တစ်ဆောင်း သစ်မှာ
အဟောင်းချစ်နဲ့  လမ်းခွဲ
ဝမ်းနည်း စရာမှတ်တမ်း တစ်ခု
ဒီရင် အစုစု ပူပြင်းလို့ ဒဏ်ရာပေါ်
ပြန်လာနော်မခေါ် ရက်ပေမဲ့ 
ပျော်ရက်တဲ့  ချစ်သူက
တစ်ပါးသူရင်ခွင် ခိုဝင်လို့  နေပါရော....။
ဖြေစရာ ဆေးတစ်ခွက် ကြောင့်
ငါလက်တွေ တုန်ခဲ့ တယ်
ယုံခဲ့ သမျှ ပုံဖွဲ့ ကာ ပြခဲ့ ပေမဲ့ 
မလှခဲ့ တဲ့  ကံကြမ္မာ က ငါတစ်ယောက်ထဲကိုဘဲ
အနိုင်ကျင့်ခဲ့ လေးသလား...။
အဖြေစကားတွေ ငါမရှာဘဲ
တစ်ခါ တွဲပြီး အခါတစ်ရာကွဲတဲ့ ငါအသည်းကို
ငါကိုယ်တိုင် ဒဏ်ခတ်လို့ 
နှင်းခဲ တွေ ကြား
အသင်းကွဲ တဲ့ ဥသြငှက်က
နွေမရောက် ခင် လွမ်းတေးဆိုပြီး
ချမ်းအေးတဲ့  ဆောင်းရင်ခွင်က
ငါ့ အတွက် နွေအပြင်းစားတွေ ရွာချလို့ 
နာသမျှ ဒီရင်ခွင် မီးက
ဒီခရီး မဆုံးသမျှ
ဟုန်းဟုန်း ကြွ၍
လောင်ရအုံးတော့  မည်။
Wednesday, September 26, 2012
အိပ်ဆက် ခြင်းရဲ့  ဒဏ်ရာ..
ဆိုသီချင်း တစ်ဝက်ကို ငိုခြင်းဖွဲ့ ရင်း
လိုရင်းအချက်က ပြိုကွင်းပျက်ခဲ့ တဲ့ 
ချစ်သူကြောင့် အပြစ်ပူကာဆွေးနေလည်း....
တွေးနေရတဲ့  ရင်ခွင်မှာ
ဝေးနေရတာကို မမြင်ချင်ပေမယ့်
တမင်စဉ်ကာ မုန်းသွားတဲ့ ချစ်သူကို
ဒီရင်ခွင်မှာ သုံးထားတဲ့ 
မင်းနှလုံးသားက
အဆိပ်လူးမျှားထက်ဆိုးခဲ့ ပြီပေါ့..။
စိတ်ကူးများနဲ့ မက်ခဲ့ ရတဲ့  ငါ့အိပ်မက်ကို
သံစဉ်ချို တေးတစ်ပိုဒ် လိုဆိုခဲ့ သမျှ ...
ငိုခဲ့ ရတာ အံ့ ပါရော...။
အိပ်မက်တွေ မချို သမျှ
အိပ်ဆက်ခြင်းကို
ငါ မုန်းပရစေတော့ ..။
မောင်လွမ်းဆု
လိုရင်းအချက်က ပြိုကွင်းပျက်ခဲ့ တဲ့ 
ချစ်သူကြောင့် အပြစ်ပူကာဆွေးနေလည်း....
တွေးနေရတဲ့  ရင်ခွင်မှာ
ဝေးနေရတာကို မမြင်ချင်ပေမယ့်
တမင်စဉ်ကာ မုန်းသွားတဲ့ ချစ်သူကို
ဒီရင်ခွင်မှာ သုံးထားတဲ့ 
မင်းနှလုံးသားက
အဆိပ်လူးမျှားထက်ဆိုးခဲ့ ပြီပေါ့..။
စိတ်ကူးများနဲ့ မက်ခဲ့ ရတဲ့  ငါ့အိပ်မက်ကို
သံစဉ်ချို တေးတစ်ပိုဒ် လိုဆိုခဲ့ သမျှ ...
ငိုခဲ့ ရတာ အံ့ ပါရော...။
အိပ်မက်တွေ မချို သမျှ
အိပ်ဆက်ခြင်းကို
ငါ မုန်းပရစေတော့ ..။
မောင်လွမ်းဆု
စိတ်ကွယ်ရာ သို့ 
ဖူးပွင့် ဝေဆာ ပန်းကမ္ဘာ ၌...
ပွင့်ကာ တင့်လန်း ပန်းအလှသဖွယ်...
ခေါ်ဝေါ်ဆို ကြ ဤ လူ့ ဘ၀၌..
သည်းကိုးဖြာ ပိုင် မိန်းမ မန်တိုင်..
မရိုင်မလဲ ခိုင်ခိုင်မြဲအောင် ..
ဘယ်သူနေနိုင်ပါဘိ...။
မိန်းမ တို့ အရေး ပြန်ကာတွေးတော့...
တွေ့ သမျှ ရေအိုင် သူတို့ နှောက်နိုင်...
နောက်ကွယ်ဖေါက်ပြား အိုယောင်္ကျား...
လှေကား သုံးထစ် လူပျိုဖြစ် တဲ့ ...။
ယုံမှတ်လို့  ပုံအပ် ဘုံ အထပ်ထပ် ..
မျက်ကွယ်ပြု..
အသက်အရယ်နု လို့  အရွယ်တင်...
အ ပျိုစင် ဘ၀ လိုချင်ရ ခက်သမို့ ...
အသက်နဲ့ ခန္ဓာ အိုးစား မကွဲခင်...
သစ္စာ ရိုကျိုး ထို ကိုးမျိုးကို...
စိတ်ကွယ်ပြုပါ`၏..။
*********
မောင်လွမ်းဆု..
ပွင့်ကာ တင့်လန်း ပန်းအလှသဖွယ်...
ခေါ်ဝေါ်ဆို ကြ ဤ လူ့ ဘ၀၌..
သည်းကိုးဖြာ ပိုင် မိန်းမ မန်တိုင်..
မရိုင်မလဲ ခိုင်ခိုင်မြဲအောင် ..
ဘယ်သူနေနိုင်ပါဘိ...။
မိန်းမ တို့ အရေး ပြန်ကာတွေးတော့...
တွေ့ သမျှ ရေအိုင် သူတို့ နှောက်နိုင်...
နောက်ကွယ်ဖေါက်ပြား အိုယောင်္ကျား...
လှေကား သုံးထစ် လူပျိုဖြစ် တဲ့ ...။
ယုံမှတ်လို့  ပုံအပ် ဘုံ အထပ်ထပ် ..
မျက်ကွယ်ပြု..
အသက်အရယ်နု လို့  အရွယ်တင်...
အ ပျိုစင် ဘ၀ လိုချင်ရ ခက်သမို့ ...
အသက်နဲ့ ခန္ဓာ အိုးစား မကွဲခင်...
သစ္စာ ရိုကျိုး ထို ကိုးမျိုးကို...
စိတ်ကွယ်ပြုပါ`၏..။
*********
မောင်လွမ်းဆု..
ဣတ္ထိယ မိုးကြိုး
ဣတ္ထိယ ရေပြင်မှာ ..
မာယာ လှိုင်းတွေခတ်တယ်..
အမုန်း ကမ်းခြေ ရဲ့  ..
မဟူရာ ညတစ်ည..
အဖော်မဲ့  နေတဲ့ 
ဥပက္ခာ အလွမ်းကမ်းရိုးတန်းတစ်လျှာက်..
ဣတ္ထိယ ရေပြင်ကြောင့်
ထစ်ချုန်းမိုးတွေရွာချ..
အမုန်းနဲ့ မာယာတွေ ပေါင်းစုပြီး..
ပစ်ချ လိုက်တဲ့ ..
ဣတ္ထိယ မိုးကြိုး..
မောင်လွမ်းဆု
မာယာ လှိုင်းတွေခတ်တယ်..
အမုန်း ကမ်းခြေ ရဲ့  ..
