အဲဒီနေ့ ကပေါ့ ....တိမ်ပြာတွေ မညိုဘဲ ငိုခဲ့ ရတယ်...
လေညှင်း တွေငြိမ်သက် လမ်းမထက်က မျက်ရည်စက်တွေနဲ့ ..
ကမ္ဘာကြီးတုန်လှုပ်ခြောက်ခြား...ကမ်းပါးတွေပြိုပြီး..
နေမညို လမပျောက်ဘဲ ညရောက်ခဲ့ ရတယ် နေ့ ..
အသည်းလှိုက် အူလှိုက် ရင်ကိုပိုက် ငိုရှိုက်တဲ့ အသံတွေ..
ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့ ကာဂယက်ရိုက်..အာဏာရမ္မက်အတွက်..
မိုက်လိုက်တဲ့  လူတစ်သိုက်ရယ်ကြောင့်..
ဒို့ ဗမာ ကမ္ဘာပျက်သလို ဟိုတစ်ချိန် နေ့ ရက်အိုကိုတော့ ဒီနေ့ အထိမမေ့ နိုင်ခဲ့ ..
ဝမ်းနည်းခံခက်ဖွယ်ရာ အဖြစ်ဆိုးနဲ့  ဇူလိုင်ရယ်တစ်ဆယ့်ကိုး ကို..
စောဂဠုန် အမျိုးယုတ်ကြောင့် ပြောမကုန်ကျန်ရစ်ခဲ့ တဲ့ နေ့ ..
ဟိုတုန်းက အဲဒီနေ့  ခုများတော့ ဒီနေ့ ..
မမေ့ ရက်စရာကမ္ဘာပျက်လို့ ..
မြန်မာလက်တွေ လက်မ ပျောက်ခဲ့ ရတဲ့ နေ့ ...
မောင်လွမ်းဆု
Tuesday, August 23, 2011
ကျွန်နော်ရဲ့ ပန်း...
လောင်းရိပ်မိပြီး ပွင့်ခဲ့ တဲ့ ပန်း..လန်းနေလျှက်..
အလွမ်းရက်တွေ ခ၀ါချတဲ့ ည...
အစိမ်းညတွေ အဖော်ပြု..
ဘယ်ဥတုကိုမှ သူတို့ ဂရုမစိုက်တော့ဘူး..
ပွင့်ပြီးမှဘဲ လောင်းရိပ်မိပါစေ..
လောင်းရိပ်မိပြီးမှဘဲ ပွင့်ပါစေ..
ပန်းဟာပန်းဖြစ်တဲ့ အတွက် ရနံ့ ဆိုတာ ရှိရမယ်...
ရနံ့ ပေါင်းများစွာကို နမ်းခွင့် မပေးတဲ့ ပန်း..
နမ်းခွင့်ပေါင်းများစွာကို ရနံ့ မပေးတဲ့ ပန်း..
ဘယ်ပန်းမျိုးလဲဆိုတာမင်းကိုယ်တိုင်မသိ..
မင်းကိုယ်တိုင်ပွင့်ပြီး..မင်းကိုယ်တိုင်ဘဲ မြေခသွားပြီလားပန်ရယ်...
ပန်းရေ မင်းဟာပန်းကလေးပါ..ငါတာဝန်မဲ့ စွာဖြင့် နမ်းခွင့် မပြုပရစေနဲ့ ...
ပန်းရေ မင်ဟာပန်းကလေးပါ ငါနမ်းခွင့်.ယူပြီးတာဝန်မမဲ့ ပရစေနဲ့ ..
ငါတာဝန်ငါကျေဖို့ ကြိုးစားနေခိုက်..
မင်းက အမှိုက်သရိုက်တွေကြားပွင့်နေလိုက်တာ..
ပန်းအတုတွေနဲ့ တွဲပြီး ရနံ့ အတုတွေ နဲ့ ပျော်နေတော့ ..
မင်းဆီမှာ အနမ်းတုတွေလာနေလိုက်ကြတာ..
မြင်မကောင်း ရှု့ မကောင်းပါလား ပန်းရေ....

Sunday, May 29, 2011
သို့ / အချစ်ရေ.....
တိမ်တောက် နေတဲ့ ရွှေရောင်ကောင်းကင်အောက်..
ဆည်းဆာမရောက်ခင် နေစောင်းတဲ့ အချိန်..
တိမ်ပြိုလုလု မိုးတိမ်အစုတွေ ငိုကြွေးကြတော့ မယ်...
ငိုခြင်းမရောက် ခင် ဆွေးခြင်းတွေ သယ်ဆောင်လာတဲ့  မြောက်လေနုနု..
ဘာဥတုရယ် လို့ အတိကျ မသိခဲ့ ရပေမဲ့ ..
ငိုချလိုက်တဲ့  မျက်ဝန်းတစ်စုံကြောင့် မိုးဥတု ဖြစ်နိုင်ချေရဲ့ ..။
ကိုယ့်အတွေး ကိုယ်စီနဲ့  အညိုရောင် မိုးတိမ်တွေ မပြိုခင်..
တစ်နေ၀င် ဟိုဥသြ က လွမ်းမောစွာဆိုပြလိုက်တဲ့ သီချင်းကြောင့်..
အိုကွယ် နွေဥတုများဖြစ်နေသလား..။
အခါလွန် အချိန်နှောင်းခဲ့ လို့  ဟေမာန် ဆောင်းရယ်က ဘယ်မှန်းမသိ..
မြန်မာပြည်ရဲ့  တစ်နေရာ ကိုယ့် ချက်မြုပ်ရာနေရာ ဒေသဆီက..
နွေလ တွေအမျိုးမျိုးပြောင်း မိုးဆောင်းတွေ အကြိမ်ကြိမ် လည်ခဲ့ ပြီ...။
ယ္ခု ရောက်နေရာ ဒီအရပ်မှာတော့ နေပူရင်းမိုးရွာ မိုးရွာရင် နေပူနဲ့ ...
ဘာဥတုမှန်း လည်း...မသိခဲ့ တာကြာပြီ..
စိတ်ကူးယဉ် အတွေးစခန်း နဲ့  ပြည်မြန်မာပြန်လမ်းရယ်က..
ပိတောက်ပန်းတွေ ကြို.. နွေခိုတိမ်ဟောင်းတွေ က..
မိုးရာသီပြောင်းပြီး..ဆောင်းတမီးလှုံ ချစ်သူရင်အုံ ခိုလှုံဖို့ အတွက်...
တစ်နေ့ တော့ ပြန်လာခဲ့ မယ်ချစ်သူ.....။

