Monday, June 30, 2014

ဒဏ်ရာတစ်ခုရဲ့  လျှော်ကြေး အပိုင်း (၇)


"ဒဏ်ရာ တစ်ခု ရဲ့  လျှော်ကြေး"


ဒေါ်ချယ်ရီ ရဲ့ မျှော်လင့်ချက် ရှိုင်းထက် ရဲ့  ရက်ဆက်ခြင်း ဘယ်ဘ၀ က ၀ဋ်ကြွေး တွေ ပါလာခဲ့ ကြတာလဲ။
အခုတော့  ဗိုလ်ရှိုင်း တစ်ယောက် တစ်ခါ တစ်ခါ တစ်ပါတ် လောက် ရွာက ပျောက်သွားလိုက် ။
တစ်ခါတစ်ခါ သူ့ အမေ့  နှင့်  သူညီမလေးရဲ့  အုတ်ဂူ ကြား မှာ သွားသွားငို လိုက် နဲ့ ။
ရွာက လူတွေ က သူ့ ကို ဂရုမစိုက်ပေမယ့် ကျောင်းဆရာမ ကတော့  သူ့ကို တွေ့ တိုင်း သူဘ၀ရဲ့ နောက် ကြောင်းတွေကို အစဏ မေးကြည့် တော့လဲ
ဘာမှ ပြန်မပြော ဒီလို အချိန် ရှိသရွေ့  စိတ်တွေ ကို အရက်ထဲ မျှော ပြီး သူဘ၀ကို သူ ကိုယ် တိုင်ပဲ မေ့ နေပြီထင်ပါတယ်။
ဒီနေ့ တော့  အရက်ပုလင်းကို လက်က ကိုင်ပြီး ခေါင်းငိုက်စိုက်နဲ့ အရက်ဆိုင်ထဲ ၀င်လာတဲ့  ဗိုလ်ရှိုင်း ကို အရက်ဝိုင်းက လူတွေ မြင်တာနဲ့ ခေါ်နေကြပါပြီ။

....ဟ...ဗိုလ်ရှိုင်း ကြီး လာပြီ ထိုင်ကွာ ..စကားလေး ဘာလေး ပြောရအောင်....
....ချကွာ ဒီမှာ အရက်....

...ဘာလဲ ခင်များ တို့  က ကျုပ် ကို အရက်သောက်ခိုင်းပြီး မေးချင်တာ မေးမယ်ပေါ့ ....
...ဒါပေါ့ ကွ ..မင်းစကားပြောတာ ငါတို့ ကြိုက်လို့ ပါကွာ.....
....အဲဒါပဲ ဗျ...စကားမဟုတ်ဘူး.....စ....ကား......ဗျ...
....စလိုက်တာနဲ့  ကားကားပြီး ဟိုရောက် ဒီရောက် ရောက်သွားလို့  ...စ...ကားလို့ ခေါ်တာဗျ...
ဗိုလ်ရှိုင်း စကားသံလေးလေးကြီးဖြင့် ပြောလိုက် ရော အရက်ဝိုင်းက လူတွေ တဟားဟားရယ်ကြပါတော့ သည်။
.....ဟားဟား....ဟုတ်တယ်ဟ....မင်းပြောတာမှန်တယ်...
....အခု ကြည့် လေ ခင်များတို့  တ..ကို စလုံးနဲ့ သပ်( တစ်)ကရှေ့  ကထားလိုက်ပြီး....
...နောက်က ရ...ကကြီးနဲ့ သပ် (ရက်) လိုက်တဲ့  တစ်ရက် တစ်ရက် ဆိုတာ ကို တန်ဘိုးထားပြီးလုပ်နေကြတာ....
...ကျုပ်က တော့  အဲဒီ တ...စသပ် (တစ်) ကို မကြိုက်လို့  တစ်နေရာ ကို အရှေ့  က(အ)ကို အစားထိုးလိုက် (အရက်) ကိုပဲ ကြိုက်တယ်...
ဗိုလ်ရှိုင်းတစ်ယောက် အခုလို စကားကို တစ်လုံးခြင်း ပြော ပြီး အရက်ခွက်ကို မော့ ချလိုက်ပါသည်။

....ချချ ရော့ နောက် တစ်ခွက်....
နော်တစ်ခွက် ဆက်တိုက် သောက်ပြီး ခေါင်းကို အောက်စိုက်ကာဖြင့် ဗိုလ်ရှိုင်း ပါးစပ်မှ စကားလုံးများ တစ်လုံးခြင်း ထွက်နေပါတော့ သည်။
.......သြော်.......လောက လောက လူတွေဘ၀ဇာတ်ခုံကြီးပေါ်မှာ တစ်လောလော နဲ့  ကနေကြ လို့ (လောက ) ဖြစ်လာတယ်ထင်ပါရဲ့ ....
...သြော်.. ဘ၀......ဘ၀ ..ဘဘ တို့  ၀အောင် စားနေရလို့  (ဘ၀) ဖြစ်လာတယ်ထင်ပါရဲ့ ....
ဒီလို ပြောရင်းနဲ့ ပဲ စားပွဲပေါ်သို့  ဗိုလ်ရှိုင်း တစ်ယောက် ခေါင်းစိုက်သွားပါတော့ သည်.။


အခုတော့  နွေကျောင်းပိတ်ရက် ရောက်တဲ့အတွက် ကျောင်းဆရာမ ဒေါ်ခင်မို့  လဲ ရန်ကုန်ပြန်မှာဖြစ်တဲ့ အတွက် ကျောင်းသူကျောင်သားများ နှင့်

ရွာအမိ ရွာအဖ များနုတ်ဆက်နေကြပါတယ်။ ဆရာမကို နုတ်ဆက်နေသော ကလေးအုပ်စု ထဲသို့ ဝင်လာသူကတော့ ဗိုလ်ရှိုင်း ။
စကားလေးလေးကြီးနဲ့  စပြောပါတော့ သည်။
.......ဆရာမ ကျုပ်လို အရက်သမားကို အဖက်လုပ်ပြီး ခင်တတ်တဲ့  ဆရာမကို ကျုပ်လေးစားပါတယ်...
......ကျုပ်တို့ ရွာလေးက မျိုးဆက်သစ် ကလေးလေးတွေကို နောင်တစ်ချိန်မှာ ပညာတတ် ကြီးတွေ ဖြစ်ပြီး ....
.....ကျုပ်လို အရက်သမား အရူးကြီးမဖြစ်ပါစေနဲ့ လို့  ဆုတောင်းပါတယ်ဆရာမ...
အခုလို ပြောပြီး ကလေးအုပ်ကြားမှထွက်သွားပါတော့ သည်။ရွာက လူကြီးအုပ်စု တချို့ ကလဲ ဗိုလ်ရှိုင်း ရဲ့  စကားသံ ကိုကြားပြီး။
....အမယ်လေး.... မူးရူးပြီးတာ နေတာ ဒါမျိုးကြ ပြောတတ်.....


ဆရာမ ဒေါ်ခင်မို့  ရန်ကုန် ကို ရောက်ရောက်ခြင်းပဲ သူမ ရဲ့  အချစ်ဆုံး သူငယ်ချင်းဆီကို ဖုန်းစခေါ်လိုက်ပါပြီ။
.......ဟဲလို ...ပြောပါ ...
တစ်ဖက်မှ ပြန်ပြောလာသော စကားသံဖြစ်ပါသည်။
.....အမယ် ....ကောင်မ နေကောင်းလား....
...ဟဲ့  မိခင် နင်ပြန်ရောက်လာပြီလား.....ဆရာမကြီး ကလေးတွေ စာသင်ရတာ အဆင်ပြေခဲရဲ့ လား...
...အေး ပြေပါတယ်.....ဒီလို ပါပဲ...ဒါနဲ့ မနက်ဖြန် ကြမှ စကားပြောကြတာပေါ့ ...မနက်ဖြန် နင့်အိမ်ကို ငါထမင်းလာစားမှာနော်...

.....အေးလာခဲ့ ပါ နင်ကြိုက်တဲ့ ဟင်းတွေ ငါ ချက်ထားလိုက်မယ်.......
....အေး အဲဒါပြောချင်လို့  ဒါပဲ နော် ငါလဲ ခရီးပန်းလာလို့  နားလိုက်အုံးမယ်.....
....အေး...အေး....
ဆရာမ ဖုန်းပြောနေသူက တော့  တခြားသူမဟုတ် ဒေါ်ချယ်ရီ တစ်ယောက် ဖြစ်ပါသည်။ဒေါ်ချယ်ရီနှင့် ဆရာမ ဒေါ်ခင်မို့ မို့  တို့ နှစ်ယောက်က ငယ်သူငယ်ချင်းတွေပါ..။
အခုတော့  ဒေါ်ချယ်ရီ တစ်ယောက် သားလေး တစ်ယောက် မွေးပြီးသွားပါပြီ။
ဒီနေ့ တော့  ဆရာမ ဒေါ်ခင်မို့  နှင့် ဒေါ်ချယ်ရီတို့ နှစ်ယောက် စကား လက်စုံကြနေပါပြီ။
.......ချယ်ရီ ရယ် ...နင့်မှာလဲ ယောင်္ကျားရတာ ကံဆိုးလိုက်တာ.....
......ဒါကတော့  နောက်ဘ၀က ၀ဋ်ရှိခဲ့ လို့ ပဲ မှတ်ရတော့ မှာပေါ့ အေ.....
.....ဒါနဲ့ ချယ်ရီ သူ့ ကို ဘယ်လို မှ အစအဏ မရတော့ ဘူးလား..
....မရတော့ ပါဘူး ဘယ်ရောက်လို့  ဘယ်ပျောက်နေတယ်ဆိုတာကိုလဲ မသိပါဘူး...
...သူဒီလောက်ငါ့အပေါ်ကို ရက်ဆက်လိမ့်မယ်လို့ ငါမထင်ခဲ့ ဘူး....
....အခု တော့  သူနဲ့ ငါနဲ့ ရခဲ့ တဲ့  သားလေးတောင် တစ်နှစ်ပြည့်တော့ မယ်...
....ငါ ငါ့ပါတ်ဝန်းကျင်တော့  တော်တော်လေး သိက္ခာကျခဲ့ ရတယ်...
...ငါ သူ့ ကို ချစ်လွန်းလို့  သားလေးနံမည်တောင် ရှိုင်းမင်းထက် လို့ ပေးခဲ့ တယ်...

...နေပါအုံး.. သူနံမည်က ဘယ်လို ခေါ်လဲ....

....ရှိုင်းထက်.....ပါ...

...ဒါနဲ့  နေအုံး နင့် ယောင်္ကျား ဟုတ်လား ဆိုတာ အတိကျတော့  ငါမသိဘူး...
...ငါတာဝန် ကျတဲ့ ရွာလေးမှာတော့ .. အရက်သမား တစ်ယောက် ...ရှိတယ်..
....သူကို ရွာက လူတွေ ခေါ်တာတော့  ဗိုလ်ရှိုင်းတဲ့ .....

...အမယ်လေး ကောင်မ နင်က ငါ့ ကို လာနောက်နေပြန်ပြီ...သူက အရက် ဘယ်တုံးကမှ မသောက်ဘူး...
...နာမည်တူမရှား လူတူမရှားပါအေ......

ဒေါ်ချယ်ရီတစ် ယောက် ဆရာမ ပြောတာကို နောက်နေတယ်လို့  ထင်နေပါတော့ သည်။

.....ဒါပေမယ့် သူအရက်သောက် မူးရူးပြီးသာ နေတာ အကုန်သိတယ်...
...ငါကိုလဲ ခင်တယ်...
...အမယ် နင်က ကျောင်းဆရာမ လုပ်ပြီး အရက်သမားနဲ့ အပေါင်းအသင်း ဖြစ်လာတယ်ပေါ့ ....
....ချယ်ရီ.. နင်ငါပြောတဲ့ စကားကို ဆုံးအောင်နားထောင်အုံး...
....သူအရက်သောက်တာ သူ့ မှာ ခံစားချက် ပြင်းပြင်း ထန်ထန် တစ်ခု ရှိလို့ သောက်နေတယ်လို့ ပဲ ငါထင်တယ်...
.....ဒါပေမယ့် သူအကြောင်းကို မေးရင်တော့  ရူးချင်ယောင်ဆောင်သွား တယ် ဘယ်သူကို မှ မပြောဘူး...
...ဒါနဲ့  နင့် ဆီ မှာ သူဓာတ်ပုံ ရှိလား....
ဒေါ်ချယ်ရီ တစ်ယောက် ဆရာမ ပြောတဲ့  စကားများကို နားထောင်ပြီး စိတ်ထဲ တစ်မျိုး ဖြစ်သွားသည်။
...အေး မင်္ဂလာဆောင် စဉ်ကရိုက်ထားတဲ့  ဓာတ်ပုံလေးတစ်ပုံတော့  ရှိတယ်ဆိုပြီး ဒေါ်ချယ်ရီ မှ ယူ၍ပြလိုက်ပါတော့ သည်။
ဆရာမ ဒေါ်ခင်မို့  ဓာတ်ပုံကို ကြည့် ပြီး ထွက်လာတဲ့ စကားသံက။
.....ဟဲ့ ...ချယ်ရီ... ဒီပုံထဲ က မျက်နှာ နဲ့ တစ်ပုံစံတည်းပဲ.....
...ဟုတ်တယ် ...နင့်ယောင်္ကျား ကို ရှိုင်းထက် လုံးဝ ဖြစ်နိုင်တယ်.....
ဒေါ်ချယ်ရီ ၀မ်းသာလွန်း ၍ထွက်လာသောစကားများ တုန်ရီနေပါသည်။
....နင်တကယ်ပြောတာလား မိခင် ....
...တကယ်ပြောတာပေါ့ ....
...ဒါဆို အဲ ဒီရွာကို ငါကို အခုလိုက်ပို့ ပေးပါ ဟာ... ငါတွေ့ ချင်လှ ပြီ....
...အေးပါ ဟာ ငါမနက်ဖြန်လိုက်ပို့  ပေးပါမယ်...ငါလဲ ကိုယ်ချင်းစာပါတယ်...
အခုတော့  ဒေါ်ချယ်ရီ တစ်ယောက် ၀မ်းသာခြင်းများစွာဖြင့် ရင်တွေခုန်နေပါတော့ သည်။

ဒေါ်ချယ်ရီ ရှိုင်းထက်ကို တွေ့  တွေ့ ခြင်းပဲ ပြေး၍ဖက်ပြီး ရှိုင်းထက်ရဲ့ ရင်ခွင်ကြား ကို ခေါင်းကလေးတိုးဝင်ကာဖြင့်
စကားလုံးသဲ့ သဲ့ လေးတွေ ထွက်ကျရင်း ပျော်လွန်း၍ မျက်ဝန်းမှ မျက်ရည်များတောင် စီးကျနေပါတော့ သည်။
......မောင်...ရယ် မ ကို ထားခဲ့ ပြီး ကိုယ့်ဘ၀ ကို ဘာဖြစ်လို့ အခုလို လုပ်နေရတာ လဲ မောင်ရယ်....
...အခုဆိုရင် မ မှာ သားလေး တောင် တစ်နှစ်ပြည့်ကာနီးပြီမောင်...
...မောင် မနဲ့  ပြန်လိုက် ခဲ့ တော့ နော်....
...မောင်နဲ့  မတို့  ရဲ့  ဘ၀ လေး အခုချိန်ကစပြီး ပျော်ပျော်ရွှင်ရွှင် မိသားစု ဘ၀လေး ဆောက်တည်သွားရအောင်...
...နော်....မောင်....
....မ မောင်ကို အရမ်းချစ်တယ် ...တစ်ရက်မှ မေ့ လို့ မရခဲ့ ပါ ဘူး..မောင်...သိလား....

ရွက်ဝါတွေ မြေလူး ..
ဒီနွေဦးမှာ သစ်ရွက်တွေ မြေခ..
နွေတညရဲ့  လပြာပြာအောက်မှာ..
မိုင်းညို့ ညို့ တိမ်အိုတွေ ရွာချလို့ ..
နွေလား မိုးလား ဆိုတာ မသိခဲ့ ရပါဘူးမောင်...
မောင့် ခြေရာတွေ ပျောက်လို့ ..
နေ တစ်ရာအောက်မှာ ..
အပူသည် တစ်ယောက်လို့ ..
ငိုခဲ့ ရတဲ့ ရက်တွေ မနည်းတော့ ပါဘူး မောင်ရယ်...