မဟူရာ ညတစ်ည..
အဖော်မဲ့  နေတဲ့ 
ဥပက္ခာ အလွမ်းကမ်းရိုးတန်းတစ်လျှာက်..
ဣတ္ထိယ ရေပြင်ကြောင့်
ထစ်ချုန်းမိုးတွေရွာချ..
အမုန်းနဲ့ မာယာတွေ ပေါင်းစုပြီး..
ပစ်ချ လိုက်တဲ့ ..
ဣတ္ထိယ မိုးကြိုး..
မောင်လွမ်းဆု
အမှတ်မထင်ခဲ့ ပါ လွမ်း
(အမှတ် မထင် ခဲ့ပါ လွမ်း)
တွေးသမျှရဲ့  တစ်နေရာ တစ်ပိုင်းတစ်စနဲ့ ..
အချစ်ပါးပြင် ပါးကွက်ကြား သနပ်ခါးပါးပါးလေးကို..
ဖွဖွ လေးနမ်းရှိုက်ရင်း..
အငိုက်မိခဲ့ တဲ့ အချိန်..
စက္ကန့် တွေ နုတ်ဆက်တာကို
မသိချင်ယောင်ဆောင်ခဲ့ တယ်။
အမှောင် တစ်ညရဲ့  လတစ်စင်းက..
ကောင်းကင်ယံ တိမ်အိုထက်..
ခပ်သွဲ့ သွဲ့ လေးသူပြုံးနေခဲ့ ..။
မဟာဆန်ဆန် မာန်ပါပါဖြင့်..
ဒီလူရဲ့  ရင်ဝကို ခြေစုံကန် မင်းပြေးထွက်..
ဟက်ဟက်ပက်ပက် ငါရယ်ပရစေ..။
ဘ၀နဲ့  အတိတ်ကို ခဏအိပ်ခိုင်းပြီး..
စိတ် အရိုင်းတွေ မောင်းထုတ်...
ဟိုး.....အဝေးက တောအုပ် မှာ..
မင်း ခြေရာကို ရှာရင်း...
လွမ်းခြင်း တွေ အိပ်မက်ဖြစ်သွားပြီ..။
မောင်လွမ်းဆု..
တွေးသမျှရဲ့  တစ်နေရာ တစ်ပိုင်းတစ်စနဲ့ ..
အချစ်ပါးပြင် ပါးကွက်ကြား သနပ်ခါးပါးပါးလေးကို..
ဖွဖွ လေးနမ်းရှိုက်ရင်း..
အငိုက်မိခဲ့ တဲ့ အချိန်..
စက္ကန့် တွေ နုတ်ဆက်တာကို
မသိချင်ယောင်ဆောင်ခဲ့ တယ်။
အမှောင် တစ်ညရဲ့  လတစ်စင်းက..
ကောင်းကင်ယံ တိမ်အိုထက်..
ခပ်သွဲ့ သွဲ့ လေးသူပြုံးနေခဲ့ ..။
မဟာဆန်ဆန် မာန်ပါပါဖြင့်..
ဒီလူရဲ့  ရင်ဝကို ခြေစုံကန် မင်းပြေးထွက်..
ဟက်ဟက်ပက်ပက် ငါရယ်ပရစေ..။
ဘ၀နဲ့  အတိတ်ကို ခဏအိပ်ခိုင်းပြီး..
စိတ် အရိုင်းတွေ မောင်းထုတ်...
ဟိုး.....အဝေးက တောအုပ် မှာ..
မင်း ခြေရာကို ရှာရင်း...
လွမ်းခြင်း တွေ အိပ်မက်ဖြစ်သွားပြီ..။
မောင်လွမ်းဆု..
Thursday, September 06, 2012
ကာရံမညီတဲ့  ရင်ခွင်
ကာရံ မညီတဲ့  ရင်ခွင်...
ဒဏ်ရာတွေ အဖော်ပြုလို့ ...
ရင်အစုစု ကြေကွဲတဲ့ အထိ..
စိတ်ကူးယဉ်ဆန်ဆန်..
အတွေးပုံရိပ်တချို့ တ၀က်နဲ့ ..
ဘောင်ခတ်ထားတဲ့ လောကကြီး..
ငါ ဦးတည်ရာ ဖြတ်မလျှောက်ဘဲ..
တစ်ယာက်ထဲ ကိုမှ မျှော်လင့်မိခဲ့တာ..
အတ္တ တွေ အရည်မပျော်သရွေ့ ...
တစိမ့်စိမ့် သောက်ခဲ့ မိတဲ့ ကော်ဖီတစ်ခွက်ကြောင့်...
ငါ ဒီကဗျာကို ရေးမိခဲ့ တယ်..
လင်းကြက်မတွန် သန်းခေါင်မက..
ညတစ်ညကပေါ့ ...
မျက်တောင် တံခါး ဖွင့်ကာထား၍...
ရင်တွင်းစကား မျက်ဝန်းကြားက..
စီးကျမျက်ရည် သက်သေတည်၍..
စာရွက်တစ်ရွက် ပင်တစ်ချောင်းဖြင့်..
ဤစာကြောင်းတွေ ဖြစ်ခဲ့ ရတယ်..
သခင်..ရယ် သိခွင့်မရှိခဲ့ ပေမဲ့ ..
ရင်ဝယ် မျက်ရည်မိုးက..
ရာသီတစ်ခုတည်း ပိုင်စားထားရက်တယ်....။
မောင်လွမ်းဆု
ဒဏ်ရာတွေ အဖော်ပြုလို့ ...
ရင်အစုစု ကြေကွဲတဲ့ အထိ..
စိတ်ကူးယဉ်ဆန်ဆန်..
အတွေးပုံရိပ်တချို့ တ၀က်နဲ့ ..
ဘောင်ခတ်ထားတဲ့ လောကကြီး..
ငါ ဦးတည်ရာ ဖြတ်မလျှောက်ဘဲ..
တစ်ယာက်ထဲ ကိုမှ မျှော်လင့်မိခဲ့တာ..
အတ္တ တွေ အရည်မပျော်သရွေ့ ...
တစိမ့်စိမ့် သောက်ခဲ့ မိတဲ့ ကော်ဖီတစ်ခွက်ကြောင့်...
ငါ ဒီကဗျာကို ရေးမိခဲ့ တယ်..
လင်းကြက်မတွန် သန်းခေါင်မက..
ညတစ်ညကပေါ့ ...
မျက်တောင် တံခါး ဖွင့်ကာထား၍...
ရင်တွင်းစကား မျက်ဝန်းကြားက..
စီးကျမျက်ရည် သက်သေတည်၍..
စာရွက်တစ်ရွက် ပင်တစ်ချောင်းဖြင့်..
ဤစာကြောင်းတွေ ဖြစ်ခဲ့ ရတယ်..
သခင်..ရယ် သိခွင့်မရှိခဲ့ ပေမဲ့ ..
ရင်ဝယ် မျက်ရည်မိုးက..
ရာသီတစ်ခုတည်း ပိုင်စားထားရက်တယ်....။
မောင်လွမ်းဆု
Sunday, April 15, 2012
ပုံရိပ်ပြ ကျိန်စာအလွမ်း
ပုံ
ရိပ်
ပြ
ကျိန်
စာ
အ
လွမ်း
ဖြစ်တည်မူ တစ်ခုနဲ့  ဦးတည်ရာမဲ့ ခဲ့ ...
ငါအတွက် ပန်းဝင်ခြင်းမရှိသလို ..
မင်း အတွက် ဆန့် ကျင်ခြင်းမပြုခဲ့ ပါ..
အထီးကျန်ညတစ်ည..
အလင်းစက်တွေေ၀၀ါးစွာပျောက်ကွယ်...
အဆုံးမသတ်ခင် ဒီခရီးကြမ်းမှာ..
တွေဝေခြင်း ပုံရိပ်ပြ မမြင်ရတဲ့  အတိတ်ကို...
ကျောခိုင်းဖို့  ကြိုးစားကြည့်ပြီး..