Monday, May 23, 2011
မဆုံးသေးတဲ့ စခန်းဆီသို့ ...
နေ့ ရက်တိုင်းဟာ အာကာသတွေ ဆီရောက်ပြီး..
အပေါက်ရှာနေတဲ့  ထွက်ပေါက်တွေ..တံခါးမရှိဘူး..
နေ့ တစ်နေ့  ရဲ့  အဖြစ်ပျက်တွေဟာ..
သဘာဝဆန်ဆန် ရှိနေ ပေမဲ့ ..
လောက ရဲ့ စက္ကန့် တံတွေ က ကမ္ဘာကို အကြိမ်ပေါင်းများစွာပတ်ခဲ့ ပြီ..
နောက်ကျခြင်း ဆုံးရှုံးခြင်းတွေဟာ...
ကြယ်ကြွေ ညတွေ နဲ့  အပျော်ဖက်ပြီး..
ရော်ရွက်တွေ ကြွေနေခိုက်..
ဆောင်းအကြွေနွေတစ်မိုးကြောင့်..
အဖြစ်ပျက် အမျိုးမျိုးဟာ...
ဥသြတွန်စရာမလိုတော့ဘူး..
ကိုယ့်အမှားကို ကိုယ်တိုင်မသိခဲ့ လို့  ..
နောင်ဆိုတဲ့ နေ့ ရက်တိုင်းမှာ..
ဒဏ်ရာဆိုတဲ့  အားအင်တစ်ခွက်နဲ့ 
အသက်ဆက်ပြီး..
ဗေဒါက ကုန်းပေါ်တက်လို့ ..
အသက်ဆက်မယ့် ဒီလမ်းမှာ..
ဘယ်ပန်းမှ ငါကို အမှီစေရဘူးတဲ့ ..
ဒီလမ်းနဲ့  ဒီစခန်း ပန်းဗေဒါ ရေမရှိလည်း..
ဇွဲရှိရှိလျှောက်လိုက်တာ..ကုန်းတစ်နေရာ..
ဗေဒါပန်းက ဥယျာဉ်ကြီးဖြစ်လို့ ..
နွေကိုမကြောက် လေကို မကြောက်ပေမဲ့ ..
တံခါးခေါက်သံ နောက်ဆုံးလမ်းမှာ..
သေခြင်းစခန်းတွေဆီသို့ ......
အသွားအလာမတူကြပေမဲ့ ..
သူသွား ကိုယ်လိုက်..
ဘယ်အဝေးကြီးကိုမှ မကြည့်ဘဲ..
မင်းသွားနေခိုက်ငါတစ်နေ့ လိုက်ရမယ်..
ငါသွားနေခိုက် မင်းလဲ တစ်နေ့ လိုက်ရမယ်...
မောင်လွမ်းဆု..

Sunday, April 24, 2011
သူငယ်ချင်းရေ
မင်းဘာဖြစ်လို့ လဲ ဆိုတာကို ငါ မမေးဘူး...
မင်းလိုအပ်တာ ငါတစိတ်လောက်ကူညီပရစေ...
မင်းဟိုနေ့  က ငါ့ကို ပြောခဲ့ တာ ငါ့ စိတ်ထဲ ဘာမှ မဖြစ်ခဲ့ ပေမဲ့  ...
ငါ မင်းကို ခင်ရုံက လွဲလို့  ဘာမှလုပ်မပေးနိုင်ခဲ့ ဘူး...
မင်းကွာ..ငါသူငယ်ချင်းတစ်ယောက်ရယ်လို့  ရည်ရွယ်ပြီးမှ..
ဘာကြောင့် တံခါးကို မင်းကိုယ်တိုင်ဖွင့် ...
မင်းကိုယ်တိုင်ပိတ်သွားရတာလဲ...
သူငယ်ချင်းတစ်ယောက်အတွက်နဲ့  ငါ့ စိတ်တွေ ဘယ်တုန်းကမှ ..
ရေအမျော မခံခဲ့ ပေမဲ့ ..
ကျောက် ဆောင်ပေါ်ကို တင်ခဲ့ တဲ့ စိတ်တစ်ပိုင်း တစ်စ ..
မင်းအတွက်ပါလို့  ငါ အာမမခံနိုင်ခဲ့ ဘူး...
မင်း(သို့ ) သူငယ်ချင်းတွေ ဟာ..
ငါ့ရဲ့  အစားကောင်းအသောက်အကောင်းတွေ နဲ့ ..
မင်း အသက်ဆက်ခဲ့ တာမဟုတ်ခဲ့  ပေမဲ့ ..
ပေါင်းစပ်သွေးတစ်ခွက်နဲ့ ..
ဒို့ တွေ ဥယျာဉ် တစ်ခု ပျိုးခဲြ့ကတယ်..
မင်းမျိုးစေ့  ငါမသိ..
ငါမျိုးစေ့ မင်းမသိခဲ့ ပါဘူး..
မင်းပွင့်တဲ့ ပန်း ငါပွင့်တဲ့ ပန်း ရနံ့ ဆုံပြီး..
ကမ္ဘာကြီးကို မွှေးစေနိုင်တယ်သူငယ်ချင်း..
ဒို့ တွေ အသက်မဆုံး ..အပြုံးတွေ တစ်သက်လုံးရှိနေခိုက်..
အမှိုက်တွေကြားက ဖိနပ်နပ်တစ်ရံ..
မင်းတစ်ဖက် ငါတစ်ဖက်စီးပြီး...
မင်းပြုံးရင်ငါလိုက်ပြုံးမယ်....
ငါပြုံးရင် မင်းလိုက်ပြုံးပေးပါ .......သူငယ်ချင်း
မောင်လွမ်းဆု...