( ဒီစကားတွေ အားလုံးကတော့  ဒေါ်ချယ်ရီ တစ်ယောက် သူအရမ်းချစ်လှပါသော ရှိုင်းထက် ကို တွေ့ ရင်
ပြောဖို့ အတွက် စိတ်ကူးများ ရင်နေပါတော့ သည်။)

သူမရဲ့  စိတ်ကူးများအတိုင်း ဖြစ်လာမလား. ဖြစ်မလာဘူးလားဆိုတာ လာမယ့် ဇာတ်သိမ်းပိုင်းကို
စောင့်မျှော်ပေးကြပါအုံး ခင်မျာ...
လာရောက် ဖတ်ရှု့ သွားသော သူငယ်ချင်များ ကို လေးစားလျှက်
ကျေးဇူးတင်စွာဖြင့် မောင်လွမ်းဆု 

Sunday, June 22, 2014

ဒဏ်ရာတစ်ခုရဲ့  လျှော်ကြေး အပိုင်း (၆)

ဒဏ်ရာ တစ်ခုရဲ့  လျှော်ကြေး....(၆)




သံသရာ စက်ဝန်းထဲမှာ ငိုကြွေးရင်း နဲ့  ရင်မောခဲ့ ရပါပြီ....ဖြစ်ချင်တဲ့ အရာကို ဖြစ်လာအောင် လုပ်နိုင်ခဲ့ ပေမယ့်
မဖြစ်သင့် တဲ့ အရာတွေကလဲ ဖြစ်လာခဲ့ တော့  ငိုကြွေးရင်း နဲ့ သံသရာ စက်ဝန်းကြီးကို ဆက်ရအုံးမယ်ပေါ့ ။
အခု အမေ့ ရဲ့ အုတ်ဂူ နဲ့  ညီမလေးရဲ့ အုတ်ဂူ ကြားမှာ ကျနော် ငိုနေရင်း နောက်က ရောက်လာသူက တော့  တစ်ခြားသူမဟုတ်
ကျနော်နဲ့ ငယ်ငယ်က ပေါင်းလာခဲ့ တဲ့ ကျနော်သူငယ်ချင်း မြင့်သော် ပါ။
မြင့်သော် ပြောလာတဲ့ စကားတွေကတော့ ။
....သူငယ်ချင်း မင်းပြန်လာတယ် ကြားလို့  မင်းဒီနေရာမှာ ရှိနေမယ်ဆိုတာ ငါ သိလို့  လိုက်လာခဲ့ တာ....
...ဒီလို ပါပဲလူဘ၀ကြီး က ကိုယ်ဖြစ်ချင်တာတွေ အားလုံးဖြစ်လို့ မရပါဘူး.. ..
..လောကကြီးက ဖြစ်ပေးတဲ့ အရာတွေနဲ့ ပဲ ဒို့ တွေ ဖြစ်နေကြရတာပါ ...
...လာပါ သူငယ်ချင်း ရာ ရွာပြန်ရအောင်.....
...ဟေ့ ကောင် ဖိုးသော် ဒီအချိန်မှာ ငါ ဘယ်လောက်ခံစားနေရတယ်ဆိုတာ မင်းသိမှာပါ ...
..အေးပါကွာ ငါသိပါတယ်... အခု မင်းဘာဖြစ်ချင်လဲ ငါ့ ကို ပြော....
...ငါ ဒီအရာတွေ အားလုံးကို မေ့လို့ ရတဲ့ မေ့ ဆေးရှိရင် ငါ့ ကို ပေးပါလားကွာ...
ကျနော်လဲ ငိုရင်းကနေ မြင့်သော်ကို ပြန်ပြောနေပါတော့ တယ်။
...လောကကြီး ကို ငါမုန်းတယ်..လောကကြီး က မတရားဘူး ကွာ...
..တစ်ဖက်သပ် ဆန်တယ်..ဒီနေ့ ဒီအချိန်က စပြီး ငါ ရှိုင်းထက် ဆိုတဲ့ ဘ၀ မရှိတော့ ဘူး...
..ရှိနေလို့ လဲ ဘာမှ အဓိပ္ပါယ် မရှိတော့ ဘူး...
...ကဲပါ ရှိုင်းထက် ရာ မင်း အခု စိတ်ပြေ လက်ပျောက် ဖြစ်အောင် ငါနဲ့ လိုက်ခဲ့ ...
..ဘယ်ကို လဲ ဖိုးသော်.....
....ရွာထိပ်က ဒေါ်သောင်းစိန် အရက်ဆိုင်ကိုပေါ့ ...ဒီညအိပ်လို့ ရအောင်.. အမူးသောက်ချလိုက်ကွာ...
...ဖြစ်ချင်တာ ဖြစ် တစ်ခါထဲ အရက်မူးပြီး သေသွားရင် ပိုကောင်းတယ်..ကွာ....ဖိုးသော်...

ဒီလိုနဲ့ ပဲ အဲ ဒီနေ့ ကနေစပြီး ကျနော် သောက်လာခဲ့ တဲ့ အရက် ထမင်းစားဖို့ ဆိုတာ စိတ်ထဲံ မှာမရှိတော့ ဘူး။
အခု တော့  ကျနော် တစ်လကျော်ခဲ့ ပါပြီ။ ထမင်းကို လဲ စိတ်ကူးရှိတဲ့ အချိန် တွေ့ တဲ့  အိမ် တောင်းစားလိုက်တာပါပဲ။
မိုးလင်းက မိုးချုပ်အရက်ပုလင်း ခါးထိုးပြီး အရက်နဲ့ ပဲ ဘ၀ကို မျောနေပါတော့ သည်။အရက်မူးပြီဆို တွေ့ ရာ လမ်းဘေးကို ထိုးအိပ်ပြီး
လူတွေနဲ့ ကို အရောမ၀င်ချင်တော့ ပါ။ ရေကို လဲ တစ်လရှိလို့  တစ်ခါ မချိုးဖြစ် စုတ်ပြတ်နေတဲ့  ကျနော်ဘ၀ကြီးကို မရှိတော့ ဘူးလို့ ပဲ ထားလိုက်ပါတော့ တယ်။
ရွာက လူတွေ ကလဲ ကျနော်ကို အရက် အလွန်ကျွန်သောက်ပြီး စိတ်မမှန်တော့ တဲ့  အရူးတစ်ယောက်လို ပဲ ထင်နေကြပါပြီ။
ကျနော် လဲ သူတို့ ထင်နေသလို ပြောချင်တာတွေ ပေါက်ကယပြောပြီး သွားချင်တာသွား အိပ်ချင်တဲ့ နေရာ အိပ်နေတော့  ဘယ်သူမှာလဲ ကျနော်ကို
အဖက်မလုပ်ကြဘူးပေါ့  အရက်သောက်စရာမရှိရင်လဲ အရက်ဆိုင်သွားတောင်းသောက် ဟိုဝိုင်းတစ်ခွက် တောင်းသောက် ဒီဝိုင်း တစ်ခွက်တောင်းသောက်နဲ့ 
အခု တော့  ရွာထဲ ကလူတွေ အမြင် တော့ အရူး သူတောင်းစားကြီးပေါ့ ။
အခုလဲ ကြည့် လေ ရွာကလူတွေ ကျနော် အိပ်နေတဲ့  လမ်းဘေးက ဖြတ်လျှောက်ရင်း ပြောနေလိုက်ကြတာ။

်.....အမယ်လေး ဒီလူ သူ့ ညီမ သေသွားပြီး ရန်ကုန်ကိုတက်သွား..ပြန်လာတော့  သူ့ အမေသေတော့  အစာမစားပဲ အရက်ကို ရူးတဲ့ အထိ သောက်တာလေ ...
...အခုရူးနေပြီ ကြည့်ပါအုံး...
..အေး ဟုတ်ပ အေ.. သူ့ နားက ဖြတ်သွားရတာ လဲ နံဆော် နေတာပဲ...

....ဟဲ့  ဗိုလ်ရှိုင်း မစားမသောက်နဲ့ သေတော့ မှာပဲ..
ကျနော်နဲ့  မွေးချင်း မကင်းတဲ့ လူတွေ ကတော့  ကျနော်ကို တွေ့ ရင် တစ်ခါတလေ အခေါ်အပြောလုပ်ပါတယ် ငါတို့ အိမ်လိုက်ပြီး ထမင်းစားပါလား...နင့်ကို မွေးချင်းမို့ ခေါ်ကျွေးတာနော်...
ကျနော်လဲ မူးမူး ရူးရူး နဲ့  မျက်လုံး ဖွင့် ကြည့် ပြီး စကားကို တစ်လုံးခြင်း ပြန်ပြောလိုက်ပါတယ်။
....နေပါ အုံး ...ခင်များက မွေးချင်မို့  ခေါ်ကျွေးတာဆိုတော့ မွေးချင်းမဟုတ်ရင် မကျွေးဘူး ဆိုတဲ့ သဘောပေါ့ ...
....ဒီလိုမျိုး စိတ်ဓာတ်ရှိတာ ကျုပ် မွေးချင်း မဟုတ်ဘူး....သွား ခင်များအိမ်ကို ကျုပ် တစ်သက်လုံး ထမင်းလာမစားဘူး....
ဒီနေ့ လဲ ကြည့် အရက်ဆိုင်ထဲ ၀င်သွားလိုက်တာနဲ့  အရက်ဝိုင်းက အရက်သမားတွေ။
...ဟဲ့  ဗိုလ်ရှိုင်း လာကွာ ဒီမှာထိုင် ဒီနေ့  ငါတို့  မင်းနဲ့ စကားပြောချင်လို့  ကွာ....ဒီနေ့  မင်းကို ငါ တို့  အရက်တိုက်မယ်....

ကျနော်လဲ မျက်လုံးမဖွင့် တစ်ချက် ဖွင့် တစ်ချက်နဲ့ သူတို့ နဲ့ စကားပြောနေပါတော့ သည်။
...ကောင်းတာပေါ့ ... အရက်မှာ သစ္စာရှိတယ်....သစ္စာမှာ အရက်မရှိဘူး...ဟုတ်တယ်နော်...
...ဟားဟား ဟုတ်တယ် ဟုတ်တယ် ဗိုလ်ရှိုင်း ရ...
...မင်း ရန်ကုန်မှာ ဘာတွေ ဖြစ်လာတာလဲ ငါတို့  ပြောပြကွာ....
...ကျုပ်လား ရန်ကုန်မှာ ရကုန် ဖြစ်လာခဲ့ တယ်...ရှင်းတယ်နော်...
..ဟားဟား ..ရော့  ..ကွာ ချနောက်တစ်ခွက်..
..မင်း..ထမင်းလေးဘာလေးလဲ စားအုံး ကြာရင် သေလိမ့်မယ်....
..ဘာဗျ ..နေပါအုံး ထမင်းစားရင် မသေဘူးလို့  ခင်များတို့ ကို ဘယ်သူက ပြောလဲ...
..ထမင်း တစ်နေ့ သုံးခါစားနေတာတောင် သေနေတဲ့  လူတွေ တစ်ဖုတ်ဖုတ် .....
..ဒီမှာ ခင်များတို့ အသေချာ စဉ်းစားကြည့်...
...အသက်ရှင်နေလို့  ထမင်း စားနေရတာလား....ထမင်းစားလို့ အသက်ရှင်နေရတားလား... ကဲပြော...
.ဟဟဟ ..ဒီနေရာတော့  အရူးက တစ်မူး သာသွားပြန်ပြီ....ကဲ ငါတို့ မသိဘူးကွာ မင်းပြောပြပါအုံး..
ဘေးဝိုင်းက လူတွေ လဲ ဗိုလ်ရှိုင်း ရဲ့  စကားတွေ စိတ်ဝင်းတစ်စားနဲ့ နားထောင်နေပါတော့ သည်။
ဗိုလ်ရှိုင်း တစ်ယောက် လဲ ခေါင်းငိုက်စိုက်ဖြင့် သူပြောချင်တာတွေပဲ ပြောနေပါတော့ သည်။

...ကျုပ်ပြော ရမှာပေါ့ ... ပြောမယ်...ထမင်းစားလို့ အသက်ရှင်နေတာလဲ မဟုတ်..
..အသက်ရှင်လို့ ထမင်းစားနေတာလဲ မဟုတ်.... သူစားချင်လို့ စားတယ် ..
...သူရှင်ချင်လို့ ရှင်တယ်...ဒါပဲံ...
ဗိုလ်ရှိုင်း တစ်ယောက် စကားကို လေးလေးကြီးဖြင့် ပြောနေပါတော့ သည်။
ဟားဟားးးးးးးးးးးးးးးးးးးးးးးးး...ဆိုပြီး ဘေးဝိုင်းက လူတွေ ပါ အားလုံး ရယ်နေပါတော့ သည်။
..ဒါနဲ့ နေပါ အုံး ဗိုလ်ရှိုင်း ရ...သူဆိုတာက ဘယ်သူလဲ...
...ဟ...ခင်များတို့  က ကျုပ်ကို အရူးအရူးနဲ့ ခင်များတို့ မရူးတဲ့ လူ တွေ က ဘာမှကိုမသိကြဘူး....
..သူစားချင် လို့ စားတယ် ဆိုတာ စိတ်...
...သူရှင်ချင်လို့  ရှင်တယ်ဆိုတာ အတိတ်...ဒါပဲ ..
..သိချင်တဲ့ အကြောင်းရာတွေ ရှိရင် နောက်ရက်ကြမှ အရက်တိုက်ပြီးစမေး အခုကျုပ်အိပ်ပြီဆိုပြီး
ဗိုလ်ရှိုင်းတစ်ယောက် စားပွဲပေါ်တွင်ခေါင်းချ အိပ်ပျော်သွားပါတော့ သည်။
အဲဒီအချိန်မှာပဲ အရက်ဆိုင်ထဲ က အရက်သမားအုပ်စု စကားအသံတွေကတော့ 
....ဒီကောင် ရူးတာရူးတာ ဒီလိုကြလဲ ပြောတတ်...
...ဟုတ်တယ်ဗျာ...

ညနေဘက် တစ်ခါတစ်လေ ကျောင်းဆင်း လာတဲ့  ကလေးအုပ်စုတွေဆို ဗိုလ်ရှိုင်းကို တွေ့ ရင် သီချင်းဆိုခိုင်း ပုံပြင်ပြောခိုင်းနဲ့ 
ဗိုလ်ရှိုင်း ကလေးတွေ နဲ့ လဲ ဓာတ်ကျ နေတာပဲ။
.....ဦးဗိုလ်ရှိုင်း....ဦးဗိုလ်ရှိုင်း..သားတို့ ကို ပုံပြင်ပြောပြ....
ဒါဆိုရင် သူက ပြဇာတ်မင်းသားကြီးလိုလို အသံကို လုပ်ပြီး ကလေးတွေကို ဟုတ်တာတွေ ရော မဟုတ်တာတွေ ရောပြောပြနေပါတော့ သည်။
...ကဲ ပုံပြောပြရမယ်ဆိုရင် အားလုံးထိုင်ကြ....
ကလေးတွေလဲ သူ့ ရဲ့ ဘေးမှာ ၀ိုင်းပြီး ထိုင်နေကြပါတော့ သည်။
...ဟိုး မနီးမဝေးတုံးက .....ဦးပုံ နဲ့  ဒေါ်ပြင်ဆိုတဲ့ လင်မယား နှစ်ယောက်ရှိကြတယ်....
....အဲဒီ သူတို့  လင်မယားကို နိုင်တဲ့ လူတွေ က ဘယ်လိုလုပ်လဲ ဆိုတော့ .....
..ဦးပုံ ကို လမ်းဘေးအမှိုက်တွေ ပုံလို့  ဆိုပြီး စည်ပင်သာယာက ဖမ်းသွားတယ်...
...ဒေါ်ပြင် ကို တော့  နိုင်ငံခြား ရောင်းစားလိုက်တယ်...
..ဒေါ်ပြင်ကတော့  နိုင်ငံခြားရောက်လို့  ကောင်းစားတာပေါ့ .....
..ဦးပုံ ကတော့  အမှိုက်ပုံ ထဲ မှာကြီးပဲ အိပ်နေရလို့  နံဆော်နေတော့တာပေါ့..ကဲ..ဟုတ်ပြီလား ကလေးတို့ ...
...ဟုတ်ကဲ့  ပါ ဦးဦး ဗိုလ်ရှိုင်းကြီး...
..ဒါဆို ကို ယ့်အိမ်ကို ပြန်ကြတော့ ...ငါလဲ အရက်သွားသောက်တော့ မယ်ဆိုပြီး သူ လဲ အထ သူနားကို ကျောင်းဆရာမ ရောက်လာပါတော့ တယ်။
ကလေးတွေ လဲ ဆရာမ လာတာတွေ့ လို့ ပြေးသွားကြခြင်းဖြစ်ပါသည်။ဆရာမက တော့  ရွာကို အထက်က ချပေးလိုက် တဲ့ အလယ်တန်းပြ ဆရာမ
ဒေါ်ခင်မို့  ဆရာမလဲ ရွာကို တာဝန်ကျတာ နှစ်ဝက်လောက်ရှိနေပြီဆိုတော့  ဗိုလ်ရှိုင်း အကြောင်းကို ရွာကလူတွေ ပြောထားလို့ တစ်စိတ်တစ်ပိုင်း
လောက်တော့ သိထားပါပြီ။ဆရာမလဲ ကျုပ်တို့ ရွာရဲ့  ပညာရေးအတွက် ကလေးတွေကိုအခုလို လာသင်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်...

..နေပါအုံး ကိုဗိုလ်ရှိုင်း ကိုဗိုလ်ရှိုင်း ကို ဆရာမ တစ်ခုလောက်မေးပရစေ...
..မေးပါ ဆရာမ တစ်ခုမကဘူး အများကြီးမေးလို့ ရတယ်.. ကျုပ် ဖြေနိုင်တဲ့ အရာ ဖြေပေးပမယ်ဆရာမ...
....ကိုဗိုလ်ရှိုင်း တကယ်ရူးနေတာလား...
..ဗျာ ....ဆရာမ ကျုပ်ကို ဘယ်လိုမြင်လဲ ...ဆရာမ ကျုပ်ကို အရူးလို့ မြင်ရင် ကျုပ်ရူးပေါ့ ...
...ဒါမှမဟုတ် ဆရာမ ကျုပ်ကို အကောင်း လို့ မြင်ရင် ကျုပ်အကောင်းပေါ့ ..
..ဒါကတော့ ကြည့် လို့  မြင်တဲ့  လူနဲ့ ပဲ ဆိုင်ပါတယ်ဆရာမ..
..ဆရာမက တော့  ကို ဗိုလ်ရှိုင်း ကို လူကောင်းလိုပဲ မြင်တယ်.....။

...ဆရာမလူကောင်းမြင်ရင် ကျုပ်လူကောင်းပေါ့ ...

..ကျုပ်ရူးတာလား.. မူးတာလား ဆိုတာ ကျုပ်ကိုကိုယ်လဲ မသိဘူး...
..ရွာထဲ ကလူတွေ ကျုပ်ကို အရူး လို့ မြင်တော့  ကျုပ် အရူးပေါ့ ဆရာမ...
...အဲဒါ တွေ ကို အဲ လို သိပါ လျှက်နဲ့  ကိုယ့်ဘ၀ကိုဘာဖြစ်လို့  ဒီလို လုပ်နေတာလဲ.....
..ဒီလိုလုပ်ရင် ဟိုလို ဖြစ်ချင်ဖြစ်တယ်...ဟိုလို လုပ်ရင် ဒီလို ဖြစ်ချင်ဖြစ်လာတဲ့  လောက ကြီးကို စိတ်နာတယ်ဆရာမရယ်...
..ကဲ.. ကျုပ် အရက်သောက်ဖို့  အချိန် တော်တော်လေးနောက်ကျ သွားပြီ ကျုပ်ကို သွားခွင့်ပြုပါအုံးဆရာမ..
ဗိုလ်ရှိုင်း လဲ ဆရာမ အနားက နေ သီချင်း လေး ဆိုကာဖြင့် ထွက်သွားပါတော့ တယ်။
..........လောကကြီးက မင်းထက်သာတယ်...
..........လောကကြီးက မင်းထက်မာတယ် ...
..........မင်း ပဲ ဒုက္ခ ရောက်လိမ့် မယ်......