စွဲလန်းစိတ် နယ်အစွန်မှာ..
လွတ်လပ်စွာ ချုပ်ငြိမ်းခွင့်ပေးပါ...
အချစ်ရဲ့  ညို့အားတစ်ချက်ကြောင့်..
ကမ္ဘာပျက်စေတဲ့  ကျိန်စာ..
အလွမ်းဒဏ်သင့် ၍ ..
လွမ်းခြင်း ဖွဲ့ ဆို...
အဆွေးနံရံ အို ၌ကျောပေးရင်း...
အဝေးဆုံးဆိုတဲ့  ကြယ်ကြွေညတွေကို...
စိတ်ကူး ပုံဖော် ၍ မကြည့်ပရစေနဲ့ ....တော့ ...။
မောင်လွမ်းဆု
Sunday, April 01, 2012
အရိပ် မဲ့ လွမ်း
အစိမ်းရောင် ဓာတ်ခံတွေ စုစည်းပြီး..
ဥတုတွေ မမှန် စိတ်တွေကိုတွန်းလှန်ရင်းနဲ့ 
သူ့ ကို မေ့ ပစ်ဖို့ ကြိုးစားတိုင်း..
မျက်တောင် ကမ်းစပ်မှာ..
လှိုင်းခတ်ခဲ့ ရတယ်.
နာရီစက္ကန့်  အသံတွေနဲ့ ..
စမ်းတ၀ါးဝါး အိပ်မက်နဲ့ အတူ...
ဖျတ်ခနဲ နိုးထခဲ့တဲညတစ်ည..
ဗြုန်းခနဲ ကျလာတဲ့ နှလုံးသားအပိုင်းအစကို..
ပြတိုက်အိုတစ်ခု ထဲမှာ အခါးရည်တွေ စိမ်ပြီး..
ငြိမ်ငြိမ်လေး နေခိုင်းထားပရစေ...
မောင်လွမ်းဆု
Tuesday, October 11, 2011
သို့ /ချစ်ရပါသောသူငယ်ချင်း
ဆုံဆည်းမူ အစုစုတွေနဲ့ ..
နှင်းကွဲတဲ့ ဆောင်းမှာ..
ဒို့ လက်ချောင်းတွေ..
ညီညာပေါင်းစုလို့ ..
အကြောင်းတစ်ခုခု ပေါ်တိုင်း..
မောင်းထုပြီး ဟစ်ခဲ့ ဘူးတယ်..
သူငယ်ချင်း..
ရွက်ကြွေတဲ့ နွေတကြောမှာ..
ဒို့ တွေ ရဲ့ ရယ်မောသံတွေ..
ညီညာစုဝေးလို့ ..
သူ့ အတွေး ကိုယ့်အတွေးတွေနဲ့ ..
ပေါင်းဆပ်ကာ ကောင်းမြတ်တဲ့ 
အရာတွေကိုလည်း လုပ်ခဲ့ ဘူးတယ်..
သူငယ်ချင်း..
ဒို့ တွေဖောက်ခဲ့ တဲ့ လမ်း..
ဒိုတွေ့  လျှောက်ရုံနဲ့ လမ်းမပျောက်စေရဘူး..
ကျန်ခဲ့ တဲ့ ခြေရာတွေပေါ်အလံတွေစိုက်..
ဒို့ တွေရဲ့ အမှိုက်ဆိုတာမရှိစေရဘူး..
ဒို့ တွေရဲ့ ခရီးလမ်းဆုံး..
ဒီလမ်းကိုသုံးမယ့်သူတွေ ရှိနေအုံးမယ်ဆိုတာ..
ဒို့ တွေမမေ့ ပျောက်စေရဘူး..
ဒို့ တွေဖောက်ဒို့ တွေလျှောက်လို့ ...
ပြီဆုံးတဲ့ တစ်နေ့ ကမ္ဘာတံခါးကိုခေါက်ပြီး..
မင်းက မင်းလမ်းကိုလျှောက်..
ငါက ငါ့ လမ်းကိုလျှောက်..
မင်းနောက်ကိုငါလိုက်လို့ မရဘူး..
ငါ့နောက်ကိုမင်းလိုက်လို့ မရဘူး..
သူငယ်ချင်း..
မောင်လွမ်းဆု
Monday, September 05, 2011
သား..ပြန်လာခဲ့ မယ်...အမေ
ဟိုနေ့ ကဘဲ ကျုပ်ကိုမွေးခဲ့ ပြီ...။
အမေ... သားလူဖြစ်ခဲ့ ပါပြီ...။
အမေ ...သားလူပါနော်....။
အမေ ....ဒါပေမဲ့  တစ်ခါတလေ နွဲ့ နေတဲ့ ...
သစ်ကိုင်းမှာ ငှက်အရိုင်းတွေလာနားတယ်..အမေ...။
ကိုင်းရွက်ကြွေ ငှက်တစ်သိုက် ကြောင့်..
လှိုင်းထက်နေ ပူပြင်းတော့..
တစ်အူဆင်းမောင်နှမတွေ..
ဝေးခဲ့ တာ..
ကြာပြီ...အမေ..။
ဒါလီတွေ ကျော့ရှင်း ဘ၀အချင်းရဲ့ အဖော်ကို ..
သားကိုယ်တိုင်ရွေးပါတော့လို့ ...
ပြောလာတဲ့ အမေ့ စကား..
ကမ္ဘာခြားတဲ့ တစ်နေရာမှာ ..
အားငယ်တဲ့ လိုင်းတွေ ဘယ်ကမ်းမှ မကပ်နိုင်ပါဘူးအမေ...။
အမေ...တစ်နေ့ ရဲ့  တစ်ရက် ..တစ်ရက်ရဲ့ တစ်ချိန်..
နှင်း..တိမ်..နွေ..ပျောက်...ရာသီတွေအောက်က..
အမေ့ ..တံခါးပေါက်..သားကိုယ်တိုင်ဖွင့်ပြီး..
ပြန်လာခဲ့ မယ်အမေ...။
မောင်လွမ်းဆု..
အမေ... သားလူဖြစ်ခဲ့ ပါပြီ...။
အမေ ...သားလူပါနော်....။
အမေ ....ဒါပေမဲ့  တစ်ခါတလေ နွဲ့ နေတဲ့ ...
သစ်ကိုင်းမှာ ငှက်အရိုင်းတွေလာနားတယ်..အမေ...။
ကိုင်းရွက်ကြွေ ငှက်တစ်သိုက် ကြောင့်..
လှိုင်းထက်နေ ပူပြင်းတော့..
တစ်အူဆင်းမောင်နှမတွေ..
ဝေးခဲ့ တာ..
ကြာပြီ...အမေ..။
ဒါလီတွေ ကျော့ရှင်း ဘ၀အချင်းရဲ့ အဖော်ကို ..
သားကိုယ်တိုင်ရွေးပါတော့လို့ ...
ပြောလာတဲ့ အမေ့ စကား..
ကမ္ဘာခြားတဲ့ တစ်နေရာမှာ ..
အားငယ်တဲ့ လိုင်းတွေ ဘယ်ကမ်းမှ မကပ်နိုင်ပါဘူးအမေ...။
အမေ...တစ်နေ့ ရဲ့  တစ်ရက် ..တစ်ရက်ရဲ့ တစ်ချိန်..
နှင်း..တိမ်..နွေ..ပျောက်...ရာသီတွေအောက်က..
အမေ့ ..တံခါးပေါက်..သားကိုယ်တိုင်ဖွင့်ပြီး..
ပြန်လာခဲ့ မယ်အမေ...။
မောင်လွမ်းဆု..
Tuesday, August 23, 2011
လက်မပျောက်ခဲ့ ရတဲ့ နေ့ ..
အဲဒီနေ့ ကပေါ့ ....တိမ်ပြာတွေ မညိုဘဲ ငိုခဲ့ ရတယ်...
လေညှင်း တွေငြိမ်သက် လမ်းမထက်က မျက်ရည်စက်တွေနဲ့ ..
ကမ္ဘာကြီးတုန်လှုပ်ခြောက်ခြား...ကမ်းပါးတွေပြိုပြီး..
