....အဖေ.....ဒီမှာကြည့် ညီမလေးသေသွားတာ တစ်ယောက်ထဲ မဟုတ်ဘူး....
ကျနော်လဲ ငိုသံပါကြီးနဲ့ 
အော်ပြောလိုက်တဲ့  အချိန်မှာပဲ အဖေနဲ့  အမေ ကျနော် ဘက်ကို လှည့် လာပြီး အံ
့သြသွားသောဟန်ဖြင့်။
....(ဘာ).... သား ဘယ်လိုပြောလိုက်တယ်.....
...ဟုတ်တယ် အဖေ ညီမလေး ရဲ့  ဗိုက်ထဲ
မှာ ကိုယ်ဝန်ရှိနေတယ်..
ကျနော် အခုလို ပြောလိုက်တဲ့  အချိန်မှာ ပဲ အမေဆို အရမ်း အံ့ သြ ပြီး
။
....အမယ်လေး......ဘုရား.....
သမီးလေးမှာ ကိုယ်ဝန်ရှိနေတယ်.....
...ဒီမှာ ကို မျိုးသန့် 
အဲ ဒါ ရှင့် ရဲ့  အသုံးမကျ မူတွေကြောင့်  ဆို တာ ရှင်နားမလည်ဘူးလား...
...ကိုယ့် သားသမီးကို ပြည့်ပြည့် စုံစုံ ထားနိုင်တယ် ဆို ပြီး
အလိုလိုက် လွှတ်ထားလိုက်တော့  ...အခုတွေ့  ပြီမဟုတ်လား..
အမေ လဲ ငို ရင်းကနေ အဖေကိုပြောပြီး ငိုနေပါတော့ တယ်။
ကျနော်တို့ မှာ ရင်ကွဲ မတတ်
ခံစားလိုက်ရပါတော့ တယ်။ အဲဒီ အချိန်က စပြီးတော့  ကျနော် ရင် ထဲ မှာ (ဒဏ်ရာ ) ဆိုတာရခဲ့ လို့  အဲဒီဒဏ်ရာ တစ်ခုရဲ့  လျှော်ကြေး ကို
ဒေါ်ချယ်ရီလွင် ဆီကို သွားတောင်းရတော့ 
မယ်။ နှမချင်း ကိုယ်ချင်းမစာမနာ ပြောရက်လိုက်တာ ဒေါ်ချယ်ရီလွင် ကျနော်
ညီမသေရတာ ခင်များ ကြောင့် ။
ခင်များ ကို ကျနော် မတွေ့  တွေ့ အောင်
ရှာမယ် ။ကျနော် ညီမ ခံစားခဲ့ ရသလို ခင်များ လဲ တစ်နေ့ ခံစားရမယ်မှတ်။
ညီမလေးရဲ့  အကြွေးကို ကျနော် ပြန်ရအောင်ယူကို ယူရတော့ မယ်။
ဒီလိုနဲ့ ပဲ ညီမလေးရဲ့  အလောင်း ကို
ရွာမှာပဲ အုတ်ဂူ လေးတည်ပြီး ရက်လည်ဆွမ်းတွေ ကပ်ပြီး အဖေလဲ
ရန်ကုန်ပြန်သွားပါတော့ တယ်။
နောက်တစ်ပါတ်လောက်အကြာမှာတော့ ကျနော်လဲ
ရန်ကုန် ကိုတက်လာပြီး မာနကြီးလှပါတယ်ဆို တဲ့  ဒေါ်ချယ်ရီလွင် ကို
ရှာပုံတော်ဖွင့်ပြီး လျှော်ကြေး တစ်ခု ရဖို့ အတွက် တိုက်စစ် စရပါတော့ မယ်။
ကျနော် အဖေ အိမ်ကို အရင်သွားပါတယ်။ အဖေနဲ့ တွေ ပြီး ကျနော်
လိုအပ်တာတွေ အဖေဘက်က ထုတ်ပေးဖို့ လုပ်ပေးဖို့ တောင်းဆိုတော့ အဖေကလဲ။
....ငါ့ သမီး ကို ဒီလို ဖြစ်အောင်
လုပ်တဲ့  မိန်းမ ကို လက်စား ချေဖို့ ကတော့ ...
...သား လို
ချင်တာပြော အဖေ အားလုံး လုပ်ပေးမယ်....
အဖေလဲ တော် တော်လေး စိတ်ထဲ မှာ ခံစားနေရတဲ့ ပုံပါပဲ။
....ဟုတ်ကဲ့  ..အဖေ သားလို ချင်တာ
ကားတစ်စီး ဟန်းဖုန်း တစ်လုံး တိုက်ခန်း ကောင်းကောင်း တစ်ခန်း ငှားပေးပါ
......နောက် ငွေကို လိုအပ်လို ကျနော်လာတောင်းမယ်...အဖေ....
ကျနော်လဲ အဲ ဒီလို ပြောလိုက်တော့ 
အဖေဘက်က ၀kသား အားလုံးဖြစ်စေရမယ်။
.....ကားကိုတော့  သား ညီမစီးတဲ့ ကား ကို ယူလိုက်
ပြန်ရောင်းပြီး သားကြိုက်တဲ့ ကားကို ၀ယ်...
..ငွေလိုအပ်ရင်
အဖေကို ပြော...သား..
ဟုတ်ကဲ့ အဖေ....
ဒီလို နဲ့  အဖေ ကျနော်လိုတာတွေ အားလုံးကို လုပ်ပေးခဲ့ ပါတယ်။
တိုက်ခန်းကတော့  ကမာရွတ် ဘုရင့်နောင် လမ်းမဘေးက ရွှေစံပယ် ရိပ်မွန် ထဲမှာ
ငှားပေးခဲ့ ပါတယ်။
ဟံသာဝတီ ကားပွဲစား တန်းကို သွားပြီး ကျနော် ညီမလေး ကားကို
ပြန်ရောင်းဖို့  ပွဲစား မြတ်ကျော် နဲ့  အပ်ခဲ့ ပါတယ် နောက်ပြန်ဝယ်ဖိုကို့လဲ
မြတ်ကျော်က ပဲ ကျနော်ကို
အစစအရာရာ ကူညီပေးခဲ့ ပါတယ်။
နောက်ကားဝယ်ပြီးလို့  ငွေချေဖို့ နေ့  မှာ တော့  ကျနော်နဲ
့မြတ်ကျော် ပွဲစားတန်းက လ္ဘက်ရည် ဆိုင်မှာထိုင်နေတဲ့ အချိန်မှာပဲ ကျနော်တို့ 
ထိုင်နေတဲ့  ဆိုင်ရဲ့  ရှေ့ ကို ကား အဖြူ ရောင် (မတ်တူး)
ကားလေးတစ်စီးလာရပ်ပြီး ကားထဲ က နေကာမျက်မှန်နဲ့  ခန့်ခန့် နားနား
အမျိုးသမီး တစ်ယောက် ထွက်လာတဲ့ အချိန်မှာတော့  မြတ်ကျော်
အော်ခေါ်လိုက်တဲ့ အသံကို ကျနော်ကြားလိုက်ရတဲ့ အချိန်မှာပဲ
ကျနော်စိတ်တွေ ကို လက်နက် တစ်ခုကို မောင်းတင်သလို ဖြစ်လိုက်ရပါတယ်။
...အော် ....ဒေါ်ချယ်ရီလွင် ပါလား လား....
မြတ်ကျော် ဆိုင်ထဲကနေ ထွက်သွား ပြီး
ဒေါ်ချယ်ရီလွင်နဲ့  ကားဘေးမှာပဲ နှစ်ယောက် စကားရပ်ပြောနေကျပါတယ်။
...............................အော်...........ဒေါ်ချယ်ရီလွင်
ဆိုတာ ခင်များကို......
...............................အခု တော့ 
တကူးတက တောင် ကျနော် ရှာစရာမလိုတော့ ဘူး...
...............................ခင်များ
ကျနော် နဲ့  ဒီနေရာမှာ လာတွေ့ ရတာ ခင်များအတွက် ကံဆိုးသလို ...
...............................ကျနော်
အတွက်တော့  ကံကောင်းခြင်းပါပဲ......
...............................ကျားနဲ
့ ဆင် လယ်ပြင်မှာ တွေကြပြီပေါ့  မဟုတ်ပဲ...
................................ကျားနဲ
့သမင် လယ်ပြင်မှာတွေ့ ကြပြီပေါ့ .......
ကျနော် စိတ်ထဲ ကနေ ရေရွတ် နေလိုက်ပါသည်.။
ခဏကြာတော့  ဒေါ်ချယ်ရီလွင် ရဲ့ ကားလဲ ထွက်သွား မြတ်ကျော်လဲ ဆိုင်ထဲ
သို ပြန်ဝင်လာပြီး။
....စောရီး
ဗျာ ကို ရှိုင်းထက်......
ကျနော်လဲ မသိချင်ယောင်ဆောင်ပြီး မြတ်ကျော်စီက ဒေါ်ချယ်ရီလွင် ရဲ့ 
အစအဏ ကို ရှာပါတော့ သည်။
.....မြတ်ကျော် သူက ဘယ်သူလဲ ကွ.....
....အော်...သူက ဒေါ်ချယ်ရီလွင်
ကုမ္မဏီပိုင်ရှင် သူဋ္ဌေး ပေါ့  ....သူ့  ကုမ္မဏီ အတွက် ကားလိုလို့  ငါ့ ကို
ရှာခိုင်းထားတာ...
...ရပြီလား.. လမ်းကြုံလို
ဝင်မေးတာပါ...
...ဒါနဲ
့ ကို ရှိုင်းထက် က သူကို သိလို့ လား.....
....အော် မသိပါဘူး..စကားမစပ်
မေးကြည့်တာပါ ....ဒါနဲ့ 
...ဖြစ်နိုင်ရင် သူဖုန်းနံပါတ်
ကျနော်ကို ပေးပါလား...
အဲဒီအချိန်မှာ မြတ်ကျော် က
တမျိုးမြင်ပြီး။
....ဘာလဲ
ကိုရှိုင်းထက် ခင်များ မြင်မြင်ခြင်း ဟတ်ထိသွားတယ်ထင်တယ်....သူက မာန
ကြီးတယ်နော်..
ကျနော်လဲ
ကျနော့် ရဲ့  ကိုယ်ရေး ကိစ္စ တွေ မြတ်ကျော် သိမှာဆိုးသဖြင့်။
...မဟုတ်ရပါ ဘူးဗျာ...
သူကားလိုချင်တယ်ဆို ကျနော်သူငယ်ချင်း တစ်ယောက်ရောင်းဖို့ ရှိတာ
ဆက်သွယ်ပေးမို့ ပါ ။
ကျနော်လဲ
ပါးစပ်ထဲ တွေ ရာလျှောက်ပြောလိုက်ရပါတယ်။
...ကဲ ဒါဆို လဲ
ကောင်းသား လုပ်ဗျာ...ကျနော်လဲ ပွဲခ အမြန်ရတာပေါ့ ....ကိုရှိုင်းထက်.....