ဆရာမလဲ တစ်လမ်း ခြင်းလျှောက်သွား တဲ့  ဗိုလ်ရှိုင်း ကျောပြင် ကြီးကို ကြည့် ရင်း အသက်ပြင်း တစ်ချက် မှုတ်ထုတ်၍ကျန်ခဲ့ ပါတော့ သည်။
****************************************

ဒေါ်ချယ်ရီ တစ်ယောက် လဲ ကိုယ်ဝန် အရင့်မာကြီး ဖြင့် ရှိုင်းထက် ကို တစ်နေ့  ပြန်လာလိမ့် မယ်လို့  မျှော်ခဲ့ တာ အခုတော့  ခြေရာဖြောက်ခဲ့ သူက
ဖြောက်ခဲ့ သလို ရေကြည်နောက်ခဲ့ သူက လဲ ရေကြည် နောက်ပြီးခဲ့ ၍ သားဦးလေးတစ်ယောက် ဖွားကာနီးနေပါပြီ။
ဒေါ်ချယ်ရီ လဲ အိမ်အပေါ် က ၀ရံတာမှာ လမ်းလျှောက်တိုင်မျှော်ခဲ့ ရတဲ့ ခြံတခါးဝကြီးဆီ။
သတိရ တိုင်း မောင်ပြန်လာမယ်စိတ်ကူးများဖြင့် မျှော်ကာကြည့် ရင်း ကျခဲ့ ရတဲ့  ၀ရံတာပေါ်က မျက်ရည်က တံခါးဝ ဆီစီး၍အလွမ်းချောင်းလေးတောင်ဖြစ်နေပါ
တော့ သည်။
မမေ့ နိုင်သူ က သတိရ ခြင်းတွေ နှိပ်ဆက်လို့ ကြေကွဲ နေရပေမယ့် မေ့နိုင်သူက တော့  အရက်က နှိပ်ဆက်လို့ လောကကြီးကို တောင် မေ့ လိုက်ပြီတဲ့ ။

............သြော်..မောင်ရယ် ရက်ဆက်လိုက်တာ .....
...........မောင် ဘယ်ကို ရောက်လို့  ဘယ်ကို ပျောက်နေပါလိမ့် ...
...........မောင် နေနိုင်ခဲ့ ပေမယ့် မကတော့  မောင်ထွက်သွားတဲ့ နေ့ ကစ...
..........မောင့် ကို မ တစ်စက္ကန့်  မျှ မေ့ လို မရခဲ့ ပါဘူးမောင်ရယ်....
............မောင် အခု လို တကယ် ရက်ဆက်သွားလိမ့် မယ်လို့  ....
............မ...ထင်မထား မိခဲ့ တာ မ...အမှားပါ...
...........မ ၀ဋ်ရှိသရွေ့  ခံသွားပမယ်မောင်ရယ်...
..........မောင် ပြန်လာမယ် လို့  မ...ယုံကြည်နေဆဲ ပါပဲ မောင်ရယ်...
ဒေါ်ချယ်ရီတစ်ယောက် စိတ်ထဲ က အတွေးများစွာဖြင့် ခြံတံခါးဝ ကို ငေး ကြည့်နေရင်း
မျက်ဝန်းအစုံမှ မျက်ရည်မိုးများ တစ်စိမ့်စိမ့် ရွာသွန်းနေရပါတော့ သည်။
*****************************************************************************************************************************

Wednesday, June 04, 2014

ဒဏ်ရာတစ်ခုရဲ့  လျှော်ကြေး...အပိုင်း(၅)

ဒဏ်ရာတစ်ခုရဲ့  လျှော်ကြေးအပိုင်း(၅)


ကျနော် ဘ၀မှာ ကျေကျေနပ်နပ် ရခဲ့ ရတဲ့  ဒေါ်ချယ်ရီ ရဲ့  အချစ် ဒေါ်ချယ်ရီ ကြောင့် သေခဲ့ ရတဲ့  ကျနော်ညီမလေး ကျနော်ဘ၀ပြို ပျက်ခဲ့ ရတယ်။
အခုတော့ လဲ ဘ၀အသစ်ဆိုတာ ဒေါ်ချယ်ရီနဲ့ ပေါင်းပြီး ထူထောင်ခဲ့ ရပေမယ့် အဓိပ္ပါယ် ရှိပေမယ့်လဲ အဓိပ္ပါယ်မဲ့ ခဲ့ တာလဲရှိပါတယ်။
ကျနော် သူမ ကို ရခဲ့ တာ ညီမလေး အတွက် လက်စား ချေခွင့် က အဓိပ္ပါယ်ရှိပါတယ်။ မချစ်မနှစ်သက်ပဲ နဲ့ သူမကို လက်ထပ်ခဲ့ ရတာကတော့  အဓိပ္ပါယ်
မဲ့ နေလျှက်ပါ။
အရာရာတိုင်းကို အကောင်းမမြင်ပဲ ကြည့် ခဲ့ တဲ့  ကျနော်ကို ခွင့်လွတ်နားလည်စွာ ချစ်တတ်တဲ့  ဒေါ်ချယ်ရီကို လေးစားပေမယ့် ။ သူမရဲ့  မာနတရား နဲ့ 
လူတစ်ယောက် ကို မစာမနာ ပြောဆိုမူကြောင့် ကျနော်ညီမ အသက်တစ်ချောင်း စတေးခဲ့ တာနဲ့ ပါတ်သက်ရင်တော့  ကျနော်အတွက်တော့  ဒီကမ္ဘာမှာ
အမုန်းဆုံးလူဆိုရင်တော့  သူမပါပဲ။
အခု တော့  သူမနဲ့  ကျနော်ရဲ့  အိမ်ထောင် သက်တမ်း ခြောက်လပြည့်ခဲ့ ပါပြီ။ ဒီနေ့  သူမ ကုမ္ပဏီ က ပြန်လာတာ နည်းနည်းနောက်ကျပါတယ်။
ကျနော် လဲ အိပ်ခန်းထဲ က ကုတင်ပေါ်မှာ ခဏအနာယူနေချိန် သူမ အခန်းထဲ သို့ ဝင်လာပါတယ်။
ဒေါ်ချယ်ရီ ပြောလာတဲ့  စကားကို ကြားလိုက်ရတော့  ကျနော် ရင်တွေ အရမ်းတုန်လာပြီး ကျေနပ်မူအပြည့်ကို လဲ ရလိုက်ပါတယ်။

မောင်... မောင့် ကို မမ ၀မ်းသာစရာ စကားပြောမို့ မောင်...
ကျနော်လဲ အေးအေးလေးပဲ ပြန်မေးလိုက်ပါတယ်။
....ဘာလဲ...မမ
...မ မှာ မောင်နဲ့ ရတဲ့ ရင်သွေးလေး ရှိနေပြီ...
......ဘာ...မ ဘာပြောလိုက်တယ်....
မ..မှာ ရင်သွေးလေး ရှိနေပြီလို့  ပြောတာ လေ.. မောင်က ဘာဖြစ်လို့ လဲ...
..ဒါဆိုရင် မောင်နွား ဖြစ်ပြီပေါ့ ....
ကျနော်စကားလဲ ကြားလိုက်က်ရော မမ မျက်နှာတွေ နီရဲ လာပြီး။
...မောင်.. မောင်ဘာပြောလိုက်တယ်...
...ဟုတ်တယ် ..မောင် နွား(လုံးဝ) ဖြစ်သွားပြီ...
ကျနော် လဲ လျှို့ ဝှက်စွာသိမ်းထားခဲ့ တဲ့  ဆေးစစ်စာရွက်ကို ပြလိုက်ပါတယ်။
...ဒီမှာ ကြည့် ဒါ မောင် ဒေါက်တာ သက်ခိုင် နဲ့ ပြခဲ့ တဲ့ ဆေးစစ်ချက် ပဲ....
ဒေါ်ချယ်ရီတစ်ယောက် ကျနော်ပေးလိုက် တဲ့ စာရွက်ကို ကြည့်ပြီး အံ့ သြသွားကာ ကျနော်မျက်နှာကို အသေချာကြည့်ပြီး။
....ဘာ..မောင့် မှာ ဒီတစ်သက် ကလေးမရနိုင်ဘူး....ဟုတ်လား...
...ဒါဆို မ ဗိုက်ထဲ က ကလေးက မောင်ကလေးမဟုတ်ဘူးလို့  ဆိုလိုချင်တာပေါ့ .....
...ကျနော် ဘာမှ မပြောချင်တော့ ဘူး....ရှင်းနေတာပဲ...
ဒေါ်ချယ်ရီ တစ်ယောက် အရမ်းစိတ်တွေ တိုလာပြီးကျနော်ကို အော်၍ ပြောပါတော့ သည်။
...ဒီမှာ ရှင် ကျမ ကို ဘယ်လို မိန်းမစားထင်လိုက်တာ လဲ...ဒီကလေး ဟာ ရှင့်  ကလေးမဟုတ်တော့  ဘယ်သူ့ ကလေးဖြစ်ရမှာလဲ...
...ဒါကတော့  ကာယကံရှင် ကိုယ်တိုင် အသိဆုံး ရှိမှာပါ...ကျနော်ကို ဘာမှ လာရှင်းမပြပါနဲ့ တော့  ဒီအချိန်မှာ ကျနော် ဘာမှာ မကြားချင်တော့ ဘူး....
..အိမ်ထောင်ရေး ဖောက်ပြန်နေတဲ့  မိန်းမကို သိသိကြီးနဲ့ ဆက်ပေါင်းနေရအောင်. ကျနော်က လူ အသိတရား ရှိတယ်..
...ဒါဆို..ရှင်ဘာဖြစ်ချင်လဲ..ပြော..
..ရှင်းရှင်းလေးပဲ ကိုယ့် ကလေး မဟုတ်မှန်း သိသိနဲ့ တော့  တစ်သက်လုံး အဖေ ခေါ်မခံနိုင်ဘူး...
..ခင်များ နဲ့ ကျနော် ကွာရှင်းမယ်...ဒါပဲ...
...ရတယ် လေ...ချယ်ရီ ဆိုတဲ့  မိန်းမကလဲ ဘယ်တုံးက မှ သူများ အောက်ကျို့ ခဲ့ တဲ့ မိန်းမ မဟုတ်ဘူး....
...ရှင် ကို အထင်ကြီးခဲ့  သမျှ ချစ်ခဲ့ သမျှ ကျမ အမှား လို့ ပဲ မှတ်မယ်...
..ဒီကိစ္စ ကို လဲ ရှင်ပြောတဲ့  ဒေါက်တာ သက်ခိုင် ဆိုတာ ကျမ တွေ့ မယ်...
..အခု ချိန်မှာ ရှင် ကွာရှင်းချင်နေပါတယ် ဆိုရင်တော့  ကျမ ဘက်က လိုက်လျှော ပြီးသားပဲ...


အဲဒီနေ့ က စပြီး ဒေါ်ချယ်ရီ ရဲ့  အိမ်ပေါ်က နေကျနော် ဆင်းလာခဲ့ ပါသည်။
အခုတော့  ဒေါ်ချယ်ရီ တစ်ယောက် တွေ့ ပြီပေါ့  ကျနော်လို ချင်တာ ဒါပဲ သူမကို တစ်သက်လုံး စိမ့်စိမ့်ပြီး တွေးရင်း တစ်သက်လုံးခံစားနေရမယ့်
အဖြစ်မျိုးကို လိုချင်တာ ရခဲ့ ပြီ။ ဒေါ်ချယ်ရီ ရေ ကျနော် လိုချင်တဲ့ ခင်များစီက ကျနော် ညီမ ရဲ့ လျှော်ကြေးဆို တာ ဒါပဲ မာနဂုဏ် မောက်ကြွားပြီး မစာမနာ ပြောတတ်တဲ့  ခင်များ အခု တော့  ယောင်္ကျား ပစ်ခဲ့ တဲ့ ကလေးတစ်ယောက်အမေ အဖြစ် နဲ့ 
လောကကြီး ကို အပိုးကြိုးနေပါစေတော့ ။


ကျနော် တာဝန်တွေ ကျေခဲံ့ ပြီမို့ ကျနော် အမေ ရှိတဲ့  မွေးရပ်ဇာတိလေးကို ပြန်ခဲ့ ပါပြီ။



ဒေါ်ချယ်ရီတစ်ယောက် ဒေါက်တာ သက်ခိုင် ရဲ့ ဖုန်းကို ခေါ်လိုက်ပါပြီ။
ဟဲလို.... ဒေါက်တာ သက်ခိုင် ပါလားရှင်.....
ဟုတ် ဒေါက်တာ သက်ခိုင် နိုင်ငံခြား ခရီးထွက်နေပါတယ်....

ဟုတ် ကျေးဇူးပါပဲရှင်....

အရေးထဲ ဆရာဝန် က ခရီး ထွက်နေသေး ဒေါ်ချယ်ရီ ဘာလုပ်လို့  ဘာကိုင်ရမှန်းမသိ စိတ်တိုတို နဲ့ ပဲ ဖုန်းကို ပိတ်လိုက်ရပါတော့ သည်။

ကျနော်ရွာက ထွက်လာစဉ်က ဘယ်သူ ကို မှ အသိမပေးခဲ့ သလို အခု ရန်ကုန်ကထွက်လာတော့ လဲ ဘယ်သူ ကို မှ အသိမပေးခဲ့ ပါ ကျနော် တောရွာက
လာခဲ့ တယ်ဆိုတာကို လဲ ဒေါ်ချယ်ရီလဲ မသိခဲ့ ပါ အမေ ကို တွေ့  ချင်စောနဲ့  ရွာကို ပြန်ရောက်ခဲ့ ပါပြီ အမေ့ ရဲ အိမ်ကလေးက တော့ 
သော့ ခတ်၍ ထားတာ တွေ့  လိုက်သဖြင့် ဟိုကြည့် ဒီကြည့် ကြည့်နေချိန်မှာပဲ ကျနော် ဦးလေး ရောက်လာပြီး။
..မင်း..ပြန်လာသေးတယ်နော်....
..ဦးလေး အမေ ရော...
..အေး ခရီးရောက်ဆိုသလိုပဲ ဒီကိစ္စ မပြောလို့  မရတဲ့ စကားဆိုတော့  ပြောရတော့ မှာပဲ...
..မင်း အမေ ကို တွေ့ ချင်ရင် တော့  သင်္ချိုင်းကို သွားပေတော့ ...
....ဗျာ...
ကျနော် ခေါင်းတွေ ပူထူလာပြီး အမေ................................ လို့  အော်ခေါ်ရင်း ကျနော် သင်္ချိုင်း
ကို တစ်ခါထဲ ပြေးထွက်ခဲ့ ပါတော့ သည်။
သင်္ချိုင်း မှာ ရောက်တော့  ညီမလေးရဲ့ အုတ်ဂူ ဘေး မှာ အမေရဲ့  အုတ်ဂူလေးကို တွေ့ လိုက်ရတော့ ။
ကျနော်ရဲ့ ကမ္ဘာ ပျက်ပါပြီ ကျနော် ညီမလေးအုတ်ဂူနဲ့  အမေ့ ရဲ့  အုတ်ဂူ ကြားမှာ အုတ်ဂူ များကို ခေါင်းနဲ့ ဆောင့်ရင်းအော်၍ ငိုနေရပါတော့ သည်။
........................အမေ့ .............
...ဘယ်လို့  ဖြစ်ရတာလဲ အမေရယ်....
..သားကို ခွင့် လွတ်ပါ.....
...ညီမလေး အခု အကို ညီမလေးအတွက် တာဝန် ကျေခဲ့ ပါပြီ......
...အမေ... အမေ့ သမီးရဲ့  လျှော်ကြေးကို သားရခဲ့ ပြီ...
..အဲ ဒါကို အားရ ၀မ်းသာ အမေ့ ကို ပြောပြချင်လို့  သားပြန်လာခဲ့ တာ....
..အမေ သားကို ဘာဖြစ်လို့  မစောင့် တာလဲ့ အမေရယ်....
...အခု အမေ မရှိ တော့  သားဘ၀လဲ မရှိတော့ ဘူးပေါ့ .....
...တမလွန် ဘ၀က အမေ နဲ့  ညီမလေးတို့ ရယ်....
...အခုပြောနေတာတွေ ကြားသိပြီး ခွင့်လွတ်နားလည်ပေးကြပါ...
ကျနော် အခု လို အသဲ ထန် ငိုနေတဲ့ အချိန်မှာပဲ နောက်က ကျနော်ပုခုံးကို လာကိုင်လိုက်လို့  ကြည့်လိုက်တဲ့ အချိန်မှာတော့ ...................................။
************************************************************************************************

Saturday, May 24, 2014

ဒဏ်ရာတစ်ခုရဲ့  လျှော်ကြေး (၄)


"ဒဏ်ရာတစ်ခု ရဲ့  လျှော်ကြေး"


ဒေါ်ချယ်ရီတစ်ယောက် ကျနော်စာကိုဖတ်ပြီး ။
အမယ်လေး ငါ့ အတွက်နဲ့  နေမကောင်းဖြစ်ရတယ်လို့ ...
တကယ်တော့  သူနဲ့ ငါနဲ့ ဟာ ဘာမဟုတ်တဲ့ နှင်းဆီပန်းကနေ ဖုန်းဆက်လာတဲ့  အဆင့်ထိရောက်ခဲ ပေမယ့်။
သူဘယ်သူဘယ်ဝါ လဲ ဆိုတာ ငါ အသေချာမသိပဲ နဲ့  ငါသူကို ဘာဖြစ်လို့ အသိအမှတ်ပြုမိနေတာလဲ။
ဒါလုံးဝမဖြစ်နိင်ဘူး ငါတစ်သက်လုံး ငါမာန နဲ့  ငါနေလာတာ ဒါလေးကြမှ ဖြစ်စရာလား။

သူစိတ်ကို သူတွေးရင်း သူရဲ့ မာနတွေ ကို သူမကိုယ်တိုင်ပဲ ပြန်အားပေးနေပါတယ်။
ဒီလိုနဲ့ ပဲ သူမနဲ့ ကျနော် တစ်ပါတ်လောက် အဆက်အသွယ်တွေ ပြတ်ခဲ့ ပါတယ်။
သူမက လဲ သူမာနနဲ့ သူနေနိုင်အောင်နေတယ် ကျနော်က လည်း တိုက်ကွက်တစ်ခုပြောင်းကြည့်တာ အဆင်ပြေမယ်ထင်လို့  အခုတော့  အဆက်သွယ်တွေပါပြတ်နေပါပြီ။
အခုတော့  ကျနော် ဘာလုပ်ရတော့မလဲ ဒေါ်ချယ်ရီ ခင်များကို တော့ မရရအောင် ကျနော်လုပ်ကို လုပ်ရမယ့် တာဝန်ရှိနေပြီ။
ကျနော် သူကို ပေါ်တင်ပဲ လမ်းခင်းတော့ မယ်။
ဒီနေ့ ပဲ ကျနော် ဖုန်းခေါ်လိုက်ပါပြီ။