နေမညို လမပျောက်ဘဲ ညရောက်ခဲ့ ရတယ် နေ့ ..
အသည်းလှိုက် အူလှိုက် ရင်ကိုပိုက် ငိုရှိုက်တဲ့ အသံတွေ..
ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့ ကာဂယက်ရိုက်..အာဏာရမ္မက်အတွက်..
မိုက်လိုက်တဲ့  လူတစ်သိုက်ရယ်ကြောင့်..
ဒို့ ဗမာ ကမ္ဘာပျက်သလို ဟိုတစ်ချိန် နေ့ ရက်အိုကိုတော့ ဒီနေ့ အထိမမေ့ နိုင်ခဲ့ ..
ဝမ်းနည်းခံခက်ဖွယ်ရာ အဖြစ်ဆိုးနဲ့  ဇူလိုင်ရယ်တစ်ဆယ့်ကိုး ကို..
စောဂဠုန် အမျိုးယုတ်ကြောင့် ပြောမကုန်ကျန်ရစ်ခဲ့ တဲ့ နေ့ ..
ဟိုတုန်းက အဲဒီနေ့  ခုများတော့ ဒီနေ့ ..
မမေ့ ရက်စရာကမ္ဘာပျက်လို့ ..
မြန်မာလက်တွေ လက်မ ပျောက်ခဲ့ ရတဲ့ နေ့ ...
မောင်လွမ်းဆု
လေညှင်း တွေငြိမ်သက် လမ်းမထက်က မျက်ရည်စက်တွေနဲ့ ..
ကမ္ဘာကြီးတုန်လှုပ်ခြောက်ခြား...ကမ်းပါးတွေပြိုပြီး..
နေမညို လမပျောက်ဘဲ ညရောက်ခဲ့ ရတယ် နေ့ ..
အသည်းလှိုက် အူလှိုက် ရင်ကိုပိုက် ငိုရှိုက်တဲ့ အသံတွေ..
ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့ ကာဂယက်ရိုက်..အာဏာရမ္မက်အတွက်..
မိုက်လိုက်တဲ့  လူတစ်သိုက်ရယ်ကြောင့်..
ဒို့ ဗမာ ကမ္ဘာပျက်သလို ဟိုတစ်ချိန် နေ့ ရက်အိုကိုတော့ ဒီနေ့ အထိမမေ့ နိုင်ခဲ့ ..
ဝမ်းနည်းခံခက်ဖွယ်ရာ အဖြစ်ဆိုးနဲ့  ဇူလိုင်ရယ်တစ်ဆယ့်ကိုး ကို..
စောဂဠုန် အမျိုးယုတ်ကြောင့် ပြောမကုန်ကျန်ရစ်ခဲ့ တဲ့ နေ့ ..
ဟိုတုန်းက အဲဒီနေ့  ခုများတော့ ဒီနေ့ ..
မမေ့ ရက်စရာကမ္ဘာပျက်လို့ ..
မြန်မာလက်တွေ လက်မ ပျောက်ခဲ့ ရတဲ့ နေ့ ...
မောင်လွမ်းဆု
ကျွန်နော်ရဲ့ ပန်း...
လောင်းရိပ်မိပြီး ပွင့်ခဲ့ တဲ့ ပန်း..လန်းနေလျှက်..
အလွမ်းရက်တွေ ခ၀ါချတဲ့ ည...
အစိမ်းညတွေ အဖော်ပြု..
ဘယ်ဥတုကိုမှ သူတို့ ဂရုမစိုက်တော့ဘူး..
ပွင့်ပြီးမှဘဲ လောင်းရိပ်မိပါစေ..
လောင်းရိပ်မိပြီးမှဘဲ ပွင့်ပါစေ..
ပန်းဟာပန်းဖြစ်တဲ့ အတွက် ရနံ့ ဆိုတာ ရှိရမယ်...
ရနံ့ ပေါင်းများစွာကို နမ်းခွင့် မပေးတဲ့ ပန်း..
နမ်းခွင့်ပေါင်းများစွာကို ရနံ့ မပေးတဲ့ ပန်း..
ဘယ်ပန်းမျိုးလဲဆိုတာမင်းကိုယ်တိုင်မသိ..
မင်းကိုယ်တိုင်ပွင့်ပြီး..မင်းကိုယ်တိုင်ဘဲ မြေခသွားပြီလားပန်ရယ်...
ပန်းရေ မင်းဟာပန်းကလေးပါ..ငါတာဝန်မဲ့ စွာဖြင့် နမ်းခွင့် မပြုပရစေနဲ့ ...
ပန်းရေ မင်ဟာပန်းကလေးပါ ငါနမ်းခွင့်.ယူပြီးတာဝန်မမဲ့ ပရစေနဲ့ ..
ငါတာဝန်ငါကျေဖို့ ကြိုးစားနေခိုက်..
မင်းက အမှိုက်သရိုက်တွေကြားပွင့်နေလိုက်တာ..
ပန်းအတုတွေနဲ့ တွဲပြီး ရနံ့ အတုတွေ နဲ့ ပျော်နေတော့ ..
မင်းဆီမှာ အနမ်းတုတွေလာနေလိုက်ကြတာ..
မြင်မကောင်း ရှု့ မကောင်းပါလား ပန်းရေ....
မောင်လွမ်းဆု
အလွမ်းရက်တွေ ခ၀ါချတဲ့ ည...
အစိမ်းညတွေ အဖော်ပြု..
ဘယ်ဥတုကိုမှ သူတို့ ဂရုမစိုက်တော့ဘူး..
ပွင့်ပြီးမှဘဲ လောင်းရိပ်မိပါစေ..
လောင်းရိပ်မိပြီးမှဘဲ ပွင့်ပါစေ..
ပန်းဟာပန်းဖြစ်တဲ့ အတွက် ရနံ့ ဆိုတာ ရှိရမယ်...
ရနံ့ ပေါင်းများစွာကို နမ်းခွင့် မပေးတဲ့ ပန်း..
နမ်းခွင့်ပေါင်းများစွာကို ရနံ့ မပေးတဲ့ ပန်း..
ဘယ်ပန်းမျိုးလဲဆိုတာမင်းကိုယ်တိုင်မသိ..
မင်းကိုယ်တိုင်ပွင့်ပြီး..မင်းကိုယ်တိုင်ဘဲ မြေခသွားပြီလားပန်ရယ်...
ပန်းရေ မင်းဟာပန်းကလေးပါ..ငါတာဝန်မဲ့ စွာဖြင့် နမ်းခွင့် မပြုပရစေနဲ့ ...
ပန်းရေ မင်ဟာပန်းကလေးပါ ငါနမ်းခွင့်.ယူပြီးတာဝန်မမဲ့ ပရစေနဲ့ ..
ငါတာဝန်ငါကျေဖို့ ကြိုးစားနေခိုက်..
မင်းက အမှိုက်သရိုက်တွေကြားပွင့်နေလိုက်တာ..
ပန်းအတုတွေနဲ့ တွဲပြီး ရနံ့ အတုတွေ နဲ့ ပျော်နေတော့ ..
မင်းဆီမှာ အနမ်းတုတွေလာနေလိုက်ကြတာ..
မြင်မကောင်း ရှု့ မကောင်းပါလား ပန်းရေ....
မောင်လွမ်းဆု
Sunday, May 29, 2011
သို့ / အချစ်ရေ.....
တိမ်တောက် နေတဲ့ ရွှေရောင်ကောင်းကင်အောက်..
ဆည်းဆာမရောက်ခင် နေစောင်းတဲ့ အချိန်..
တိမ်ပြိုလုလု မိုးတိမ်အစုတွေ ငိုကြွေးကြတော့ မယ်...
ငိုခြင်းမရောက် ခင် ဆွေးခြင်းတွေ သယ်ဆောင်လာတဲ့  မြောက်လေနုနု..
ဘာဥတုရယ် လို့ အတိကျ မသိခဲ့ ရပေမဲ့ ..
