Saturday, May 25, 2013

ဘ၀ရဲ့  ချန်ပီယံ

ဘ၀ရဲ့  ချန်ပီယံ...

ရည်ရွယ်ချက်တွေ နဲ့  ပင်လယ်ကို ဆေးချယ်နေတာ...

အရောင်စုံ စွာဖြင့် ချယ်သ သမျှ ပုံမပေါ်ပဲ...

လှော်ခတ်သမျှ သဲပြင်ထိမှ..အမိရ ဖမ်းတွေးမိလိုက်တာ ...

သြော်...ရေတိမ်ပါလား...

ရည်မှန်းချက်တွေကို ရည်ရွယ်ချက်တွေက အနိုင်ကျင့်နေလိုက်တာ..

ဘယ်သူနိုင်လဲ ဘယ်သူရှုံးလဲ..

ဘယ်သူမှမနိုင်ပဲ ...

ဖြစ်သင့်တာကို ဖြစ်အောင်လုပ်ဖို့ ..

အချိန် တွေ က သူငယ်ချင်းကောင်း တစ်ယောက်ပီသခဲ့ တာကြာခဲ့ ပြီ..

အချိန်တွေ က ငါ့ကို အားပေးပေမယ့်..

ဘ၀အတွေး တွေမှာ ရေတိမ်ပါလျှက်...

ကမ်းစပ်မဟုတ်ခဲ့ ဘူး..

သို့ သော်လည်း သင် သိပါ...

သို့ သော် လည်း သင် သိပါ..

ခုတော့ လည်း ငါစိတ်ကို ..

ငါကိုယ်တိုင် ဆုံးမ..

ငါအသုံးမကျတာလား...

သင်အသုံးမကျတာလား..

နေပါတော့ စိတ်ရယ်....

သွားပါတော့ စိတ်ရယ်..

မတည်မြဲခြင်းတွေက ..

ဘ၀ ရဲ့  ချန်ပီယံ ပါ..


မောင်လွမ်းဆု..

အခုတော့ ဒီလိုပါအဖေ..


အဖေ က လယ်ယာ လုပ် အမေ က ထမင်းထုပ်ဖြင့်...

မွန်းမတည်း ခင် ရောက်အောင်ပို့ ပေးတယ်...

အမေ ပို့ တဲ့ ထမင်းကျမ်း ပဲပြုတ်ကို ဆီစမ်းနဲ့ ...

စားရင်းက ပြောတဲ့  အဖေ့ စကား... ငါ့သား သမီးတွေကြီးရင် ..

ဒီ လယ်ယာ က အမွေ အနှစ်တဲ့ ...

အဖေနဲ့  အမေ.. ဘိုးဖွား အမွေနှစ်ချစ်ခင်အားကိုး...

ဆန်အမျိုးမျိုး ထွက်တဲ့  ဒီ လယ်ကို သား သမီးတွေ အတွက် အမွေ တဲ့ ..

အဖေ....လယ် အလုပ်နဲ့  အရိုးမထုပ်ခင် ဆန် အမျိုးမျိုးတွေလုပ်တတ်ပေမဲ့ ..

ဒီနေ့  ဒီအချိန်ထိ သား ပါးစပ် မှာ အထပ်ထပ် အခါခါ စားခဲ့ ရတာက...

အမေ ရယ် ၀ယ်ကျွေး ဟိုး......လမ်း ထိပ်ဈေး ထဲက ...

နို့ ဆီဗူး လေးနဲ့  ချိန်တဲ့  ဆန် ပေါ့ ....


မောင်လွမ်းဆု.

အခုတော့ ဒီလိုပါ အမေ

ထမင်းစားတတ်အောင် အမေသင်ပေးခဲ့ တယ်..

စကား ပြောတတ်အောင် အမေသင်ပေးခဲ့ တယ်..

အခုတော့ စကားလည်းပြောတတ်ပြီးအမေ..

ထမင်း လည်းစားတတ်နေပြီအမေ..

တစ်ခါ တစ်ခါ ထမင်းစားတတ်တဲ့ ပါးစပ် က..

စား တဲ့ အချိန်ရောက်ရင်..စားကိုစားရမှ ကျေနပ်တယ်..

ပြောတတ်တဲ့  ပါးစပ် က လည်း ပြောရမဲ့ အချိန်ရောက်ရင်..

ပြောကိုပြောရရမှ..ကျေနပ်ဖို့  ပြောမထွက်တဲ့ စကားလုံးတွေက..

ထမင်းနဲ့ အတူ ၀ါးမျိုချခဲ့ တယ် အမေ..


မောင်လွမ်းဆု

သမုဒယ တပေါင်းနွေ..

(သမုဒယ တပေါင်းနွေရဲ့ ....ပိတောက်...)

မညီမျှ မူတွေနဲ့ စုစည်း ထားတဲ့ မိုးတိမ်က..
ရွာချင်သလိုရွာချလိုက်တာ....ကွက်ကြားမိုး..ထစ်ချုန်းမိုး..
တိမ်ပြိုမိုး လေလည်မိုး..အခါလွန်းမိုး..