ဟဲလို.....မမလား..
...ဟုတ်တယ် ပြော..ဘာကိစ္စလဲ ..မင်းကလေးဆန်တဲ အပြုမူတွေ မရပ်ရင် ငါကို မဆက်သွယ်ပါနဲ့ ...
ဒါဟာကလေးဆန်တယ်ဟုတ်လားထားပါတော့ ...မမ ကျနော် နောက်ဆုံးအနေနဲ့  တစ်ခုခွင့်တောင်းပရစေ..
ဖြစ်နိုင်ရင် မမ ကို ကျနော် တွေ့ ချင်တယ်....ရမလား..
ရိုးရိုးသားသား တွေ့ ခြင်းဆိုရင်တော့  .....ဖြစ်နိုင်ပါတယ်...
ဝမ်းသာပါတယ်...ဒီညနေ ခုနှစ်နာရီမှာ ခြောက်မိုင်ခွဲ ပြည်လမ်းဘေးက အင်းလေးစားသောက်ဆိုင်က ကျနော်စောင့်နေမယ်နော်...
..နေပါအုံး မင်းကို မှငါက မမြင်ဘူးတာ...
..ကျနော် မမ ကို သိနေတာပဲ ..ကျနော်စ နုတ်ဆက်မယ်နော်...
အင်း...ကောင်းပြီလေ...
ကျနော်နဲ့  မမ ဒီနေ့ စတွေ့ ကြမယ်လေ။
ကျနော် ဆိုင်ကို ခုနှစ်နာရီ တစ်ဆယ့်ငါးမှရောက်ပါတယ် မမက အရင်ရောက်နေပါတယ်။
ဆိုင်ရဲ့ ထောင့် တစ်နေရာမှာ အင်းလေး လှေရှိပါတယ် အဲ ဒီဘေးက ခုံ မှာ မမထိုင်နေတာကို ကျနော်မြင်လိုက်ရပါတယ်။
မမလဲ ဟိုကြည့် ဒီကြည့် ကျနော်ကို မျှော်နေပုံပါပဲ။
မမက မျက်နှာထားတင်းတင်းပါပဲ။
ကျနော်လဲ မမရှိတဲ့ ခုံလေးဆီကို တည့်တည့်သွားပြီး ။
..မမ ကျနော်ရှိုင်းထက်ပါ.....
ကျနော်ခုံကလေးကို ဆွဲပြီးထိုင်လိုက်ပါတယ်။
...မင်းအချိန်ကို မလေးစားဘူး....မင်းပြောတော့  ခုနှစ်နာရီဆို ..
ဟုတ်ကျနော်တောင်းပန်ပါတယ်.....
မမ...ဘာမှာထားလဲ တစ်ခုခု စားလေ...
...ရှမ်းခေါက်ဆွဲ မှာထားတယ်...
ကျနော်ကတော့  ငါးဒုက္ခ တစ်ပွဲ နဲ့  ဥနီဖျော်ရည် တစ်ခွက်သောက်ပါတယ်။
....မင်းကို ငါ စကား စမေးမယ်...
...မေးပါ ရပါတယ်....မမ
...မင်းဘာကြောင့် ငါကို စိတ်ဝင်စားတာလဲ..
..ကျနော် စိတ်ဝင်စားမူ ကို ဘာကြောင့် ရယ်လို့  ခိုင်ခိုင်မာမာ မပြောတတ်ဘူး..
..နှလုံးသားထောင့်တစ်နေရာကဆိုတာကိုတော့  ကျနော်ထက် ဘယ်သူမှ မသိနိုင်ပါဘူး...
..ထားပါတော့  မင်းဘယ်မှာနေလဲ ဘာစီးပွားရေးတွေ လုပ်လဲ...
..ကျနော် ရွှေစံပယ်ရိပ်မွန်မှာနေတယ်.. ပုဇွန်ကန် ငါးကန် စီပွားရေးလုပ်ပါတယ်...
..မင်းမိဘတွေ ကရော..
..ကျနော်မိဘတွေကတော့  ကျနော် ဆယ်တန်းကို နှစ်ခါကျလို့ ဆိုပြီး သုံးစားလို့ ရမယ်ကောင်မဟုတ်ဘူးဆိုပြီး...
..အမျိုးမျိုး ဆူပူလို့  ကျနော်အိမ်ပေါ်က ဆင်းလာပြီး ကိုယ့် ဘ၀ကို ကိုယ်တိုင်ပဲ ရပ်တည်တယ်...
..အင်း...မင်းရဲ့ စိတ်ဓာတ်ကိုတော့  သဘောကြတယ်..မင်းအသက် အခု ဘယ်လောက်ရှိပြီလဲ...
..ကျနော် နှစ်ဆယ့်ငါး ထဲ ရောက်နေပါပြီ ..
..သြော်..မမကနှစ်ဆယ့် ခုနှစ် ပါ..
...ကျနော် သွယ်ဝိုက်ပြီး မမကို ဘာမှ မပြောတတ်ဘူး.. ပွင့်ပွင့်လင်းလင်းဝန်ခံရရင် မမကို လက်ထပ်ချင်တယ်..
..လက်ထပ်တယ်ဆိုတာ မင်းလွယ်လွယ်လေးထင်နေလား...
..အိမ်ထောင်ပြုဖို့ ဆိုတာကတော့  မမအတွက် အချိန်တွေ အများကြီး ယူပြီးစဉ်စားရမယ်...
အခုလို လွယ်လွယ်လေးလာပြောတာကို လွယ်လွယ်လေး လက်ထပ်တတ်တဲ့  မိန်းမထဲမှာ မမ မပါဘူး...
..မမ အသက်ရွယ်လဲ မငယ်တော့ ပါဘူး..မမ ကျနော်ဟာမမ ကို တကယ်မချစ်ဘူးချစ်တယ်ဆိုတာကို မမအနေနဲ့ ကြိုက်သလို
လေ့လာနိုင်ပါတယ်...
...ဟုတ်ပြီ မမ မင်းအတွက်ကို အဖြေတစ်ခု စဉ်စားပေးမယ်.. ဒါကတော့  မင်းအတွက် ကောင်းခြင်းလဲဖြစ်ရင်ဖြစ်မယ် ဆိုးခြင်းလဲ ဖြစ်ရင်ဖြစ်မယ်..မင်းစောင့်နိုင်ရင် စောင့်ပါ...
...ဟုတ်ပြီ ကျနော်စောင့် မျှော်ပရစေ...
..မင်းကို လဲ အောင်မြင်တဲ့ စီပွားရေး သမားတစ်ယောက်အဖြစ် မမ အသိမှတ်ပြုပါတယ်...
...အခု တော့  ခင်မင်ကြပြီပေါ့ ..
..ကျနော် ဘက်ကတော့  ၀မ်းသာမူ တစ်ချို့ တစ်ဝက်ရပါပြီ။
ဒီလို့ နဲ့ ပဲ မမနဲ့  ကျနော် အဆက်သွယ်တွေ ရခဲ့ ကြပြီး အမြဲတမ်းလိုလို ဖုန်းစကားပြော တွေ့  ဖြစ်ခဲ့ ကြပါတယ်။
အချိန်တွေ ကြာမြင့် လာတာနဲ့ အမျှ ရင်းနှီးမူတွေ ပိုများလာကြပြီးသံယောဇဉ်တွေလဲ တစ်ယောက်နဲ့ တစ်ယောက် ရှိလာခဲ့ ကြပြီလေ အခုဆိုရင် ကျနော် မွေးနေ့ ပွဲ လေးကို ကျနော်အိမ်လေးထဲမှာပဲ လုပ်ဖြစ်လိုက်ပြီး ။
အဲ ဒီနေ့ ညလေးမှာပဲ မမဆီက ကျနော် အဖြေရခဲ့ ပါပြီ။

...တွေကြပြီပေါ့ ဒေါ်ချယ်ရီ ကျနော် တင်ခဲ့ ရတဲ့  လေး အခုတော့  မျှားထိပ်ကို အဆိပ်လူး ပြီး ပစ်ခွင့်ရဖို့ နီးနေပါပြီ...
...သူမ ကျနော် ပစ်ကွင်းထဲ ကို ရောက်နေပြီ ဆို တာသူမ ဘယ်သောအခါ မှ မသိစေရဘူး.....ကျနော် သူမကို ဥပဒေ ဘောင်အတွင်းကပဲ လုပ်မယ်..

မမ နဲ့ ကျနော် ချစ်သူတွေ အရင့် မာဖြစ်လာကြတဲ့ အချိန်မှာတော့  မမကျနော်ကို မောင်လို့  ပဲ ခေါ်ပါတယ်...။

မမဒီနှစ်ထဲ မှာ မမကို ကျနော်လက်ထပ်ချင်တယ်...
မောင်က လဲ စိတ်အရမ်းစော တာပဲ...မောင့် သဘောပဲလေ...
မမကတော့  တစ်သက်မှာ တစ်ခါပဲ ဆောင်ရတဲ့ မင်္ဂလာ ကို ဆီဒိုးနား မှာ လုပ်ချင်တယ်...မောင်..
မမကလဲ ..ကျနော် ကတော့  ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆွမ်းကျွေး..လက်မှတ်ကလေးထိုးလိုက်ကြမယ်...
အဲဒီ ပကာသနတွေကို မုန်းတယ်...
လာသမျှလူတွေ ကို ဟန်ဆောင်အပြုံးတွေ နဲ့ နုတ်ဆက်ရတာ ရင်လေးတယ်..
အဓိက က မနဲ့ ကျနော်ပါ ...
မောင်က လဲ ဒါက တော့ လူတွေ နဲ့ နေရင် လူတွေနဲ့ တော့ ထိတွေခြင်းဆိုတာရှိမှာပဲလေ...
ကိုယ့်ကိုကိုယ် ဂုဏ်မောက်ပြီး အဆင့်တန်း ယူနေတဲ့ လူတွေကို မုန်းတယ်...
အဆင့်တန်းဆိုတာဘာလဲ အတိကျ မသိတဲ့ လူတွေ...
ကဲ ..မမကတော့  မောင့် ကို ချစ်လွန်းလို့  လိုက်ရောလိုက်ပါတယ်.. မောင့်သဘောပါပဲ...
မမလဲ လေ.. အရင်ကစိတ်တွေ မောင်နဲ့ တွေ မှ မရှိတော့ ပါဘူး...
ဟုတ်တယ်နော် ဂုဏ်ဆိုတာ နံမည်ပဲ ရှိတာ....
မမကတော့  မောင့် လို ယောင်္ကျား ပီသတယ် ပြတ်သားတယ်..မဟုတ်ရင်မခံတတ်တဲ့ စိတ် စိတ်ဓာတ်မြင့်မြတ်တဲ့ 
မောင်ကို ရတာ ဒီတစ်သက်တော့ မမ ကံကောင်းပါပြီ....


သိပ်ကံကောင်းတာပေါ့  မမ...ဟဟ ..ရှိုင်းထက် ဆို တာ နက်နက်ရှိုင်းရှိုင်း ထက်ထက်မြက်မြက် ရှိအောင် ကျနော်အမေ ပေးခဲ့ တဲ့ နံမည်လေ။ကျနော်စိတ်ထဲကနေပြောလိုက်ပါတယ်။
ဒီလိုနဲ့  မမနဲ ကျနော်လက်ထပ်ပြီး ခဲ့ ပါပြီ။
..မောင် တစ်ရက်လောက် မမ ကုမ္မဏီ ကို လိုက်ခဲ့ နော်...
ဟာ..မမ ကလဲ မောင့် မှာလဲ မောင့်အလုပ်နဲ့ ကိုယ်...
မမကုမ္ပဏီ ကို မမပဲ ဂရုစိုက်ပါ...
..မောင်က လဲ အဲ လိုမပြောပါ နဲ့ ..
မမ ကုမ္ပဏီဟာလဲ မောင်ကုမ္ပဏီပါပဲ...
..ဒါပေမယ့် ဒီအချိန်မှာ တော့ မောင်မလိုက်ချင်သေးဘူး...
..ဒါဆိုလဲ မောင်လိုက်ချင်တဲ့ နေ့ ကြရင် မမကိုပြောနော်...
ကျနော်နဲ့  မမ နံနက်စာ စားဖို့  ထမင်းစားခန်းကို ရောက်တော့  အိမ်ပေါ်မိထွေးလေးအားလုံးစီစဉ်ထားပါတယ်။
မမကို တစ်ကယ်ချစ်လို့ ကြိုက်လို့  လက်ထပ်ခဲ့ တာ မဟုတ်တဲ့ ကျနော်အတွက်တော့ အမျိုး မျိုး ပြဿနာကို ရှာတာပဲ။
ကျနော်လက်စားချေဖို့ ရောက်လာတာကို မသိတဲ့ ဒေါ်ချယ်ရီ တစ်ယောက်တော့  ကျနော်ကို အရမ်းချစ်နေပါပြီ။
မမကလဲ....တစ်နေ့ လာလဲ ကော်ဖီ နဲ့ ပေါင်မုန့်  ...
တစ်နေ့ လာလဲ ဒါတွေကြီးစားနေရတာ ညည်းငွေ့ လာပြီ....
..မောင်ဘာစားချင်လဲ ပြောလေ..မမစီစဉ်ပေးမှာပေါ့ ...
ကြာစံဟင်းခါးစားချင်တယ်...
မိထွေးရေ....မောင်အတွက် ကြာစံ ဟင်းခါးလေး သွားဝယ်ပေးနော်....။
မမလဲ အိမ်ပေါ်မိထွေးကို အော်ပြောလိုက်ပါတယ်။
မမ ကလဲ ဆိုင်ကဟာစားချင်မှတော့  မမကို ပြောမနေတာ့ ဘူး..မောင်ကိုယ်တိုင်သွားဝယ်စားလိုက်မှာပေါ့ ...
မမ နဲ့ မောင် အိမ်ထောင်ကျပြီး ကတည်းက အခုချိန်ထိ မမချက်ကျွေးတာဘာမှ မစားဖူးသေးဘူး...
ကို့ ယောင်္ကျား ကို စောင့်လျှောက်ရမယ်ဆိုတာ မမစိတ်ထဲ မှာမရှိဘူးလား...
မောင် ဘာကြိုက်တယ် ဘာစားတယ်ဆိုတာလဲ မမသိနေတာပဲ..တစ်နေ့ တစ်နေ့  ကုမ္ပဏီနဲ့ အိမ်နဲ့ ပဲ ပြီးနေတယ်..
မောင်...မမကို အဲလိုမပြောပါနဲ့ ...မမ မောင့်ပေါ်ကို ဘယ်လောက်ချစ်တယ်ဆိုတာ မောင်သိပါတယ်..
မမ အိမ်ထောင်တစ်ခု မှာ ချစ်ပါတယ် ဆိုတဲ့ စကားလေးနဲ့ တင် ကိုယောင်္ကျားကို ပြောထားလို့  မပြီးဘူး...
ဟုတ်ပါ ပြီ မောင်ရယ်..ဒါဆိုလဲ ဒီနေ့  မမကုမ္ပဏီ ကစောစော ပြန်လာမယ်နော်..
မောင်ကြိုက်တဲ့  ကြာစံဟင်းခါးလေးကို မမကိုယ်တိုင် ချက်ကျွေးမယ်နော်..
အခုတော့ မမ ကုမ္ပဏီသွားတော့ မယ်နော်....
ဒီလို နဲ့  မမထွက်သွားပြီး ကျနော်က တော့  အဖေရဲ့  ပုဇွန်ကန်ငါးကန်ကို အကြောင်းပြုပြီး သွားတစ်ရက်မသွားတစ်ရက် သဘောပဲ လုပ်နေပါတယ်။
အခု တော့  လူသားချင်း နှမချင်း မစာမနာ လုပ်တတ်တဲ့  ဒေါ်ချယ်ရီ ကျနော့်အောက်မှာ ပြားပြားမောက်နေရပါပြီ။
ကျနော်နှမအတွက် လျှော်ကြေး အပြည့်အ၀ ပေးဖို့ တာ ပြင်ထားပါတော့ ဒေါ်ချယ်ရီ။

ဒဏ်ရာတခုရဲ့  လျှော်ကြေး အပိုင်း(၃)

ဒေါ်ချယ်ရီ တစ်ယောက်အိပ်ခန်းထဲက ကုတင်ပေါ်တွင် သူကို နှင်းဆီအနီရောင်တွေနဲ့ လိုက်နှောက်ယှက်နေတာ ဘယ်သူလဲဆိုတာကို စဉ်းစားနေချိန်မှာပဲ
သူမရဲ့  ဟန်ဖုန်းလေး မြည်လာပါတော့သည်။
..............ဟဲလို...ဟုတ်ကဲ့  ချယ်ရီပါ....ဘယ်သူပါလဲ ရှင်..
......မမလား...
..ရှင်...
ေေေ ဒေါ်ချယ်ရီ တစ်ယောက် ဖုန်းထဲ က မမလားဆိုတဲ့ စကားကိုကြားပြီး တစ်ချက်တွေဝေသွားတယ်။
...မင်းဘယ်သူလဲ...မင်း ငါ့ကို သိလို့ လား..
..မမ ကျနော်ကို မသိပေမယ့် ကျနော်မမ ကို သိခဲ့ တာကြာပြီ...
...နေပါအုံး ငါမကြိုက်တဲ့  နှင်းဆီပန်း အနီ တွေ နဲ့  လိုက်နှောက်ယှက်နေတာ မင်းလား..
..လိမ်တာကို မကြိုက်တဲ့  ကျနော်အတွက်တော့  မလိမ်ပါဘူးဆိုရင်ရော...
...အော်..ဒါဆိုမင်းပေါ့ ...ဘာသဘောနဲ့  ငါ့ ကိုလိုက်လုပ်နေတာလဲ..
...အခုလို တကူးတက အချိန်ကုန်ခံပြီး လိုက်လုပ်နေမှတော့ ..ဘာသဘောလဲ ဆို တာ ကျနော်ဘက်ကပြောပြစရာ မလိုဘူးထင်ပါတယ်..
...မမလဲ ..ကလေးမဟုတ်တော့ ပါဘူး...
....မင်း.. ရူးနေတာတော့  မဟုတ်ပါဘူး...နော်..
..ဟဟ..လူတစ်ချို့  ပြောတာတော့  အရူးစကားက မှန်တတ်တယ်..
..တော်ပြီ... မင်းကို ငါ စကား အများကြီး မပြောချင်ဘူး..မင်းဘာရည်ရွယ်ချက်နဲ့  ငါ့ ကို အခုလိုလုပ်နေတာလဲ ပြော..
..လူတစ်ယောက် ကို စိတ်မ၀င်စားပဲ နဲ့  တော့ ဘယ်သူက အချိန်ကုန်ခံ ပြီး လုပ်နေပမလဲ..
..ဒါဆို ..မင်းက ငါ့ ကို စိတ်ဝင်းစားတယ်လို့  ဆိုလိုတာပေါ့ ...
..ဒီနေရာကျတော့  လဲ မမကအရမ်းတော်သွားပြန်ပြီ...သိပ်မှန်တာပေါ့ ...
..မင်းက လူတစ်မျိုး ပါလား.. တစ်ချို့  ယောင်္ကျားတွေ ဆို ကိုယ်စိတ်ဝင်စားတဲ့ မိန်ကလေး ကြိုက်နှစ်သက်တာတွေ နဲ့ လမ်းခင်းကြတယ်..
..အခုတော့  မင်းက ငါ အမုန်းပါတယ် ဆိုတဲ့  အရာနဲ့ စပြီး လမ်းကြောင်းခင်းတယ်...အဲဒါဘာသဘောလဲ...