ငိုချလိုက်တဲ့  မျက်ဝန်းတစ်စုံကြောင့် မိုးဥတု ဖြစ်နိုင်ချေရဲ့ ..။
ကိုယ့်အတွေး ကိုယ်စီနဲ့  အညိုရောင် မိုးတိမ်တွေ မပြိုခင်..
တစ်နေ၀င် ဟိုဥသြ က လွမ်းမောစွာဆိုပြလိုက်တဲ့ သီချင်းကြောင့်..
အိုကွယ် နွေဥတုများဖြစ်နေသလား..။
အခါလွန် အချိန်နှောင်းခဲ့ လို့  ဟေမာန် ဆောင်းရယ်က ဘယ်မှန်းမသိ..
မြန်မာပြည်ရဲ့  တစ်နေရာ ကိုယ့် ချက်မြုပ်ရာနေရာ ဒေသဆီက..
နွေလ တွေအမျိုးမျိုးပြောင်း မိုးဆောင်းတွေ အကြိမ်ကြိမ် လည်ခဲ့ ပြီ...။
ယ္ခု ရောက်နေရာ ဒီအရပ်မှာတော့ နေပူရင်းမိုးရွာ မိုးရွာရင် နေပူနဲ့ ...
ဘာဥတုမှန်း လည်း...မသိခဲ့ တာကြာပြီ..
စိတ်ကူးယဉ် အတွေးစခန်း နဲ့  ပြည်မြန်မာပြန်လမ်းရယ်က..
ပိတောက်ပန်းတွေ ကြို.. နွေခိုတိမ်ဟောင်းတွေ က..
မိုးရာသီပြောင်းပြီး..ဆောင်းတမီးလှုံ ချစ်သူရင်အုံ ခိုလှုံဖို့ အတွက်...
တစ်နေ့ တော့ ပြန်လာခဲ့ မယ်ချစ်သူ.....။
မောင်လွမ်းဆု
ဆည်းဆာမရောက်ခင် နေစောင်းတဲ့ အချိန်..
တိမ်ပြိုလုလု မိုးတိမ်အစုတွေ ငိုကြွေးကြတော့ မယ်...
ငိုခြင်းမရောက် ခင် ဆွေးခြင်းတွေ သယ်ဆောင်လာတဲ့  မြောက်လေနုနု..
ဘာဥတုရယ် လို့ အတိကျ မသိခဲ့ ရပေမဲ့ ..
ငိုချလိုက်တဲ့  မျက်ဝန်းတစ်စုံကြောင့် မိုးဥတု ဖြစ်နိုင်ချေရဲ့ ..။
ကိုယ့်အတွေး ကိုယ်စီနဲ့  အညိုရောင် မိုးတိမ်တွေ မပြိုခင်..
တစ်နေ၀င် ဟိုဥသြ က လွမ်းမောစွာဆိုပြလိုက်တဲ့ သီချင်းကြောင့်..
အိုကွယ် နွေဥတုများဖြစ်နေသလား..။
အခါလွန် အချိန်နှောင်းခဲ့ လို့  ဟေမာန် ဆောင်းရယ်က ဘယ်မှန်းမသိ..
မြန်မာပြည်ရဲ့  တစ်နေရာ ကိုယ့် ချက်မြုပ်ရာနေရာ ဒေသဆီက..
နွေလ တွေအမျိုးမျိုးပြောင်း မိုးဆောင်းတွေ အကြိမ်ကြိမ် လည်ခဲ့ ပြီ...။
ယ္ခု ရောက်နေရာ ဒီအရပ်မှာတော့ နေပူရင်းမိုးရွာ မိုးရွာရင် နေပူနဲ့ ...
ဘာဥတုမှန်း လည်း...မသိခဲ့ တာကြာပြီ..
စိတ်ကူးယဉ် အတွေးစခန်း နဲ့  ပြည်မြန်မာပြန်လမ်းရယ်က..
ပိတောက်ပန်းတွေ ကြို.. နွေခိုတိမ်ဟောင်းတွေ က..
မိုးရာသီပြောင်းပြီး..ဆောင်းတမီးလှုံ ချစ်သူရင်အုံ ခိုလှုံဖို့ အတွက်...
တစ်နေ့ တော့ ပြန်လာခဲ့ မယ်ချစ်သူ.....။
မောင်လွမ်းဆု
Monday, May 23, 2011
မဆုံးသေးတဲ့ စခန်းဆီသို့ ...
နေ့ ရက်တိုင်းဟာ အာကာသတွေ ဆီရောက်ပြီး..
အပေါက်ရှာနေတဲ့  ထွက်ပေါက်တွေ..တံခါးမရှိဘူး..
နေ့ တစ်နေ့  ရဲ့  အဖြစ်ပျက်တွေဟာ..
သဘာဝဆန်ဆန် ရှိနေ ပေမဲ့ ..
လောက ရဲ့ စက္ကန့် တံတွေ က ကမ္ဘာကို အကြိမ်ပေါင်းများစွာပတ်ခဲ့ ပြီ..
နောက်ကျခြင်း ဆုံးရှုံးခြင်းတွေဟာ...
ကြယ်ကြွေ ညတွေ နဲ့  အပျော်ဖက်ပြီး..
ရော်ရွက်တွေ ကြွေနေခိုက်..
ဆောင်းအကြွေနွေတစ်မိုးကြောင့်..
အဖြစ်ပျက် အမျိုးမျိုးဟာ...
ဥသြတွန်စရာမလိုတော့ဘူး..
ကိုယ့်အမှားကို ကိုယ်တိုင်မသိခဲ့ လို့  ..
နောင်ဆိုတဲ့ နေ့ ရက်တိုင်းမှာ..
ဒဏ်ရာဆိုတဲ့  အားအင်တစ်ခွက်နဲ့ 
အသက်ဆက်ပြီး..
ဗေဒါက ကုန်းပေါ်တက်လို့ ..
အသက်ဆက်မယ့် ဒီလမ်းမှာ..
ဘယ်ပန်းမှ ငါကို အမှီစေရဘူးတဲ့ ..
ဒီလမ်းနဲ့  ဒီစခန်း ပန်းဗေဒါ ရေမရှိလည်း..
ဇွဲရှိရှိလျှောက်လိုက်တာ..ကုန်းတစ်နေရာ..
ဗေဒါပန်းက ဥယျာဉ်ကြီးဖြစ်လို့ ..
နွေကိုမကြောက် လေကို မကြောက်ပေမဲ့ ..
တံခါးခေါက်သံ နောက်ဆုံးလမ်းမှာ..
သေခြင်းစခန်းတွေဆီသို့ ......
အသွားအလာမတူကြပေမဲ့ ..
သူသွား ကိုယ်လိုက်..
ဘယ်အဝေးကြီးကိုမှ မကြည့်ဘဲ..
မင်းသွားနေခိုက်ငါတစ်နေ့ လိုက်ရမယ်..
ငါသွားနေခိုက် မင်းလဲ တစ်နေ့ လိုက်ရမယ်...
မောင်လွမ်းဆု..
အပေါက်ရှာနေတဲ့  ထွက်ပေါက်တွေ..တံခါးမရှိဘူး..
နေ့ တစ်နေ့  ရဲ့  အဖြစ်ပျက်တွေဟာ..
သဘာဝဆန်ဆန် ရှိနေ ပေမဲ့ ..
လောက ရဲ့ စက္ကန့် တံတွေ က ကမ္ဘာကို အကြိမ်ပေါင်းများစွာပတ်ခဲ့ ပြီ..
နောက်ကျခြင်း ဆုံးရှုံးခြင်းတွေဟာ...
ကြယ်ကြွေ ညတွေ နဲ့  အပျော်ဖက်ပြီး..
ရော်ရွက်တွေ ကြွေနေခိုက်..
ဆောင်းအကြွေနွေတစ်မိုးကြောင့်..
အဖြစ်ပျက် အမျိုးမျိုးဟာ...
ဥသြတွန်စရာမလိုတော့ဘူး..
ကိုယ့်အမှားကို ကိုယ်တိုင်မသိခဲ့ လို့  ..