အဲဒီက စ၍ ဒေါ်ချယ်ရီလွင် ရဲ့ 
အကြောင်းအစုံကို တစ်ရက် တစ်ရက် နဲ့  မြတ်ကျော် စီက နိုက်ယူလာခဲ့ တာ အခု ဆို
တော်တော် လေးပြည့်စုံ သလောက် ဖြစ်နေပါပြီ။
ဖုန်းနံပါတ်
လဲ ရလိုက်ပါသည်။ သူမရဲ ည့ ကုမ္မဏီ သူမရဲ့  အိမ်တွေ သူမ သွားတတ် လာတတ် တဲ
့နေရာတွေက အစ အခု တော့  ကျနော် တိုက်စစ်စဉ်လိုက်ပါပြီ။
အခု တော့  ဒေါ်ချယ်ရီလွင် ရဲ့ နောက် ကို
အရိပ်တစ်ခုလိုလိုက်နေပါပြီ။ မထမဆုံး တိုက်စစ်က နှင်းဆီအနီရောင်ကို မုန်းတဲ
့ဒေါ်ချယ်ရီကို နှင်းဆီ အနီနဲ့ ပဲ စတိုက်ခဲ့ ပါတယ်။
ဒီနေ့ က လမ်းမတော် အနော်ရထာလမ်း
မော်တင်က ရွှေပုဇွန် ဆိုင်ရှေ့  မှာ ဒေါ်ချယ်ရီ ရဲ့ ကား ရပ်ထားတာ တွေ့  တာနဲ့ 
အရဲဆုံး ဆိုတဲ့  နှင်းဆီ တစ်စီး ကို
ဒေါ်ချယ်ရီ ရဲ့  ကား
တခါးဖွင့် မယ့် အပေါ် တည့်တည့် ကို တင်ထားပေးပြီး သူမ မမြင်နိုင်လောက်တဲ
့နေရာကနေ ကျနော် ကြည့်နေခဲ့ ပါတယ်။
ဒေါ်ချယ်ရီ ကားဆီ ကို အလာ
သူ့  ကားရဲ့ အပေါ်မှာ သူမုန်းပါတယ် ဆို တဲ့  နှင်းဆီအနီ တစ်စီးကို တွေ
့လိုက်ရတော့  စိတ်တွေ အရမ်းတိုပြီး။
(တောက်) ...........ဒါဘယ်သူလာတင်သွားပါလိမ့်...
..ဘယ်သေနာ လက်စော့  သွားတာလဲမသိဘူး....
ဆိုပြီး စိတ်တိုသောဟန်ဖြင့် နှင်းဆီ
အစီးကို ကားဘီး အောက်တည့်တည့် ပစ်ထည့် ပြီး နင်း၍ မောင်းထွက်သွားပါတော
့သည်။
အိမ်ကို လဲ ရောက် ခြံတံခါး ကို ကြည့် လိုက်တော့ လဲ
နှင်းဆီအနီ တစ်စီးက တံခါးကြားမှာ ထိုထားတာတွေ့ တော့ စိတ်တွေ အရမ်းတို ပြီး။
...ဒါတော့  သွေးရိုး သားရိုး
မဖြစ်နိုင်ဘူး ..ငါ့ ကို သက်သက် လိုက်နှောက်ယှက်နေတာပဲဖြစ်ရမယ်....
.....ဟဲ့  မိထွေး ရေ ........မိထွေး....
အိမ်ပေါ်မလေးကို
အော်ခေါ်လိုက်သည်။
....လာပါပြီ မမ.....
....အဲဒီ နှင်းဆီ အစီးကို မှိုက်ပုံးထဲ ပစ်လိုက်...
...ဟုတ်ကဲ့ ..မမ
ညဘက် ကိုးနာရီလောက်မှာတော့ ဒေါ်ချယ်ရီဆီကို ကျနော် ဖုန်းစ၍
ခေါ်လိုက်ပါပြီ။
............................................................................................................................ဟဲလို............?
*************************************************************************************************
Friday, April 25, 2014
ဒဏ်ရာ တစ်ခုရဲ့  လျှော်ကြေး
(ဘ၀) ဆိုတာကို လူတွေ အမျိုးမျိုး ပုံဖော်ရေးဖွဲ
့နေကြပေမယ့် ကျနော် ဘ၀ကတော့ ဘာကို ဘယ်လိုရေးပြီးဘယ်လိုဖွဲ
့ရမှန်းမသိလောက်အောင်ပါပဲ။
ဘ၀ ဟာ
ဝိုင်တစ်ခွက်မဟုတ်တာတော့ သေချာတယ် တမာမြေမှာ မွေးခဲ့ တဲ့  ကျနော် ဘ၀ဟာ
တမာလိုများ ခါးသွားခဲ့ တာလား။
လူဘ၀ကြီးမှာ
ပြည့်စုံမူ တစ်ချို့ တစ်ဝက်နဲ့ အဆင်ပြေခဲ့  ပေမယ့် မိဘတွေရဲ့ 
သဘောထားမတိုက်ဆိုင် မူလေးတစ်ခုနဲ့  ကျနော်ရဲ့  မိသားစု ဘ၀လေးပျောက်ကွယ်ခဲ
့ရတယ်။
နယ်မြို့ ကလေးက
ရွာလေးတစ်ရွာရဲ့ ဘေးမှာ ရေလှောင်တမန် တစ်ခုအတွက် ထက်က တာဝန်ကျလာတဲ့ 
အင်ဂျင်နီယာ လူငယ်လေးတစ်ယောက် မျိုးသန့်
ရွာက ဘွဲ့ ရပြီးခါစ မိန်ကလေးလေး တင်နွဲ့  နယ်ခံစာရေးမလေးအဖြစ်နဲ့ 
ရုံးအလုပ်ကလေးဝင်လုပ်ရင်း အင်ဂျင်နီယာပေါက်ကလေး မျိုးသန့် နဲ့ တွေ့ ခဲ
့ကြတယ်။
သူတို့  နှစ်ယောက် မေတ္တာမျှ
ချစ်ကျွမ်းဝင်ခဲ့ တဲ့  တစ်နှစ်တာခရီးကုန်ဆုံးသွားချိန်မှာတော့ 
အကြင်လင်မယား ဘ၀သို့  ရောက်ရှိခဲ့ ပါတယ်။
ကောင်းလေး က ရန်ကုန်သား တောသူနဲ့ ကြိုက်ခဲ့ တဲ့ အတွက် ပိုက်ဆံရှိ
အသိုင်းဝိုင်းဖြစ်တဲ့ ကောင်းလေးဘက်က မိဘတွေကသဘောမတူလို့  ဖျက်ခဲ့ ပေမယ့်
ရဲ ရင့် ပြတ်သားစွာ နဲ့ တောသူ လေးကို
လက်ထပ်ခဲ့ တယ်။
ပထမဆုံး တစ်ဦး
သားလေးတစ်ယောက်မွေးပြီး တောရွာလေးမှာ ပဲ ဘ၀ကို စခဲ့ တယ် နောက်ထပ်
သမီးမိန်းကလေး တစ်ယောက်ကို လဲ မွေးခဲ့ တယ်။
အဲဒီအချိန်က သူတို့ ရဲ့  မိသားစု ဘ၀လေး ဟာ အရမ်းပျော်စရာကောင်းခဲ
့ကြတယ်။
သားလေး ရဲ့ နံမည် ကို
ရှိုင်းထက် သမီးလေးရဲ့ နံ့မည်ကတော့  နုဝေ ဒီလိုနဲ့  ရှိုင်းထက် ခုနှစ် နှစ်
နုဝေလေး ငါးနှစ်အရွယ်လောက်မှာ အိမ်ထောင်ရေး စကွဲခဲ့ ရတာက ဒီလိုလေးပါ။
မိန်းမရေ.... ကလေးတွေ လဲ ကြီးလာပြီ
ဒီတော့  ဒို့  မိသားစု ရန်ကုန်ကို ပြောင်းကြရင်ကောင်းမယ်....
ကိုမျိုး ..ရှင် ပြောင်းချင် ပြောင်း ကျမ
ကတော့  ရန်ကုန်ကို တော့ ဒီတစ်သက် ဘယ်တော့ မှ လိုက်မနေဘူး..
အဲဒီ စကားလေးနှစ်ခွန်းအစ တောအလုပ်
တောကိုင် မလုပ်တတ်တဲ့  ကိုမျိုးအတွက်တော့  တောရွာကို သူဘ၀ကို
မရပ်တည်တတ်ဘူးလေ။
တစ်ဖြည်းဖြည်း
စီးပွားရေးအဆင်မပြေလာတာနဲ အမျှ အိမ်ထောင်ရေး မန်တိုင်ကလဲ မပြေလည်မူ တွေ
ပိုများလာတယ်။ ဒီလိုနဲ့ မြို့ ကိုပြန်ချင်နေတဲ့ ကိုမျိုးက
သမီးလေးကိုခေါ်ပြီး
ထွက်သွားခဲ
့တယ်။တောသူ လေးမှာ တော့  သားလေးတစ်ယာက်နဲ့ ရွာမှာပဲ ကျန်ခဲ့ ရတယ်။
နှစ်တွေကြာလာတာနဲ့ အမျှ ကိုမျိုး လဲ မြို
့မှာ နောက်အိမ်ထောင်ပြုလိုက်ပါတယ်။ လူကြီး တွေ အဆင်မပြေမူ တစ်ခု နဲ့ 
ကြားထဲ က ကလေးတွေဖြစ်တဲ့  ရှိုင်းထက် နဲ့  နုဝေ လေးတို့ 
မောင်နှမ လဲ ကွဲ ခဲ့ ကြရတယ်။
အခုတော့  ဦးမျိုးသန်
့ဆိုတာ နုဝေ ရဲ့အဖေဖြစ်သလို ကျနော် ရှိုင်းထက်ရဲ့  အဖေလဲ ဟုတ်ပါတယ်
ဒေါ်တင်နွဲ့  ဆိုတာလဲ ကျနော်အမေဖြစ်သလို ကျွန်တော်ညီမလေးနုဝေ ရဲ့ 
အမေလဲ ဟုတ်ပါတယ်။ ကျနော် အတန်းပညာ
ဆုံးခန်းတိုင်အောင် မသင်ခဲ့ ရပေမယ့် ကျနော်ညီမလေး နုဝေ ကတော့ 
အခုရန်ကုန်မှာ ဒုတိယနှစ်ကို တက်နေပါပြီ။
အဖေနဲ့ အမေ သဘောထား မတိုက်ဆိုင်လို့ ကွဲခဲ့ ကြပေမယ့် ကျနော်နဲ့ 
ညီမလေးက တော့ နှစ်တိုင်းလိုလို တွေ့ ဖြစ်ခဲ့ ပါတယ်။
အမေ ရင်းတစ်ယောက်လို ကျနော်ညီမလေးကို စောင့်လျှောက်
ပေးခဲ့ တဲ့ မိထွေး ဖြစ်သူကလဲ သဘောကောင်းပါတယ်။ ကျနော် ညီမလေးကို တွေ
့ချင်လို့  ရန်ကုန်လာတိုင်း အဖေက လဲ ရန်ကုန်မှာ
လာနေဖို့ အမြဲတမ်းခေါ် ပါတယ်။ ဒါပေမယ့် အမေမှာ အားကိုးစရာဆို လို
ယ္ခုအချိန်မှာ ကျနော်ပဲရှိတယ်လေ။ အမေ့ ဘ၀ဟာ ကျနော်ဘ၀ပဲ အဖေကလဲ အမေရှိတဲ
့ရွာလေးကို မလာတော့ပေမယ့်
ကျနော် တို
သားအမိကို ပြန်ကြည့်ပါတယ် ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်စိတ်ထဲမှာတော
့အဖေဟာအဖေပဲ ။ ကျနော်ညီမလေးက လဲ နွေရာသီ ကျောင်းပိတ်ရက်ရောက်တိုင်း
အမေ နဲ့ ကျနော်ရှိ တဲ့ ရွာလေးကို
နှစ်တိုင်းလာပါတယ်။ အဖေနဲ့ အမေ အဆင်မပြေခဲ့  ကြပေမယ့် ကျနော်တို့ မောင်နှမ
နှစ်ယောက်ကတော့  အ၇မ်းချစ်ကြပါတယ်။
အဖေက
ပုဇွန်ကန် စီးပွားရေး နဲ့ အောင်မြင်နေတော့  ညီမလေးဆိုရင် ကျောင်းတက်ရင်
ကိုယ်ပိုင်ကားနဲ့  ဟန်းဖုန်းနဲ့ ပေါ့ ။ ကျနော်ကို တော့  တောမြို့ လေးမှာ
စီးပွားရေးလုပ်ဖို့ ဆိုပြီး
ဟိုင်းလတ်
ကားလေး တစ်စီးဝယ်ပေးပါတယ်။ ဒါလဲ အဖေရဲ့ ကျေးဇူးပါပဲ အခုဆို ကျတော်တို့ 
သားအမိလဲ ဒီကားလေးနဲ အဆင်ပြေနေပါပြီ။
********************************************
....အကို ..အကို ကို နုဝေ
အရမ်းချစ်တယ် သိလား......