..ကျနော်က မမ ကို အမြဲတမ်း စိတ်တို စိတ်ဆိုးနေတာကို ပဲမြင်ချင်တာ..
..မင်းပြောတော့  ငါကို စိတ်ဝင်စားတယ် နောက်ပြီး စိတ်တို စိတ်ဆိုးနေတာကိုပဲ မြင်ချင်တယ်ဆိုတော့ ..မင်းစကားကိုလဲ မင်းပြန်စစ်ကြည့်အုံး..ငါ ကလေးမဟုတ်ဘူး..
..ကျနော်စကား က သိပ်အဓိပ္ပါယ်ရှိပါတယ်....မမကို စိတ်ဝင်စားတာ အဲလိုစိတ်တို စိတ်ဆိုးတာလေးကို စိတ်ဝင်စားတာ...
...ဘာဖြစ်လို့ ....
..မမက အဲလိုစိတ်တို စိတ်ဆိုး နေရင် အရမ်းလှတာ....
...အမယ်..မင်း နဲ့ ကျမှ ပဲ စိတ်တို စိတ်ဆိုးနေတဲ့ ပုံ က လှတယ်ရှိသေး...
...ဟုတ်တယ် ကျနော် ကတော့ ဖြစ်နိုင်ရင် မမကို တစ်သက်လုံး အဲ လို စိတ်တိုစိတ်ဆိုးနေတာကိုပဲ မြင်ချင်တာ..
...ဘုရားရေ... တော်ပြီ မင်းကို ပေးဖို့ အတွက် ငါမှာ အချိန်တွေ အဲလောက်အများကြီး မရှိဘူး ...ဒါတောင် လွန်နေပြီ စိတ်မ၀င်စားဘူး..ဒါပဲ..

ဒီလိုနဲ့ ပဲ ဒေါ်ချယ်ရီဘက်က ဖုန်းကို ပိတ်သွားပါတော့ တယ်။ ကျနော်လဲ စိတ်ထဲကနေ ခင်များ မာနလောက်က တော့  ရှိုင်းထက်ဆိုတဲ့ ကောင်က ရယ်တာပေါ့။
ဒေါ်ချယ်ရီ တစ်ယောက်လဲ ဒီလို အဖြစ်မျိုး သူ့ ဘ၀မှာ တစ်ခါမျှ မကြုံခဲ့ ဘူးတော့ ရင်ထဲ မှာတော့ တစ်မျိုးဖြစ်၍နေပါတော့ သည်။


ဒီနေ့ ကတော့  သူရုံးကအဆင်း ကားပေါ်မှာ နှင်းဆီပန်းစီးကိုတွေ့ လိုက်ရတော့  ။
ဒီကောင် တော်တော် တော့  လွန်နေပြီ.......
သူမ ရဲ့ စိတ်ထဲ မှာ စိတ်တိုလိုက်တိုင်း ပြန်ကြားယောင်မိတာက (မမက အဲလို စိတ်တို စိတ်ဆိုးနေရင် အရမ်းလှတာ..)
အခုတော့  နှင်းဆီပန်းစီးကို တွေတိုင်း မသိဖာသာ...ကားအောက်ကို ပစ်ထည့်ပြီး မောင်းမောင်းသွားလေရှိပါတယ်။
ဒီနေ့ တော့  ကျနော်နေတဲ့  ရွှေစံပယ်ရိပ်မွန်ရှေ့ က (ဗစ်တိုးရီးယား) ကုန်တိုက်ရှေ့ မှာ သူ့ ကားရပ်ထားတာကိုတွေ့ လိုက်တော့ ကျနော်လဲကားကို သူ့ ကားထွက်လို့ မရအောင်
ဘေးတည့်တည့် ကနေပိတ်ရပ်ပြီး အဆောက်ဦး တစ်နေရာကနေခိုးကြည့်နေပါတယ်။ကျနော်လဲ ကားကို ခဏရပ်တဲ့ ပုံစံဖြင့် အချက်ပြမီးလေးကို ပြထားလိုက်ပါတယ်။
ခဏကြာတော့  ဒေါ်ချယ်ရီဆင်းလာပြီး။
...ဒုက္ခပါပဲ ဒီကား ကလဲ ဘေးတည့်တည့် လာရပ်သွားတယ်.....(တောက်) ဆိုပြီး တက်တစ်ချက်ခေါက်ပြီး ဟိုကြည့် ဒီကြည့် ကြည့်နေပါတယ်။
သူမ ကားဘေးမှာ ခါးထောက်ပြီး စိတ်တိုနေပါတယ်။အဲဒီအချိန်မှာ သူ ဟန်းဖုန်းလေးကမြည်လာပါတယ်။
....အရေးထဲ ဒီဖုန်းက တစ်မျိုး..
..သူ့ ရဲ့ အလုပ်ကိစ္စ ထင်ပါရဲ့  ကားလေးကို မှီပြီး ဖုန်းပြောနေချိန်မှာပဲ ကျနော်လဲ သူမမြင်လောက်တဲ့ ဘက်ကလှည့်ပြီး ကားထဲကို အတင်းဝင်ကာ မောင်းထွက်ခဲ့ ရပါတော့ တယ်။
သူမ ဖုန်းပြောပြီးတော့  ကားဘက်ကို လှည့်ကြည့်လိုက်တော့  ကျနော်ကား က မ၇ှိတော့ ပါဘူး။
..ဟောတော်......) ဟိုကားတောင် ဘယ်အချိန်ထွက်သွားလဲ မသိလိုက်ဘူး..ရန်တွေ့ မို့ ရှိသေး..။

ကျနော် ညဘက်ရောက်တော့ ဖုန်းခေါ်လိုက်ပါတယ်။ သူလဲ ကျနော်မှန်း သိတော့  စကားသံက မာမာနဲ့ ။
.....ပြော....ဘာကိစ္စလဲ..
...ဟဟ... အဲလို စိတ်တိုနေတဲ့ လေသံလေးပဲ ကြားချင်တာ.....
...မင်းနော်...
..မမ အခုဆိုရင် နေ့ တိုင်းစိတ်တိုစရာတွေ နဲ့ ပဲ တွေ့ နေရတယ်နော်...
...အဲဒါ မင်း သက်သက် ငါ့ ကို လုပ်နေတာမဟုတ်လား...
...ကျနော် မမကို ပြောပြီးပြီပဲ မမ ကစိတ်တိုရင် လှပါတယ်ဆို..
..တော် အဲ့  စကားမကြားချင်ဘူး..
..ညနေက (ဗစ်တိုးရီးယား)ကုန်တိုက်ရှေ့ မှာ ငါ့ ကားကို ပိတ်ရပ်ထားတဲ့ ကား မင်ကာဲး မဟုတ်လား..
...မလိမ်တတ်တဲ့  ကျနော်အတွက်တော့  မ ထင်တာ မှန်မယ်ထင်ပါတယ်...
...အမယ်လေး....ဘယ်အချိန်များ ကားပေါ်ကို ခိုးတက်ပြီး မောင်းထွက်သွားလဲ မသိဘူး..ဒီမှာရန်တွေ့ ဖို့ စောင့်နေတာ..
..ကျနော်က ခိုးတက်ပြီးမောင်းထွက်သွားတယ်ထင်ရင်တော့  မမ မှားနေပါတယ်...မမ လိုလို မမ မမြင်ရတာမဟုတ်လား..
..မင်းအရှောင်းအတိန်း ကောင်းတုံးတော့ ရှောင်ထားပေါ့ ..
..ကျနော်မရှောင်ပါဘူး မမကို တွေ့ ချင်နေတာပါ....
..မင်းက တွေချင်လဲ ငါကမတွေ့ ချင်ဘူး..
..မတွေ့ ချင်ဘူး ဆို တာ ရင်ထဲ က စကားသေချာလို့ လား...
..တော်ပြီ ...အရည်မရအဖတ်မရ စကားတွေ မပြောချင်ဘူး..ဒါပဲ..
ဒေါ်ချယ်ရီဖုန်းပိတ်သွားပါတော့ သည်။
ဒေါ်ချယ်ရီ တစ်ယောက်ဖုန်းကို ပိတ်ပြီး။ သူမစဉ်စားနေပါတော့ သည်။
(...ငါ သူကို စိတ်ဝင်စားနေပြီလား...အခု ငါမုန်းပါ တယ်ဆိုတဲ့  နှင်းဆီပန်းတွေ ကို ငါဘာကြောင့် မျှော်နေမိပါလိမ့်...မဟုတ်သေးပါဘူး..ငါသူ့ ကို လူလဲ မမြင်ဖူးဘူး..နံမည်တောင်ဘယ်သူလဲ ဆိုတာမသိသေးဘူး..)
(လုံးဝ အဓိပ္ပါယ်မရှိဘူး ..နောက်တစ်ခါတော့  သူနံမည်ကို မေးကို မေးမှဖြစ်မယ်...)

သူအဲလို ကျနော်ကို မျှော်လင့် တဲ့ အချိန်မှာပဲ ကျနော် နှင်းဆီလဲ မပို့ တော့ ပါ ဖုန်းလဲ မဆက်တော့ ပါ။

ဒေါ်ချယ်ရီ တွေးနေပါတော့ သည်။
......အခုတလော နှင်းဆီပန်းလဲ မလာ ဖုန်းလဲ မလာ သူတစ်ခုခုများဖြစ်နေပြီလား...
....အခုဆို တစ်ပါတ်တောင် ရှိနေပြီ...
..ငါ သူဖုန်းကို ခေါ်လိုက်ရင်ကောင်းမလား..
..မဟုတ်သေးပါ ဘူး..ငါ့ ဘက်ကတော့ သိက္ခာအကျ မခံနိုင်ပါဘူး...
..သူနံမည်ကို မေးချင်ပါတယ်ဆို မှ...
ဒေါ်ချယ်ရီတစ်ယောက် အိပ်ယာပေါ်မှာ ဖုန်းကလေးကို ကြည့်ကာကြည့်ကာ ဖြင့် နေမရထိုင်မရဖြစ်နေပါတော့ သည်။


ဒီနေ့ တော့  ဒေါ်ချယ်ရီ ရဲ့  ခြံရှေ့  စာတိုက်ပုံးလေးထဲ မှာ စာတစ်စောင်ရောက်ရှိလာပါသည်။
အိမ်ပေါ် မိထွေးမှ ယူလာပြီး ဒီမှာ မမ စာ.....
...အေး....ယူခဲ့ ....
ကျနော် တိုက်ကွက်ပြောင်းလိုက်ခြင်းဖြစ်ပါသည်။
စာအိတ် ရဲ့ ခေါင်းစဉ်က။
မမ အတွက် ရှိုင်းထက်..

မမ ကျနော် နေမကောင်း ဖြစ်နေပါတယ် ကျနော်နှင်းဆီပန်းတွေလဲ မပို့ တော့ ပါဘူး
ဖုန်းလဲ မဆက်တော့ ပါ ဘူး. ကျနော် မမ ကို ဘယ်လောက်ပဲ ကြိုးစား ကြိုးစား
ကျနော်မရလောက်ဘူး ဆိုတာ သိလိုက်လို့  ကျနော် စိတ်လျှော့ လိုက်ပါပြီ
မမ ကို ကျနော် နှောက်ယှက်ခဲ့ တာတွေ ခွင့်လွတ်ပေးပါ ။
ပြီးခဲ့ တဲ့ ပါတ်က မမကို ဆီကို နှင်းဆီပန်း လာထားရင်း ကျနော်ကား ဘီးပေါက်သွားတယ်
အဲဒီနေ့ က မိုးတွေ လဲ အရမ်းရွာနေတယ် အခု အဲဒီ မိုးတွေ မိပြီး ကျနော် ဖျားနေတာ
တစ်ပါတ်ကျော်ပါပြီ ဖျားနေရင်း ကျနော်ကိုယ် ကို ၀မ်းနည်းပြီး စိတ်လျှော့ လိုက်ပါတော့ သည်။
မမရဲ့ ......ကျနော် ရှိုင်းထက်
******************************************************************************************************************

Friday, April 25, 2014

(ဒဏ်ရာ တစ်ခုရဲ့  လျှော်ကြေး) အပိုင်း(၂)

ကျနော်ရဲ့  ညီမလေး အဆိပ်သောက်ပြီးသေခဲ့  တာ ရိုးရိုးသားသားတော့ မဖြစ်နိုင်ဘူးဆိုတာ ကျနော် ကြိုသိနေတယ်။
အခု တော့  အဖေလဲ ရွာကို ရောက်လာပါပြီ။ မိထွေးတော့ ပါမလာပါဘူး။

အဖေရောက်ရောက်ခြင်းပဲ ညီမလေးရဲ့  ဘေးအနားမှာ ထိုင်ပြီး စကားသံ သဲ့ သဲ့ လေးနဲ့ ငိုနေပါတော့ တယ်။

....မိုက်လိုက်လေ သမီး ရယ်...ကိုယ့် ဘ၀ကို အဆုံးစီရင် ရတဲ့ အထိပဲလား....

အမေကလဲ သဲ့ သဲ့ လေးနဲ့ ငိုနေပါတယ်။ ....သမီးရယ် .....ကို့ ကိုယ် ကို သတ်သေတယ်ဆို တာ အဖန်ငါးရာ ငါးကမ္ဘာ ဆိုတာ မသိဘူးလား.....

ကျနော်ကတော့  မရတော့  ပါ ကျနော့  ရင် တစ်ခုလုံးမီးဟုန်းဟုန်း တောက်ပါပြီ။ ကျနော် အခန်းနံရံတွေ ကို လက်သီး ဖြင့်ထိုးရင်း အော်၍ ငိုနေရပါတော့ သည်။


...ညီမလေး...ညီမလေး...

(တောက်) ...ဒါ အကြောင်း တစ်ခုခု တော့ ရှိကို ရှိရမယ်..................

ကျနော်လဲ ညီမလေး ဘာကြောင့် သေရတယ် ဆို တာ သိချင် စိတ်ပြင်းထန်စွာဖြင့် ညီမလေးရဲ့  ခရီးဆောင် အိတ်ကို ဖွင့်ပြီး အချက်လက် ရှာကြည့် တော့  ညီမလေးရေးထားတဲ့ စာအုပ်ကလေး တစ်အုပ်ကို
တွေ့ လိုက်ရပါတော့ သည်။



သို့ ....
အကို ... နုဝေ အကိုတို့  အိမ်ကို ရောက်လာခဲ့ ပါတယ်။
အဲဒီအချိန်မှာပဲ အကို စင်္ကာပူ ထွက်သွားပြီ ဆိုတာသိလိုက်ရပါတယ်။
အကို့  ရဲ့ မမ ဒေါ်ချယ်ရီလွင် နဲ့  တွေ့ ခဲ့ ရပါတယ်။
နုဝေ မှာ အကိုနဲ့ ရတဲ့  ကိုယ်ဝန် နှစ်လ ရှိပြီဆိုတာကို ပြောပြဖို့  စိတ်ကူးခဲ့ ပေမယ့်။

နုဝေ ပြောမပြခင်မှာပဲ အကိုရဲ့  မမ ကြိုသိနေခဲ့ ပါတယ်။
အကို့ ရဲ့  မမ လူမဆန်ပဲ နုဝေ ကို ပြောရက်လိုက်တာ....
(မင်းဘာပြောချင် လို့ လာတယ်ဆိုတာ မမ သိပြီးသား )

(မင်းဗိုက်ထဲမှာ ရှိနေတဲ့ ကိစ္စ ကို မမ ဘယ်လောက်ပဲ ပိုက်ဆံကုန်ကုန်)
(မမတာဝန် ယူတယ် မင်းတို့  အရွယ်က ပညာသင်ရမယ့် အရွယ်)
(အကို ရဲ့  မမ ဒေါ်ချယ်ရီလွင် ပြောရက်လိုက်တာ။)
အရမ်းရက်ဆက်တာပဲ.။
အကို့  ကို ရမ်းချစ်တဲ့  နုဝေ......

ကျနော် ဒီစာကို ဖတ်ပြီး ပြီး ခြင်းမှာပဲ အဖေ ကို အော်ပြောလိုက်ပါတယ်။

.....အဖေ.....ဒီမှာကြည့် ညီမလေးသေသွားတာ တစ်ယောက်ထဲ မဟုတ်ဘူး....
ကျနော်လဲ ငိုသံပါကြီးနဲ့  အော်ပြောလိုက်တဲ့  အချိန်မှာပဲ အဖေနဲ့  အမေ ကျနော် ဘက်ကို လှည့် လာပြီး အံ့ သြသွားသောဟန်ဖြင့်။

....(ဘာ).... သား ဘယ်လိုပြောလိုက်တယ်.....

...ဟုတ်တယ် အဖေ ညီမလေး ရဲ့  ဗိုက်ထဲ မှာ ကိုယ်ဝန်ရှိနေတယ်..