နောင်ဆိုတဲ့ နေ့ ရက်တိုင်းမှာ..
ဒဏ်ရာဆိုတဲ့  အားအင်တစ်ခွက်နဲ့ 
အသက်ဆက်ပြီး..
ဗေဒါက ကုန်းပေါ်တက်လို့ ..
အသက်ဆက်မယ့် ဒီလမ်းမှာ..
ဘယ်ပန်းမှ ငါကို အမှီစေရဘူးတဲ့ ..
ဒီလမ်းနဲ့  ဒီစခန်း ပန်းဗေဒါ ရေမရှိလည်း..
ဇွဲရှိရှိလျှောက်လိုက်တာ..ကုန်းတစ်နေရာ..
ဗေဒါပန်းက ဥယျာဉ်ကြီးဖြစ်လို့ ..
နွေကိုမကြောက် လေကို မကြောက်ပေမဲ့ ..
တံခါးခေါက်သံ နောက်ဆုံးလမ်းမှာ..
သေခြင်းစခန်းတွေဆီသို့ ......
အသွားအလာမတူကြပေမဲ့ ..
သူသွား ကိုယ်လိုက်..
ဘယ်အဝေးကြီးကိုမှ မကြည့်ဘဲ..
မင်းသွားနေခိုက်ငါတစ်နေ့ လိုက်ရမယ်..
ငါသွားနေခိုက် မင်းလဲ တစ်နေ့ လိုက်ရမယ်...
မောင်လွမ်းဆု..
Sunday, April 24, 2011
သူငယ်ချင်းရေ
မင်းဘာဖြစ်လို့ လဲ ဆိုတာကို ငါ မမေးဘူး...
မင်းလိုအပ်တာ ငါတစိတ်လောက်ကူညီပရစေ...
မင်းဟိုနေ့  က ငါ့ကို ပြောခဲ့ တာ ငါ့ စိတ်ထဲ ဘာမှ မဖြစ်ခဲ့ ပေမဲ့  ...
ငါ မင်းကို ခင်ရုံက လွဲလို့  ဘာမှလုပ်မပေးနိုင်ခဲ့ ဘူး...
မင်းကွာ..ငါသူငယ်ချင်းတစ်ယောက်ရယ်လို့  ရည်ရွယ်ပြီးမှ..
ဘာကြောင့် တံခါးကို မင်းကိုယ်တိုင်ဖွင့် ...
မင်းကိုယ်တိုင်ပိတ်သွားရတာလဲ...
သူငယ်ချင်းတစ်ယောက်အတွက်နဲ့  ငါ့ စိတ်တွေ ဘယ်တုန်းကမှ ..
ရေအမျော မခံခဲ့ ပေမဲ့ ..
ကျောက် ဆောင်ပေါ်ကို တင်ခဲ့ တဲ့ စိတ်တစ်ပိုင်း တစ်စ ..
မင်းအတွက်ပါလို့  ငါ အာမမခံနိုင်ခဲ့ ဘူး...
မင်း(သို့ ) သူငယ်ချင်းတွေ ဟာ..
ငါ့ရဲ့  အစားကောင်းအသောက်အကောင်းတွေ နဲ့ ..
မင်း အသက်ဆက်ခဲ့ တာမဟုတ်ခဲ့  ပေမဲ့ ..
ပေါင်းစပ်သွေးတစ်ခွက်နဲ့ ..
ဒို့ တွေ ဥယျာဉ် တစ်ခု ပျိုးခဲြ့ကတယ်..
မင်းမျိုးစေ့  ငါမသိ..
ငါမျိုးစေ့ မင်းမသိခဲ့ ပါဘူး..
မင်းပွင့်တဲ့ ပန်း ငါပွင့်တဲ့ ပန်း ရနံ့ ဆုံပြီး..
ကမ္ဘာကြီးကို မွှေးစေနိုင်တယ်သူငယ်ချင်း..
ဒို့ တွေ အသက်မဆုံး ..အပြုံးတွေ တစ်သက်လုံးရှိနေခိုက်..
အမှိုက်တွေကြားက ဖိနပ်နပ်တစ်ရံ..
မင်းတစ်ဖက် ငါတစ်ဖက်စီးပြီး...
မင်းပြုံးရင်ငါလိုက်ပြုံးမယ်....
ငါပြုံးရင် မင်းလိုက်ပြုံးပေးပါ .......သူငယ်ချင်း
မောင်လွမ်းဆု...
မင်းလိုအပ်တာ ငါတစိတ်လောက်ကူညီပရစေ...
မင်းဟိုနေ့  က ငါ့ကို ပြောခဲ့ တာ ငါ့ စိတ်ထဲ ဘာမှ မဖြစ်ခဲ့ ပေမဲ့  ...
ငါ မင်းကို ခင်ရုံက လွဲလို့  ဘာမှလုပ်မပေးနိုင်ခဲ့ ဘူး...
မင်းကွာ..ငါသူငယ်ချင်းတစ်ယောက်ရယ်လို့  ရည်ရွယ်ပြီးမှ..
ဘာကြောင့် တံခါးကို မင်းကိုယ်တိုင်ဖွင့် ...
မင်းကိုယ်တိုင်ပိတ်သွားရတာလဲ...
သူငယ်ချင်းတစ်ယောက်အတွက်နဲ့  ငါ့ စိတ်တွေ ဘယ်တုန်းကမှ ..
ရေအမျော မခံခဲ့ ပေမဲ့ ..
ကျောက် ဆောင်ပေါ်ကို တင်ခဲ့ တဲ့ စိတ်တစ်ပိုင်း တစ်စ ..
မင်းအတွက်ပါလို့  ငါ အာမမခံနိုင်ခဲ့ ဘူး...
မင်း(သို့ ) သူငယ်ချင်းတွေ ဟာ..
ငါ့ရဲ့  အစားကောင်းအသောက်အကောင်းတွေ နဲ့ ..
မင်း အသက်ဆက်ခဲ့ တာမဟုတ်ခဲ့  ပေမဲ့ ..
ပေါင်းစပ်သွေးတစ်ခွက်နဲ့ ..
ဒို့ တွေ ဥယျာဉ် တစ်ခု ပျိုးခဲြ့ကတယ်..
မင်းမျိုးစေ့  ငါမသိ..
ငါမျိုးစေ့ မင်းမသိခဲ့ ပါဘူး..
မင်းပွင့်တဲ့ ပန်း ငါပွင့်တဲ့ ပန်း ရနံ့ ဆုံပြီး..
ကမ္ဘာကြီးကို မွှေးစေနိုင်တယ်သူငယ်ချင်း..
ဒို့ တွေ အသက်မဆုံး ..အပြုံးတွေ တစ်သက်လုံးရှိနေခိုက်..
အမှိုက်တွေကြားက ဖိနပ်နပ်တစ်ရံ..
မင်းတစ်ဖက် ငါတစ်ဖက်စီးပြီး...
မင်းပြုံးရင်ငါလိုက်ပြုံးမယ်....
ငါပြုံးရင် မင်းလိုက်ပြုံးပေးပါ .......သူငယ်ချင်း
မောင်လွမ်းဆု...
Wednesday, April 20, 2011
အမေ့ အိမ်လေးသို့ တစ်ခေါက်..
ခုံဖိနပ် တစ်ရံရယ်..
ခေါင်းပေါင်း တစ်ခုရယ်..
သူရိန်နဲ့  စကားပြောပြီး..
သင်္ခါရ တရားတွေ ကို အဖော်လုပ်..
အိမ်ရှေ့ သစ်ပင်က ငှက်တွေ ထပြန်သွားကြပြီ..
သစ်ကိုင်းခြောက်တွေ လည်း ရွက်နုထွက်ရင်းက .
မြေမှာ ခလို့ ..
ဘယ်တုန်းကမှ တံခါးမရှိတဲ့  အမေ့  အိမ်မှာ..
ငှက်တွေ လဲ မလာတော့ ဘူး..
သစ်ရွက်တွေ လည်း ကြွေကြွေ ကျနေပြီ..
အသက်ရှုသံ အေးအေးနဲ့  ..