Wednesday, April 20, 2011
အမေ့ အိမ်လေးသို့ တစ်ခေါက်..
ခုံဖိနပ် တစ်ရံရယ်..
ခေါင်းပေါင်း တစ်ခုရယ်..
သူရိန်နဲ့  စကားပြောပြီး..
သင်္ခါရ တရားတွေ ကို အဖော်လုပ်..
အိမ်ရှေ့ သစ်ပင်က ငှက်တွေ ထပြန်သွားကြပြီ..
သစ်ကိုင်းခြောက်တွေ လည်း ရွက်နုထွက်ရင်းက .
မြေမှာ ခလို့ ..
ဘယ်တုန်းကမှ တံခါးမရှိတဲ့  အမေ့  အိမ်မှာ..
ငှက်တွေ လဲ မလာတော့ ဘူး..
သစ်ရွက်တွေ လည်း ကြွေကြွေ ကျနေပြီ..
အသက်ရှုသံ အေးအေးနဲ့  ..
အမေ ကဗျာရွတ်နေပြီ..
သားကြီးရော နေကောင်းရဲ့ လား ..
သမီး အလတ်ရော အလုပ်အဆင်ပြေရဲ့ လား..
သားငယ်လေးရော အရင် လို ဆိုးတုန်းပဲလား..
သားတို့ မောင်နှမတွေ ရော တွေ့ ကြရဲ့ လား..
အမေ အရင် လိုထမင်းစားလို့ မကောင်းတော့ ဘူး..
အမေစီး ခဲ့ တဲ့  ခုံဖိနပ် တစ်ရံ ကြောင့်
သားတို မောင်နှ မတွေ ကတ္ထီပါ ဖိနပ် စီးခဲ့ ရပြီ..
အမေ ပေါင်းခဲ့ တဲ့ ခေါင်းပေါင်း အ၀တ်စ လေးကြောင့်..
သားတို့  အ၀တ်စ မျိုးစုံ ၀တ်နိုင်ခဲ့ ပြီ..
အမေအိမ်ရဲ့  လှေခါးရှေ့ က မီးဖိုခန်းလေးမှာ..
အမေခေါင်းပေါင်းလေးနဲ့ ခုံဖိနပ် တစ်ရံ..
ကျွန်တော်ကို မြင်လို့ သူတို့ ပြုံးနေတယ်..
တံခါး မရှိ တဲ့  အမေ အိမ်မှ ..
ကျွန်တော်တို့ တွေ အတောင်စုံခဲ့ ကြပြီ..
အမေ ငှက်တွေ မရှိပေမဲ့  နံနက် တိုင်း ..
အစာတွေ ပစ်ကျွေးနေတယ်..
အမေကျွန်တော် ကို မြင်လိုက်တော့..
ကမ္ဘာကြီးကို စိန်ခေါ်ပြီး ပြုံးနေလိုက်တာ..
ဒါ..အမေ့ သားကြီး ဟုတ်ပါတယ်နော်..
အမေအရင်ကလို မျက်လုံးတွေ သိပ်မကောင်းတော့ ဘူး..
သြော် ..ဒါကြောင့် တံခါးမရှိတဲ့ အမေ့ အိမ်မှာ ..
ငှက်တွေ မလာပေမဲ့  အစာတွေ..
ကျွေးနေဆဲ.......အမေ...။
မောင်လွမ်းဆု..
Tuesday, April 19, 2011
အိပ်မက်တွေ ရိုင်းနေတယ်..
ရာသီနွေမှာ နာရီတွေနောက်ပြန်လို့ ...
ပူအိုက်ခြင်းနဲ့ အတူ ဖေါက်ပြန်မူတွေကများ...
အချိန်တွေ ပြောင်းသမျှ ဆောင်းတစ်ညမှာလဲ
နှင်းပျောက်ခဲ့ ပြီ...
ညတစ်ညမှာ ငှက်ဆိုးထိုးသံနဲ့ အတူ..
ကခုန်နေတဲ့  လိပ်ပြာတွေ..
စိတ်တွေ ကို စီးမျောရင်း..
တောရိုင်းတစ်ခုက မြေခွေးတစ်သိုက်..
အမှိုက်ပုံ ကို အစာရှာနေလိုက်တာ..
မိုးမမြင် လေမမြင် ကိုယ့်သခင်ဘယ်မှာလဲမသိ..
ပြုံးနဲ့ ကြိုဆိုနေတဲ့  အသုဘ..
ငရဲပြည် က မင်္ဂလာပွဲ..
အ၀င်တံခါးကြီးဖွင့် ထားလို့ ..၀င်နေလိုက်ကြတာ..
အထွက်တံခါးက သက်ထားပျိုတို့  တစ်သိုက်..
အမှိုက်ထဲ ကရွှေဖြစ်နေ....။