ကျနော် အခုလို ပြောလိုက်တဲ့  အချိန်မှာ ပဲ အမေဆို အရမ်း အံ့ သြ ပြီး ။
....အမယ်လေး......ဘုရား..... သမီးလေးမှာ ကိုယ်ဝန်ရှိနေတယ်.....
...ဒီမှာ ကို မျိုးသန့်  အဲ ဒါ ရှင့် ရဲ့  အသုံးမကျ မူတွေကြောင့်  ဆို တာ ရှင်နားမလည်ဘူးလား...
...ကိုယ့် သားသမီးကို ပြည့်ပြည့် စုံစုံ ထားနိုင်တယ် ဆို ပြီး အလိုလိုက် လွှတ်ထားလိုက်တော့  ...အခုတွေ့  ပြီမဟုတ်လား..
အမေ လဲ ငို ရင်းကနေ အဖေကိုပြောပြီး ငိုနေပါတော့ တယ်။

ကျနော်တို့ မှာ ရင်ကွဲ မတတ် ခံစားလိုက်ရပါတော့ တယ်။ အဲဒီ အချိန်က စပြီးတော့  ကျနော် ရင် ထဲ မှာ (ဒဏ်ရာ ) ဆိုတာရခဲ့ လို့  အဲဒီဒဏ်ရာ တစ်ခုရဲ့  လျှော်ကြေး ကို
ဒေါ်ချယ်ရီလွင် ဆီကို သွားတောင်းရတော့  မယ်။ နှမချင်း ကိုယ်ချင်းမစာမနာ ပြောရက်လိုက်တာ ဒေါ်ချယ်ရီလွင် ကျနော် ညီမသေရတာ ခင်များ ကြောင့် ။
ခင်များ ကို ကျနော် မတွေ့  တွေ့ အောင် ရှာမယ် ။ကျနော် ညီမ ခံစားခဲ့ ရသလို ခင်များ လဲ တစ်နေ့ ခံစားရမယ်မှတ်။ ညီမလေးရဲ့  အကြွေးကို ကျနော် ပြန်ရအောင်ယူကို ယူရတော့ မယ်။

ဒီလိုနဲ့ ပဲ ညီမလေးရဲ့  အလောင်း ကို ရွာမှာပဲ အုတ်ဂူ လေးတည်ပြီး ရက်လည်ဆွမ်းတွေ ကပ်ပြီး အဖေလဲ ရန်ကုန်ပြန်သွားပါတော့ တယ်။



နောက်တစ်ပါတ်လောက်အကြာမှာတော့ ကျနော်လဲ ရန်ကုန် ကိုတက်လာပြီး မာနကြီးလှပါတယ်ဆို တဲ့  ဒေါ်ချယ်ရီလွင် ကို ရှာပုံတော်ဖွင့်ပြီး လျှော်ကြေး တစ်ခု ရဖို့ အတွက် တိုက်စစ် စရပါတော့ မယ်။


ကျနော် အဖေ အိမ်ကို အရင်သွားပါတယ်။ အဖေနဲ့ တွေ ပြီး ကျနော် လိုအပ်တာတွေ အဖေဘက်က ထုတ်ပေးဖို့ လုပ်ပေးဖို့ တောင်းဆိုတော့ အဖေကလဲ။

....ငါ့ သမီး ကို ဒီလို ဖြစ်အောင် လုပ်တဲ့  မိန်းမ ကို လက်စား ချေဖို့ ကတော့ ...
...သား လို ချင်တာပြော အဖေ အားလုံး လုပ်ပေးမယ်....

အဖေလဲ တော် တော်လေး စိတ်ထဲ မှာ ခံစားနေရတဲ့ ပုံပါပဲ။

....ဟုတ်ကဲ့  ..အဖေ သားလို ချင်တာ ကားတစ်စီး ဟန်းဖုန်း တစ်လုံး တိုက်ခန်း ကောင်းကောင်း တစ်ခန်း ငှားပေးပါ ......နောက် ငွေကို လိုအပ်လို ကျနော်လာတောင်းမယ်...အဖေ....

ကျနော်လဲ အဲ ဒီလို ပြောလိုက်တော့  အဖေဘက်က ၀kသား အားလုံးဖြစ်စေရမယ်။
.....ကားကိုတော့  သား ညီမစီးတဲ့ ကား ကို ယူလိုက် ပြန်ရောင်းပြီး သားကြိုက်တဲ့ ကားကို ၀ယ်...
..ငွေလိုအပ်ရင် အဖေကို ပြော...သား..

ဟုတ်ကဲ့ အဖေ....

ဒီလို နဲ့  အဖေ ကျနော်လိုတာတွေ အားလုံးကို လုပ်ပေးခဲ့ ပါတယ်။ တိုက်ခန်းကတော့  ကမာရွတ် ဘုရင့်နောင် လမ်းမဘေးက ရွှေစံပယ် ရိပ်မွန် ထဲမှာ ငှားပေးခဲ့ ပါတယ်။

ဟံသာဝတီ ကားပွဲစား တန်းကို သွားပြီး ကျနော် ညီမလေး ကားကို ပြန်ရောင်းဖို့  ပွဲစား မြတ်ကျော် နဲ့  အပ်ခဲ့ ပါတယ် နောက်ပြန်ဝယ်ဖိုကို့လဲ မြတ်ကျော်က ပဲ ကျနော်ကို
အစစအရာရာ ကူညီပေးခဲ့ ပါတယ်။
နောက်ကားဝယ်ပြီးလို့  ငွေချေဖို့ နေ့  မှာ တော့  ကျနော်နဲ့ မြတ်ကျော် ပွဲစားတန်းက လ္ဘက်ရည် ဆိုင်မှာထိုင်နေတဲ့ အချိန်မှာပဲ ကျနော်တို့  ထိုင်နေတဲ့  ဆိုင်ရဲ့  ရှေ့ ကို ကား အဖြူ ရောင် (မတ်တူး) ကားလေးတစ်စီးလာရပ်ပြီး ကားထဲ က နေကာမျက်မှန်နဲ့  ခန့်ခန့် နားနား အမျိုးသမီး တစ်ယောက် ထွက်လာတဲ့ အချိန်မှာတော့  မြတ်ကျော်
အော်ခေါ်လိုက်တဲ့ အသံကို ကျနော်ကြားလိုက်ရတဲ့ အချိန်မှာပဲ ကျနော်စိတ်တွေ ကို လက်နက် တစ်ခုကို မောင်းတင်သလို ဖြစ်လိုက်ရပါတယ်။


...အော် ....ဒေါ်ချယ်ရီလွင် ပါလား လား....

မြတ်ကျော် ဆိုင်ထဲကနေ ထွက်သွား ပြီး ဒေါ်ချယ်ရီလွင်နဲ့  ကားဘေးမှာပဲ နှစ်ယောက် စကားရပ်ပြောနေကျပါတယ်။

...............................အော်...........ဒေါ်ချယ်ရီလွင် ဆိုတာ ခင်များကို......
...............................အခု တော့  တကူးတက တောင် ကျနော် ရှာစရာမလိုတော့ ဘူး...
...............................ခင်များ ကျနော် နဲ့  ဒီနေရာမှာ လာတွေ့ ရတာ ခင်များအတွက် ကံဆိုးသလို ...
...............................ကျနော် အတွက်တော့  ကံကောင်းခြင်းပါပဲ......
...............................ကျားနဲ့  ဆင် လယ်ပြင်မှာ တွေကြပြီပေါ့  မဟုတ်ပဲ...
................................ကျားနဲ့ သမင် လယ်ပြင်မှာတွေ့ ကြပြီပေါ့ .......
ကျနော် စိတ်ထဲ ကနေ ရေရွတ် နေလိုက်ပါသည်.။
ခဏကြာတော့  ဒေါ်ချယ်ရီလွင် ရဲ့ ကားလဲ ထွက်သွား မြတ်ကျော်လဲ ဆိုင်ထဲ သို ပြန်ဝင်လာပြီး။
....စောရီး ဗျာ ကို ရှိုင်းထက်......
ကျနော်လဲ မသိချင်ယောင်ဆောင်ပြီး မြတ်ကျော်စီက ဒေါ်ချယ်ရီလွင် ရဲ့  အစအဏ ကို ရှာပါတော့ သည်။
.....မြတ်ကျော် သူက ဘယ်သူလဲ ကွ.....

....အော်...သူက ဒေါ်ချယ်ရီလွင် ကုမ္မဏီပိုင်ရှင် သူဋ္ဌေး ပေါ့  ....သူ့  ကုမ္မဏီ အတွက် ကားလိုလို့  ငါ့ ကို ရှာခိုင်းထားတာ...
...ရပြီလား.. လမ်းကြုံလို ၀င်မေးတာပါ...

...ဒါနဲ့  ကို ရှိုင်းထက် က သူကို သိလို့ လား.....

....အော် မသိပါဘူး..စကားမစပ် မေးကြည့်တာပါ ....ဒါနဲ့ 
...ဖြစ်နိုင်ရင် သူဖုန်းနံပါတ် ကျနော်ကို ပေးပါလား...

အဲဒီအချိန်မှာ မြတ်ကျော် က တမျိုးမြင်ပြီး။

....ဘာလဲ ကိုရှိုင်းထက် ခင်များ မြင်မြင်ခြင်း ဟတ်ထိသွားတယ်ထင်တယ်....သူက မာန ကြီးတယ်နော်..
ကျနော်လဲ ကျနော့် ရဲ့  ကိုယ်ရေး ကိစ္စ တွေ မြတ်ကျော် သိမှာဆိုးသဖြင့်။

...မဟုတ်ရပါ ဘူးဗျာ... သူကားလိုချင်တယ်ဆို ကျနော်သူငယ်ချင်း တစ်ယောက်ရောင်းဖို့ ရှိတာ ဆက်သွယ်ပေးမို့ ပါ ။
ကျနော်လဲ ပါးစပ်ထဲ တွေ ရာလျှောက်ပြောလိုက်ရပါတယ်။

...ကဲ ဒါဆို လဲ ကောင်းသား လုပ်ဗျာ...ကျနော်လဲ ပွဲခ အမြန်ရတာပေါ့ ....ကိုရှိုင်းထက်.....


အဲဒီက စ၍ ဒေါ်ချယ်ရီလွင် ရဲ့  အကြောင်းအစုံကို တစ်ရက် တစ်ရက် နဲ့  မြတ်ကျော် စီက နိုက်ယူလာခဲ့ တာ အခု ဆို တော်တော် လေးပြည့်စုံ သလောက် ဖြစ်နေပါပြီ။
ဖုန်းနံပါတ် လဲ ရလိုက်ပါသည်။ သူမရဲ ည့ ကုမ္မဏီ သူမရဲ့  အိမ်တွေ သူမ သွားတတ် လာတတ် တဲ့ နေရာတွေက အစ အခု တော့  ကျနော် တိုက်စစ်စဉ်လိုက်ပါပြီ။

အခု တော့  ဒေါ်ချယ်ရီလွင် ရဲ့ နောက် ကို အရိပ်တစ်ခုလိုလိုက်နေပါပြီ။ မထမဆုံး တိုက်စစ်က နှင်းဆီအနီရောင်ကို မုန်းတဲ့ ဒေါ်ချယ်ရီကို နှင်းဆီ အနီနဲ့ ပဲ စတိုက်ခဲ့ ပါတယ်။

ဒီနေ့ က လမ်းမတော် အနော်ရထာလမ်း မော်တင်က ရွှေပုဇွန် ဆိုင်ရှေ့  မှာ ဒေါ်ချယ်ရီ ရဲ့ ကား ရပ်ထားတာ တွေ့  တာနဲ့  အရဲဆုံး ဆိုတဲ့  နှင်းဆီ တစ်စီး ကို
ဒေါ်ချယ်ရီ ရဲ့  ကား တခါးဖွင့် မယ့် အပေါ် တည့်တည့် ကို တင်ထားပေးပြီး သူမ မမြင်နိုင်လောက်တဲ့ နေရာကနေ ကျနော် ကြည့်နေခဲ့ ပါတယ်။
ဒေါ်ချယ်ရီ ကားဆီ ကို အလာ သူ့  ကားရဲ့ အပေါ်မှာ သူမုန်းပါတယ် ဆို တဲ့  နှင်းဆီအနီ တစ်စီးကို တွေ့ လိုက်ရတော့  စိတ်တွေ အရမ်းတိုပြီး။

(တောက်) ...........ဒါဘယ်သူလာတင်သွားပါလိမ့်...
..ဘယ်သေနာ လက်စော့  သွားတာလဲမသိဘူး....
ဆိုပြီး စိတ်တိုသောဟန်ဖြင့် နှင်းဆီ အစီးကို ကားဘီး အောက်တည့်တည့် ပစ်ထည့် ပြီး နင်း၍ မောင်းထွက်သွားပါတော့ သည်။
အိမ်ကို လဲ ရောက် ခြံတံခါး ကို ကြည့် လိုက်တော့ လဲ နှင်းဆီအနီ တစ်စီးက တံခါးကြားမှာ ထိုထားတာတွေ့ တော့ စိတ်တွေ အရမ်းတို ပြီး။
...ဒါတော့  သွေးရိုး သားရိုး မဖြစ်နိုင်ဘူး ..ငါ့ ကို သက်သက် လိုက်နှောက်ယှက်နေတာပဲဖြစ်ရမယ်....
.....ဟဲ့  မိထွေး ရေ ........မိထွေး....
အိမ်ပေါ်မလေးကို အော်ခေါ်လိုက်သည်။
....လာပါပြီ မမ.....
....အဲဒီ နှင်းဆီ အစီးကို မှိုက်ပုံးထဲ ပစ်လိုက်...
...ဟုတ်ကဲ့ ..မမ

ညဘက် ကိုးနာရီလောက်မှာတော့ ဒေါ်ချယ်ရီဆီကို ကျနော် ဖုန်းစ၍ ခေါ်လိုက်ပါပြီ။
............................................................................................................................ဟဲလို............?
*************************************************************************************************
ဒဏ်ရာ တစ်ခုရဲ့  လျှော်ကြေး