ဝါဆို မိုး.. ၀ဿန်မိုး..သမုဒယ ၀ါဆိုမိုးနဲ့  စခဲ့ တာ..

အခုတော့ မိုးသီချင်း ပေါင်းများစွာနဲ့ အတူ...နွေ အစကို ရွာချတဲ့ မိုးက..
သူသဘောသူ့ အကြိုက် သူ့ အလိုက် သူ မိုက်နေလိုက်တာ.
မင်း မဲ့  နေတဲ့ တိုင်းပြည်လို ...
အုပ်ချုပ်သူ..ခ၀ါချရအောင် သူတို့ က အထာကြကြ လုပ်ရက်ပါပေတယ်..
အနာတစ်ခုလို ရင်ကိုထုပြီး..အစုစု အဝေးဝေး မြင်တိုင်း..
ရင်ကိုလိုင်းခတ် ကြောက်တတ်တဲ့ စိတ်တွေနဲ့ က ပြည်သူ...
ဘယ်သူရယ် ဘာကို ရည်ရွယ်ပါလိမ့်..
ဘယ်အုပ်စုရယ် ဘာကို ရည်ရွယ်ပါလိမ့်..
ဒီအတွေ့  ရယ်.. ဒီနွေ တစ်ခေါက်မှာတော့...
ရွာထိပ်က ပိတောက်ပင် အို လည်း....
ရဲရဲ ၀င့်ဝင့် ပွင့်နိုင် ပ မလား...။

မောင်လွမ်းဆု..

ငယ်ချစ်ဦး ပိတောက်

(ငယ်ချစ်ဦး....ပိတောက်..)


အမှတ်တရ တွေ အပြည့် နဲ့  မစွန့် ပစ်ပဲထားခဲ့ တဲ့  ကျနော့် အမှိုက်ပုံးမှာ...

သံယောဇဉ်တွေ နှစ်ချို့  ..... အခါလွန်မိုးတွေ မရှိတဲ့ ဒီနွေမှာ..

ပိတောက် က ကျနော့် ငယ်ချစ်ဦးပေါ့ ..

သူလေ... ၀င်းဝါတဲံ့  ဒီ နံနက် ခက်ခက် ခဲခဲ ပွင့် ရှာ...

မာန် ရယ်မရှိ အသိစိတ်နဲ့  ယဉ်ကျေး..

ခပ် အေးအေးလေးပဲ သူနေတတ်တယ်....။


တစ်နှစ်ရဲ့  တစ်ခါ တစ်ခါ ရဲ့ တစ်ရက်..
ဒီနံနက်ကိုချစ်တယ်တဲ့ ...ပိတောက်..
ဆောင်း ကုန် တဲ့  နွေတပေါင်း..
အကြိမ်ကြိမ်တွေပြောင်းပေမဲ့ ..
နု ဆဲ လှဆဲ အသစ်ပဲဆိုတာ..
ကျနော့်ချစ်တဲ့  ပိတောက်က..
ဘယ်တော့ မှ သူ...အတာ ကို..
သစ္စာ မဖောက်ဖူးတဲ့ ...

မောင်လွမ်းဆု..

မီးသားစု မုန်တိုင်း

(မိသားစု မုန်တိုင်း)

ဒီအပင်တွေ အဖေနဲ့ အမေ ကိုယ်တိုင်စိုက်...

အမိုက်သရိုက် တွေဖယ် ငါ့  သားရယ် ဒါဟာ မင်းအတွက်တဲ့ ...

အားရှိစွာ အဖေနဲ့ အမေ ကို ကျနော် က ၀ိုင်းကူပေးတော့..

မညူဆူဘဲ ရခဲ့ တဲ့ ကျောင်းမုန့်ဘိုး ..

ကလေးတွေ ပညာရေး အတွက် ခပ်အေးအေးလေးထားပါ ရှင်မ ရယ်ဆိုပြီး..

ဟိုး...တောင်ထိပ်က မြေရိုင်းကို ဘိုးဘွားမြေ အလကားမဖြစ်အောင်...

ဦးဆောင်ကာ ပေးခဲ့ တဲ့ အဖေ...

တစ်မိုးကောင်းတစ်ချောင်းစီး ကို ထီးထီးကြီးရအောင်လုပ်ခဲ့ တဲ့ အဖေ..

သားသ္မီး တွေနောင်ရေး စိတ်အေးဖို့ အတွက် ဒါ..ဒိုမြေ..ဒါဒိုပြည်..

ဒို့  ပိုင်တဲ့  ဒို့ မြေကို ထီးထီးကြီးရပ်တည်ပြီးကြိုးစား..

နှစ်တွေရယ်ကြာတော့ အဖေစကားက ဒီလို...

ကဲ...ရှင်မ သားကြီးကို ကျောင်းထုတ်..

သမီး ငယ် ကို စက်ချုပ်သင်ပြီး...

တစ်ဖက်တစ်လမ်းက ၀င်ငွေလေးလိုနေပြီတဲ့ ...

သားကြီးက မမိုက်ဘူး..