...အကို လဲ
နုဝေ ကို ချစ်ပါတယ်...ကွာ..
..အကိုနဲ
့.. နုဝေနဲ့  ကျောင်းပြီးရင် လက်ထပ်ကြမယ်နော်..အကို...
..အကို နဲ့  နုဝေ နဲ့ ကြိုက်တာကို မမက သဘောမတူဘူးလို့ 
ပြောနေတယ်..အဲဒါအကို စိတ်ညစ်တယ် နုဝေ ရယ်...
...အကို နုဝေနဲ့  မမကို တွေ့ ပေးမယ်နော်.....
...ဟင့်အင်... အကို့ ရဲ့  မမ ကို နုဝေကြောက်တယ်... အကို
မမ က အရမ်းမာနကြီးတယ်ဆို..
အခုပြောနေတာကတော့  ကျောင်းဝန်းထဲ က
ထိုင်ခုံ လေးပေါ်မှာ နုဝေနဲ့ နုဝေရဲ့ ချစ်သူ အာကာ တို့  နှစ်ယောက်
စကားပြောနေခြင်းဖြစ်ပါတယ်။
အာကာ တို
့က လဲ ပိုက်ဆံရှိ အသိုင်းဝိုင်းပါပဲ ရန်ကုန် ကျောက်မြောင်းမှာနေပါတယ်
အာကာတို့ မှာ မောင်နှမနှစ်ယောက်ပဲ ရှိတယ်။
သူ့ ရဲ့ အမက သူမိဘတွေ ထားခဲ့ တဲ့ ကုမ္ပဏီကို ဦးဆောင်ပြီး
လုပ်နေပါတယ် အာကာ ကတော့  အခုမှကျောင်းသားပါ။
သူအမ ရဲ့ နံမည်က ဒေါ်ချယ်ရီလွင် အသက်က နှစ်ဆယ့် ခြောက် နှစ်ဆယ်ခုနှစ်
ဝန်းကျင် သူမ က ပိုက်ဆံလဲ ရှိ ဂုဏ်လဲရှိ ရုပ်ကလဲ ချောဆိုတော့  မာနကလဲ
အရမ်းကြီးတယ်လေ။
သူမောင်လေး အာကာ
ကိုဆို ရင် ဘယ်မိန်းကလေးနဲ့ မှ တူတယ်တန်တယ်လိုကို မမြင်တာ။ အခုတော့ 
သူမောင်လေးနဲ့ ကြိုက်နေတာက နုဝေ.....။
အခုတော
့ နုဝေရဲ့  ဘ၀လေး ဟာ လူငယ်တွေ သဘာဝ စိတ်ကို အလိုလိုက်မိလို့ ပွင့်သစ်စ
ပန်းလေးရနံ ပျယ်ခဲ့ ရပြီ...။
နုဝေ
တစ်ယောက် လက်ထဲက ဟန်းဖုန်းလေးဖြင့် အာကာရဲ့  ဖုန်းလေးကို ခေါ်လိုက်သည်။
......ဟဲလို .....အကို .....အကို့ ကို
နုဝေပြောစရာရှိတယ်......အကို ဖြစ်နိုင်ရင် ကန်ဘောင်ကို လာခဲ့ နော်..
......နုဝေ ကလဲ အကို လာလို့ မရဘူး...ဒီနေ
့ မမ က အကို့ ကို အပြင်မထွက်ရဘူးတဲ့ ...ဘာပြောစရာရှိလဲ ဖုန်းထဲ မှာပဲ
ပြောလေ..
....ဒါဆိုလဲ ..ဖုန်းထဲမှာ ပဲ
ပြောမယ်...
...နုဝေ မှာ
ကိုယ်ဝန်ရှိနေပြီ ...
....ဘာ.....
အာကာဘက်မှ အသံကျယ်ကြီးထွက်လာပြီး
ဆက်၍ပြောလာတဲ့ စကားက။
.....နုဝေ ကလဲ
ဟုတ်လို့ လား..ဒုက္ခ ပါပဲ ဒါဆို ဘယ်လိုလုပ်မလဲ ..အကို လဲ မမ ကို
ဖွင့်မပြောရဲ ဘူး...
....နုဝေလဲ
..ဖေဖေ သိမှာ ကြောက်လို့  အကို့ ကို တိုင်ပင်တာ...
...ကျောင်းမှ မပြီးသေးတာ နု ဝေရယ် ကျောင်းပြီးအောင်တော
့စောင့်ပေါ့ ....
...အကို က လဲ ဒါက
ကျောင်းပြီးအောင် စောင့် လို့  ရတဲ့ ကိစ္စ မှ မဟုတ်တာ...
..အေး ပါနုဝေရယ် ..အကို မမ နဲ
့အရင်တိုင်ပင်ကြည့်မယ်နော်...
ဒီလိုနဲ
့ပဲ အာကာတစ်ယောက် နုဝေကို နှစ်သိပ်လိုက်သည်။ ဒီနေ့ ကတော့  အာကာ တစ်ယောက်
သူ့ မမ ဒေါ်ချယ်ရီလွင် ကုမ္ပဏီ ကအပြန် ဖွင့်ပြောရန် စောင့်နေရင်း
ဒေါ်ချယ်ရီလွင် ရောက်လာပါပြီ။
...မမ အဲ ဒါက ဘာပစ္စည်းတွေလဲ......
အာကာ တစ်ယောက် သူ့  မမ ၀ယ်လာသော ပစ္စည်း
များကို မြင်၍ မေးလိုက်ခြင်း ဖြစ်ပါသည်။
အဲ ဒီအချိန် ဒေါ်ချယ်ရီလွင်ဘက်က ထွက်လာသောစကားက။
......ဒါမောင်လေးအတွက် မမ ၀ယ်လာတာ.......မောင်လေး ဘာမှ
မမေးနဲ့  ဘာမှမပြောနဲ့ ...
...မမ
ပြောတာကို အရင်နားထောင်.... မောင်လေး မနက် ဖြန် စင်္ကာပူ ကို
ကျောင်းသွားတက်ရမယ်....
......ဗျာ....
ဒေါ်ချယ်ရီလွင် စီက ထွက်လာသော
စကားကြောင့် အာကာ တစ်ယောက် အရမ်း အံ့ သြ သွားသည်။
....မမ ကလဲ မောင်လေးကို ဘာမှ မတိုင်ပင်ပဲ ...
....မမ က မောင် လေး ကို ကောင်းစေချင်လို့  လုပ်တာ
တိုင်ပင်စရာလား...ကဲ ဒါပဲ မင်းပြန်ပြောမယ့် စကား မမ ဘာမှ
မကြားချင်ဘူး...ဆိုပြီး ဒေါ်ချယ်ရီလွင်တစ်ယောက် အိမ်ပေါ်ထပ်သို့ 
တက်သွားပါသည်။
အာကာ တစ်ယောက်
သူပြောမယ့် စကားကို လဲ မပြောလိုက်ရ ငိုင်၍ သာကျန်ခဲ့ ရသည်။
အခုလို ဒေါ်ချယ်ရီလွင် က အာကာ ကို စင်္ကာပူ
ပို့ ရခြင်း ကိစ္စ ဟာ နုဝေ နဲ့ ပါတ်သက်တဲ့  ကိစ္စ ကို သူသိခဲ့ လို့  အခုလို
လုပ်လိုက်ခြင်းဖြစ်ပါတယ်။ တစ်နေ့ က အာကာနဲ့  နုဝေ ဖုန်းစကားပြောနေတာကို
ဒေါ်ချယ်ရီလွင် ကြားလိုက်ရခြင်း
ဖြစ်ပါသည်။
အခုတော့  အာကာတစ်ယောက်
စင်္ကာပူ ထွက်သွားတာကို နုဝေ မသိလိုက်ရတော့ ပါ။ တစ်ပါတ်မျှလောက်ရှိတော့ 
နုဝေတစ်ယောက် အာကာ ရဲ့ အိမ်ကို လိုက်သွားပါတော့ သည်။
.....တီ...တီ...
ဒေါ်ချယ်ရီလွင်အိမ်
ရှေ့ မှ နုဝေ ရဲ့  ကားဟွန်းတီး သံလေးဖြစ်ပါသည်။
...ဟဲ့  ...အိမ်ရှေ့  မှာ ကားတစ်စီးလာနေတယ် ..တံခါး
ဖွင့်ပေးလိုက်ကြအုံး...
ဒေါ်ချယ်ရီလွင်
မှ အော်လိုက်သည်။
.......သမီး အာကာ
နဲ့ တွေ့ ချင်လို့  လာခဲ့  တာပါ မမ...
....မင်းက
ဘယ်သူလဲ....နေပါအုံး နုဝေဆိုတာ မင်းလား......
..ဟုတ်ကဲ့ ပါ မမ...
နုဝေ
တစ်ယောက် ဘယ်လို မှ စောင့် ဆိုင်းလို့  မရတဲ့ ကိစ္စ မို့ သာ အရဲစွန်
့ပြီးသွားခဲ့ ရပေမယ့် ဒေါ်ချယ်ရီ လွင် ရဲ့ မျက်နှာလဲ မြင် အသံလဲ ကြားပြီးရော
ကြောက်စိတ် ရှက်စိတ်တို့ ဖုံးလွှမ်းကာဖြင့်
အသံများ တုန်နေပါသည်။
....ကဲ
...မမ ပြောတာ နားထောင်... အာကာ စင်္ကာပူကို ကျောင်းတက် လွှတ်လိုက်ပြီ...
.....ရှင်.......
နုဝေ တစ်ယောက် ဒေါ်ချယ်ရီလွင် ရဲ့  စကားလဲ ကြာပြီး
မျက်လုံးများပြူးပြီး ထိတ်လန့် သွားသည်။
....ကဲ... မင်း ဘာပြောဖို့  လာတယ်ဆိုတာ မမ သိတယ်..
...ဒါပေမယ့်  ဒီအရွယ်က ပညာသင်ရမယ့် အရွယ်...
...မင်း...ဗိုက်ထဲ မှာ ရှိနေတဲ့ 
ပြဿနာကို ပိုက်ဆံ ဘယ်လောက်ကုန်ကုန် မမ ဘယ်သူမှ မသိအောင် ရှင်းပေးမယ်
ကျေနပ်လား....
..ရှင်.....