အမေ ကဗျာရွတ်နေပြီ..
သားကြီးရော နေကောင်းရဲ့ လား ..
သမီး အလတ်ရော အလုပ်အဆင်ပြေရဲ့ လား..
သားငယ်လေးရော အရင် လို ဆိုးတုန်းပဲလား..
သားတို့ မောင်နှမတွေ ရော တွေ့ ကြရဲ့ လား..
အမေ အရင် လိုထမင်းစားလို့ မကောင်းတော့ ဘူး..
အမေစီး ခဲ့ တဲ့  ခုံဖိနပ် တစ်ရံ ကြောင့်
သားတို မောင်နှ မတွေ ကတ္ထီပါ ဖိနပ် စီးခဲ့ ရပြီ..
အမေ ပေါင်းခဲ့ တဲ့ ခေါင်းပေါင်း အ၀တ်စ လေးကြောင့်..
သားတို့  အ၀တ်စ မျိုးစုံ ၀တ်နိုင်ခဲ့ ပြီ..
အမေအိမ်ရဲ့  လှေခါးရှေ့ က မီးဖိုခန်းလေးမှာ..
အမေခေါင်းပေါင်းလေးနဲ့ ခုံဖိနပ် တစ်ရံ..
ကျွန်တော်ကို မြင်လို့ သူတို့ ပြုံးနေတယ်..
တံခါး မရှိ တဲ့  အမေ အိမ်မှ ..
ကျွန်တော်တို့ တွေ အတောင်စုံခဲ့ ကြပြီ..
အမေ ငှက်တွေ မရှိပေမဲ့  နံနက် တိုင်း ..
အစာတွေ ပစ်ကျွေးနေတယ်..
အမေကျွန်တော် ကို မြင်လိုက်တော့..
ကမ္ဘာကြီးကို စိန်ခေါ်ပြီး ပြုံးနေလိုက်တာ..
ဒါ..အမေ့ သားကြီး ဟုတ်ပါတယ်နော်..
အမေအရင်ကလို မျက်လုံးတွေ သိပ်မကောင်းတော့ ဘူး..
သြော် ..ဒါကြောင့် တံခါးမရှိတဲ့ အမေ့ အိမ်မှာ ..
ငှက်တွေ မလာပေမဲ့  အစာတွေ..
ကျွေးနေဆဲ.......အမေ...။
မောင်လွမ်းဆု..
Tuesday, April 19, 2011
အိပ်မက်တွေ ရိုင်းနေတယ်..
ရာသီနွေမှာ နာရီတွေနောက်ပြန်လို့ ...
ပူအိုက်ခြင်းနဲ့ အတူ ဖေါက်ပြန်မူတွေကများ...
အချိန်တွေ ပြောင်းသမျှ ဆောင်းတစ်ညမှာလဲ
နှင်းပျောက်ခဲ့ ပြီ...
ညတစ်ညမှာ ငှက်ဆိုးထိုးသံနဲ့ အတူ..
ကခုန်နေတဲ့  လိပ်ပြာတွေ..
စိတ်တွေ ကို စီးမျောရင်း..
တောရိုင်းတစ်ခုက မြေခွေးတစ်သိုက်..
အမှိုက်ပုံ ကို အစာရှာနေလိုက်တာ..
မိုးမမြင် လေမမြင် ကိုယ့်သခင်ဘယ်မှာလဲမသိ..
ပြုံးနဲ့ ကြိုဆိုနေတဲ့  အသုဘ..
ငရဲပြည် က မင်္ဂလာပွဲ..
အ၀င်တံခါးကြီးဖွင့် ထားလို့ ..၀င်နေလိုက်ကြတာ..
အထွက်တံခါးက သက်ထားပျိုတို့  တစ်သိုက်..
အမှိုက်ထဲ ကရွှေဖြစ်နေ....။
မောင်လွမ်းဆု
ပူအိုက်ခြင်းနဲ့ အတူ ဖေါက်ပြန်မူတွေကများ...
အချိန်တွေ ပြောင်းသမျှ ဆောင်းတစ်ညမှာလဲ
နှင်းပျောက်ခဲ့ ပြီ...
ညတစ်ညမှာ ငှက်ဆိုးထိုးသံနဲ့ အတူ..
ကခုန်နေတဲ့  လိပ်ပြာတွေ..
စိတ်တွေ ကို စီးမျောရင်း..
တောရိုင်းတစ်ခုက မြေခွေးတစ်သိုက်..
အမှိုက်ပုံ ကို အစာရှာနေလိုက်တာ..
မိုးမမြင် လေမမြင် ကိုယ့်သခင်ဘယ်မှာလဲမသိ..
ပြုံးနဲ့ ကြိုဆိုနေတဲ့  အသုဘ..
ငရဲပြည် က မင်္ဂလာပွဲ..
အ၀င်တံခါးကြီးဖွင့် ထားလို့ ..၀င်နေလိုက်ကြတာ..
အထွက်တံခါးက သက်ထားပျိုတို့  တစ်သိုက်..
အမှိုက်ထဲ ကရွှေဖြစ်နေ....။
မောင်လွမ်းဆု
အရှက်မရှိတဲ့ ခန္ဓာ
ဖြစ်တည်မူ ဖြစ်ပျက်မူတွေ မတည်မြဲ..
စိတ်ရဲ့ အစွဲလန်းတွေ ပျိုးးထောင်..
ဟိုး....မှောင်နေတဲ့ ကမ်းရိုးတန်းတစ်လျှောက်..
မြောက်လေတွေ သွဲ့ ဆင်း..
ညခင်း ရဲ့ တိမ်အိုကြား..
လမင်းနဲ့ စကားပြောပြီး..
အကျိုးမဲ့ တဲ့ ဖျော်ရည်တစ်ခွက်နဲ့ မိတ်ဖွဲ့ လို့ ..
နုတ်ဆက်ခဲ့ တဲ့ ၂၀၁၀ကို ပြန်တွေး...
ငါ ဘာလေးများအကျိုးရှိအောင်လုပ်ခဲ့ သလဲ..
စဉ်းစားတိုင်းသောက်လိုက်တဲ့ နောက်တစ်ခွက်က..
မှောက်ရက်ကျနေတဲ့  ခန္ဓာဝန်ကို..
ရှူရှိုက်တဲ့  လေတစ်သိုက်က စောင့်လျှောက်လို့ ..
နိုးထတဲ့ နံနက်ခင်းနဲ့  မိတ်ဖွဲ့ ခွင့်ရပြန်၏..
အဆုံးသတ်ခဲ့ တဲ့  တစ်နှစ်တာကိုကျောခိုင်း..
ငါ့ခန္ဓာအရိုင်းကြီးက အရှက်မရှိ..
နုတ်ဆက်နေလိုက်တာ ၂၀၁၁ တဲ့ ..
တစ်နှစ်တာကုန်ဆုံး..
ပြုံးပြုံးကြီး ရယ်ပြနေတဲ့ သေမင်းက..
မင်းလည်း နီးလာပြီတဲ့ ..
သေမဲ့  ခရီးနီးခဲ့ ပေမဲ့ ..
နေတဲ့ ခရီး ပြီးခဲ့ တာကိုပြန်တွေး...
ဘယ်အရေး ၌ဘာကျိုးဆောင်..
ငါအမှောင်ကို ၀င်တိုးနေသမျှ..
ခန္ဓာမသေ..
အသက်သေနေ၏...။
မောင်လွမ်းဆု...
စိတ်ရဲ့ အစွဲလန်းတွေ ပျိုးးထောင်..
ဟိုး....မှောင်နေတဲ့ ကမ်းရိုးတန်းတစ်လျှောက်..
မြောက်လေတွေ သွဲ့ ဆင်း..
ညခင်း ရဲ့ တိမ်အိုကြား..
လမင်းနဲ့ စကားပြောပြီး..
အကျိုးမဲ့ တဲ့ ဖျော်ရည်တစ်ခွက်နဲ့ မိတ်ဖွဲ့ လို့ ..