သ္မီးငယ်က လိမ်မာတယ်...

ဘ၀ ရဲ့ စားဝတ်နေရေးကို ဦးစားပေး..

အခုတော့ပညာရေးတွေ ကြောခိုင်း...

ခပ်မှိုင်းမှိုင်း မိုးချုပ်တစ်ညမှာ..

အဖေ သိမ်းနေတဲ့  စပါးတွေ ၀ိုင်းကူရင်း...

အမေ..ကတော့ မိသားစု စားဖို့ အတွက်..

ဆန် ရှာထွက်နေတယ်..


မောင်လွမ်းဆု

Monday, March 25, 2013

အညတရ သူရဲကောင်း



ကျုပ်တို့   ခင်များတို့ ရဲ့  အညတရ စိတ်တွေသုံး နေသမျှ..
အတိတ်ကို ခ၀ါချ မလှမပ ဖြစ်ခဲ့ ရတဲ့  မြို့ ဟောင်းကြီးကို ..
ကျုပ် မုန်းတယ် ပြန်လည်း မလိုချင်ဘူး..
ပြန်လာပါ ဖိတ်ခေါ်နေတာမဟုတ်ပေမယ့်...
ဒဏ်ရာမှာ အမာရွတ်  ကျန်ခဲ့ လို့  ကျုပ်မုန်းတယ်...
မေ့ပျောက် လို့ မရတဲ့  ရက်တွေကို ထိုးဖောက်..
အခုရောက်နေတဲ့  ရက် မှာအကောင်းဆုံးဆိုတာထက်ပိုကောင်းစေရမယ်..
နွံ မရှိတဲ့ အိုင် ကို တော့ မကျွံ ပရစေနဲ့ ..
သခင် ရှိတဲ့  တိုင်းမို့ ..လိုင်းထန် လေပြင်း နေတစ်စင်းဘဲ ထွက်ပါစေ..
မနက်ဖြန် ရှိနေသရွေ့  ကျုပ် အသက်ရှိနေရင် ကျေနပ်တယ်..


မောင်လွမ်းဆု..

Saturday, March 09, 2013

လွမ်းမိသူတစ်ယောက် သို့  တမ်းခြင်း

ကျနော်ငယ်ရွယ်စဉ်အခါ အရမ်းခင်အရမ်းချစ်ခဲ့ ရတဲ့ သူငယ်ချင်းတစ်ယောက် ကျနော် တို့ နှစ်ယာက်အတူစားအတူသွားခဲ့ တဲ့ ကလေးဘ၀လေးပေါ့ ။

အခုတော့ သူနဲ့ ကျနော် အချိန်တန် အရွယ်ရောက်ခဲ့ ကြပြီလေ။

ကျနော်အားလုံးကို တွေးတတ်မြင်တတ်နေပြီ ကျနော်ဟာ

တကယ်တော့စိတ်ကူးနဲ့ လွမ်းတတ်သောသူမဟုတ်ပါ။

အချစ်ကို လမ်းပြကြယ်အဖြင့် မြောက်အရပ်ကဓူဝံကြယ်ဆီမှာကျနော်လိုချင်တဲ့ အချစ်ရှိမယ်
်
... ဆိုရင် အဲဒီအရပ်ကိုကျနော်ရောက်အောင်သွားရပါလိမ့့်် မယ်။

သူမနဲ့  ကျနော်သူငယ်ချင်းလို နေလာခဲ့ ကြပေမယ့်
့်
တစ်ယောက်နဲ့ တစ်ယောက် အနက်ရှိုင်းဆုံးဆိုတဲ့ ရင်ထဲက

ထောင့်တစ်နေရာမှာတော့ သံယောဇဉ်ကြိုးတစ်ချောင်းက

အချစ်လွန်းတွေ တင်မိနေကြပါပြီ။ ကျနော်ကသူမကိုဖွင့်မပြော

ခဲ့ သလို သူမလည်း ကျနော်ဖွင့်ပြောလာမယ့်စကားကိုမျှော်လင့်နေသူတစ်
်
ယောက်ပါ။ သူမအိမ်ကို နေ့ စဉ်အလည်သွား ပြီးရင်ခုန်သံတွေ စည်းချက်ကျနေတာလေးက ကျနော်တို့ နှစ်ယောက်ကို ကြည်နူးစေခဲ့ ပါတယ်။

တစ်ခါတစ်ခါ သူမနဲ့ ကျနော် လမ်းအတူလျှောက်နေချိန် သူမကိုရယ်စရာ

စကားလေးတွေ ပြောပြခဲ့ ပေမယ့် သူမရဲ့ တည်ငြိမ်တဲ့ အပြုံးလေတွေက

ကျနော်ကိုဖမ်းစားစေခဲ့ တယ်။
နှလုံးသား နဲ့ ပတ်သက်လို့  ဘာမှမသိတဲ့ ကလေးဘ၀လေးကို ပြန်လိုချင်မိတယ်။

ကျနော် အချိန်တိုင်း လိုလို ချစ်တယ်ဆိုတဲ့ စကားကို သူမကို ဘယ်လိုဖွင့်
့်
ပြောရမလည်း ဆိုတာကိုဘဲ စဉ်းစားနေခဲ့ ရတယ်။