(ဘ၀) ဆိုတာကို လူတွေ အမျိုးမျိုး ပုံဖော်ရေးဖွဲ့ နေကြပေမယ့် ကျနော် ဘ၀ကတော့ ဘာကို ဘယ်လိုရေးပြီးဘယ်လိုဖွဲ့ ရမှန်းမသိလောက်အောင်ပါပဲ။
ဘ၀ ဟာ ၀ိုင်တစ်ခွက်မဟုတ်တာတော့ သေချာတယ် တမာမြေမှာ မွေးခဲ့ တဲ့  ကျနော် ဘ၀ဟာ တမာလိုများ ခါးသွားခဲ့ တာလား။
လူဘ၀ကြီးမှာ ပြည့်စုံမူ တစ်ချို့ တစ်ဝက်နဲ့ အဆင်ပြေခဲ့  ပေမယ့် မိဘတွေရဲ့  သဘောထားမတိုက်ဆိုင် မူလေးတစ်ခုနဲ့  ကျနော်ရဲ့  မိသားစု ဘ၀လေးပျောက်ကွယ်ခဲ့ ရတယ်။
နယ်မြို့ ကလေးက ရွာလေးတစ်ရွာရဲ့ ဘေးမှာ ရေလှောင်တမန် တစ်ခုအတွက် ထက်က တာဝန်ကျလာတဲ့  အင်ဂျင်နီယာ လူငယ်လေးတစ်ယောက် မျိုးသန့်
ရွာက ဘွဲ့ ရပြီးခါစ မိန်ကလေးလေး တင်နွဲ့  နယ်ခံစာရေးမလေးအဖြစ်နဲ့  ရုံးအလုပ်ကလေးဝင်လုပ်ရင်း အင်ဂျင်နီယာပေါက်ကလေး မျိုးသန့် နဲ့ တွေ့ ခဲ့ ကြတယ်။
သူတို့  နှစ်ယောက် မေတ္တာမျှ ချစ်ကျွမ်းဝင်ခဲ့ တဲ့  တစ်နှစ်တာခရီးကုန်ဆုံးသွားချိန်မှာတော့  အကြင်လင်မယား ဘ၀သို့  ရောက်ရှိခဲ့ ပါတယ်။
ကောင်းလေး က ရန်ကုန်သား တောသူနဲ့ ကြိုက်ခဲ့ တဲ့ အတွက် ပိုက်ဆံရှိ အသိုင်းဝိုင်းဖြစ်တဲ့ ကောင်းလေးဘက်က မိဘတွေကသဘောမတူလို့  ဖျက်ခဲ့ ပေမယ့်
ရဲ ရင့် ပြတ်သားစွာ နဲ့ တောသူ လေးကို လက်ထပ်ခဲ့ တယ်။
ပထမဆုံး တစ်ဦး သားလေးတစ်ယောက်မွေးပြီး တောရွာလေးမှာ ပဲ ဘ၀ကို စခဲ့ တယ် နောက်ထပ် သမီးမိန်းကလေး တစ်ယောက်ကို လဲ မွေးခဲ့ တယ်။
အဲဒီအချိန်က သူတို့ ရဲ့  မိသားစု ဘ၀လေး ဟာ အရမ်းပျော်စရာကောင်းခဲ့ ကြတယ်။
သားလေး ရဲ့ နံမည် ကို ရှိုင်းထက် သမီးလေးရဲ့ နံ့မည်ကတော့  နုဝေ ဒီလိုနဲ့  ရှိုင်းထက် ခုနှစ် နှစ် နုဝေလေး ငါးနှစ်အရွယ်လောက်မှာ အိမ်ထောင်ရေး စကွဲခဲ့ ရတာက ဒီလိုလေးပါ။
မိန်းမရေ.... ကလေးတွေ လဲ ကြီးလာပြီ ဒီတော့  ဒို့  မိသားစု ရန်ကုန်ကို ပြောင်းကြရင်ကောင်းမယ်....
ကိုမျိုး ..ရှင် ပြောင်းချင် ပြောင်း ကျမ ကတော့  ရန်ကုန်ကို တော့ ဒီတစ်သက် ဘယ်တော့ မှ လိုက်မနေဘူး..
အဲဒီ စကားလေးနှစ်ခွန်းအစ တောအလုပ် တောကိုင် မလုပ်တတ်တဲ့  ကိုမျိုးအတွက်တော့  တောရွာကို သူဘ၀ကို မရပ်တည်တတ်ဘူးလေ။
တစ်ဖြည်းဖြည်း စီးပွားရေးအဆင်မပြေလာတာနဲ အမျှ အိမ်ထောင်ရေး မန်တိုင်ကလဲ မပြေလည်မူ တွေ ပိုများလာတယ်။ ဒီလိုနဲ့ မြို့ ကိုပြန်ချင်နေတဲ့ ကိုမျိုးက သမီးလေးကိုခေါ်ပြီး
ထွက်သွားခဲ့ တယ်။တောသူ လေးမှာ တော့  သားလေးတစ်ယာက်နဲ့ ရွာမှာပဲ ကျန်ခဲ့ ရတယ်။
နှစ်တွေကြာလာတာနဲ့ အမျှ ကိုမျိုး လဲ မြို့ မှာ နောက်အိမ်ထောင်ပြုလိုက်ပါတယ်။ လူကြီး တွေ အဆင်မပြေမူ တစ်ခု နဲ့  ကြားထဲ က ကလေးတွေဖြစ်တဲ့  ရှိုင်းထက် နဲ့  နုဝေ လေးတို့ 
မောင်နှမ လဲ ကွဲ ခဲ့ ကြရတယ်။
အခုတော့  ဦးမျိုးသန့် ဆိုတာ နုဝေ ရဲ့အဖေဖြစ်သလို ကျနော် ရှိုင်းထက်ရဲ့  အဖေလဲ ဟုတ်ပါတယ် ဒေါ်တင်နွဲ့  ဆိုတာလဲ ကျနော်အမေဖြစ်သလို ကျွန်တော်ညီမလေးနုဝေ ရဲ့ 
အမေလဲ ဟုတ်ပါတယ်။ ကျနော် အတန်းပညာ ဆုံးခန်းတိုင်အောင် မသင်ခဲ့ ရပေမယ့် ကျနော်ညီမလေး နုဝေ ကတော့  အခုရန်ကုန်မှာ ဒုတိယနှစ်ကို တက်နေပါပြီ။
အဖေနဲ့ အမေ သဘောထား မတိုက်ဆိုင်လို့ ကွဲခဲ့ ကြပေမယ့် ကျနော်နဲ့  ညီမလေးက တော့ နှစ်တိုင်းလိုလို တွေ့ ဖြစ်ခဲ့ ပါတယ်။
အမေ ရင်းတစ်ယောက်လို ကျနော်ညီမလေးကို စောင့်လျှောက် ပေးခဲ့ တဲ့ မိထွေး ဖြစ်သူကလဲ သဘောကောင်းပါတယ်။ ကျနော် ညီမလေးကို တွေ့ ချင်လို့  ရန်ကုန်လာတိုင်း အဖေက လဲ ရန်ကုန်မှာ
လာနေဖို့ အမြဲတမ်းခေါ် ပါတယ်။ ဒါပေမယ့် အမေမှာ အားကိုးစရာဆို လို ယ္ခုအချိန်မှာ ကျနော်ပဲရှိတယ်လေ။ အမေ့ ဘ၀ဟာ ကျနော်ဘ၀ပဲ အဖေကလဲ အမေရှိတဲ့ ရွာလေးကို မလာတော့ပေမယ့်
ကျနော် တို သားအမိကို ပြန်ကြည့်ပါတယ် ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်စိတ်ထဲမှာတော့ အဖေဟာအဖေပဲ ။ ကျနော်ညီမလေးက လဲ နွေရာသီ ကျောင်းပိတ်ရက်ရောက်တိုင်း
အမေ နဲ့ ကျနော်ရှိ တဲ့ ရွာလေးကို နှစ်တိုင်းလာပါတယ်။ အဖေနဲ့ အမေ အဆင်မပြေခဲ့  ကြပေမယ့် ကျနော်တို့ မောင်နှမ နှစ်ယောက်ကတော့  အ၇မ်းချစ်ကြပါတယ်။
အဖေက ပုဇွန်ကန် စီးပွားရေး နဲ့ အောင်မြင်နေတော့  ညီမလေးဆိုရင် ကျောင်းတက်ရင် ကိုယ်ပိုင်ကားနဲ့  ဟန်းဖုန်းနဲ့ ပေါ့ ။ ကျနော်ကို တော့  တောမြို့ လေးမှာ စီးပွားရေးလုပ်ဖို့ ဆိုပြီး
ဟိုင်းလတ် ကားလေး တစ်စီးဝယ်ပေးပါတယ်။ ဒါလဲ အဖေရဲ့ ကျေးဇူးပါပဲ အခုဆို ကျတော်တို့  သားအမိလဲ ဒီကားလေးနဲ အဆင်ပြေနေပါပြီ။
********************************************
....အကို ..အကို ကို နုဝေ အရမ်းချစ်တယ် သိလား......
...အကို လဲ နုဝေ ကို ချစ်ပါတယ်...ကွာ..
..အကိုနဲ့ .. နုဝေနဲ့  ကျောင်းပြီးရင် လက်ထပ်ကြမယ်နော်..အကို...
..အကို နဲ့  နုဝေ နဲ့ ကြိုက်တာကို မမက သဘောမတူဘူးလို့  ပြောနေတယ်..အဲဒါအကို စိတ်ညစ်တယ် နုဝေ ရယ်...
...အကို နုဝေနဲ့  မမကို တွေ့ ပေးမယ်နော်.....
...ဟင့်အင်... အကို့ ရဲ့  မမ ကို နုဝေကြောက်တယ်... အကို မမ က အရမ်းမာနကြီးတယ်ဆို..
အခုပြောနေတာကတော့  ကျောင်းဝန်းထဲ က ထိုင်ခုံ လေးပေါ်မှာ နုဝေနဲ့ နုဝေရဲ့ ချစ်သူ အာကာ တို့  နှစ်ယောက် စကားပြောနေခြင်းဖြစ်ပါတယ်။
အာကာ တို့ က လဲ ပိုက်ဆံရှိ အသိုင်းဝိုင်းပါပဲ ရန်ကုန် ကျောက်မြောင်းမှာနေပါတယ် အာကာတို့ မှာ မောင်နှမနှစ်ယောက်ပဲ ရှိတယ်။
သူ့ ရဲ့ အမက သူမိဘတွေ ထားခဲ့ တဲ့ ကုမ္ပဏီကို ဦးဆောင်ပြီး လုပ်နေပါတယ် အာကာ ကတော့  အခုမှကျောင်းသားပါ။
သူအမ ရဲ့ နံမည်က ဒေါ်ချယ်ရီလွင် အသက်က နှစ်ဆယ့် ခြောက် နှစ်ဆယ်ခုနှစ် ၀န်းကျင် သူမ က ပိုက်ဆံလဲ ရှိ ဂုဏ်လဲရှိ ရုပ်ကလဲ ချောဆိုတော့  မာနကလဲ အရမ်းကြီးတယ်လေ။
သူမောင်လေး အာကာ ကိုဆို ရင် ဘယ်မိန်းကလေးနဲ့ မှ တူတယ်တန်တယ်လိုကို မမြင်တာ။ အခုတော့  သူမောင်လေးနဲ့ ကြိုက်နေတာက နုဝေ.....။
အခုတော့  နုဝေရဲ့  ဘ၀လေး ဟာ လူငယ်တွေ သဘာဝ စိတ်ကို အလိုလိုက်မိလို့ ပွင့်သစ်စ ပန်းလေးရနံ ပျယ်ခဲ့ ရပြီ...။
နုဝေ တစ်ယောက် လက်ထဲက ဟန်းဖုန်းလေးဖြင့် အာကာရဲ့  ဖုန်းလေးကို ခေါ်လိုက်သည်။
......ဟဲလို .....အကို .....အကို့ ကို နုဝေပြောစရာရှိတယ်......အကို ဖြစ်နိုင်ရင် ကန်ဘောင်ကို လာခဲ့ နော်..
......နုဝေ ကလဲ အကို လာလို့ မရဘူး...ဒီနေ့  မမ က အကို့ ကို အပြင်မထွက်ရဘူးတဲ့ ...ဘာပြောစရာရှိလဲ ဖုန်းထဲ မှာပဲ ပြောလေ..
....ဒါဆိုလဲ ..ဖုန်းထဲမှာ ပဲ ပြောမယ်...
...နုဝေ မှာ ကိုယ်ဝန်ရှိနေပြီ ...
....ဘာ.....
အာကာဘက်မှ အသံကျယ်ကြီးထွက်လာပြီး ဆက်၍ပြောလာတဲ့ စကားက။
.....နုဝေ ကလဲ ဟုတ်လို့ လား..ဒုက္ခ ပါပဲ ဒါဆို ဘယ်လိုလုပ်မလဲ ..အကို လဲ မမ ကို ဖွင့်မပြောရဲ ဘူး...
....နုဝေလဲ ..ဖေဖေ သိမှာ ကြောက်လို့  အကို့ ကို တိုင်ပင်တာ...
...ကျောင်းမှ မပြီးသေးတာ နု ဝေရယ် ကျောင်းပြီးအောင်တော့ စောင့်ပေါ့ ....
...အကို က လဲ ဒါက ကျောင်းပြီးအောင် စောင့် လို့  ရတဲ့ ကိစ္စ မှ မဟုတ်တာ...
..အေး ပါနုဝေရယ် ..အကို မမ နဲ့ အရင်တိုင်ပင်ကြည့်မယ်နော်...
ဒီလိုနဲ့ ပဲ အာကာတစ်ယောက် နုဝေကို နှစ်သိပ်လိုက်သည်။ ဒီနေ့ ကတော့  အာကာ တစ်ယောက် သူ့ မမ ဒေါ်ချယ်ရီလွင် ကုမ္ပဏီ ကအပြန် ဖွင့်ပြောရန် စောင့်နေရင်း
ဒေါ်ချယ်ရီလွင် ရောက်လာပါပြီ။
...မမ အဲ ဒါက ဘာပစ္စည်းတွေလဲ......
အာကာ တစ်ယောက် သူ့  မမ ၀ယ်လာသော ပစ္စည်း များကို မြင်၍ မေးလိုက်ခြင်း ဖြစ်ပါသည်။
အဲ ဒီအချိန် ဒေါ်ချယ်ရီလွင်ဘက်က ထွက်လာသောစကားက။
......ဒါမောင်လေးအတွက် မမ ၀ယ်လာတာ.......မောင်လေး ဘာမှ မမေးနဲ့  ဘာမှမပြောနဲ့ ...
...မမ ပြောတာကို အရင်နားထောင်.... မောင်လေး မနက် ဖြန် စင်္ကာပူ ကို ကျောင်းသွားတက်ရမယ်....
......ဗျာ....
ဒေါ်ချယ်ရီလွင် စီက ထွက်လာသော စကားကြောင့် အာကာ တစ်ယောက် အရမ်း အံ့ သြ သွားသည်။
....မမ ကလဲ မောင်လေးကို ဘာမှ မတိုင်ပင်ပဲ ...
....မမ က မောင် လေး ကို ကောင်းစေချင်လို့  လုပ်တာ တိုင်ပင်စရာလား...ကဲ ဒါပဲ မင်းပြန်ပြောမယ့် စကား မမ ဘာမှ မကြားချင်ဘူး...ဆိုပြီး ဒေါ်ချယ်ရီလွင်တစ်ယောက် အိမ်ပေါ်ထပ်သို့  တက်သွားပါသည်။
အာကာ တစ်ယောက် သူပြောမယ့် စကားကို လဲ မပြောလိုက်ရ ငိုင်၍ သာကျန်ခဲ့ ရသည်။
အခုလို ဒေါ်ချယ်ရီလွင် က အာကာ ကို စင်္ကာပူ ပို့ ရခြင်း ကိစ္စ ဟာ နုဝေ နဲ့ ပါတ်သက်တဲ့  ကိစ္စ ကို သူသိခဲ့ လို့  အခုလို လုပ်လိုက်ခြင်းဖြစ်ပါတယ်။ တစ်နေ့ က အာကာနဲ့  နုဝေ ဖုန်းစကားပြောနေတာကို
ဒေါ်ချယ်ရီလွင် ကြားလိုက်ရခြင်း ဖြစ်ပါသည်။
အခုတော့  အာကာတစ်ယောက် စင်္ကာပူ ထွက်သွားတာကို နုဝေ မသိလိုက်ရတော့ ပါ။ တစ်ပါတ်မျှလောက်ရှိတော့  နုဝေတစ်ယောက် အာကာ ရဲ့ အိမ်ကို လိုက်သွားပါတော့ သည်။
.....တီ...တီ...
ဒေါ်ချယ်ရီလွင်အိမ် ရှေ့ မှ နုဝေ ရဲ့  ကားဟွန်းတီး သံလေးဖြစ်ပါသည်။
...ဟဲ့  ...အိမ်ရှေ့  မှာ ကားတစ်စီးလာနေတယ် ..တံခါး ဖွင့်ပေးလိုက်ကြအုံး...
ဒေါ်ချယ်ရီလွင် မှ အော်လိုက်သည်။
.......သမီး အာကာ နဲ့ တွေ့ ချင်လို့  လာခဲ့  တာပါ မမ...
....မင်းက ဘယ်သူလဲ....နေပါအုံး နုဝေဆိုတာ မင်းလား......
..ဟုတ်ကဲ့ ပါ မမ...
နုဝေ တစ်ယောက် ဘယ်လို မှ စောင့် ဆိုင်းလို့  မရတဲ့ ကိစ္စ မို့ သာ အရဲစွန့် ပြီးသွားခဲ့ ရပေမယ့် ဒေါ်ချယ်ရီ လွင် ရဲ့ မျက်နှာလဲ မြင် အသံလဲ ကြားပြီးရော ကြောက်စိတ် ရှက်စိတ်တို့ ဖုံးလွှမ်းကာဖြင့်
အသံများ တုန်နေပါသည်။
....ကဲ ...မမ ပြောတာ နားထောင်... အာကာ စင်္ကာပူကို ကျောင်းတက် လွှတ်လိုက်ပြီ...
.....ရှင်.......
နုဝေ တစ်ယောက် ဒေါ်ချယ်ရီလွင် ရဲ့  စကားလဲ ကြာပြီး မျက်လုံးများပြူးပြီး ထိတ်လန့် သွားသည်။
....ကဲ... မင်း ဘာပြောဖို့  လာတယ်ဆိုတာ မမ သိတယ်..
...ဒါပေမယ့်  ဒီအရွယ်က ပညာသင်ရမယ့် အရွယ်...
...မင်း...ဗိုက်ထဲ မှာ ရှိနေတဲ့  ပြဿနာကို ပိုက်ဆံ ဘယ်လောက်ကုန်ကုန် မမ ဘယ်သူမှ မသိအောင် ရှင်းပေးမယ် ကျေနပ်လား....
..ရှင်.....
နုဝေ ရဲ့  မျက်ဝန်းမှ မျက်ရည်များ အလိုအလို စီးကျ လာပါတော့ သည်။ နုဝေလဲ မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ပြီးငိုယိုကာ ကားပေါ်သို့  အတင်းတက်ပြီး
ဒေါ်ချယ်ရီလွင် ရဲ့  ခြံဝန်း အတွင်းမှ အမြန် မောင်းထွက်လာပါတော့ သည်။
***********************************
အမေ....ရေ.. အမေ..ဒီမှာ ညီမလေး ရွာအလည်လာတယ်........
ကျွန်တော် အမေ ကို လှမ်းအော်လိုက်ခြင်းဖြစ်ပါသည်။
....ညီမလေးကလဲ ဒီနှစ်လာတာ စောတယ်နော်...အကိုတောင်မထင်ဘူး...
..ညီမလေး ရန်ကုန်မှာ နေရတာ စိတ်မပျော်ဘူး..
..သမီး ဒီတစ်ခေါက်လာတာ ပိုတောင် ၀လာသလိုပဲ ..သမီး အဖေရောနေကောင်းလား..
...ကောင်းပါတယ်.. မေမေ..
..
ညီမလေး ....အရင်က ရွာအလည်လာရင် ကိုကို နဲ့ မေမေ ကို တွေ့ ရင် အရမ်းပျော်နေတာ အခု မျက်နှာလဲ မကောင်းဘူး ရန်ကုန်မှာ ဘာဖြစ်လာတာလဲ ...
ကိုကို့  ကို ပြော.....
အဲ ဒီ အချိန်မှာ မေမေ က လဲ ၀င်ပြောလိုက်သည်။
..ဟုတ်ပ... သမီး ..ဘာဖြစ်လာတာလဲ မျက်နှာလဲ မကောင်းဘူး..
..ခရီး ပန်းလို့ ပါ မေမေ..
..ဘာလဲ .. ညီမလေး ..မိထွေး နှိပ်ဆက်လို့ လား.. ကိုကို့  ကို ပြော..
..ငါညီမကို နှိပ်ဆက်လို့ တော့  အဲဒီ မိထွေး ကို အခုချက်ခြင်း သွားသတ်မှာ...
ဒါနဲ့  မေမေ ၀င်ပြောလိုက်တာက ။
.....ကဲကဲ....သမီးလေး ခရီးပန်းလာတယ်ဆိုတော့  ရေအရင် သွားချိုးလိုက်နော်...
..ဟုတ်ကဲ့...
ဟဲ့  ...ရှိုင်းထက် ...သားကြီး က ညီမလေးရေချိုးဖို့ အတွက် ရေခပ်ပေးလိုက်...
...ဟဟ..မေမေ ပြောတာ နောက်ကျ နေပြီ သား ညီမလေးလာမှာ သိလို့ ရေအိုးတွေ အားလုံး ဖြည့်ပြီးသား..
...ဟုတ်ပါပြီ....ဟုတ်ပါပြီ..ကွယ်..
ညီမလေးရောက်တဲ့ ညကတော့  ကြက်သားကာလားသားဟင်းချက်ပြီး မေမေ ရယ် ကျနော်တို့ မောင်နှမ နှစ်ယောက်ရယ် မိသားစုထမင်းပွဲလေး ကျနော်အရမ်းပျော်ခဲ့ ရပါတယ်။
မနက်မိုး လင်းတာနဲ့ ....ညီမလေးရေ...ညီမလေးရေ ...မိုးလင်း ပြီ ထတော့ လေ...
မေမေ ကလဲ .. ဟုတ်ပ မင်းညီမ ကအိပ်ပုတ်ကြီးလိုက်တာ..
မေမေ ညီမလေး အခန်း တံခါး သွားဖွင့်လိုက်ချိန် မေမေစီမှ အသံကြယ်ကြီး ထွက်လာသည်။
သမီး....သမီး....လာကြပါအုံးကွဲ...
ကျနော်လဲ အတင်းပြေးပြီးသွားကြည့်လိုက်တော့ ။
ညီမလေးပါးစပ်က အမြှုပ်တွေ ထွက်နေပြီး. ညီမလေး အသက်မရှိတော့ ပါ။
..ကျနော်နဲ့  အမေ ရဲ့ ငို သံတွေ က တော့  ကျနော်တို့ အိမ်လေးမှာ ကောင်းကင်သို့ ဝှေ့ ပြန်ထွက်ခဲ့ ရပါပြီ။ညီမလေးရဲ့  အလောင်းဘေးမှာလဲ အဆိပ်ပုလင်း ကို တွေ လိုက်ရပါသည်။
.....ညီမလေး....ညီမလေး........ညီမလေး....
..အမေနဲ့ ကျနော် အရှိုက်ကြီးတစ်ငင် အော်၍ ငိုနေရပါတော့ သည်။
*******************************************************

Saturday, May 25, 2013

ဘ၀ရဲ့  ချန်ပီယံ

ဘ၀ရဲ့  ချန်ပီယံ...

ရည်ရွယ်ချက်တွေ နဲ့  ပင်လယ်ကို ဆေးချယ်နေတာ...

အရောင်စုံ စွာဖြင့် ချယ်သ သမျှ ပုံမပေါ်ပဲ...

လှော်ခတ်သမျှ သဲပြင်ထိမှ..အမိရ ဖမ်းတွေးမိလိုက်တာ ...

သြော်...ရေတိမ်ပါလား...

ရည်မှန်းချက်တွေကို ရည်ရွယ်ချက်တွေက အနိုင်ကျင့်နေလိုက်တာ..