နုဝေ ရဲ့  မျက်ဝန်းမှ မျက်ရည်များ
အလိုအလို စီးကျ လာပါတော့ သည်။ နုဝေလဲ မျက်နှာကို လက်နှစ်ဖက်နဲ
့အုပ်ပြီးငိုယိုကာ ကားပေါ်သို့  အတင်းတက်ပြီး
ဒေါ်ချယ်ရီလွင် ရဲ့  ခြံဝန်း အတွင်းမှ အမြန် မောင်းထွက်လာပါတော့ သည်။
***********************************
အမေ....ရေ.. အမေ..ဒီမှာ ညီမလေး ရွာအလည်လာတယ်........
ကျွန်တော် အမေ ကို လှမ်းအော်လိုက်ခြင်းဖြစ်ပါသည်။
....ညီမလေးကလဲ ဒီနှစ်လာတာ
စောတယ်နော်...အကိုတောင်မထင်ဘူး...
..ညီမလေး
ရန်ကုန်မှာ နေရတာ စိတ်မပျော်ဘူး..
..သမီး
ဒီတစ်ခေါက်လာတာ ပိုတောင် ၀လာသလိုပဲ ..သမီး အဖေရောနေကောင်းလား..
...ကောင်းပါတယ်.. မေမေ..
..
ညီမလေး ....အရင်က ရွာအလည်လာရင် ကိုကို နဲ့ မေမေ ကို တွေ့ ရင်
အရမ်းပျော်နေတာ အခု မျက်နှာလဲ မကောင်းဘူး ရန်ကုန်မှာ ဘာဖြစ်လာတာလဲ ...
ကိုကို့  ကို ပြော.....
အဲ ဒီ အချိန်မှာ မေမေ က လဲ
ဝင်ပြောလိုက်သည်။
..ဟုတ်ပ... သမီး
..ဘာဖြစ်လာတာလဲ မျက်နှာလဲ မကောင်းဘူး..
..ခရီး ပန်းလို့ ပါ မေမေ..
..ဘာလဲ
.. ညီမလေး ..မိထွေး နှိပ်ဆက်လို့ လား.. ကိုကို့  ကို ပြော..
..ငါညီမကို နှိပ်ဆက်လို့ တော့  အဲဒီ
မိထွေး ကို အခုချက်ခြင်း သွားသတ်မှာ...
ဒါနဲ့  မေမေ ၀င်ပြောလိုက်တာက ။
.....ကဲကဲ....သမီးလေး ခရီးပန်းလာတယ်ဆိုတော့  ရေအရင်
သွားချိုးလိုက်နော်...
..ဟုတ်ကဲ့...
ဟဲ့  ...ရှိုင်းထက် ...သားကြီး က
ညီမလေးရေချိုးဖို့ အတွက် ရေခပ်ပေးလိုက်...
...ဟဟ..မေမေ ပြောတာ နောက်ကျ နေပြီ သား ညီမလေးလာမှာ သိလို့ ရေအို
းတွေ အားလုံး ဖြည့်ပြီးသား..
...ဟုတ်ပါပြီ....ဟုတ်ပါပြီ..ကွယ်..
ညီမလေးရောက်တဲ့ ညကတော့ 
ကြက်သားကာလားသားဟင်းချက်ပြီး မေမေ ရယ် ကျနော်တို့ မောင်နှမ နှစ်ယောက်ရယ်
မိသားစုထမင်းပွဲလေး ကျနော်အရမ်းပျော်ခဲ့ ရပါတယ်။
မနက်မိုး လင်းတာနဲ့ ....ညီမလေးရေ...ညီမလေးရေ ...မိုးလင်း ပြီ
ထတော့ လေ...
မေမေ ကလဲ .. ဟုတ်ပ
မင်းညီမ ကအိပ်ပုတ်ကြီးလိုက်တာ..
မေမေ
ညီမလေး အခန်း တံခါး သွားဖွင့်လိုက်ချိန် မေမေစီမှ အသံကြယ်ကြီး ထွက်လာသည်။
သမီး....သမီး....လာကြပါအုံးကွဲ...
ကျနော်လဲ
အတင်းပြေးပြီးသွားကြည့်လိုက်တော့ ။
ညီမလေးပါးစပ်က
အမြှုပ်တွေ ထွက်နေပြီး. ညီမလေး အသက်မရှိတော့ ပါ။
..ကျနော်နဲ့  အမေ ရဲ့ ငို သံတွေ က တော့  ကျနော်တို
့အိမ်လေးမှာ ကောင်းကင်သို့ ဝှေ့ ပြန်ထွက်ခဲ့ ရပါပြီ။ညီမလေးရဲ့ 
အလောင်းဘေးမှာလဲ အဆိပ်ပုလင်း ကို တွေ လိုက်ရပါသည်။
.....ညီမလေး....ညီမလေး........ညီမလေး....
..အမေနဲ့ ကျနော် အရှိုက်ကြီးတစ်ငင်
အော်၍ ငိုနေရပါတော့ သည်။
*******************************************************
Saturday, May 25, 2013
ဘ၀ရဲ့  ချန်ပီယံ
ဘ၀ရဲ့  ချန်ပီယံ...
ရည်ရွယ်ချက်တွေ နဲ့  ပင်လယ်ကို ဆေးချယ်နေတာ...
အရောင်စုံ စွာဖြင့် ချယ်သ သမျှ ပုံမပေါ်ပဲ...
လှော်ခတ်သမျှ သဲပြင်ထိမှ..အမိရ ဖမ်းတွေးမိလိုက်တာ ...
သြော်...ရေတိမ်ပါလား...
ရည်မှန်းချက်တွေကို ရည်ရွယ်ချက်တွေက အနိုင်ကျင့်နေလိုက်တာ..
ဘယ်သူနိုင်လဲ ဘယ်သူရှုံးလဲ..
ဘယ်သူမှမနိုင်ပဲ ...
ဖြစ်သင့်တာကို ဖြစ်အောင်လုပ်ဖို့ ..
အချိန် တွေ က သူငယ်ချင်းကောင်း တစ်ယောက်ပီသခဲ့ တာကြာခဲ့ ပြီ..
အချိန်တွေ က ငါ့ကို အားပေးပေမယ့်..
ဘ၀အတွေး တွေမှာ ရေတိမ်ပါလျှက်...
ကမ်းစပ်မဟုတ်ခဲ့ ဘူး..
သို့ သော်လည်း သင် သိပါ...
သို့ သော် လည်း သင် သိပါ..
ခုတော့ လည်း ငါစိတ်ကို ..
ငါကိုယ်တိုင် ဆုံးမ..
ငါအသုံးမကျတာလား...
သင်အသုံးမကျတာလား..
နေပါတော့ စိတ်ရယ်....
သွားပါတော့ စိတ်ရယ်..
မတည်မြဲခြင်းတွေက ..
ဘ၀ ရဲ့  ချန်ပီယံ ပါ..
မောင်လွမ်းဆု..
အခုတော့ ဒီလိုပါအဖေ..
အဖေ က လယ်ယာ လုပ် အမေ က ထမင်းထုပ်ဖြင့်...
မွန်းမတည်း ခင် ရောက်အောင်ပို့ ပေးတယ်...
အမေ ပို့ တဲ့ ထမင်းကျမ်း ပဲပြုတ်ကို ဆီစမ်းနဲ့ ...
စားရင်းက ပြောတဲ့  အဖေ့ စကား... ငါ့သား သမီးတွေကြီးရင် ..
ဒီ လယ်ယာ က အမွေ အနှစ်တဲ့ ...
အဖေနဲ့  အမေ.. ဘိုးဖွား အမွေနှစ်ချစ်ခင်အားကိုး...
ဆန်အမျိုးမျိုး ထွက်တဲ့  ဒီ လယ်ကို သား သမီးတွေ အတွက် အမွေ တဲ့ ..
အဖေ....လယ် အလုပ်နဲ့  အရိုးမထုပ်ခင် ဆန် အမျိုးမျိုးတွေလုပ်တတ်ပေမဲ့ ..
ဒီနေ့  ဒီအချိန်ထိ သား ပါးစပ် မှာ အထပ်ထပ် အခါခါ စားခဲ့ ရတာက...
အမေ ရယ် ၀ယ်ကျွေး ဟိုး......လမ်း ထိပ်ဈေး ထဲက ...
နို့ ဆီဗူး လေးနဲ့  ချိန်တဲ့  ဆန် ပေါ့ ....
မောင်လွမ်းဆု.
အခုတော့ ဒီလိုပါ အမေ
ထမင်းစားတတ်အောင် အမေသင်ပေးခဲ့ တယ်..
စကား ပြောတတ်အောင် အမေသင်ပေးခဲ့ တယ်..
အခုတော့ စကားလည်းပြောတတ်ပြီးအမေ..
ထမင်း လည်းစားတတ်နေပြီအမေ..
တစ်ခါ တစ်ခါ ထမင်းစားတတ်တဲ့ ပါးစပ် က..
စား တဲ့ အချိန်ရောက်ရင်..စားကိုစားရမှ ကျေနပ်တယ်..
ပြောတတ်တဲ့  ပါးစပ် က လည်း ပြောရမဲ့ အချိန်ရောက်ရင်..
ပြောကိုပြောရရမှ..ကျေနပ်ဖို့  ပြောမထွက်တဲ့ စကားလုံးတွေက..
ထမင်းနဲ့ အတူ ၀ါးမျိုချခဲ့ တယ် အမေ..
မောင်လွမ်းဆု
သမုဒယ တပေါင်းနွေ..
(သမုဒယ တပေါင်းနွေရဲ့ ....ပိတောက်...)
မညီမျှ မူတွေနဲ့ စုစည်း ထားတဲ့ မိုးတိမ်က..
ရွာချင်သလိုရွာချလိုက်တာ....ကွက်ကြားမိုး..ထစ်ချုန်းမိုး..
တိမ်ပြိုမိုး လေလည်မိုး..အခါလွန်းမိုး..
ဝါဆို မိုး.. ၀ဿန်မိုး..သမုဒယ ၀ါဆိုမိုးနဲ့  စခဲ့ တာ..
အခုတော့ မိုးသီချင်း ပေါင်းများစွာနဲ့ အတူ...နွေ အစကို ရွာချတဲ့ မိုးက..
သူသဘောသူ့ အကြိုက် သူ့ အလိုက် သူ မိုက်နေလိုက်တာ.
မင်း မဲ့  နေတဲ့ တိုင်းပြည်လို ...
အုပ်ချုပ်သူ..ခ၀ါချရအောင် သူတို့ က အထာကြကြ လုပ်ရက်ပါပေတယ်..
အနာတစ်ခုလို ရင်ကိုထုပြီး..အစုစု အဝေးဝေး မြင်တိုင်း..
ရင်ကိုလိုင်းခတ် ကြောက်တတ်တဲ့ စိတ်တွေနဲ့ က ပြည်သူ...
ဘယ်သူရယ် ဘာကို ရည်ရွယ်ပါလိမ့်..
ဘယ်အုပ်စုရယ် ဘာကို ရည်ရွယ်ပါလိမ့်..
ဒီအတွေ့  ရယ်.. ဒီနွေ တစ်ခေါက်မှာတော့...
ရွာထိပ်က ပိတောက်ပင် အို လည်း....
ရဲရဲ ၀င့်ဝင့် ပွင့်နိုင် ပ မလား...။
မောင်လွမ်းဆု..
ငယ်ချစ်ဦး ပိတောက်
(ငယ်ချစ်ဦး....ပိတောက်..)
အမှတ်တရ တွေ အပြည့် နဲ့  မစွန့် ပစ်ပဲထားခဲ့ တဲ့  ကျနော့် အမှိုက်ပုံးမှာ...
သံယောဇဉ်တွေ နှစ်ချို့  ..... အခါလွန်မိုးတွေ မရှိတဲ့ ဒီနွေမှာ..