ဒီနေ့ သူမကို ကျနော်နှင်းဆီပန်းလေးပေးမယ်လို့ စိတ်ကူးခဲ့ ပါတယ်။

ဒါဟာမထမဆုံးခြေလှမ်းလေးပါဘဲ.။

ကျနော်ပေးတဲ့ နှင်းဆီပန်းလေးကို သူမနဲ့ ကျနော်နှစ်ယောက်အတူနမ်း

လို့ အရမ်းပျော်နေချိန်မှာ……….။

သူမ စကားအသံကြောင့် ကျနော်သတိတစ်ချက်ပြန်ဝင်လာခဲ့ ရတယ်။

“….ဟိတ်…နင့် နောက်မှာ ဘာပါလည်း ပြော…….”

သူမရဲ့ မျက်နှာလေးကို ကြည့်ပြီး ကျနော်စိတ်ကူးမျှသာ…….။

သူမအိမ်အပြန်လမ်းလေးထိလိုက်ပို့ ခဲ့တယ်။

သူမရဲ့ နုတ်ဆက်အပြုံး မျက်လုံးလေးတွေက ကျနော်ကို ညစဉ်အိပ်မက်စေခဲ့ ပါတယ်။

ဒီနေ့ ဘဲ သူမကို ကျနော်အရမ်းချစ်တယ်လို့ ဖွင့်ပြောလိုက်တဲ့ အချိန်မှာဘဲ။

သူမကျနော်ရင်ခွင်ထဲကိုတိုးဝင်လာပြီး စကားသံ သဲ့ သဲ့ လေးပြော၍လာပါသည်။

“….ငါလေ နင့့်် ဆီက အခုလိုစကားဘယ့်နေ့  ကြားရမလည်း ဆိုတာစောင့်မျှော်ခဲ့ ရတာကြာပါပြီ….”

“ဒို့ နှစ်ယောက်ဘယ်တော့ မှ မခွဲကြေးနော်….ငါလေ…နင့်ကို အရမ်းချစ်တယ် သိလား….”

အခုတော့ ကျနော်တို့ နှစ်ယောက်ချစ်သူတွေဖြစ်ခဲ့ ကြပြီပေါ့ ။

ကြည်နူးမူတွေ ရခဲ့ သလို ပျော်ရွှင်မူတွေလည်း ရခဲ့ ပါပြီ။

သူမနဲ့ ကျနော် မတွေ့ ရတဲ့ နေ့ တွေမှာ သူမကျနော်အကြောင်းတွေ တွေးနေသလို။

ကျနော်လည်း သူမအကြောင်းတွေ တွေးနေရတယ်လေ။

အခုတော့  ကျနော်တို့  နှစ်ယောက်ရဲ့ အချစ်တွေလမိုက်ညဖြစ်ခဲ့ ရပြီပေါ့ ။

သူမ ကျောင်းဆရာမအဖြစ်နဲ့  နယ်ကို သွားရတော့မယ်လေ။

လွမ်းဆွေးမူကြေကွဲမူတွေနဲ့ အတူ နုတ်ဆက်အနမ်းလေးနဲ့  ခွဲခဲ့ရပြီပေါ့ ။

ဒီလိုနဲ့  ကျနော်တို့ နှစ်ယောက် တစ်နှစ်ကျော်လောက်အဆက်အသွယ်မရဖြစ်နေတဲ့ အချိန်မှာတော့
့
သူမကို လွမ်းတဲ့ စိတ်နဲ့ အရူးတစ်ယောက်မပါ ဖြစ်ခဲ့ ရတယ်။

သူမပြန်လာတယ်ကြားလို့  အပြုးနဲ့ ကြိုပြီးလက်ဆောင်လေးပေးမယ်အချိန်မှာ။

မြင်လိုက်ရတဲ့ မြင်ကွင်းက

“…….ဒါကတော့ …မကြာခင် ကျမနဲ့  လက်ထပ်တော့ မယ့် သူပါ…..”

ရက်ဆက်လိုက်တာချစ်သူရယ်…….

မင်း ငါ့ ကို အခုလို တစ်နေ့ နေ့ မှာ ထားခဲ့ မှာဆိုတာကို

ငါကြိုသိခဲ့ ရင် တစ်ချိန်က မင်းမျှောလင့်ခဲ့ တဲ့ ငါဆီက ဘယ်နေ့ ကြားရမလဲဆိုတဲ့ (ချစ်တဲ့ စကားကို)

ငါဒီနေ့ ဒီအချိန်ထိမပြောခဲ့ ပါဘူး ကွာ……..
************************************************************

မောင်လွမ်းဆု

ဆွဲထုတ်မိ သော အပိုင်းအစများ

စိုက်ခဲ့  တဲ့  အပင်..ပန်း ရှိလိုပါ၏....
ပန်းရှိသော အပင် အပွင့်ရှိလိုပါ၏....
အပွင့် ရှိသော ပန်း ရနံ့ ရှိလိုပါ၏...
ရနံ့ ရှိသော ပန်း မနွမ်းလိုပါ၏...
အနွမ်းရှိသောပန်း.....ထာဝရ လန်းစေလိုပါ၏..
(ဆုတောင်းရင်း.)..ပန်းဖြစ်လို့  အနမ်းခံရတာ...
မဆန်းပါဘူး.....
အနမ်း ဖြစ်ဖို့ အတွက် ဘယ်တော့ မှ ပန်းမဖြစ်ပါစေနဲ့ ..
ညီမလေး...