အရှက်မရှိတဲ့ ခန္ဓာ
ဖြစ်တည်မူ ဖြစ်ပျက်မူတွေ မတည်မြဲ..
စိတ်ရဲ့ အစွဲလန်းတွေ ပျိုးးထောင်..
ဟိုး....မှောင်နေတဲ့ ကမ်းရိုးတန်းတစ်လျှောက်..
မြောက်လေတွေ သွဲ့ ဆင်း..
ညခင်း ရဲ့ တိမ်အိုကြား..
လမင်းနဲ့ စကားပြောပြီး..
အကျိုးမဲ့ တဲ့ ဖျော်ရည်တစ်ခွက်နဲ့ မိတ်ဖွဲ့ လို့ ..
နုတ်ဆက်ခဲ့ တဲ့ ၂၀၁၀ကို ပြန်တွေး...
ငါ ဘာလေးများအကျိုးရှိအောင်လုပ်ခဲ့ သလဲ..
စဉ်းစားတိုင်းသောက်လိုက်တဲ့ နောက်တစ်ခွက်က..
မှောက်ရက်ကျနေတဲ့  ခန္ဓာဝန်ကို..
ရှူရှိုက်တဲ့  လေတစ်သိုက်က စောင့်လျှောက်လို့ ..
နိုးထတဲ့ နံနက်ခင်းနဲ့  မိတ်ဖွဲ့ ခွင့်ရပြန်၏..
အဆုံးသတ်ခဲ့ တဲ့  တစ်နှစ်တာကိုကျောခိုင်း..
ငါ့ခန္ဓာအရိုင်းကြီးက အရှက်မရှိ..
နုတ်ဆက်နေလိုက်တာ ၂၀၁၁ တဲ့ ..
တစ်နှစ်တာကုန်ဆုံး..
ပြုံးပြုံးကြီး ရယ်ပြနေတဲ့ သေမင်းက..
မင်းလည်း နီးလာပြီတဲ့ ..
သေမဲ့  ခရီးနီးခဲ့ ပေမဲ့ ..
နေတဲ့ ခရီး ပြီးခဲ့ တာကိုပြန်တွေး...
ဘယ်အရေး ၌ဘာကျိုးဆောင်..
ငါအမှောင်ကို ၀င်တိုးနေသမျှ..
ခန္ဓာမသေ..
အသက်သေနေ၏...။

နုတ်ခမ်းရာဇ၀င်
နုတ်ခမ်းလေး နှစ်ခု အဖွင့်အပိတ်လုပ်လိုက်တာ..
အခန်းတစ်ခန်းလုံး မီးပျက်သွားတယ်..
အိပ်မရပေမဲ့  သံစုံပြိုင်ဟစ်နေတဲ့  ခြင်တီးဝိုင်းလေးရှိနေလို့ ပေါ့ ..
အလင်းရောင်လေးတစ်စက်စက် ၀င်လာပြီး..
ဝုန်း.............
အခန်းတခါးကြီးပွင့်လာတော့ ..
ပါတ်ဝန်းကျင်မှာ အရင်းနီးဆုံးမိတ်ဆွေတွေ..
အမှတ်တမဲ့ နဲ့ အမှတ်တရတွေ ပြန်တွေ့ တော့ ..
ဝမ်းသာသလိုလို..
ငါမှန်တယ်..
အခန်းမှန်တယ်..
အဖြေ မှန်တယ်..
အားလုံးမှန်တယ်..
မေးတဲ့ လူမှန်တယ်..
မှားတဲ့ လူ မေးတယ်...
ဂုဏ်ယူပါတယ်..
အခန်းကို အပိုင်စားပေးတော့..
မြိုင်ထလေးနဲ့  ကနေလိုက်တယ်..
................................။