ပိတောက် က ကျနော့် ငယ်ချစ်ဦးပေါ့ ..
သူလေ... ၀င်းဝါတဲံ့  ဒီ နံနက် ခက်ခက် ခဲခဲ ပွင့် ရှာ...
မာန် ရယ်မရှိ အသိစိတ်နဲ့  ယဉ်ကျေး..
ခပ် အေးအေးလေးပဲ သူနေတတ်တယ်....။
တစ်နှစ်ရဲ့  တစ်ခါ တစ်ခါ ရဲ့ တစ်ရက်..
ဒီနံနက်ကိုချစ်တယ်တဲ့ ...ပိတောက်..
ဆောင်း ကုန် တဲ့  နွေတပေါင်း..
အကြိမ်ကြိမ်တွေပြောင်းပေမဲ့ ..
နု ဆဲ လှဆဲ အသစ်ပဲဆိုတာ..
ကျနော့်ချစ်တဲ့  ပိတောက်က..
ဘယ်တော့ မှ သူ...အတာ ကို..
သစ္စာ မဖောက်ဖူးတဲ့ ...
မောင်လွမ်းဆု..
မီးသားစု မုန်တိုင်း
(မိသားစု မုန်တိုင်း)
ဒီအပင်တွေ အဖေနဲ့ အမေ ကိုယ်တိုင်စိုက်...
အမိုက်သရိုက် တွေဖယ် ငါ့  သားရယ် ဒါဟာ မင်းအတွက်တဲ့ ...
အားရှိစွာ အဖေနဲ့ အမေ ကို ကျနော် က ၀ိုင်းကူပေးတော့..
မညူဆူဘဲ ရခဲ့ တဲ့ ကျောင်းမုန့်ဘိုး ..
ကလေးတွေ ပညာရေး အတွက် ခပ်အေးအေးလေးထားပါ ရှင်မ ရယ်ဆိုပြီး..
ဟိုး...တောင်ထိပ်က မြေရိုင်းကို ဘိုးဘွားမြေ အလကားမဖြစ်အောင်...
ဦးဆောင်ကာ ပေးခဲ့ တဲ့ အဖေ...
တစ်မိုးကောင်းတစ်ချောင်းစီး ကို ထီးထီးကြီးရအောင်လုပ်ခဲ့ တဲ့ အဖေ..
သားသ္မီး တွေနောင်ရေး စိတ်အေးဖို့ အတွက် ဒါ..ဒိုမြေ..ဒါဒိုပြည်..
ဒို့  ပိုင်တဲ့  ဒို့ မြေကို ထီးထီးကြီးရပ်တည်ပြီးကြိုးစား..
နှစ်တွေရယ်ကြာတော့ အဖေစကားက ဒီလို...
ကဲ...ရှင်မ သားကြီးကို ကျောင်းထုတ်..
သမီး ငယ် ကို စက်ချုပ်သင်ပြီး...
တစ်ဖက်တစ်လမ်းက ၀င်ငွေလေးလိုနေပြီတဲ့ ...
သားကြီးက မမိုက်ဘူး..
သ္မီးငယ်က လိမ်မာတယ်...
ဘ၀ ရဲ့ စားဝတ်နေရေးကို ဦးစားပေး..
အခုတော့ပညာရေးတွေ ကြောခိုင်း...
ခပ်မှိုင်းမှိုင်း မိုးချုပ်တစ်ညမှာ..
အဖေ သိမ်းနေတဲ့  စပါးတွေ ၀ိုင်းကူရင်း...
အမေ..ကတော့ မိသားစု စားဖို့ အတွက်..
ဆန် ရှာထွက်နေတယ်..
မောင်လွမ်းဆု
Monday, March 25, 2013
အညတရ သူရဲကောင်း
ကျုပ်တို့  ခင်များတို့ ရဲ့  အညတရ စိတ်တွေသုံး နေသမျှ..
အတိတ်ကို ခ၀ါချ မလှမပ ဖြစ်ခဲ့ ရတဲ့  မြို့ ဟောင်းကြီးကို ..
ကျုပ် မုန်းတယ် ပြန်လည်း မလိုချင်ဘူး..
ပြန်လာပါ ဖိတ်ခေါ်နေတာမဟုတ်ပေမယ့်...
ဒဏ်ရာမှာ အမာရွတ် ကျန်ခဲ့ လို့  ကျုပ်မုန်းတယ်...
မေ့ပျောက် လို့ မရတဲ့  ရက်တွေကို ထိုးဖောက်..
အခုရောက်နေတဲ့  ရက် မှာအကောင်းဆုံးဆိုတာထက်ပိုကောင်းစေရမယ်..
နွံ မရှိတဲ့ အိုင် ကို တော့ မကျွံ ပရစေနဲ့ ..
သခင် ရှိတဲ့  တိုင်းမို့ ..လိုင်းထန် လေပြင်း နေတစ်စင်းဘဲ ထွက်ပါစေ..
မနက်ဖြန် ရှိနေသရွေ့  ကျုပ် အသက်ရှိနေရင် ကျေနပ်တယ်..
မောင်လွမ်းဆု..
Saturday, March 09, 2013
လွမ်းမိသူတစ်ယောက် သို့  တမ်းခြင်း
ကျနော်ငယ်ရွယ်စဉ်အခါ အရမ်းခင်အရမ်းချစ်ခဲ့ ရတဲ
့သူငယ်ချင်းတစ်ယောက် ကျနော် တို့ နှစ်ယာက်အတူစားအတူသွားခဲ့ တဲ
့ကလေးဘ၀လေးပေါ့ ။
အခုတော့ သူနဲ့ ကျနော် အချိန်တန် အရွယ်ရောက်ခဲ့ ကြပြီလေ။
ကျနော်အားလုံးကို တွေးတတ်မြင်တတ်နေပြီ ကျနော်ဟာ
တကယ်တော့စိတ်ကူးနဲ့ လွမ်းတတ်သောသူမဟုတ်ပါ။
အချစ်ကို လမ်းပြကြယ်အဖြင့် မြောက်အရပ်ကဓူဝံကြယ်ဆီမှာကျနော် လိုချင်တဲ့ အချစ်ရှိမယ်
်
... ဆိုရင် အဲဒီအရပ်ကိုကျနော်ရောက်အောင်သွားရပါလိမ့့်် မယ်။
သူမနဲ့  ကျနော်သူငယ်ချင်းလို နေလာခဲ့ ကြပေမယ့်
့်
တစ်ယောက်နဲ့ တစ်ယောက် အနက်ရှိုင်းဆုံးဆိုတဲ့ ရင်ထဲက
ထောင့်တစ်နေရာမှာတော့ သံယောဇဉ်ကြိုးတစ်ချောင်းက
အချစ်လွန်းတွေ တင်မိနေကြပါပြီ။ ကျနော်ကသူမကိုဖွင့်မပြော
ခဲ့ သလို သူမလည်း ကျနော်ဖွင့်ပြောလာမယ့်စကားကိုမျှော်လင့်နေသူတစ်
်
ယောက်ပါ။ သူမအိမ်ကို နေ့ စဉ်အလည်သွား ပြီးရင်ခုန်သံတွေ စည်းချက်ကျနေတာလေးက ကျနော်တို့ နှစ်ယောက်ကို ကြည်နူးစေခဲ့ ပါတယ်။
တစ်ခါတစ်ခါ သူမနဲ့ ကျနော် လမ်းအတူလျှောက်နေချိန် သူမကိုရယ်စရာ
စကားလေးတွေ ပြောပြခဲ့ ပေမယ့် သူမရဲ့ တည်ငြိမ်တဲ့ အပြုံးလေတွေက
ကျနော်ကိုဖမ်းစားစေခဲ့ တယ်။
နှလုံးသား နဲ့ ပတ်သက်လို့  ဘာမှမသိတဲ့ ကလေးဘ၀လေးကို ပြန်လိုချင်မိတယ်။
ကျနော် အချိန်တိုင်း လိုလို ချစ်တယ်ဆိုတဲ့ စကားကို သူမကို ဘယ်လိုဖွင့်
့်
ပြောရမလည်း ဆိုတာကိုဘဲ စဉ်းစားနေခဲ့ ရတယ်။
ဒီနေ့ သူမကို ကျနော်နှင်းဆီပန်းလေးပေးမယ်လို့ စိတ်ကူးခဲ့ ပါတယ်။
ဒါဟာမထမဆုံးခြေလှမ်းလေးပါဘဲ.။
ကျနော်ပေးတဲ့ နှင်းဆီပန်းလေးကို သူမနဲ့ ကျနော်နှစ်ယောက်အတူနမ်း
လို့ အရမ်းပျော်နေချိန်မှာ……….။
သူမ စကားအသံကြောင့် ကျနော်သတိတစ်ချက်ပြန်ဝင်လာခဲ့ ရတယ်။
“….ဟိတ်…နင့် နောက်မှာ ဘာပါလည်း ပြော…….”
သူမရဲ့ မျက်နှာလေးကို ကြည့်ပြီး ကျနော်စိတ်ကူးမျှသာ…….။
သူမအိမ်အပြန်လမ်းလေးထိလိုက်ပို့ ခဲ့တယ်။
သူမရဲ့ နုတ်ဆက်အပြုံး မျက်လုံးလေးတွေက ကျနော်ကို ညစဉ်အိပ်မက်စေခဲ့ ပါတယ်။
ဒီနေ့ ဘဲ သူမကို ကျနော်အရမ်းချစ်တယ်လို့ ဖွင့်ပြောလိုက်တဲ့ အချိန်မှာဘဲ။
သူမကျနော်ရင်ခွင်ထဲကိုတိုးဝင်လာ ပြီး
စကားသံ သဲ့ သဲ့ လေးပြော၍လာပါသည်။
“….ငါလေ နင့့်် ဆီက အခုလိုစကားဘယ့်နေ့  ကြားရမလည်း ဆိုတာစောင့်မျှော်ခဲ့ ရတာကြာပါပြီ….”
“ဒို့ နှစ်ယောက်ဘယ်တော့ မှ မခွဲကြေးနော်….ငါလေ…နင့်ကို အရမ်းချစ်တယ် သိလား….”
အခုတော့ ကျနော်တို့ နှစ်ယောက်ချစ်သူတွေဖြစ်ခဲ့ ကြပြီပေါ့ ။
ကြည်နူးမူတွေ ရခဲ့ သလို ပျော်ရွှင်မူတွေလည်း ရခဲ့ ပါပြီ။
သူမနဲ့ ကျနော် မတွေ့ ရတဲ့ နေ့ တွေမှာ သူမကျနော်အကြောင်းတွေ တွေးနေသလို။
ကျနော်လည်း သူမအကြောင်းတွေ တွေးနေရတယ်လေ။
အခုတော့  ကျနော်တို့  နှစ်ယောက်ရဲ့ အချစ်တွေလမိုက်ညဖြစ်ခဲ့ ရပြီပေါ့ ။
သူမ ကျောင်းဆရာမအဖြစ်နဲ့  နယ်ကို သွားရတော့မယ်လေ။
လွမ်းဆွေးမူကြေကွဲမူတွေနဲ့ အတူ နုတ်ဆက်အနမ်းလေးနဲ့  ခွဲခဲ့ရပြီပေါ့ ။
ဒီလိုနဲ့  ကျနော်တို့ နှစ်ယောက် တစ်နှစ်ကျော်လောက်အဆက်အသွယ်မရဖြ စ်နေတဲ့ အချိန်မှာတော့
့
သူမကို လွမ်းတဲ့ စိတ်နဲ့ အရူးတစ်ယောက်မပါ ဖြစ်ခဲ့ ရတယ်။
သူမပြန်လာတယ်ကြားလို့  အပြုးနဲ့ ကြိုပြီးလက်ဆောင်လေးပေးမယ်အချိ န်မှာ။
မြင်လိုက်ရတဲ့ မြင်ကွင်းက
“…….ဒါကတော့ …မကြာခင် ကျမနဲ့  လက်ထပ်တော့ မယ့် သူပါ…..”