 လွမ်းရင်းက.. တစ်ခါတစ်ခါ ကျနော် ရယ်မိတယ်...
ရယ်ရင်းက တစ်ခါတစ်ခါ ကျနော် ငိုမိတယ်..
ငိုရင်းက တစ်ခါတခါ တွေးမိတာက....
သူ...အခုဆို ကျနော့်ကို မေ့ နေလောက်ပါပြီ...




အလုပ်ကို တာဝန်ကျေ ဖို့ အတွက်..စိတ်ကို တာဝန်ကျေခိုင်းရအုံးမယ်..
ဘ၀ကို တာဝန်ကျေဖို့  အတွက်လည်း စိတ်ကိုတာဝန်ကျေခိုင်းရအုံးမယ်..
စိတ်က တာဝန်ကို မေ့ လိုက်ပြီဆိုရင်တော့...
နောက် တစ်ပါတ်မှာ.. ကျနော့် ရက်လည်သွားပြီ...


ထမင်းစားတတ်အောင် အမေသင်ပေးခဲ့ တယ်..
စကား ပြောတတ်အောင် အမေသင်ပေးခဲ့ တယ်..
အခုတော့ စကားလည်းပြောတတ်ပြီးအမေ..
ထမင်း လည်းစားတတ်နေပြီအမေ..
တစ်ခါ တစ်ခါ ထမင်းစားတတ်တဲ့ ပါးစပ် က..
စား တဲ့ အချိန်ရောက်ရင်..စားကိုစားရမှ ကျေနပ်တယ်..
ပြောတတ်တဲ့  ပါးစပ် က လည်း ပြောရမဲ့ အချိန်ရောက်ရင်..
ပြောကိုပြောရရမှ..ကျေနပ်ဖို့  ပြောမထွက်တဲ့ စကားလုံးတွေက..
ထမင်းနဲ့ အတူ ၀ါးမျိုချခဲ့ တယ် အမေ..


မောင်လွမ်းဆု

Sunday, January 20, 2013

သို့  ..သခင်ရေ..

သို့ ....သခင်..ရေ..
သခင်ရေ...ဆောင်းကုန်ပြီ..
နှောင်းခဲ့ တဲ့ မိုးရာသီမှာ ထီးမပါဘဲ ဒို့ အတူ လမ်းလျှောက်ခဲ့ ဘူးတယ်..
သခင်ရေ..နွေစတော့မယ်...
ပူသမျှဒဏ်တွန်းလှန် ဖို့  ငါ့အဘေးမှာမင်းရှိစေချင်တယ်..
သခင်ရေ...ရွက်ဝါတွေမြေလူးတော့မယ်..
မကြွေဘူးတဲ့ ပန်းတွေမြေလူးနေခိုက်..
မင်း..အလိုက်မှားပြီး မိုက်သွားမှာကို အကိုစိုးရိမ်တယ်သခင်..
သခင်ရေ...တိမ်တွေရယ်ပျောက် အရွယ်မရောက်သေးတဲ့ ..
ပန်းတွေကြား မင်းအပွင့်မှားသွားမှ...ာကိုစိုးရိမ်တယ်..သခင်..
ပွင့်လင်းတဲ့ ရာသီရောက်စ..
ပိတောက်က သစ္စာဖောက်ချင်ဖောက်ပါစေ..
သခင်တစ်ယောက် ကို့ နောက်မှာ..
သစ္စာမဖောက် အားအင်တစ်ယောက်အဖြစ်..
အကိုလိုချင်ပါတယ်သခင်...

မောင်လွမ်းဆု..

Wednesday, September 26, 2012

ဆောင်းဒဏ်ရာရဲ့  နွေခရီး

တစ်ဆောင်း သစ်မှာ   
အဟောင်းချစ်နဲ့  လမ်းခွဲ
ဝမ်းနည်း စရာမှတ်တမ်း တစ်ခု
ဒီရင် အစုစု ပူပြင်းလို့ ဒဏ်ရာပေါ်
ပြန်လာနော်မခေါ် ရက်ပေမဲ့ 
ပျော်ရက်တဲ့  ချစ်သူက
တစ်ပါးသူရင်ခွင်  ခိုဝင်လို့  နေပါရော....။

 
ဖြေစရာ ဆေးတစ်ခွက် ကြောင့်
ငါလက်တွေ တုန်ခဲ့ တယ်
ယုံခဲ့ သမျှ ပုံဖွဲ့ ကာ  ပြခဲ့ ပေမဲ့ 
မလှခဲ့ တဲ့  ကံကြမ္မာ က ငါတစ်ယောက်ထဲကိုဘဲ
အနိုင်ကျင့်ခဲ့ လေးသလား...။