Sunday, April 03, 2011
ဒို့ တွေ ရဲ့ အသံ
အပင်ရှိလို့ ...အရိပ်ရှိတယ်....
အရိပ်ရှိလို့ နားခိုခွင့် ရတယ်...
နားခိုခွင့် ရလို့  စိတ်ချမ်းသာတယ်.....
စိတ်ချမ်းသာလို့ ကျေးဇူးတင်မိပါတယ်...
ခရီးသည် တွေနားကာနေ...
လမ်းဘေး ဇရပ်မထင်ပါနဲ့ ...
လွမ်းတေး ဇာတ်လဲ မဆင်ပါနဲ. ...
ချမ်အေးတဲ့  အရပ်မှာ...
အတူပျော်ကြည်နူးဖို့ ...
လူတော်တွေ ရည်စူး သမျှ...
အတူ အဖော်တွေ ကြည်နူး ရပါစေတော့ဆိုပြီး..
လို ရာ.. ခရီးမဆုံး ခင်...
ကိုယ်သာ အကြီးဆုံး ဘုရင် ကဲ့ သို့ ..
စိတ်မထားကြပါနဲ့ ...
လိပ် သွားရာ ခြေရာထင်ခဲ့ သလို...
ဖြည်းဖြည်း လျှောက်တဲ့ ခရီး.....
နောက်ပြန်ကာ ကြည့်လိုက်မယ်...
ငါတို့ ခြေရာ ငါတို့ မြင်ပါသော်လဲ...
မြင်သော အတိတ်...
ထင်သောစိတ်နဲ့ ...
ခင်သောမိတ် သူငါတို့ ...
တစ်မျိုး အမြင်စိတ်မမှားရအောင်..
ဒို့ အမြင် ဒို့ ဘုရားနဲ့ ...
ဒို့ သွားတဲ့ လမ်း ဒို့ စခန်းကို..
ဒို့ ကိုယ်တိုင် လျှောက်...
ဒို့  ရောက်ရမည်။
*********
မောင်လွမ်းဆု..
အရိပ်ရှိလို့ နားခိုခွင့် ရတယ်...
နားခိုခွင့် ရလို့  စိတ်ချမ်းသာတယ်.....
စိတ်ချမ်းသာလို့ ကျေးဇူးတင်မိပါတယ်...
ခရီးသည် တွေနားကာနေ...
လမ်းဘေး ဇရပ်မထင်ပါနဲ့ ...
လွမ်းတေး ဇာတ်လဲ မဆင်ပါနဲ. ...
ချမ်အေးတဲ့  အရပ်မှာ...
အတူပျော်ကြည်နူးဖို့ ...
လူတော်တွေ ရည်စူး သမျှ...
အတူ အဖော်တွေ ကြည်နူး ရပါစေတော့ဆိုပြီး..
လို ရာ.. ခရီးမဆုံး ခင်...
ကိုယ်သာ အကြီးဆုံး ဘုရင် ကဲ့ သို့ ..
စိတ်မထားကြပါနဲ့ ...
လိပ် သွားရာ ခြေရာထင်ခဲ့ သလို...
ဖြည်းဖြည်း လျှောက်တဲ့ ခရီး.....
နောက်ပြန်ကာ ကြည့်လိုက်မယ်...
ငါတို့ ခြေရာ ငါတို့ မြင်ပါသော်လဲ...
မြင်သော အတိတ်...
ထင်သောစိတ်နဲ့ ...
ခင်သောမိတ် သူငါတို့ ...
တစ်မျိုး အမြင်စိတ်မမှားရအောင်..
ဒို့ အမြင် ဒို့ ဘုရားနဲ့ ...
ဒို့ သွားတဲ့ လမ်း ဒို့ စခန်းကို..
ဒို့ ကိုယ်တိုင် လျှောက်...
ဒို့  ရောက်ရမည်။
*********
မောင်လွမ်းဆု..
မေ့လိုက်ပရစေ..
ကွေ့  ကာဝိုက်ကာနဲ့ 
ကျောနံရံတစ်ဆစ်ချိုး..
မျှားအမျိုးမျိုးတွေပစ်ခတ်..
လျှို ချောက်ကြီးထဲ မှာ ..
အိပ်မက်တွေ လှောင်ပိတ်ပြီး..
ဆူညံကြုံးဝါးနေတဲ့ လောကကြီး..
ခပ်အုပ်အုပ် မြက်ခင်းပြင်မှာ..
မ၀ံ့ မရဲ ခြေလှမ်းတွေ နောက်ပြန်ခဲ့ ..
စိတ်ကိုဖြေသိပ်ဖိုဆိုရင်..
မင်းအကြောင်းကို ..
ဘယ်တော့ မှ မတွေးခဲ့ ..။
ကျောနံရံတစ်ဆစ်ချိုး..
မျှားအမျိုးမျိုးတွေပစ်ခတ်..
လျှို ချောက်ကြီးထဲ မှာ ..
အိပ်မက်တွေ လှောင်ပိတ်ပြီး..
ဆူညံကြုံးဝါးနေတဲ့ လောကကြီး..
ခပ်အုပ်အုပ် မြက်ခင်းပြင်မှာ..
မ၀ံ့ မရဲ ခြေလှမ်းတွေ နောက်ပြန်ခဲ့ ..
စိတ်ကိုဖြေသိပ်ဖိုဆိုရင်..
မင်းအကြောင်းကို ..
ဘယ်တော့ မှ မတွေးခဲ့ ..။
မောင်လွမ်းဆု..
အိပ်မက်မှနိုးထခြင်း..
ဟေ၀န်နန်း မှာ မင်းပျော်ခဲ့ ပေမဲ့ 
နေ၀င်လမ်းမှာ အတင်းအော်နေတဲ့ ...
ငှက်တွေက ငါ့ အဖော် ဖြစ်ခဲ့ သလို..
သက်သေက မင်းနဲ့  ငါနဲ့ နှစ်ယောက်ကြား..
တစ်ယောက်စကား တစ်ယောက်ဆိုထားခဲ့ ၏...။
ညိုမြမြ တိမ်အိုအောက်မှာ..
အလွမ်းမိုးတွေ မစိုခင်..
အပျိုသခင် သူနုတ်စကားကို..
ဟုတ်မလားလို့ ထင်မှတ်မိ၏....။
အလှည့်အပြောင်း မနွဲ့ နှောင်းခဲ့ ပေမဲ့ ..
အသည်းတောင်းတဲ့ ဒီကဗျာကို...
ဆိုသာဆို မငို ပရစေနဲ့ ...။
အိုနွဲ့ နွဲ့  ပန်းတစ်ပင်..
လန်းနေမျှ အပွင့်ဖူးတို့ သည်..
လွင့်လူး၍ ပျော်ပါး ...
ဒို့ များတော့ မထိုက်တန်..
အမှား အမှန်ကို မဝေခွဲ..
ကြေကွဲစရာ နောက်ဆုံးက..
ပျောက်ဆုံးခဲ့ ရလေပြီ....။
အနီးဆုံး ရဲ့ ကိုယ့်မှာ..
မပြီးဆုံးတဲ့  အိပ်မက်..
ဆက်မက်ခွင့် မပြုပရစေနဲ့ တော့ ...............။