ရက်ဆက်လိုက်တာချစ်သူရယ်…….
မင်း ငါ့ ကို အခုလို တစ်နေ့ နေ့ မှာ ထားခဲ့ မှာဆိုတာကို
ငါကြိုသိခဲ့ ရင် တစ်ချိန်က မင်းမျှောလင့်ခဲ့ တဲ့ ငါဆီက ဘယ်နေ့ ကြားရမလဲဆိုတဲ့ (ချစ်တဲ့ စကားကို)
ငါဒီနေ့ ဒီအချိန်ထိမပြောခဲ့ ပါဘူး ကွာ……..
****************************** ******************************
မောင်လွမ်းဆု
အခုတော့ သူနဲ့ ကျနော် အချိန်တန် အရွယ်ရောက်ခဲ့ ကြပြီလေ။
ကျနော်အားလုံးကို တွေးတတ်မြင်တတ်နေပြီ ကျနော်ဟာ
တကယ်တော့စိတ်ကူးနဲ့ လွမ်းတတ်သောသူမဟုတ်ပါ။
အချစ်ကို လမ်းပြကြယ်အဖြင့် မြောက်အရပ်ကဓူဝံကြယ်ဆီမှာကျနော်
်
... ဆိုရင် အဲဒီအရပ်ကိုကျနော်ရောက်အောင်သွာ
သူမနဲ့  ကျနော်သူငယ်ချင်းလို နေလာခဲ့ ကြပေမယ့်
့်
တစ်ယောက်နဲ့ တစ်ယောက် အနက်ရှိုင်းဆုံးဆိုတဲ့ ရင်ထဲက
ထောင့်တစ်နေရာမှာတော့ သံယောဇဉ်ကြိုးတစ်ချောင်းက
အချစ်လွန်းတွေ တင်မိနေကြပါပြီ။ ကျနော်ကသူမကိုဖွင့်မပြော
ခဲ့ သလို သူမလည်း ကျနော်ဖွင့်ပြောလာမယ့်စကားက
်
ယောက်ပါ။ သူမအိမ်ကို နေ့ စဉ်အလည်သွား ပြီးရင်ခုန်သံတွေ စည်းချက်ကျနေတာလေးက ကျနော်တို့ နှစ်ယောက်ကို ကြည်နူးစေခဲ့ ပါတယ်။
တစ်ခါတစ်ခါ သူမနဲ့ ကျနော် လမ်းအတူလျှောက်နေချိန် သူမကိုရယ်စရာ
စကားလေးတွေ ပြောပြခဲ့ ပေမယ့် သူမရဲ့ တည်ငြိမ်တဲ့ အပြုံးလေတွေက
ကျနော်ကိုဖမ်းစားစေခဲ့ တယ်။
နှလုံးသား နဲ့ ပတ်သက်လို့  ဘာမှမသိတဲ့ ကလေးဘ၀လေးကို ပြန်လိုချင်မိတယ်။
ကျနော် အချိန်တိုင်း လိုလို ချစ်တယ်ဆိုတဲ့ စကားကို သူမကို ဘယ်လိုဖွင့်
့်
ပြောရမလည်း ဆိုတာကိုဘဲ စဉ်းစားနေခဲ့ ရတယ်။
ဒီနေ့ သူမကို ကျနော်နှင်းဆီပန်းလေးပေးမယ်လို့ စိတ်ကူးခဲ့ ပါတယ်။
ဒါဟာမထမဆုံးခြေလှမ်းလေးပါဘဲ.။
ကျနော်ပေးတဲ့ နှင်းဆီပန်းလေးကို သူမနဲ့ ကျနော်နှစ်ယောက်အတူနမ်း
လို့ အရမ်းပျော်နေချိန်မှာ……….။
သူမ စကားအသံကြောင့် ကျနော်သတိတစ်ချက်ပြန်ဝင်လာခဲ့ ရတယ်။
“….ဟိတ်…နင့် နောက်မှာ ဘာပါလည်း ပြော…….”
သူမရဲ့ မျက်နှာလေးကို ကြည့်ပြီး ကျနော်စိတ်ကူးမျှသာ…….။
သူမအိမ်အပြန်လမ်းလေးထိလိုက်ပို့ ခဲ့တယ်။
သူမရဲ့ နုတ်ဆက်အပြုံး မျက်လုံးလေးတွေက ကျနော်ကို ညစဉ်အိပ်မက်စေခဲ့ ပါတယ်။
ဒီနေ့ ဘဲ သူမကို ကျနော်အရမ်းချစ်တယ်လို့ ဖွင့်ပြောလိုက်တဲ့ အချိန်မှာဘဲ။
သူမကျနော်ရင်ခွင်ထဲကိုတိုးဝင်လာ
“….ငါလေ နင့့်် ဆီက အခုလိုစကားဘယ့်နေ့  ကြားရမလည်း ဆိုတာစောင့်မျှော်ခဲ့ ရတာကြာပါပြီ….”
“ဒို့ နှစ်ယောက်ဘယ်တော့ မှ မခွဲကြေးနော်….ငါလေ…နင့်ကို အရမ်းချစ်တယ် သိလား….”
အခုတော့ ကျနော်တို့ နှစ်ယောက်ချစ်သူတွေဖြစ်ခဲ့ ကြပြီပေါ့ ။
ကြည်နူးမူတွေ ရခဲ့ သလို ပျော်ရွှင်မူတွေလည်း ရခဲ့ ပါပြီ။
သူမနဲ့ ကျနော် မတွေ့ ရတဲ့ နေ့ တွေမှာ သူမကျနော်အကြောင်းတွေ တွေးနေသလို။
ကျနော်လည်း သူမအကြောင်းတွေ တွေးနေရတယ်လေ။
အခုတော့  ကျနော်တို့  နှစ်ယောက်ရဲ့ အချစ်တွေလမိုက်ညဖြစ်ခဲ့ ရပြီပေါ့ ။
သူမ ကျောင်းဆရာမအဖြစ်နဲ့  နယ်ကို သွားရတော့မယ်လေ။
လွမ်းဆွေးမူကြေကွဲမူတွေနဲ့ အတူ နုတ်ဆက်အနမ်းလေးနဲ့  ခွဲခဲ့ရပြီပေါ့ ။
ဒီလိုနဲ့  ကျနော်တို့ နှစ်ယောက် တစ်နှစ်ကျော်လောက်အဆက်အသွယ်မရဖြ
့
သူမကို လွမ်းတဲ့ စိတ်နဲ့ အရူးတစ်ယောက်မပါ ဖြစ်ခဲ့ ရတယ်။
သူမပြန်လာတယ်ကြားလို့  အပြုးနဲ့ ကြိုပြီးလက်ဆောင်လေးပေးမယ်အချိ
မြင်လိုက်ရတဲ့ မြင်ကွင်းက
“…….ဒါကတော့ …မကြာခင် ကျမနဲ့  လက်ထပ်တော့ မယ့် သူပါ…..”
ရက်ဆက်လိုက်တာချစ်သူရယ်…….
မင်း ငါ့ ကို အခုလို တစ်နေ့ နေ့ မှာ ထားခဲ့ မှာဆိုတာကို
ငါကြိုသိခဲ့ ရင် တစ်ချိန်က မင်းမျှောလင့်ခဲ့ တဲ့ ငါဆီက ဘယ်နေ့ ကြားရမလဲဆိုတဲ့ (ချစ်တဲ့ စကားကို)
ငါဒီနေ့ ဒီအချိန်ထိမပြောခဲ့ ပါဘူး ကွာ……..
******************************
မောင်လွမ်းဆု
ဆွဲထုတ်မိ သော အပိုင်းအစများ
စိုက်ခဲ့  တဲ့  အပင်..ပန်း ရှိလိုပါ၏....
ပန်းရှိသော အပင် အပွင့်ရှိလိုပါ၏....
အပွင့် ရှိသော ပန်း ရနံ့ ရှိလိုပါ၏...
ရနံ့ ရှိသော ပန်း မနွမ်းလိုပါ၏...
အနွမ်းရှိသောပန်း.....ထာဝရ လန်းစေလိုပါ၏..
(ဆုတောင်းရင်း.)..ပန်းဖြစ်လို့  အနမ်းခံရတာ...
မဆန်းပါဘူး.....
အနမ်း ဖြစ်ဖို့ အတွက် ဘယ်တော့ မှ ပန်းမဖြစ်ပါစေနဲ့ ..
ညီမလေး...
ပန်းရှိသော အပင် အပွင့်ရှိလိုပါ၏....
အပွင့် ရှိသော ပန်း ရနံ့ ရှိလိုပါ၏...
ရနံ့ ရှိသော ပန်း မနွမ်းလိုပါ၏...
အနွမ်းရှိသောပန်း.....ထာဝရ လန်းစေလိုပါ၏..
(ဆုတောင်းရင်း.)..ပန်းဖြစ်လို့  အနမ်းခံရတာ...
မဆန်းပါဘူး.....
အနမ်း ဖြစ်ဖို့ အတွက် ဘယ်တော့ မှ ပန်းမဖြစ်ပါစေနဲ့ ..
ညီမလေး...
လွမ်းရင်းက.. တစ်ခါတစ်ခါ ကျနော် ရယ်မိတယ်...
ရယ်ရင်းက တစ်ခါတစ်ခါ ကျနော် ငိုမိတယ်..
ငိုရင်းက တစ်ခါတခါ တွေးမိတာက....
သူ...အခုဆို ကျနော့်ကို မေ့ နေလောက်ပါပြီ...
ရယ်ရင်းက တစ်ခါတစ်ခါ ကျနော် ငိုမိတယ်..
ငိုရင်းက တစ်ခါတခါ တွေးမိတာက....
သူ...အခုဆို ကျနော့်ကို မေ့ နေလောက်ပါပြီ...
အလုပ်ကို တာဝန်ကျေ ဖို့ အတွက်..စိတ်ကို
တာဝန်ကျေခိုင်းရအုံးမယ်..
ဘ၀ကို တာဝန်ကျေဖို့  အတွက်လည်း စိတ်ကိုတာဝန်ကျေခိုင်းရအုံးမယ်. .
စိတ်က တာဝန်ကို မေ့ လိုက်ပြီဆိုရင်တော့...
နောက် တစ်ပါတ်မှာ.. ကျနော့် ရက်လည်သွားပြီ...
ဘ၀ကို တာဝန်ကျေဖို့  အတွက်လည်း စိတ်ကိုတာဝန်ကျေခိုင်းရအုံးမယ်.
စိတ်က တာဝန်ကို မေ့ လိုက်ပြီဆိုရင်တော့...
နောက် တစ်ပါတ်မှာ.. ကျနော့် ရက်လည်သွားပြီ...
ထမင်းစားတတ်အောင် အမေသင်ပေးခဲ့ တယ်..
စကား ပြောတတ်အောင် အမေသင်ပေးခဲ့ တယ်..
အခုတော့ စကားလည်းပြောတတ်ပြီးအမေ..
ထမင်း လည်းစားတတ်နေပြီအမေ..
တစ်ခါ တစ်ခါ ထမင်းစားတတ်တဲ့ ပါးစပ် က..