 
အဖြေစကားတွေ ငါမရှာဘဲ
တစ်ခါ တွဲပြီး  အခါတစ်ရာကွဲတဲ့ ငါအသည်းကို
ငါကိုယ်တိုင် ဒဏ်ခတ်လို့ 
နှင်းခဲ တွေ ကြား
အသင်းကွဲ တဲ့ ဥသြငှက်က
နွေမရောက် ခင်  လွမ်းတေးဆိုပြီး
ချမ်းအေးတဲ့  ဆောင်းရင်ခွင်က
ငါ့ အတွက် နွေအပြင်းစားတွေ ရွာချလို့ 
နာသမျှ ဒီရင်ခွင် မီးက
ဒီခရီး မဆုံးသမျှ
ဟုန်းဟုန်း ကြွ၍
လောင်ရအုံးတော့  မည်။

အိပ်ဆက် ခြင်းရဲ့  ဒဏ်ရာ..

ဆိုသီချင်း တစ်ဝက်ကို ငိုခြင်းဖွဲ့ ရင်း
လိုရင်းအချက်က  ပြိုကွင်းပျက်ခဲ့ တဲ့ 
ချစ်သူကြောင့် အပြစ်ပူကာဆွေးနေလည်း....
တွေးနေရတဲ့  ရင်ခွင်မှာ
ဝေးနေရတာကို မမြင်ချင်ပေမယ့်
တမင်စဉ်ကာ မုန်းသွားတဲ့ ချစ်သူကို
ဒီရင်ခွင်မှာ သုံးထားတဲ့ 
မင်းနှလုံးသားက
အဆိပ်လူးမျှားထက်ဆိုးခဲ့ ပြီပေါ့..။

စိတ်ကူးများနဲ့ မက်ခဲ့ ရတဲ့  ငါ့အိပ်မက်ကို
သံစဉ်ချို  တေးတစ်ပိုဒ် လိုဆိုခဲ့ သမျှ ...
ငိုခဲ့ ရတာ အံ့ ပါရော...။

အိပ်မက်တွေ မချို သမျှ
အိပ်ဆက်ခြင်းကို
ငါ မုန်းပရစေတော့ ..။

မောင်လွမ်းဆု

စိတ်ကွယ်ရာ သို့ 

     ဖူးပွင့် ဝေဆာ ပန်းကမ္ဘာ ၌...
                       ပွင့်ကာ တင့်လန်း   ပန်းအလှသဖွယ်...
ခေါ်ဝေါ်ဆို ကြ ဤ လူ့ ဘ၀၌..
သည်းကိုးဖြာ ပိုင်  မိန်းမ မန်တိုင်..
မရိုင်မလဲ ခိုင်ခိုင်မြဲအောင် ..
ဘယ်သူနေနိုင်ပါဘိ...။

မိန်းမ  တို့ အရေး ပြန်ကာတွေးတော့...
တွေ့ သမျှ ရေအိုင်  သူတို့ နှောက်နိုင်...
နောက်ကွယ်ဖေါက်ပြား  အိုယောင်္ကျား...
လှေကား သုံးထစ် လူပျိုဖြစ်  တဲ့ ...။

ယုံမှတ်လို့  ပုံအပ်  ဘုံ အထပ်ထပ် ..
မျက်ကွယ်ပြု..
အသက်အရယ်နု လို့  အရွယ်တင်...
အ ပျိုစင် ဘ၀ လိုချင်ရ ခက်သမို့ ...
အသက်နဲ့ ခန္ဓာ အိုးစား မကွဲခင်...
သစ္စာ ရိုကျိုး ထို ကိုးမျိုးကို...
စိတ်ကွယ်ပြုပါ`၏..။


*********


မောင်လွမ်းဆု..

ဣတ္ထိယ မိုးကြိုး

ဣတ္ထိယ  ရေပြင်မှာ ..
မာယာ  လှိုင်းတွေခတ်တယ်..
အမုန်း ကမ်းခြေ ရဲ့  ..
မဟူရာ ညတစ်ည..
အဖော်မဲ့  နေတဲ့ 
ဥပက္ခာ  အလွမ်းကမ်းရိုးတန်းတစ်လျှာက်..
ဣတ္ထိယ  ရေပြင်ကြောင့်
ထစ်ချုန်းမိုးတွေရွာချ..
အမုန်းနဲ့ မာယာတွေ ပေါင်းစုပြီး..
ပစ်ချ လိုက်တဲ့ ..
ဣတ္ထိယ  မိုးကြိုး.. 