နုတ်ဆက်ခဲ့ တဲ့ ၂၀၁၀ကို ပြန်တွေး...
ငါ ဘာလေးများအကျိုးရှိအောင်လုပ်ခဲ့ သလဲ..
စဉ်းစားတိုင်းသောက်လိုက်တဲ့ နောက်တစ်ခွက်က..
မှောက်ရက်ကျနေတဲ့  ခန္ဓာဝန်ကို..
ရှူရှိုက်တဲ့  လေတစ်သိုက်က စောင့်လျှောက်လို့ ..
နိုးထတဲ့ နံနက်ခင်းနဲ့  မိတ်ဖွဲ့ ခွင့်ရပြန်၏..
အဆုံးသတ်ခဲ့ တဲ့  တစ်နှစ်တာကိုကျောခိုင်း..
ငါ့ခန္ဓာအရိုင်းကြီးက အရှက်မရှိ..
နုတ်ဆက်နေလိုက်တာ ၂၀၁၁ တဲ့ ..
တစ်နှစ်တာကုန်ဆုံး..
ပြုံးပြုံးကြီး ရယ်ပြနေတဲ့ သေမင်းက..
မင်းလည်း နီးလာပြီတဲ့ ..
သေမဲ့  ခရီးနီးခဲ့ ပေမဲ့ ..
နေတဲ့ ခရီး ပြီးခဲ့ တာကိုပြန်တွေး...
ဘယ်အရေး ၌ဘာကျိုးဆောင်..
ငါအမှောင်ကို ၀င်တိုးနေသမျှ..
ခန္ဓာမသေ..
အသက်သေနေ၏...။
မောင်လွမ်းဆု...
နုတ်ခမ်းရာဇ၀င်
နုတ်ခမ်းလေး နှစ်ခု အဖွင့်အပိတ်လုပ်လိုက်တာ..
အခန်းတစ်ခန်းလုံး မီးပျက်သွားတယ်..
အိပ်မရပေမဲ့  သံစုံပြိုင်ဟစ်နေတဲ့  ခြင်တီးဝိုင်းလေးရှိနေလို့ ပေါ့ ..
အလင်းရောင်လေးတစ်စက်စက် ၀င်လာပြီး..
ဝုန်း.............
အခန်းတခါးကြီးပွင့်လာတော့ ..
ပါတ်ဝန်းကျင်မှာ အရင်းနီးဆုံးမိတ်ဆွေတွေ..
အမှတ်တမဲ့ နဲ့ အမှတ်တရတွေ ပြန်တွေ့ တော့ ..
ဝမ်းသာသလိုလို..
ငါမှန်တယ်..
အခန်းမှန်တယ်..
အဖြေ မှန်တယ်..
အားလုံးမှန်တယ်..
မေးတဲ့ လူမှန်တယ်..
မှားတဲ့ လူ မေးတယ်...
ဂုဏ်ယူပါတယ်..
အခန်းကို အပိုင်စားပေးတော့..
မြိုင်ထလေးနဲ့  ကနေလိုက်တယ်..
................................။
မောင်လွမ်းဆု
အခန်းတစ်ခန်းလုံး မီးပျက်သွားတယ်..
အိပ်မရပေမဲ့  သံစုံပြိုင်ဟစ်နေတဲ့  ခြင်တီးဝိုင်းလေးရှိနေလို့ ပေါ့ ..
အလင်းရောင်လေးတစ်စက်စက် ၀င်လာပြီး..
ဝုန်း.............
အခန်းတခါးကြီးပွင့်လာတော့ ..
ပါတ်ဝန်းကျင်မှာ အရင်းနီးဆုံးမိတ်ဆွေတွေ..
အမှတ်တမဲ့ နဲ့ အမှတ်တရတွေ ပြန်တွေ့ တော့ ..
ဝမ်းသာသလိုလို..
ငါမှန်တယ်..
အခန်းမှန်တယ်..
အဖြေ မှန်တယ်..
အားလုံးမှန်တယ်..
မေးတဲ့ လူမှန်တယ်..
မှားတဲ့ လူ မေးတယ်...
ဂုဏ်ယူပါတယ်..
အခန်းကို အပိုင်စားပေးတော့..
မြိုင်ထလေးနဲ့  ကနေလိုက်တယ်..
................................။
Sunday, April 03, 2011
ဒို့ တွေ ရဲ့ အသံ
အပင်ရှိလို့ ...အရိပ်ရှိတယ်....
အရိပ်ရှိလို့ နားခိုခွင့် ရတယ်...
နားခိုခွင့် ရလို့  စိတ်ချမ်းသာတယ်.....
စိတ်ချမ်းသာလို့ ကျေးဇူးတင်မိပါတယ်...
ခရီးသည် တွေနားကာနေ...
လမ်းဘေး ဇရပ်မထင်ပါနဲ့ ...
လွမ်းတေး ဇာတ်လဲ မဆင်ပါနဲ. ...
ချမ်အေးတဲ့  အရပ်မှာ...
အတူပျော်ကြည်နူးဖို့ ...
လူတော်တွေ ရည်စူး သမျှ...
အတူ အဖော်တွေ ကြည်နူး ရပါစေတော့ဆိုပြီး..
လို ရာ.. ခရီးမဆုံး ခင်...
ကိုယ်သာ အကြီးဆုံး ဘုရင် ကဲ့ သို့ ..
စိတ်မထားကြပါနဲ့ ...
လိပ် သွားရာ ခြေရာထင်ခဲ့ သလို...
ဖြည်းဖြည်း လျှောက်တဲ့ ခရီး.....
နောက်ပြန်ကာ ကြည့်လိုက်မယ်...
ငါတို့ ခြေရာ ငါတို့ မြင်ပါသော်လဲ...
မြင်သော အတိတ်...
ထင်သောစိတ်နဲ့ ...
ခင်သောမိတ် သူငါတို့ ...
တစ်မျိုး အမြင်စိတ်မမှားရအောင်..
ဒို့ အမြင် ဒို့ ဘုရားနဲ့ ...
ဒို့ သွားတဲ့ လမ်း ဒို့ စခန်းကို..
ဒို့ ကိုယ်တိုင် လျှောက်...
ဒို့  ရောက်ရမည်။
*********
မောင်လွမ်းဆု..
အရိပ်ရှိလို့ နားခိုခွင့် ရတယ်...
နားခိုခွင့် ရလို့  စိတ်ချမ်းသာတယ်.....
စိတ်ချမ်းသာလို့ ကျေးဇူးတင်မိပါတယ်...
ခရီးသည် တွေနားကာနေ...
လမ်းဘေး ဇရပ်မထင်ပါနဲ့ ...
လွမ်းတေး ဇာတ်လဲ မဆင်ပါနဲ. ...
ချမ်အေးတဲ့  အရပ်မှာ...
အတူပျော်ကြည်နူးဖို့ ...
လူတော်တွေ ရည်စူး သမျှ...
အတူ အဖော်တွေ ကြည်နူး ရပါစေတော့ဆိုပြီး..
လို ရာ.. ခရီးမဆုံး ခင်...
ကိုယ်သာ အကြီးဆုံး ဘုရင် ကဲ့ သို့ ..
စိတ်မထားကြပါနဲ့ ...
လိပ် သွားရာ ခြေရာထင်ခဲ့ သလို...
ဖြည်းဖြည်း လျှောက်တဲ့ ခရီး.....
နောက်ပြန်ကာ ကြည့်လိုက်မယ်...
ငါတို့ ခြေရာ ငါတို့ မြင်ပါသော်လဲ...
မြင်သော အတိတ်...
ထင်သောစိတ်နဲ့ ...
ခင်သောမိတ် သူငါတို့ ...
တစ်မျိုး အမြင်စိတ်မမှားရအောင်..
ဒို့ အမြင် ဒို့ ဘုရားနဲ့ ...
ဒို့ သွားတဲ့ လမ်း ဒို့ စခန်းကို..
ဒို့ ကိုယ်တိုင် လျှောက်...
ဒို့  ရောက်ရမည်။
*********
မောင်လွမ်းဆု..
Subscribe to:
Posts (Atom)