စံပယ်သို့ 
စံပယ် ရေ ပွင့်ပေးပါ...
တကယ်လို့  ကိုယ်ဟာ မင်းတွက်မဟုတ်ခဲ့ ရင်..
အတင်းဖွဲ့ စီခဲ့ တဲ့  ဒီကဗျာလေး အဓိပ္ပါယ်မဲ့ မှာဆိုးတယ်..
စံပယ် ရေ နားလည်ပေးပါ....
တကယ်လို့  အားငယ်နေသူ ကိုယ့်ကို ဖြေဆေးမပေးခဲ့ ရင်...
အတင်းဖွဲ့ စီတဲ့  ဒီကဗျာလေး အရည်အသွေးနည်းမှာဆိုးတယ်...
စံပယ် ရေ လာဖတ်ပါ...
တကယ်လို့  ကမ္ဘာပျက်တဲ့  အထိ မချစ်နိုင်ဘူးဆိုရင်...
အတင်းဖွဲ့ စီတဲ့ ဒီကဗျာလေး ငိုနေရမှာဆိုးတယ်...
စံပယ် ရေ စဉ်းစားပေးပါ...
တကယ်လို့  ထိလာတဲ့  နှလုံးသားကို အလေးမထားခဲ့ ဘူးဆိုရင်...
အတင်းဖွဲ့ စီတဲ့  ဒီကဗျာလေး သွေးအေးသွားမှာဆိုးတယ်...
စံပယ် ရေ ချစ်ခွင့်ပေးပါ...
တကယ်လို့  အပြစ်ဖွဲ့ စီ ကာရံမညီအောင်လုပ်နေမယ်ဆိုရင်...
အတင်းဖွဲ့ စီတဲ့ ဒီကဗျာလေး အခါတစ်ရာရေးရမှာဆိုးတယ်...
စံပယ်ရယ်ဖြူစင်လို့ ..
ပွင့်လူးတဲ့ နံနက်ခင်း...
ရနံ့ ကြိုင်သင်းကာမွှေးတော့..
ဒီရင်မှာ မခံရနိုင်လို့ ...
အလှပိုင်ရှင်ပန်းဘုရင်မလေးကို ..
နမ်းရှိုက်ခွင့်ပေးပါတော့...။

အပြန်လမ်းသို့ မျှော်..
တ တီိတီ....မြည်နေ တဲ့ နံနက်တိုင်း Alarm သံတွေကို
ကျနော် မုန်းနေပြီ...။
လင်းကြက်တွေ တေးဆိုတတ်တဲ့  နံနက်ခင်းလေးကို
ကျနော်ပြန်လိုချင်လှပြီ..။
မုတ်သုန်မိုးတွေ နောက်ကျခြင်းနဲ့ အတူ..
ရှည်လျားပူပြင်းမူတွေကြောင့် ကမ်းပျောက်စေခဲ့ တာလား..။
အပူမိနေတဲ့ ကျောပြင် ကို လမ်းခင်းပြီ..
အသံတိတ် အိပ်မက်တွေနဲ့ ခရီးဆက်နေရခြင်းက ဘယ်တော့ ဆုံးမှာလဲ..။
သိုလှောင်ထားတဲ့ မျက်ရည်တွေအလျှံအပယ်နဲ့ ..
မငိုရက်တဲ့  နေ့ တွေလည်းများခဲ့ ပြီ..။
အဆင်သင့်ဖြစ်နေတဲ့  တံခါးဝ ကြီးကိုကြည့်ရင်း...
ခြေလှမ်းတွေ အားအင်နည်းခဲ့ ရတယ်...။
ရာသီ မိုးလေးအကုန် ခြေလှမ်းတစုံဖြင့်..
ကိုယ့်အရပ်မြေ အိမ်အပြန်လမ်းမှာ...
အံကြိတ်သံတွေ ပါမလာအောင်..
ကြိုးစားရအုံးမယ်...။
ဟောင်းနွမ်းနေတဲ့  ပြက္ခဒိန် တွေ ပြန်ကြည့်ရင်း..
မျက်ဝန်းက စိုစွတ်မူတွေ နုတ်ဆက်ထွက်ခွာမဲ့ နေ့ က ဘယ်နေ့ လဲ...။
သမ္မာအာဇိဝ ဆိုတာလှပတဲ့ စကားလုံးလေးမို့ ..
အခုတော့ ..ကျနော့် ပခုံးတွေလည်း အရေခွံ ထူခဲ့ ရပါပြီ..အမေ..။