မောင်လွမ်းဆု 

အမှတ်မထင်ခဲ့ ပါ လွမ်း

(အမှတ် မထင်  ခဲ့ပါ  လွမ်း)

တွေးသမျှရဲ့  တစ်နေရာ တစ်ပိုင်းတစ်စနဲ့ ..
အချစ်ပါးပြင် ပါးကွက်ကြား သနပ်ခါးပါးပါးလေးကို..
ဖွဖွ လေးနမ်းရှိုက်ရင်း..
အငိုက်မိခဲ့ တဲ့ အချိန်..
စက္ကန့် တွေ နုတ်ဆက်တာကို
မသိချင်ယောင်ဆောင်ခဲ့ တယ်။

အမှောင် တစ်ညရဲ့  လတစ်စင်းက..
ကောင်းကင်ယံ တိမ်အိုထက်..
ခပ်သွဲ့ သွဲ့ လေးသူပြုံးနေခဲ့ ..။

မဟာဆန်ဆန် မာန်ပါပါဖြင့်..
ဒီလူရဲ့  ရင်ဝကို ခြေစုံကန် မင်းပြေးထွက်..
ဟက်ဟက်ပက်ပက် ငါရယ်ပရစေ..။


ဘ၀နဲ့  အတိတ်ကို ခဏအိပ်ခိုင်းပြီး..
စိတ် အရိုင်းတွေ မောင်းထုတ်...
ဟိုး.....အဝေးက တောအုပ် မှာ..
မင်း ခြေရာကို ရှာရင်း...
လွမ်းခြင်း တွေ အိပ်မက်ဖြစ်သွားပြီ..။

မောင်လွမ်းဆု..

Thursday, September 06, 2012

ကာရံမညီတဲ့  ရင်ခွင်

ကာရံ မညီတဲ့  ရင်ခွင်...
ဒဏ်ရာတွေ အဖော်ပြုလို့ ...
ရင်အစုစု ကြေကွဲတဲ့ အထိ..
စိတ်ကူးယဉ်ဆန်ဆန်..
အတွေးပုံရိပ်တချို့ တ၀က်နဲ့ ..
ဘောင်ခတ်ထားတဲ့ လောကကြီး.. 

ငါ ဦးတည်ရာ ဖြတ်မလျှောက်ဘဲ..
တစ်ယာက်ထဲ ကိုမှ မျှော်လင့်မိခဲ့တာ..
အတ္တ တွေ အရည်မပျော်သရွေ့ ...
တစိမ့်စိမ့် သောက်ခဲ့ မိတဲ့ ကော်ဖီတစ်ခွက်ကြောင့်... 

ငါ  ဒီကဗျာကို ရေးမိခဲ့ တယ်..
လင်းကြက်မတွန်  သန်းခေါင်မက..
ညတစ်ညကပေါ့ ...
မျက်တောင် တံခါး ဖွင့်ကာထား၍...
ရင်တွင်းစကား  မျက်ဝန်းကြားက..
စီးကျမျက်ရည် သက်သေတည်၍..
စာရွက်တစ်ရွက် ပင်တစ်ချောင်းဖြင့်..
ဤစာကြောင်းတွေ ဖြစ်ခဲ့ ရတယ်.. 


သခင်..ရယ် သိခွင့်မရှိခဲ့ ပေမဲ့ ..
ရင်ဝယ် မျက်ရည်မိုးက..
ရာသီတစ်ခုတည်း  ပိုင်စားထားရက်တယ်....။


မောင်လွမ်းဆု

Sunday, April 15, 2012

ပုံရိပ်ပြ ကျိန်စာအလွမ်း


ပုံ
ရိပ်
ပြ
ကျိန်
စာ
အ
လွမ်း

ဖြစ်တည်မူ တစ်ခုနဲ့  ဦးတည်ရာမဲ့ ခဲ့ ...

ငါအတွက် ပန်းဝင်ခြင်းမရှိသလို ..

မင်း အတွက် ဆန့် ကျင်ခြင်းမပြုခဲ့ ပါ..

အထီးကျန်ညတစ်ည..

အလင်းစက်တွေေ၀၀ါးစွာပျောက်ကွယ်...

အဆုံးမသတ်ခင်  ဒီခရီးကြမ်းမှာ..

တွေဝေခြင်း  ပုံရိပ်ပြ   မမြင်ရတဲ့  အတိတ်ကို...

ကျောခိုင်းဖို့  ကြိုးစားကြည့်ပြီး..

စွဲလန်းစိတ် နယ်အစွန်မှာ..

လွတ်လပ်စွာ ချုပ်ငြိမ်းခွင့်ပေးပါ...

အချစ်ရဲ့  ညို့အားတစ်ချက်ကြောင့်..

ကမ္ဘာပျက်စေတဲ့  ကျိန်စာ..

အလွမ်းဒဏ်သင့် ၍  ..

လွမ်းခြင်း ဖွဲ့ ဆို...

အဆွေးနံရံ အို ၌ကျောပေးရင်း...

အဝေးဆုံးဆိုတဲ့  ကြယ်ကြွေညတွေကို...

စိတ်ကူး ပုံဖော် ၍ မကြည့်ပရစေနဲ့ ....တော့ ...။


မောင်လွမ်းဆု

Sunday, April 01, 2012

အရိပ် မဲ့ လွမ်း





အစိမ်းရောင် ဓာတ်ခံတွေ စုစည်းပြီး..
ဥတုတွေ မမှန် စိတ်တွေကိုတွန်းလှန်ရင်းနဲ့ 
သူ့ ကို မေ့ ပစ်ဖို့ ကြိုးစားတိုင်း..
မျက်တောင် ကမ်းစပ်မှာ..
လှိုင်းခတ်ခဲ့ ရတယ်.