စား တဲ့ အချိန်ရောက်ရင်..စားကိုစားရမှ ကျေနပ်တယ်..
ပြောတတ်တဲ့  ပါးစပ် က လည်း ပြောရမဲ့ အချိန်ရောက်ရင်..
ပြောကိုပြောရရမှ..ကျေနပ်ဖို့  ပြောမထွက်တဲ့ စကားလုံးတွေက..
ထမင်းနဲ့ အတူ ၀ါးမျိုချခဲ့ တယ် အမေ..
မောင်လွမ်းဆု
Sunday, January 20, 2013
သို့  ..သခင်ရေ..
သို့ ....သခင်..ရေ..
သခင်ရေ...ဆောင်းကုန်ပြီ..
နှောင်းခဲ့ တဲ့ မိုးရာသီမှာ ထီးမပါဘဲ ဒို့ အတူ လမ်းလျှောက်ခဲ့ ဘူးတယ်..
သခင်ရေ..နွေစတော့မယ်...
ပူသမျှဒဏ်တွန်းလှန် ဖို့  ငါ့အဘေးမှာမင်းရှိစေချင်တယ်..
သခင်ရေ...ရွက်ဝါတွေမြေလူးတော့မယ်..
မကြွေဘူးတဲ့ ပန်းတွေမြေလူးနေခိုက်..
မင်း..အလိုက်မှားပြီး မိုက်သွားမှာကို အကိုစိုးရိမ်တယ်သခင်..
သခင်ရေ...တိမ်တွေရယ်ပျောက် အရွယ်မရောက်သေးတဲ့ ..
ပန်းတွေကြား မင်းအပွင့်မှားသွားမှ...ာကိုစိုးရိမ်တယ်..သခင်..
ပွင့်လင်းတဲ့ ရာသီရောက်စ..
ပိတောက်က သစ္စာဖောက်ချင်ဖောက်ပါစေ..
သခင်တစ်ယောက် ကို့ နောက်မှာ..
သစ္စာမဖောက် အားအင်တစ်ယောက်အဖြစ်..
အကိုလိုချင်ပါတယ်သခင်...
မောင်လွမ်းဆု..
သခင်ရေ...ဆောင်းကုန်ပြီ..
နှောင်းခဲ့ တဲ့ မိုးရာသီမှာ ထီးမပါဘဲ ဒို့ အတူ လမ်းလျှောက်ခဲ့ ဘူးတယ်..
သခင်ရေ..နွေစတော့မယ်...
ပူသမျှဒဏ်တွန်းလှန် ဖို့  ငါ့အဘေးမှာမင်းရှိစေချင်တယ်..
သခင်ရေ...ရွက်ဝါတွေမြေလူးတော့မယ
မကြွေဘူးတဲ့ ပန်းတွေမြေလူးနေခိုက်..
မင်း..အလိုက်မှားပြီး မိုက်သွားမှာကို အကိုစိုးရိမ်တယ်သခင်..
သခင်ရေ...တိမ်တွေရယ်ပျောက် အရွယ်မရောက်သေးတဲ့ ..
ပန်းတွေကြား မင်းအပွင့်မှားသွားမှ...ာကိုစိုးရိမ်တယ်..သခင်..
ပွင့်လင်းတဲ့ ရာသီရောက်စ..
ပိတောက်က သစ္စာဖောက်ချင်ဖောက်ပါစေ..
သခင်တစ်ယောက် ကို့ နောက်မှာ..
သစ္စာမဖောက် အားအင်တစ်ယောက်အဖြစ်..
အကိုလိုချင်ပါတယ်သခင်...
မောင်လွမ်းဆု..
Wednesday, September 26, 2012
ဆောင်းဒဏ်ရာရဲ့  နွေခရီး
တစ်ဆောင်း သစ်မှာ
အဟောင်းချစ်နဲ့  လမ်းခွဲ
ဝမ်းနည်း စရာမှတ်တမ်း တစ်ခု
ဒီရင် အစုစု ပူပြင်းလို့ ဒဏ်ရာပေါ်
ပြန်လာနော်မခေါ် ရက်ပေမဲ့ 
ပျော်ရက်တဲ့  ချစ်သူက
တစ်ပါးသူရင်ခွင် ခိုဝင်လို့  နေပါရော....။
ဖြေစရာ ဆေးတစ်ခွက် ကြောင့်
ငါလက်တွေ တုန်ခဲ့ တယ်
ယုံခဲ့ သမျှ ပုံဖွဲ့ ကာ ပြခဲ့ ပေမဲ့ 
မလှခဲ့ တဲ့  ကံကြမ္မာ က ငါတစ်ယောက်ထဲကိုဘဲ
အနိုင်ကျင့်ခဲ့ လေးသလား...။
အဖြေစကားတွေ ငါမရှာဘဲ
တစ်ခါ တွဲပြီး အခါတစ်ရာကွဲတဲ့ ငါအသည်းကို
ငါကိုယ်တိုင် ဒဏ်ခတ်လို့ 
နှင်းခဲ တွေ ကြား
အသင်းကွဲ တဲ့ ဥသြငှက်က
နွေမရောက် ခင် လွမ်းတေးဆိုပြီး
ချမ်းအေးတဲ့  ဆောင်းရင်ခွင်က
ငါ့ အတွက် နွေအပြင်းစားတွေ ရွာချလို့ 
နာသမျှ ဒီရင်ခွင် မီးက
ဒီခရီး မဆုံးသမျှ
ဟုန်းဟုန်း ကြွ၍
လောင်ရအုံးတော့  မည်။
အဟောင်းချစ်နဲ့  လမ်းခွဲ
ဝမ်းနည်း စရာမှတ်တမ်း တစ်ခု
ဒီရင် အစုစု ပူပြင်းလို့ ဒဏ်ရာပေါ်
ပြန်လာနော်မခေါ် ရက်ပေမဲ့ 
ပျော်ရက်တဲ့  ချစ်သူက
တစ်ပါးသူရင်ခွင် ခိုဝင်လို့  နေပါရော....။
ဖြေစရာ ဆေးတစ်ခွက် ကြောင့်
ငါလက်တွေ တုန်ခဲ့ တယ်
ယုံခဲ့ သမျှ ပုံဖွဲ့ ကာ ပြခဲ့ ပေမဲ့ 
မလှခဲ့ တဲ့  ကံကြမ္မာ က ငါတစ်ယောက်ထဲကိုဘဲ
အနိုင်ကျင့်ခဲ့ လေးသလား...။
အဖြေစကားတွေ ငါမရှာဘဲ
တစ်ခါ တွဲပြီး အခါတစ်ရာကွဲတဲ့ ငါအသည်းကို
ငါကိုယ်တိုင် ဒဏ်ခတ်လို့ 
နှင်းခဲ တွေ ကြား
အသင်းကွဲ တဲ့ ဥသြငှက်က
နွေမရောက် ခင် လွမ်းတေးဆိုပြီး
ချမ်းအေးတဲ့  ဆောင်းရင်ခွင်က
ငါ့ အတွက် နွေအပြင်းစားတွေ ရွာချလို့ 
နာသမျှ ဒီရင်ခွင် မီးက
ဒီခရီး မဆုံးသမျှ
ဟုန်းဟုန်း ကြွ၍
လောင်ရအုံးတော့  မည်။
အိပ်ဆက် ခြင်းရဲ့  ဒဏ်ရာ..
ဆိုသီချင်း တစ်ဝက်ကို ငိုခြင်းဖွဲ့ ရင်း
လိုရင်းအချက်က ပြိုကွင်းပျက်ခဲ့ တဲ့ 
ချစ်သူကြောင့် အပြစ်ပူကာဆွေးနေလည်း....
တွေးနေရတဲ့  ရင်ခွင်မှာ
ဝေးနေရတာကို မမြင်ချင်ပေမယ့်
တမင်စဉ်ကာ မုန်းသွားတဲ့ ချစ်သူကို
ဒီရင်ခွင်မှာ သုံးထားတဲ့ 
မင်းနှလုံးသားက
အဆိပ်လူးမျှားထက်ဆိုးခဲ့ ပြီပေါ့..။
စိတ်ကူးများနဲ့ မက်ခဲ့ ရတဲ့  ငါ့အိပ်မက်ကို
သံစဉ်ချို တေးတစ်ပိုဒ် လိုဆိုခဲ့ သမျှ ...
ငိုခဲ့ ရတာ အံ့ ပါရော...။
အိပ်မက်တွေ မချို သမျှ
အိပ်ဆက်ခြင်းကို
ငါ မုန်းပရစေတော့ ..။
မောင်လွမ်းဆု
လိုရင်းအချက်က ပြိုကွင်းပျက်ခဲ့ တဲ့ 
ချစ်သူကြောင့် အပြစ်ပူကာဆွေးနေလည်း....
တွေးနေရတဲ့  ရင်ခွင်မှာ
ဝေးနေရတာကို မမြင်ချင်ပေမယ့်
တမင်စဉ်ကာ မုန်းသွားတဲ့ ချစ်သူကို
ဒီရင်ခွင်မှာ သုံးထားတဲ့ 
မင်းနှလုံးသားက
အဆိပ်လူးမျှားထက်ဆိုးခဲ့ ပြီပေါ့..။
စိတ်ကူးများနဲ့ မက်ခဲ့ ရတဲ့  ငါ့အိပ်မက်ကို
သံစဉ်ချို တေးတစ်ပိုဒ် လိုဆိုခဲ့ သမျှ ...
ငိုခဲ့ ရတာ အံ့ ပါရော...။
အိပ်မက်တွေ မချို သမျှ
အိပ်ဆက်ခြင်းကို
ငါ မုန်းပရစေတော့ ..။
မောင်လွမ်းဆု
စိတ်ကွယ်ရာ သို့ 
ဖူးပွင့် ဝေဆာ ပန်းကမ္ဘာ ၌...
ပွင့်ကာ တင့်လန်း ပန်းအလှသဖွယ်...
ခေါ်ဝေါ်ဆို ကြ ဤ လူ့ ဘ၀၌..
သည်းကိုးဖြာ ပိုင် မိန်းမ မန်တိုင်..
မရိုင်မလဲ ခိုင်ခိုင်မြဲအောင် ..
ဘယ်သူနေနိုင်ပါဘိ...။
မိန်းမ တို့ အရေး ပြန်ကာတွေးတော့...
တွေ့ သမျှ ရေအိုင် သူတို့ နှောက်နိုင်...
နောက်ကွယ်ဖေါက်ပြား အိုယောင်္ကျား...
လှေကား သုံးထစ် လူပျိုဖြစ် တဲ့ ...။
ယုံမှတ်လို့  ပုံအပ် ဘုံ အထပ်ထပ် ..
မျက်ကွယ်ပြု..
အသက်အရယ်နု လို့  အရွယ်တင်...
အ ပျိုစင် ဘ၀ လိုချင်ရ ခက်သမို့ ...
အသက်နဲ့ ခန္ဓာ အိုးစား မကွဲခင်...
သစ္စာ ရိုကျိုး ထို ကိုးမျိုးကို...
စိတ်ကွယ်ပြုပါ`၏..။
*********
မောင်လွမ်းဆု..
ပွင့်ကာ တင့်လန်း ပန်းအလှသဖွယ်...
ခေါ်ဝေါ်ဆို ကြ ဤ လူ့ ဘ၀၌..
သည်းကိုးဖြာ ပိုင် မိန်းမ မန်တိုင်..
မရိုင်မလဲ ခိုင်ခိုင်မြဲအောင် ..
ဘယ်သူနေနိုင်ပါဘိ...။
မိန်းမ တို့ အရေး ပြန်ကာတွေးတော့...