အမေ
အမေ့ လက်နဲ့  သား ပုခက်..
ယိမ်းနွဲ့  လို့ ကနေဟန်..
အမေ့ အသံရယ် ချိုမြနှောင်း..
သား ကောင်းကောင်းလေးအိပ်ပျော်ခဲ့တယ် အမေ..။
အမေ ဆိုတဲ့  သားချော့ တေးကို ..
ဝါး ကြိတ်သံ သံစဉ်လိုက်တော့ ...
သားမှာဖြင့် နှစ်နှစ် ခြိုက်ခြိုက်ပေါ့ ...အမေ...။
ကလေးဘ၀ ရယ် ဘာရယ်မသိ...
နိုးလာတဲ့ အကြည့်ရယ်က...
အမေ့ မျက်နှာ မြင်ရုံမျှဖြင့်..
လင်းလက်တဲ့  လမင်းပမာ..
စိတ်ရွှင်သာ ကြည်နူးခဲ့ ရပါတယ်..အမေ..။
အမေ နို့ ရယ်ချိုပါ ၏..
သား ရှာ၍ ကြည့်ချင်ပါသော်..
ကမ္ဘာ ရယ် ဆယ်ခါ ပျက်..
အမေ့ နို့ တစ်စက် ရဲ့ တန်ဘိုး..
ဘယ်လူမျိုး မှ ရှာမတွေ့ နိုင်ပါဘူး...အမေ။
အမေ့ နို့ တစ်စက်နဲ့  သား အသက် ..
ဆက်လက် ၍ ရှင်နေသမျှ...
မြင့်မားတဲ့  အမေ့  ဂုဏ်ရည်ကို..
ယုံကြည် လျှက်ဖြင့်..
မိုးယံ ဆီ အာကာပြင်နဲ့ ..
နှိုင်းယှဉ် ကာပြသော်လည်း...
အမေ နိုင်ပြီးသားပါ... အမေ။
ဘယ်အရာ ဘာနဲ့ မှ..
တုနှိုင်း ၍ မရတဲ့ ..
အမေ့ မေတ္တာ ဂုဏ်ကျေးဇူးကို..
သား ရည်စူး၍ ကန်တော့ လိုက်ပါ၏...အမေ..။

အသက်ဆက်နေသရွေ့ 
အခါတစ်ရာငိုဖူးခဲ့ တယ်လို့ မပြောခင်..
အနာတစ်ရာလဲ မဖြစ်ခဲ့ ပါဘူး..
အာယု မပျောက်ခင်..
မနော ကတော့ မျှော်လင့်...
သူမကဝေးရှောင်..
ဒီလူ့ ဘောင်၌ သူမသည်...
အတိတ်ကို ကမ္မ ဆိုတာတွေမကင်းသရွေ့ ..
အချင်းချင်း၌ အမှိုက် သည်တန်ဘိုးဖြစ်..
ရှောင်လွဲမပျောက်ကွယ်ခင်...
နောင်အစွဲတစ်ယောက်ရယ်လို့  စိတ်ထားပေမဲ့ ..
ဘောင်ထဲကလွတ်မြောက်ဖို့ ..
လျှောက်နေတဲ့ ခရီး..
နီးနီးလေပါကွယ်..
မသေခင် ပြုံးနေပေမဲ့ ..
တစ်နေ၀င် အမုန်းခြွေရက်သူအတွက်..
တစ်ရက်ဆိုတာ မင်းအတွက် ...
ဆင်းတက်နေတာတော့ ..
ဖြစ်မယ်မထင်..။

အစွန်းရောက်အလွမ်း
ငါမင်းကိုလွမ်းနေတိုင်း...
တိမ်တွေပြိုတယ်...မိုးတွေငိုတယ်...
ငါမင်းကိုသတိရတိုင်း....
ဆောင်းတွေပြိုတယ်...နှင်းတွေငိုတယ်..
ငါမင်းကိုတမ်းတတိုင်း.....
နေတွေပြိုတယ်...ရွက်ဝါတွေငိုတယ်...။
ရာသီတွေ အမျိုးမျိုး..
သရုပ်ဆောင်...တယ်...
စက္ကန့် တွေက လွမ်းတတ်အောင်ဖန်တီးတယ်...
မီးနစ်တွေက သတိရဖို့ နိုးဆော်တယ်...
နာရီတွေကတမ်းတခိုင်းတယ်...
အချိန်တွေ ပြေးနေကြပြီ...
ရာသီတွေ ကြိုဆို နေကြပြီ..
နေညိုညို ဆည်းဆာငှက်တို့ အိပ်တန်းပြန်တိုင်း...
အလွမ်းလိုင်း တွေခတ်...မြောက်အရပ်က ဓူဝံကြယ်တိမ်ဖုံးလို့ ...
လမ်းဆုံးခဲ့ ပြီလား....။
သစ်ရွက်မကြွေ..
ဆောင်းနွေနံနက်...
မိုးစက်တွေကျ..
နွေတစ်ညလို့  ဆိုရအောင်လဲ..
ငါ့ တွေးငါစိတ်ကူးနဲ့ ..ငါပဲရူးပြီထင်ပါရဲ့ ..။
ရှိပါစေတော့.....
သိပါစေတော့.......
ထိလာတဲ့ နှလုံးသားနဲ့ ...
ရှိလာတဲ့  သံယောဇဉ်ကြောင့်...
ငါလွမ်းတိုင်းတိမ်တွေပြို..
ကောင်းကင်း အို
တိမ်ကင်းစင်..
လမင်းကို မျှော်နေခိုက်...
ခေါင်းငိုက်စိုက်နဲ့ ..
ပြန်တွေးလိုက်တော့ ...
တိမ်တွေပြို မိုးတွေလို လွမ်းလို့ ဖြင့် ငါငိုရတယ်...
ဆောင်းတွေပြိုနှင်းတွေလို သတိရလို့ ငါ ငိုရတယ်..
နေတွေပြို ရွက်ဝါတွေလို တမ်းတလို့  ငါငိုရတယ်..
ချစ်သူရေ.................
သံယောဇဉ် ရေပြင်ထက်..
အလွမ်းလက်နဲ့  မလှော်ပရစေနဲ့ တော့ ....။