နာရီစက္ကန့်  အသံတွေနဲ့ ..
စမ်းတ၀ါးဝါး အိပ်မက်နဲ့ အတူ...
ဖျတ်ခနဲ နိုးထခဲ့တဲညတစ်ည..
ဗြုန်းခနဲ ကျလာတဲ့ နှလုံးသားအပိုင်းအစကို..
ပြတိုက်အိုတစ်ခု ထဲမှာ  အခါးရည်တွေ စိမ်ပြီး..
ငြိမ်ငြိမ်လေး နေခိုင်းထားပရစေ...


မောင်လွမ်းဆု

Tuesday, October 11, 2011

သို့ /ချစ်ရပါသောသူငယ်ချင်း

ဆုံဆည်းမူ အစုစုတွေနဲ့ ..
နှင်းကွဲတဲ့ ဆောင်းမှာ..
ဒို့ လက်ချောင်းတွေ..
ညီညာပေါင်းစုလို့ ..
အကြောင်းတစ်ခုခု ပေါ်တိုင်း..
မောင်းထုပြီး ဟစ်ခဲ့ ဘူးတယ်..
သူငယ်ချင်း..

ရွက်ကြွေတဲ့ နွေတကြောမှာ..
ဒို့ တွေ ရဲ့ ရယ်မောသံတွေ..
ညီညာစုဝေးလို့ ..
သူ့ အတွေး ကိုယ့်အတွေးတွေနဲ့ ..
ပေါင်းဆပ်ကာ ကောင်းမြတ်တဲ့ 
အရာတွေကိုလည်း  လုပ်ခဲ့ ဘူးတယ်..
သူငယ်ချင်း..

ဒို့ တွေဖောက်ခဲ့ တဲ့ လမ်း..
ဒိုတွေ့  လျှောက်ရုံနဲ့ လမ်းမပျောက်စေရဘူး..
ကျန်ခဲ့ တဲ့ ခြေရာတွေပေါ်အလံတွေစိုက်..
ဒို့ တွေရဲ့ အမှိုက်ဆိုတာမရှိစေရဘူး..
ဒို့ တွေရဲ့ ခရီးလမ်းဆုံး..
ဒီလမ်းကိုသုံးမယ့်သူတွေ ရှိနေအုံးမယ်ဆိုတာ..
ဒို့ တွေမမေ့ ပျောက်စေရဘူး..
ဒို့ တွေဖောက်ဒို့ တွေလျှောက်လို့ ...
ပြီဆုံးတဲ့ တစ်နေ့ ကမ္ဘာတံခါးကိုခေါက်ပြီး..
မင်းက မင်းလမ်းကိုလျှောက်..
ငါက ငါ့ လမ်းကိုလျှောက်..
မင်းနောက်ကိုငါလိုက်လို့ မရဘူး..
ငါ့နောက်ကိုမင်းလိုက်လို့ မရဘူး..
သူငယ်ချင်း..

မောင်လွမ်းဆု

Monday, September 05, 2011

သား..ပြန်လာခဲ့ မယ်...အမေ

ဟိုနေ့ ကဘဲ ကျုပ်ကိုမွေးခဲ့ ပြီ...။
အမေ... သားလူဖြစ်ခဲ့ ပါပြီ...။
အမေ ...သားလူပါနော်....။
အမေ ....ဒါပေမဲ့  တစ်ခါတလေ နွဲ့ နေတဲ့ ...
သစ်ကိုင်းမှာ ငှက်အရိုင်းတွေလာနားတယ်..အမေ...။
ကိုင်းရွက်ကြွေ ငှက်တစ်သိုက် ကြောင့်..
လှိုင်းထက်နေ ပူပြင်းတော့..
တစ်အူဆင်းမောင်နှမတွေ..
ဝေးခဲ့ တာ..
ကြာပြီ...အမေ..။


ဒါလီတွေ ကျော့ရှင်း ဘ၀အချင်းရဲ့ အဖော်ကို ..
သားကိုယ်တိုင်ရွေးပါတော့လို့ ...
ပြောလာတဲ့ အမေ့ စကား..
ကမ္ဘာခြားတဲ့ တစ်နေရာမှာ ..
အားငယ်တဲ့ လိုင်းတွေ ဘယ်ကမ်းမှ  မကပ်နိုင်ပါဘူးအမေ...။

အမေ...တစ်နေ့ ရဲ့  တစ်ရက် ..တစ်ရက်ရဲ့ တစ်ချိန်..
နှင်း..တိမ်..နွေ..ပျောက်...ရာသီတွေအောက်က..
အမေ့ ..တံခါးပေါက်..သားကိုယ်တိုင်ဖွင့်ပြီး..
ပြန်လာခဲ့ မယ်အမေ...။

မောင်လွမ်းဆု..