တွေ့ သမျှ ရေအိုင် သူတို့ နှောက်နိုင်...
နောက်ကွယ်ဖေါက်ပြား အိုယောင်္ကျား...
လှေကား သုံးထစ် လူပျိုဖြစ် တဲ့ ...။
ယုံမှတ်လို့  ပုံအပ် ဘုံ အထပ်ထပ် ..
မျက်ကွယ်ပြု..
အသက်အရယ်နု လို့  အရွယ်တင်...
အ ပျိုစင် ဘ၀ လိုချင်ရ ခက်သမို့ ...
အသက်နဲ့ ခန္ဓာ အိုးစား မကွဲခင်...
သစ္စာ ရိုကျိုး ထို ကိုးမျိုးကို...
စိတ်ကွယ်ပြုပါ`၏..။
*********
မောင်လွမ်းဆု..
ဣတ္ထိယ မိုးကြိုး
ဣတ္ထိယ ရေပြင်မှာ ..
မာယာ လှိုင်းတွေခတ်တယ်..
အမုန်း ကမ်းခြေ ရဲ့  ..
မဟူရာ ညတစ်ည..
အဖော်မဲ့  နေတဲ့ 
ဥပက္ခာ အလွမ်းကမ်းရိုးတန်းတစ်လျှာက်..
ဣတ္ထိယ ရေပြင်ကြောင့်
ထစ်ချုန်းမိုးတွေရွာချ..
အမုန်းနဲ့ မာယာတွေ ပေါင်းစုပြီး..
ပစ်ချ လိုက်တဲ့ ..
ဣတ္ထိယ မိုးကြိုး..
မောင်လွမ်းဆု
မာယာ လှိုင်းတွေခတ်တယ်..
အမုန်း ကမ်းခြေ ရဲ့  ..
မဟူရာ ညတစ်ည..
အဖော်မဲ့  နေတဲ့ 
ဥပက္ခာ အလွမ်းကမ်းရိုးတန်းတစ်လျှာက်..
ဣတ္ထိယ ရေပြင်ကြောင့်
ထစ်ချုန်းမိုးတွေရွာချ..
အမုန်းနဲ့ မာယာတွေ ပေါင်းစုပြီး..
ပစ်ချ လိုက်တဲ့ ..
ဣတ္ထိယ မိုးကြိုး..
မောင်လွမ်းဆု
အမှတ်မထင်ခဲ့ ပါ လွမ်း
(အမှတ် မထင် ခဲ့ပါ လွမ်း)
တွေးသမျှရဲ့  တစ်နေရာ တစ်ပိုင်းတစ်စနဲ့ ..
အချစ်ပါးပြင် ပါးကွက်ကြား သနပ်ခါးပါးပါးလေးကို..
ဖွဖွ လေးနမ်းရှိုက်ရင်း..
အငိုက်မိခဲ့ တဲ့ အချိန်..
စက္ကန့် တွေ နုတ်ဆက်တာကို
မသိချင်ယောင်ဆောင်ခဲ့ တယ်။
အမှောင် တစ်ညရဲ့  လတစ်စင်းက..
ကောင်းကင်ယံ တိမ်အိုထက်..
ခပ်သွဲ့ သွဲ့ လေးသူပြုံးနေခဲ့ ..။
မဟာဆန်ဆန် မာန်ပါပါဖြင့်..
ဒီလူရဲ့  ရင်ဝကို ခြေစုံကန် မင်းပြေးထွက်..
ဟက်ဟက်ပက်ပက် ငါရယ်ပရစေ..။
ဘ၀နဲ့  အတိတ်ကို ခဏအိပ်ခိုင်းပြီး..
စိတ် အရိုင်းတွေ မောင်းထုတ်...
ဟိုး.....အဝေးက တောအုပ် မှာ..
မင်း ခြေရာကို ရှာရင်း...
လွမ်းခြင်း တွေ အိပ်မက်ဖြစ်သွားပြီ..။
မောင်လွမ်းဆု..
တွေးသမျှရဲ့  တစ်နေရာ တစ်ပိုင်းတစ်စနဲ့ ..
အချစ်ပါးပြင် ပါးကွက်ကြား သနပ်ခါးပါးပါးလေးကို..
ဖွဖွ လေးနမ်းရှိုက်ရင်း..
အငိုက်မိခဲ့ တဲ့ အချိန်..
စက္ကန့် တွေ နုတ်ဆက်တာကို
မသိချင်ယောင်ဆောင်ခဲ့ တယ်။
အမှောင် တစ်ညရဲ့  လတစ်စင်းက..
ကောင်းကင်ယံ တိမ်အိုထက်..
ခပ်သွဲ့ သွဲ့ လေးသူပြုံးနေခဲ့ ..။
မဟာဆန်ဆန် မာန်ပါပါဖြင့်..
ဒီလူရဲ့  ရင်ဝကို ခြေစုံကန် မင်းပြေးထွက်..
ဟက်ဟက်ပက်ပက် ငါရယ်ပရစေ..။
ဘ၀နဲ့  အတိတ်ကို ခဏအိပ်ခိုင်းပြီး..
စိတ် အရိုင်းတွေ မောင်းထုတ်...
ဟိုး.....အဝေးက တောအုပ် မှာ..
မင်း ခြေရာကို ရှာရင်း...
လွမ်းခြင်း တွေ အိပ်မက်ဖြစ်သွားပြီ..။
မောင်လွမ်းဆု..
Thursday, September 06, 2012
ကာရံမညီတဲ့  ရင်ခွင်
ကာရံ မညီတဲ့  ရင်ခွင်...
ဒဏ်ရာတွေ အဖော်ပြုလို့ ...
ရင်အစုစု ကြေကွဲတဲ့ အထိ..
စိတ်ကူးယဉ်ဆန်ဆန်..
အတွေးပုံရိပ်တချို့ တ၀က်နဲ့ ..
ဘောင်ခတ်ထားတဲ့ လောကကြီး..
ငါ ဦးတည်ရာ ဖြတ်မလျှောက်ဘဲ..
တစ်ယာက်ထဲ ကိုမှ မျှော်လင့်မိခဲ့တာ..
အတ္တ တွေ အရည်မပျော်သရွေ့ ...
တစိမ့်စိမ့် သောက်ခဲ့ မိတဲ့ ကော်ဖီတစ်ခွက်ကြောင့်...
ငါ ဒီကဗျာကို ရေးမိခဲ့ တယ်..
လင်းကြက်မတွန် သန်းခေါင်မက..
ညတစ်ညကပေါ့ ...
မျက်တောင် တံခါး ဖွင့်ကာထား၍...
ရင်တွင်းစကား မျက်ဝန်းကြားက..
စီးကျမျက်ရည် သက်သေတည်၍..
စာရွက်တစ်ရွက် ပင်တစ်ချောင်းဖြင့်..
ဤစာကြောင်းတွေ ဖြစ်ခဲ့ ရတယ်..
သခင်..ရယ် သိခွင့်မရှိခဲ့ ပေမဲ့ ..
ရင်ဝယ် မျက်ရည်မိုးက..
ရာသီတစ်ခုတည်း ပိုင်စားထားရက်တယ်....။
မောင်လွမ်းဆု
ဒဏ်ရာတွေ အဖော်ပြုလို့ ...
ရင်အစုစု ကြေကွဲတဲ့ အထိ..
စိတ်ကူးယဉ်ဆန်ဆန်..
အတွေးပုံရိပ်တချို့ တ၀က်နဲ့ ..
ဘောင်ခတ်ထားတဲ့ လောကကြီး..
ငါ ဦးတည်ရာ ဖြတ်မလျှောက်ဘဲ..
တစ်ယာက်ထဲ ကိုမှ မျှော်လင့်မိခဲ့တာ..
အတ္တ တွေ အရည်မပျော်သရွေ့ ...
တစိမ့်စိမ့် သောက်ခဲ့ မိတဲ့ ကော်ဖီတစ်ခွက်ကြောင့်...
ငါ ဒီကဗျာကို ရေးမိခဲ့ တယ်..
လင်းကြက်မတွန် သန်းခေါင်မက..
ညတစ်ညကပေါ့ ...
မျက်တောင် တံခါး ဖွင့်ကာထား၍...
ရင်တွင်းစကား မျက်ဝန်းကြားက..
စီးကျမျက်ရည် သက်သေတည်၍..
စာရွက်တစ်ရွက် ပင်တစ်ချောင်းဖြင့်..
ဤစာကြောင်းတွေ ဖြစ်ခဲ့ ရတယ်..
သခင်..ရယ် သိခွင့်မရှိခဲ့ ပေမဲ့ ..
ရင်ဝယ် မျက်ရည်မိုးက..
ရာသီတစ်ခုတည်း ပိုင်စားထားရက်တယ်....။
မောင်လွမ်းဆု
Sunday, April 15, 2012
ပုံရိပ်ပြ ကျိန်စာအလွမ်း
ပုံ
ရိပ်
ပြ
ကျိန်
စာ
အ
လွမ်း
ဖြစ်တည်မူ တစ်ခုနဲ့  ဦးတည်ရာမဲ့ ခဲ့ ...
ငါအတွက် ပန်းဝင်ခြင်းမရှိသလို ..
မင်း အတွက် ဆန့် ကျင်ခြင်းမပြုခဲ့ ပါ..
အထီးကျန်ညတစ်ည..
အလင်းစက်တွေေ၀၀ါးစွာပျောက်ကွယ်...
အဆုံးမသတ်ခင် ဒီခရီးကြမ်းမှာ..
တွေဝေခြင်း ပုံရိပ်ပြ မမြင်ရတဲ့  အတိတ်ကို...
ကျောခိုင်းဖို့  ကြိုးစားကြည့်ပြီး..
စွဲလန်းစိတ် နယ်အစွန်မှာ..
လွတ်လပ်စွာ ချုပ်ငြိမ်းခွင့်ပေးပါ...
အချစ်ရဲ့  ညို့အားတစ်ချက်ကြောင့်..
ကမ္ဘာပျက်စေတဲ့  ကျိန်စာ..
အလွမ်းဒဏ်သင့် ၍ ..
လွမ်းခြင်း ဖွဲ့ ဆို...
အဆွေးနံရံ အို ၌ကျောပေးရင်း...
အဝေးဆုံးဆိုတဲ့  ကြယ်ကြွေညတွေကို...
စိတ်ကူး ပုံဖော် ၍ မကြည့်ပရစေနဲ့ ....တော့ ...။
မောင်လွမ်းဆု
Sunday, April 01, 2012
အရိပ် မဲ့ လွမ်း
အစိမ်းရောင် ဓာတ်ခံတွေ စုစည်းပြီး..
ဥတုတွေ မမှန် စိတ်တွေကိုတွန်းလှန်ရင်းနဲ့ 
သူ့ ကို မေ့ ပစ်ဖို့ ကြိုးစားတိုင်း..
မျက်တောင် ကမ်းစပ်မှာ..
လှိုင်းခတ်ခဲ့ ရတယ်.
နာရီစက္ကန့်  အသံတွေနဲ့ ..
စမ်းတ၀ါးဝါး အိပ်မက်နဲ့ အတူ...
ဖျတ်ခနဲ နိုးထခဲ့တဲညတစ်ည..
ဗြုန်းခနဲ ကျလာတဲ့ နှလုံးသားအပိုင်းအစကို..
ပြတိုက်အိုတစ်ခု ထဲမှာ အခါးရည်တွေ စိမ်ပြီး..
ငြိမ်ငြိမ်လေး နေခိုင်းထားပရစေ...
မောင်လွမ်းဆု
Subscribe to:
Posts (Atom)