သို့ အမေ..
သို့ အမေ
သို့ .....
အမေ...
တိုးတက်ရာ တိုးတက်ကြောင်း..
ကိုယ့်ဘ၀ ကို ကိုယ်တိုင်းခေါင်းလောင်းထိုးပြီး..
ကျောင်းတက်ခဲ့ ရလို့ ..
ဘ၀သင်္ခန်းစာတွေလိုက်မမှီ တော့ပါဘူး အမေ..
အမေဖြစ်စေချင်တဲ့ ဆန္ဒ နဲ့ ...
သားလှမ်းခဲ့  တဲ့ ဒီခရီးလမ်း..
ကြမ်းနေသမျှ သားခံရမှာမကြောက်ပါဘူး အမေ...
ရောက်နေတဲ့ ခရီးဝေးမှာ..
မပြီးသေး တဲ့  ဘ၀သင်ရိုးညွှန်းတန်းတွေ..
အလွတ်ကျက်ပြီး..
အမေ လက်နဲ့  ချော့ သိပ်တာခံချင်လို့ ..
တစ်နေ့ တစ်ရက်တော့သား ပြန်လာခဲ့ မယ်..အမေ..။

အာရုံဦးနဲ့  စကားပြောခြင်း.
အပ် ပျောက် ရှာတဲ့  ည နဲ့ ..
ဖိနပ် ပါးအောင် လျှောက်တဲ့ လမ်း...
ကဝေမ ရဲ့  ဖြောင့် ချက် တစ်ခုကြောင့်..
ဆေးမှင်ကြောင်း ထိုးမိလိုက်တယ်..
လေ မတိုက်ပဲ ကြွေ တဲ့  သစ်ရွက်တွေ ကြောင့်..
နှင်း ငို တဲ့ ဒီဆောင်း..
မဟောင်း သေးတဲ့ လပြည့် ညမှာ..
ကြယ် ပျောက် ..လပျောက်...
ဟိုမရောက် ဒီမရောက် အတွေးနဲ့ ..
ကျွန်တော် ပုဆိုး သုံးခါ လှည့်ဝတ်လိုက်တဲ့ နေ့ ..
ကုန်ဈေးနုံးတွေ ..တိမ်ပေါ်တက်လို့ ..
မပျက်မကွက်တာဝန် ကျေနေတဲ့ ..
အသက်ရဲ့  မိတ် ဆွေ ကြောင့်..
တိတ်တိတ် ကလေးအိပ်ပျော်ခဲ့ တယ်..
ဒါပေမဲ့  ဓာတ်ခဲ ကုန်နေတဲ့  နာရီတစ်လုံးကြောင့်..
မိုးမလင်းပဲ နေ၀င်သွားတယ်...
တံခါး ခေါက်ခေါက် ပြီး နှိုးတတ်တဲ့  ..
ကျနော့် မိတ်ဆွေတွေ ကြောင့်..
အာရုံဦး နဲ့  စကားပြောဖြစ်နေတာ...
သူများမကောင်း ကြောင်း...
ကိုယ်ကောင်းကြောင်း.....။

အဖေ..
အဖေ ပေးခဲ့  တဲ့  ဒီမြေနဲ့  ဒီနေရာ...
ဘယ်သူ မှ မကျူးကျော်ပါဘူး အဖေ..
ကိုယ့် မြေ ကိုယ့် နေရာ ကိုယ့်နွားတွေ ကပဲ ဖျက်..
ခြေ လက်တွေ အလုပ် လုပ်နေပေမဲ့ ..
ညာ လက်က အသက်ဆက်ဖို့  ခက်နေတယ် အဖေ..
ရွက်တွေလဲ ကြွေ နေကြပြီ..
အသက်တွေလဲ သေနေကြပြီ အဖေ..
နေ မခ တဲ့  ဥယျာဉ် ကို ..
အဖေ မျိုးစေ့  ချခဲ့ ပေမဲ့ ..
နွေ တစ်ညရဲ့  လက အခုအချိန်ထိ တိမ်ဖုံးနေဆဲပါ အဖေ...
အဖေ မွေးခဲ့ တဲ့  အချိန် သားတို့ မရှိ ပေမဲ့ ..
အဖေ ပေးခဲ့ တဲ့ အမွေသားတို့  သိနေတယ်..
အဖေ့ စကားလုံးတွေ ကြောင့် သားတို့ တမျိုးလုံး..
ဂုဏ်ဝင့် လို့ တင့်ခဲ့ ပါပြီ..
ခြံ မရှိတဲ့  နွားတွေကြာင့် ..
ဒီမြေ နဲ့  ဒီနေရာ ..
ဒီ ကမ္ဘာ မှာ မ၀င့် နိုင်တော့ ပါဘူး...အဖေ...

Subscribe to:
Posts (Atom)