ဘယ်သူနိုင်လဲ ဘယ်သူရှုံးလဲ..

ဘယ်သူမှမနိုင်ပဲ ...

ဖြစ်သင့်တာကို ဖြစ်အောင်လုပ်ဖို့ ..

အချိန် တွေ က သူငယ်ချင်းကောင်း တစ်ယောက်ပီသခဲ့ တာကြာခဲ့ ပြီ..

အချိန်တွေ က ငါ့ကို အားပေးပေမယ့်..

ဘ၀အတွေး တွေမှာ ရေတိမ်ပါလျှက်...

ကမ်းစပ်မဟုတ်ခဲ့ ဘူး..

သို့ သော်လည်း သင် သိပါ...

သို့ သော် လည်း သင် သိပါ..

ခုတော့ လည်း ငါစိတ်ကို ..

ငါကိုယ်တိုင် ဆုံးမ..

ငါအသုံးမကျတာလား...

သင်အသုံးမကျတာလား..

နေပါတော့ စိတ်ရယ်....

သွားပါတော့ စိတ်ရယ်..

မတည်မြဲခြင်းတွေက ..

ဘ၀ ရဲ့  ချန်ပီယံ ပါ..


မောင်လွမ်းဆု..

အခုတော့ ဒီလိုပါအဖေ..


အဖေ က လယ်ယာ လုပ် အမေ က ထမင်းထုပ်ဖြင့်...

မွန်းမတည်း ခင် ရောက်အောင်ပို့ ပေးတယ်...

အမေ ပို့ တဲ့ ထမင်းကျမ်း ပဲပြုတ်ကို ဆီစမ်းနဲ့ ...

စားရင်းက ပြောတဲ့  အဖေ့ စကား... ငါ့သား သမီးတွေကြီးရင် ..

ဒီ လယ်ယာ က အမွေ အနှစ်တဲ့ ...

အဖေနဲ့  အမေ.. ဘိုးဖွား အမွေနှစ်ချစ်ခင်အားကိုး...

ဆန်အမျိုးမျိုး ထွက်တဲ့  ဒီ လယ်ကို သား သမီးတွေ အတွက် အမွေ တဲ့ ..

အဖေ....လယ် အလုပ်နဲ့  အရိုးမထုပ်ခင် ဆန် အမျိုးမျိုးတွေလုပ်တတ်ပေမဲ့ ..

ဒီနေ့  ဒီအချိန်ထိ သား ပါးစပ် မှာ အထပ်ထပ် အခါခါ စားခဲ့ ရတာက...

အမေ ရယ် ၀ယ်ကျွေး ဟိုး......လမ်း ထိပ်ဈေး ထဲက ...

နို့ ဆီဗူး လေးနဲ့  ချိန်တဲ့  ဆန် ပေါ့ ....


မောင်လွမ်းဆု.

အခုတော့ ဒီလိုပါ အမေ

ထမင်းစားတတ်အောင် အမေသင်ပေးခဲ့ တယ်..

စကား ပြောတတ်အောင် အမေသင်ပေးခဲ့ တယ်..

အခုတော့ စကားလည်းပြောတတ်ပြီးအမေ..

ထမင်း လည်းစားတတ်နေပြီအမေ..

တစ်ခါ တစ်ခါ ထမင်းစားတတ်တဲ့ ပါးစပ် က..

စား တဲ့ အချိန်ရောက်ရင်..စားကိုစားရမှ ကျေနပ်တယ်..

ပြောတတ်တဲ့  ပါးစပ် က လည်း ပြောရမဲ့ အချိန်ရောက်ရင်..

ပြောကိုပြောရရမှ..ကျေနပ်ဖို့  ပြောမထွက်တဲ့ စကားလုံးတွေက..

ထမင်းနဲ့ အတူ ၀ါးမျိုချခဲ့ တယ် အမေ..


မောင်လွမ်းဆု

သမုဒယ တပေါင်းနွေ..

(သမုဒယ တပေါင်းနွေရဲ့ ....ပိတောက်...)

မညီမျှ မူတွေနဲ့ စုစည်း ထားတဲ့ မိုးတိမ်က..
ရွာချင်သလိုရွာချလိုက်တာ....ကွက်ကြားမိုး..ထစ်ချုန်းမိုး..
တိမ်ပြိုမိုး လေလည်မိုး..အခါလွန်းမိုး..

ဝါဆို မိုး.. ၀ဿန်မိုး..သမုဒယ ၀ါဆိုမိုးနဲ့  စခဲ့ တာ..

အခုတော့ မိုးသီချင်း ပေါင်းများစွာနဲ့ အတူ...နွေ အစကို ရွာချတဲ့ မိုးက..
သူသဘောသူ့ အကြိုက် သူ့ အလိုက် သူ မိုက်နေလိုက်တာ.
မင်း မဲ့  နေတဲ့ တိုင်းပြည်လို ...
အုပ်ချုပ်သူ..ခ၀ါချရအောင် သူတို့ က အထာကြကြ လုပ်ရက်ပါပေတယ်..
အနာတစ်ခုလို ရင်ကိုထုပြီး..အစုစု အဝေးဝေး မြင်တိုင်း..
ရင်ကိုလိုင်းခတ် ကြောက်တတ်တဲ့ စိတ်တွေနဲ့ က ပြည်သူ...
ဘယ်သူရယ် ဘာကို ရည်ရွယ်ပါလိမ့်..
ဘယ်အုပ်စုရယ် ဘာကို ရည်ရွယ်ပါလိမ့်..
ဒီအတွေ့  ရယ်.. ဒီနွေ တစ်ခေါက်မှာတော့...
ရွာထိပ်က ပိတောက်ပင် အို လည်း....
ရဲရဲ ၀င့်ဝင့် ပွင့်နိုင် ပ မလား...။

မောင်လွမ်းဆု..

ငယ်ချစ်ဦး ပိတောက်

(ငယ်ချစ်ဦး....ပိတောက်..)


အမှတ်တရ တွေ အပြည့် နဲ့  မစွန့် ပစ်ပဲထားခဲ့ တဲ့  ကျနော့် အမှိုက်ပုံးမှာ...

သံယောဇဉ်တွေ နှစ်ချို့  ..... အခါလွန်မိုးတွေ မရှိတဲ့ ဒီနွေမှာ..

ပိတောက် က ကျနော့် ငယ်ချစ်ဦးပေါ့ ..

သူလေ... ၀င်းဝါတဲံ့  ဒီ နံနက် ခက်ခက် ခဲခဲ ပွင့် ရှာ...

မာန် ရယ်မရှိ အသိစိတ်နဲ့  ယဉ်ကျေး..

ခပ် အေးအေးလေးပဲ သူနေတတ်တယ်....။


တစ်နှစ်ရဲ့  တစ်ခါ တစ်ခါ ရဲ့ တစ်ရက်..
ဒီနံနက်ကိုချစ်တယ်တဲ့ ...ပိတောက်..
ဆောင်း ကုန် တဲ့  နွေတပေါင်း..
အကြိမ်ကြိမ်တွေပြောင်းပေမဲ့ ..
နု ဆဲ လှဆဲ အသစ်ပဲဆိုတာ..
ကျနော့်ချစ်တဲ့  ပိတောက်က..
ဘယ်တော့ မှ သူ...အတာ ကို..
သစ္စာ မဖောက်ဖူးတဲ့ ...

မောင်လွမ်းဆု..

မီးသားစု မုန်တိုင်း

(မိသားစု မုန်တိုင်း)

ဒီအပင်တွေ အဖေနဲ့ အမေ ကိုယ်တိုင်စိုက်...

အမိုက်သရိုက် တွေဖယ် ငါ့  သားရယ် ဒါဟာ မင်းအတွက်တဲ့ ...

အားရှိစွာ အဖေနဲ့ အမေ ကို ကျနော် က ၀ိုင်းကူပေးတော့..

မညူဆူဘဲ ရခဲ့ တဲ့ ကျောင်းမုန့်ဘိုး ..

ကလေးတွေ ပညာရေး အတွက် ခပ်အေးအေးလေးထားပါ ရှင်မ ရယ်ဆိုပြီး..

ဟိုး...တောင်ထိပ်က မြေရိုင်းကို ဘိုးဘွားမြေ အလကားမဖြစ်အောင်...

ဦးဆောင်ကာ ပေးခဲ့ တဲ့ အဖေ...

တစ်မိုးကောင်းတစ်ချောင်းစီး ကို ထီးထီးကြီးရအောင်လုပ်ခဲ့ တဲ့ အဖေ..

သားသ္မီး တွေနောင်ရေး စိတ်အေးဖို့ အတွက် ဒါ..ဒိုမြေ..ဒါဒိုပြည်..

ဒို့  ပိုင်တဲ့  ဒို့ မြေကို ထီးထီးကြီးရပ်တည်ပြီးကြိုးစား..

နှစ်တွေရယ်ကြာတော့ အဖေစကားက ဒီလို...

ကဲ...ရှင်မ သားကြီးကို ကျောင်းထုတ်..

သမီး ငယ် ကို စက်ချုပ်သင်ပြီး...

တစ်ဖက်တစ်လမ်းက ၀င်ငွေလေးလိုနေပြီတဲ့ ...

သားကြီးက မမိုက်ဘူး..

သ္မီးငယ်က လိမ်မာတယ်...

ဘ၀ ရဲ့ စားဝတ်နေရေးကို ဦးစားပေး..

အခုတော့ပညာရေးတွေ ကြောခိုင်း...

ခပ်မှိုင်းမှိုင်း မိုးချုပ်တစ်ညမှာ..

အဖေ သိမ်းနေတဲ့  စပါးတွေ ၀ိုင်းကူရင်း...

အမေ..ကတော့ မိသားစု စားဖို့ အတွက်..

ဆန် ရှာထွက်နေတယ်..


မောင်လွမ်းဆု

Monday, March 25, 2013

အညတရ သူရဲကောင်း



ကျုပ်တို့   ခင်များတို့ ရဲ့  အညတရ စိတ်တွေသုံး နေသမျှ..
အတိတ်ကို ခ၀ါချ မလှမပ ဖြစ်ခဲ့ ရတဲ့  မြို့ ဟောင်းကြီးကို ..
ကျုပ် မုန်းတယ် ပြန်လည်း မလိုချင်ဘူး..
ပြန်လာပါ ဖိတ်ခေါ်နေတာမဟုတ်ပေမယ့်...
ဒဏ်ရာမှာ အမာရွတ်  ကျန်ခဲ့ လို့  ကျုပ်မုန်းတယ်...
မေ့ပျောက် လို့ မရတဲ့  ရက်တွေကို ထိုးဖောက်..
အခုရောက်နေတဲ့  ရက် မှာအကောင်းဆုံးဆိုတာထက်ပိုကောင်းစေရမယ်..
နွံ မရှိတဲ့ အိုင် ကို တော့ မကျွံ ပရစေနဲ့ ..
သခင် ရှိတဲ့  တိုင်းမို့ ..လိုင်းထန် လေပြင်း နေတစ်စင်းဘဲ ထွက်ပါစေ..
မနက်ဖြန် ရှိနေသရွေ့  ကျုပ် အသက်ရှိနေရင် ကျေနပ်တယ်..


မောင်လွမ်းဆု..

Saturday, March 09, 2013

လွမ်းမိသူတစ်ယောက် သို့  တမ်းခြင်း

ကျနော်ငယ်ရွယ်စဉ်အခါ အရမ်းခင်အရမ်းချစ်ခဲ့ ရတဲ့ သူငယ်ချင်းတစ်ယောက် ကျနော် တို့ နှစ်ယာက်အတူစားအတူသွားခဲ့ တဲ့ ကလေးဘ၀လေးပေါ့ ။

အခုတော့ သူနဲ့ ကျနော် အချိန်တန် အရွယ်ရောက်ခဲ့ ကြပြီလေ။

ကျနော်အားလုံးကို တွေးတတ်မြင်တတ်နေပြီ ကျနော်ဟာ

တကယ်တော့စိတ်ကူးနဲ့ လွမ်းတတ်သောသူမဟုတ်ပါ။

အချစ်ကို လမ်းပြကြယ်အဖြင့် မြောက်အရပ်ကဓူဝံကြယ်ဆီမှာကျနော်လိုချင်တဲ့ အချစ်ရှိမယ်
်
... ဆိုရင် အဲဒီအရပ်ကိုကျနော်ရောက်အောင်သွားရပါလိမ့့်် မယ်။

သူမနဲ့  ကျနော်သူငယ်ချင်းလို နေလာခဲ့ ကြပေမယ့်
့်
တစ်ယောက်နဲ့ တစ်ယောက် အနက်ရှိုင်းဆုံးဆိုတဲ့ ရင်ထဲက

ထောင့်တစ်နေရာမှာတော့ သံယောဇဉ်ကြိုးတစ်ချောင်းက

အချစ်လွန်းတွေ တင်မိနေကြပါပြီ။ ကျနော်ကသူမကိုဖွင့်မပြော

ခဲ့ သလို သူမလည်း ကျနော်ဖွင့်ပြောလာမယ့်စကားကိုမျှော်လင့်နေသူတစ်
်
ယောက်ပါ။ သူမအိမ်ကို နေ့ စဉ်အလည်သွား ပြီးရင်ခုန်သံတွေ စည်းချက်ကျနေတာလေးက ကျနော်တို့ နှစ်ယောက်ကို ကြည်နူးစေခဲ့ ပါတယ်။

တစ်ခါတစ်ခါ သူမနဲ့ ကျနော် လမ်းအတူလျှောက်နေချိန် သူမကိုရယ်စရာ

စကားလေးတွေ ပြောပြခဲ့ ပေမယ့် သူမရဲ့ တည်ငြိမ်တဲ့ အပြုံးလေတွေက

ကျနော်ကိုဖမ်းစားစေခဲ့ တယ်။
နှလုံးသား နဲ့ ပတ်သက်လို့  ဘာမှမသိတဲ့ ကလေးဘ၀လေးကို ပြန်လိုချင်မိတယ်။

ကျနော် အချိန်တိုင်း လိုလို ချစ်တယ်ဆိုတဲ့ စကားကို သူမကို ဘယ်လိုဖွင့်
့်
ပြောရမလည်း ဆိုတာကိုဘဲ စဉ်းစားနေခဲ့ ရတယ်။

ဒီနေ့ သူမကို ကျနော်နှင်းဆီပန်းလေးပေးမယ်လို့ စိတ်ကူးခဲ့ ပါတယ်။

ဒါဟာမထမဆုံးခြေလှမ်းလေးပါဘဲ.။

ကျနော်ပေးတဲ့ နှင်းဆီပန်းလေးကို သူမနဲ့ ကျနော်နှစ်ယောက်အတူနမ်း

လို့ အရမ်းပျော်နေချိန်မှာ……….။

သူမ စကားအသံကြောင့် ကျနော်သတိတစ်ချက်ပြန်ဝင်လာခဲ့ ရတယ်။

“….ဟိတ်…နင့် နောက်မှာ ဘာပါလည်း ပြော…….”

သူမရဲ့ မျက်နှာလေးကို ကြည့်ပြီး ကျနော်စိတ်ကူးမျှသာ…….။

သူမအိမ်အပြန်လမ်းလေးထိလိုက်ပို့ ခဲ့တယ်။

သူမရဲ့ နုတ်ဆက်အပြုံး မျက်လုံးလေးတွေက ကျနော်ကို ညစဉ်အိပ်မက်စေခဲ့ ပါတယ်။

ဒီနေ့ ဘဲ သူမကို ကျနော်အရမ်းချစ်တယ်လို့ ဖွင့်ပြောလိုက်တဲ့ အချိန်မှာဘဲ။

သူမကျနော်ရင်ခွင်ထဲကိုတိုးဝင်လာပြီး စကားသံ သဲ့ သဲ့ လေးပြော၍လာပါသည်။

“….ငါလေ နင့့်် ဆီက အခုလိုစကားဘယ့်နေ့  ကြားရမလည်း ဆိုတာစောင့်မျှော်ခဲ့ ရတာကြာပါပြီ….”

“ဒို့ နှစ်ယောက်ဘယ်တော့ မှ မခွဲကြေးနော်….ငါလေ…နင့်ကို အရမ်းချစ်တယ် သိလား….”

အခုတော့ ကျနော်တို့ နှစ်ယောက်ချစ်သူတွေဖြစ်ခဲ့ ကြပြီပေါ့ ။

ကြည်နူးမူတွေ ရခဲ့ သလို ပျော်ရွှင်မူတွေလည်း ရခဲ့ ပါပြီ။

သူမနဲ့ ကျနော် မတွေ့ ရတဲ့ နေ့ တွေမှာ သူမကျနော်အကြောင်းတွေ တွေးနေသလို။

ကျနော်လည်း သူမအကြောင်းတွေ တွေးနေရတယ်လေ။

အခုတော့  ကျနော်တို့  နှစ်ယောက်ရဲ့ အချစ်တွေလမိုက်ညဖြစ်ခဲ့ ရပြီပေါ့ ။

သူမ ကျောင်းဆရာမအဖြစ်နဲ့  နယ်ကို သွားရတော့မယ်လေ။

လွမ်းဆွေးမူကြေကွဲမူတွေနဲ့ အတူ နုတ်ဆက်အနမ်းလေးနဲ့  ခွဲခဲ့ရပြီပေါ့ ။

ဒီလိုနဲ့  ကျနော်တို့ နှစ်ယောက် တစ်နှစ်ကျော်လောက်အဆက်အသွယ်မရဖြစ်နေတဲ့ အချိန်မှာတော့
့
သူမကို လွမ်းတဲ့ စိတ်နဲ့ အရူးတစ်ယောက်မပါ ဖြစ်ခဲ့ ရတယ်။

သူမပြန်လာတယ်ကြားလို့  အပြုးနဲ့ ကြိုပြီးလက်ဆောင်လေးပေးမယ်အချိန်မှာ။

မြင်လိုက်ရတဲ့ မြင်ကွင်းက

“…….ဒါကတော့ …မကြာခင် ကျမနဲ့  လက်ထပ်တော့ မယ့် သူပါ…..”

ရက်ဆက်လိုက်တာချစ်သူရယ်…….

မင်း ငါ့ ကို အခုလို တစ်နေ့ နေ့ မှာ ထားခဲ့ မှာဆိုတာကို

ငါကြိုသိခဲ့ ရင် တစ်ချိန်က မင်းမျှောလင့်ခဲ့ တဲ့ ငါဆီက ဘယ်နေ့ ကြားရမလဲဆိုတဲ့ (ချစ်တဲ့ စကားကို)

ငါဒီနေ့ ဒီအချိန်ထိမပြောခဲ့ ပါဘူး ကွာ……..
************************************************************

မောင်လွမ်းဆု